***…မိုးဒေဝါ…***

maung khinminJuly 1, 20121min633

ဝဠာ ခွင်…သလ္လာဆင်မြန်း ပါလို ့
ဒေဝါရှင် ..အာကာ နန်းတွင် လ
အာဏာရ ကာ…ရွာမယ်ပြင်….

မှိုင်းညို့ကာ အနောက်တောင်ရပ်ဆီမှ
ပြိုးပျက်ကာ….ရွာမလို ခြိမ်း ပါနဲ ့
လျှပ်ပန်း နွယ်တို ့…ကကြိုးဆင်…

ရွာစေ့ချင်…စံပါယ်တွေမွှေး အောင်ပ
မြတ်လေး ရယ်…ခတ္တာပန်း စုံတို ့
ထုံသင်း ဝေ…မိုးရေ ထဲ လှပေခြိမ့်..
ရွာ စမ်း ပါ့….ရွှေမိုး ညို….

မြစ်၊ချောင်း၊ကန်၊အင်း၊အိုင် ပြည့်လျံမောက်ရုံမက
ဆည်၊မြောင်းပါ မကျန်….
ပြိုမယောင်…ညိုမှောင်ကာ ခြိမ်းပါနှင့်
ဝသာန်ခါ…အာကာမှာ…အာဏာရသူမို ့
ဒို ့ပြည်မဟာ….အေးချမ်းသာ…စွေရွာ လိုက်ပါတော့…….
မိုးနတ် ဒေဝါ..။။။

3 comments

  • မောင်ပေ

    July 1, 2012 at 12:39 pm

    ဆြာခင်ရေ… မိုးမရွာနေပူလွန်းလှတဲ့
    မန်းတလေးက ကျုပ်တို ့အဖို ့များ
    ရည်စူးလေလားလို ့..။

  • မစ္စတာ တောက်တဲ့

    July 1, 2012 at 12:46 pm

    ကျုပ်တို့ ရွာမှာလ
    မိုးမဝါပါလို့
    ကန်ငယ်လည်း မထည်ဝါ
    ပျိုးပင်တွေလည်း ညှိုးကာသာ
    မိုးရယ် ဘယ်အခါမှာရွာ ……………. ။

  • ကြောင်ကြီး

    July 2, 2012 at 9:11 am

    မိုးဒေဝါ
    ဘိုးအေဟာ
    ပိုးဝေဖျာ
    ဆိုးပေတာ..

Leave a Reply