NSK Olimpijs’kyj — Kyiv (Kiev) မှာ ဗိုလ်ရွေးမယ့်ည

မောင် ပေJuly 1, 20121min48728

မင်္ဂလာပါ ခင်ဗျား…။
သည်ကနေ ့1.7.2012 တနင်္ဂနွေည (သို ့မဟုတ်) တနင်္လာနံနက်မှာ ကန်ကြမယ့် ၊ ဘောလုံးဝါသနာရှင်များ စောင့်မျှော်နေခဲ့ကြတဲ့ ယူရို၂၀၁၂ ဗိုလ်လုပွဲကြီးဟာ သိပ်မကြာခင်မှာ ကြည့်မြင်ကြရတော့မှာပါ ။
ဘောလုံးပရိသတ်များရဲ ့အချစ်တော်နှစ်သင်းဖြစ်တဲ့…
““စပိန်”” နဲ ့““အီတလီ”” အသင်းတို ့တွေ ့ဆုံကြမှာဖြစ်ပါတယ်။ သည်နှစ်သင်းဟာ အုပ်စု စီ မှာ စပိန် အသင်းဟာ ၂ပွဲ နိုင် ၁ပွဲ သရေ ဝ ရှုံး ရဂိုး၆ ပေးဂိုး၁ နဲ ့ အုပ်စုဗိုလ်
အီတလီ အသင်းဟာ ၁ပွဲ နိုင် ၂ပွဲ သရေ ဝ ရှုံး ရဂိုး၄ ပေးဂိုး၂ နဲ ့အုပ်စုဒုတိယ အနေနဲ ့တက်လာကြတာဖြစ်ပြီး ၊ ဗိုလ်လုပွဲမှာ ပြန်လည်တွေ ့ကြတာပါ ။
စပိန်အသင်းဟာ အုပ်စုအားနဲ ့ခြုံကြည့်ရင် ရဂိုးအများဆုံးနဲ ့ပေးဂိုးအနဲဆုံး အနေအထားမှာ တစ်သင်းထဲ ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပါတယ် ။
စပိန် အသင်းဗိုလ်လုပွဲသို ့ချီတက်လာရာ လမ်းကြောင်းကတော့
10.6.2012 စပိန် ၁-၁ အီတလီ
14.6.2012 စပိန် ၄-ဝ အိုင်ယာလန်
18.6.2012 ခရိုအေးရှား ဝ-၁ စပိန်
23.6.2012 စပိန် ၂-ဝ ပြင်သစ် (ကွာတားဖိုင်နယ်)
27.6.2012 ပေါ်တူဂီ ဝ-ဝ စပိန် (ပင်နယ်တီတွင် စပိန်နိုင်)
အီတလီ အသင်းဗိုလ်လုပွဲသို ့ချီတက်ခဲ့ရာ လမ်းကြောင်းကတော့
10.6.2012 စပိန် ၁-၁ အီတလီ
14.6.2012 အီတလီ ၁-၁ ခရိုအေးရှား
18.6.2012 အီတလီ ၂-ဝ အိုင်ယာလန်
24.6.2012 အင်္ဂလန် ဝ-ဝ အီတလီ (ပင်နယ်တီတွင် အီတလီနိုင်)
28.6.2012 ဂျာမနီ ၁-၂ အီတလီ (ဆီမီးဖိုင်နယ်)
စပိန်အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး ကားစီးလက်
နောက် အာဘီလိုအာ ၊ ပီကေး ၊ ရာမို ့စ် ၊ အယ်ဘာ
လယ် ဇာဗီ ၊ ဘက်စ်ကွက် ၊ အလွန်ဆို
ရှေ ့ ဆေးလ်ဗာ ၊ ဖာဘရီဂတ် ၊ အင်နီယေစတာ
အီတလီအသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့
ဂိုး ဘူဖွန်
နောက် အဘိတ် ၊ ဘာဇာဂလီ ၊ ချီလီနီ ၊ ဘယ်ဇာရက်တီ
လယ် မာချီစီယို ၊ ပီယာလို ၊ ဒီရော့စီ
လယ် မွန်တီလီဗို
ရှေ ့ ဘလော့တယ်လီ ၊ ကတ်ဆာနို
စပိန် နဲ ့အီတလီ တွေ ့ဆုံခဲ့မှုများကို ပြန်ကြည့်ရင်
10.8.2011 အီတလီ ၂-၁ စပိန် (ခြေစမ်းပွဲ)
22.6.2008 စပိန် ၄-၂ အီတလီ (ယူရို၂၀၀၈)
26.3.2008 စပိန် ၁-ဝ အီတလီ (ခြေစမ်းပွဲ)
