မင့်…အရောင် လက်စေဖို့ 

ငါ့..အတောင် တွေ…ကျိုးကြေ ပျက်ခံခဲ့ ရ

ချွေးသိပ် ဖြေရာ…ခိုလှုံရာ မဲ့ မှာတော့

ရင်ခုန်သံ…အအက် အကွဲတွေ နဲ့ ..

တွဲဆက် လို့ မရ နိုင်တဲ့…မျဉ်းပြိုင်လေးကိုမှ…

လွမ်း လို့ ကောင်း  နေဆဲ……………….

 

 

တစ်ယောက် ရဲ့…..ရင်ဘတ်ထဲ  တစ်ယောက်

ထုတ်ချင်း မခတ်ခဲ့ကြတော့…

အချစ် မှာ…အချို ပေါ့သွား ခဲ့ဖူးတယ်..

ကြိုးကို  ပြန်ညှိ ဖို့ အတွက်…

နားလည်မှု လိုအပ်ဆဲ…..

 

ဒီလို နဲ့ …..

ငါ့ ကွယ်ရာ ကနေ…

ငါ့ နောက်ကျော ကနေ

အဲဒီ့..သံသယ တွေနဲ့ …တစ်ရစ်ချင်း..တစ်ရစ်ချင်း….

စုပ်သွင်း ပြီး နောက်….

အမြီး   အမောက် မတည့်တော့တဲ့….

ရှင်သန်ခြင်း   အောက်မှာ..

ပန်းသတင်း  ကို  လေညှင်းမဆောင် ခဲ့တာ..

ကြာပြီ..။။။။

About maung khinmin

maung khinmin has written 85 post in this Website..