သည်နှစ်သင်းရဲ ့လက်ရှိခြေစွမ်းပိုင်းကို ကြည့်မယ်ဆိုရင် ကွာခြားချက်အကြီးစားတော့ မရှိပါဘူး။ ၂သင်းစလုံးဟာ ဂိုးမပေးရရေးကို အဓိကထား ကစားခဲ့တာကို တွေ ့ရပါတယ် ။ တစ်ခုရှိတာကတော့ စပိန်အသင်း ဟာ ပေါ်တူဂီနဲ ့တွေ ့တုန်းက ခြေမျိုးနဲ ့ဆိုရင်တော့ သည်နေ ့ညပွဲမှာ ကာလာမလှနိုင်ပါဘူး ။ အီတလီ အသင်းဟာ အုပ်စုပွဲစဉ်တုန်းက စပိန်နဲ ့၁-၁ တွေ ့ခဲ့တုန်းက ခြေစွမ်းတူ ကစားနိုင်ခဲ့ပြီး ၊ ကျန်အုပ်စုပွဲ၂ပွဲမှာ သူတို ့ခြေဟာ ပုံမှန်အဆင့်လောက်ဘဲ ရှိခဲ့ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဂျာမနီ အသင်းကို ၂-၁ နဲ ့နိုင်တဲ့ ပွဲမှာတော့ ချန်ပီယံခြေ ပြနိုင်ခဲ့တာတွေ ့ရပါတယ် ။ ဂျာမနီ နဲ ့ပွဲတုန်းက ခြေမျိုးကို သာ ဆက်ထိန်းနိုင်မယ်ဆိုရင်တော့ ၊ သည်နေ ့ညပွဲမှာ အီတလီ အသင်းဟာ သရေ အနိမ့်ဆုံးကန်နိုင်ပါတယ် ။
ယူရို၂၀၀၈ နဲ ့ကမ္ဘာ ့ဖလား ချန်ပီယံ စပိန်ဟာ သည်နေ ့ညပွဲမှာ ထပ်နိုင်ခဲ့မယ်ဆိုရင် ၊ ယူရို ချန်ပီယံ ပြိုင်ပွဲမှာ ၂ကြိမ်ဆက်တိုက် ဗိုလ်စွဲတဲ့အသင်းအဖြစ် စံချိန်အသစ်တင်နိုင်မှာပါ ။
ဈေးအနေအထားအရ ၊ ပြီးခဲ့တဲ့ ၂ရက်လောက်တုန်းက အာရှမှာ စပိန်ဟာ သရေအရှုံး ဖွင့်ခဲ့တာကနေ ၊ အခု သည်ပို ့စ်ကို ရေးနေတဲ့ အချိန်မှာ စပိန်ဟာ သရေကို ငါးဆယ်ရှုံး ဖြစ်နေပါတယ် ။ ဒါဟာ အီတလီ ဘက် ကို အားပေးတာများနေလို ့စပိန်ဈေးကျသွားတဲ့သဘောပါ ။
ဂိုးဈေးကတော့ သည်ပို ့စ်ကို စရေးနေတဲ့အချိန်မှာတုန်းက ၂ဂိုး ၅ဝ အရှုံးအနေအထားဖြစ်ခဲ့ပြီး ၊ သည်ပို ့စ် ကို ရေးပြီးခါနီး အချိန်မှာ ၂ဂိုးသရေ ဖြစ်နေပါပြီ ။ ဒါဟာ ဂိုးအနဲ ဘက် ကို အားပေးတာများလို ့ပါ ။
အာရှဘက်က ခန် ့မှန်းချက်များကတော့ “အီတလီ” ကို အားပေးဖို ့ညွှန်းထားပြီး ၊ ဥရောပဘက်က ဝက်ဆိုက်များကတော့ “စပိန်” အနိုင် ၁-၀/၂-၁ လို ့ခန် ့မှန်းပေးထားပါတယ် ။
ကျုပ်မောင်ပေ အနေနဲ ့သည်ဘက်ကဈေးကို မသိရသေးလို ့၊ ဘယ်အသင်းကို ဈေးခေါ်သူများက အနိုင်ခန် ့မှန်းထားသလဲ ဆိုတာ မတွက်နိုင်သေးပါဘူး ။ အဲဒါကြောင့်မို ့၊ အခုလက်ရှိဖြစ်နေတဲ့ အနေအထားလေးတွေ ကို ဘဲ ရေးတင်ပေးလိုက်ပါတယ် ။ ညပိုင်းကြမှ ၊ သည်ပို ့စ်မှာဘဲ အက်ဒစ်ပြန်လုပ်ပြီး တစ်ခါ ၊ ကွန်မင့်ဖြင့်တစ်ဖုံ ပြန်ပြီး ရေးပါဦးမယ် ။
စာဖတ်သူများရဲ ့စိတ်ကြိုက်အသင်း ကို လဲ သိခွင့်ပြုပါနော။
……. အားလုံး အောင်မြင် ရွှင်လန်းပါစေ …….

28 comments

  • surmi

    July 1, 2012 at 1:55 pm

    စောင် ့နေတာကြာပြီဗျ
    ကြိုက်တာကတော ့ အောက်ပဲဗျို ့
    သို ့သော်လည်း ဈေးသိပ်ကျရင်တော ့ အပေါ်ပြောင်းရင်ကောင်းမလားမှတ်တယ်
    ညဈေးကြည် ့သေးတာပေါ ့
    စိတ်ထင် မိနစ် ၉ဝ နဲ ့ ပြတ်မယ်ထင်တာဘဲ

    • မောင်ပေ

      July 1, 2012 at 1:59 pm

      အီတလီ နဲ ့စပိန်
      အီတလီ က ပိုပြီး ခံစားအားပြု ကစားမယ်လို ့ထင်ပါတယ် ။
      စပိန်တိုက်စစ်မှာ “ဘီဘာအို” အသင်းတိုက်စစ်မှူး “လော်ရန်တေး” ကို သုံးရင်ကောင်းမယ်လို ့ထင်ပါတယ် ။
      လောလောဆယ်တော့
      ““ ဂိုးအနဲ ”” ဟာ အောင်မြင်ဖို ့၅၀% အထက်မှာ ရှိနေတာ အသေချာပါဘဲ ။

  • ahnyartamar

    July 1, 2012 at 1:59 pm

    ကိုပေရေ…အီတလီက ခံစစ်ကစားရာမှာ စပိန်ထက်ပိုတော်တယ်နော်။ ဒါကြောင့် ဂိုးအောက်နဲ့ အီတလီကိုပဲ ကြိုက်တယ်ဗျို့

  • maung khinmin

    July 1, 2012 at 2:29 pm

    လေးစားတယ်ဆြာပေ….ဗိုလ်ရွေးခံမယ်ဆိုလို ့ဝင်ကြည့်လိုက်ပါရဲ့….

    • မောင်ပေ

      July 2, 2012 at 8:57 am

      ကျုပ်လဲ ဆြာခင့်ကို ၄စားသွားဘီ
      ကျုပ် ဆြာခင့်ကို ခင်သလို .. ဆြာခင်က ကျုပ်ကို တဖန်ပြန်ခင် လို့
      🙂

  • ဘဲဥ

    July 1, 2012 at 3:50 pm

    စပိန်ကို ပုံအောလိုက်တော့မယ်ဗျာ ………….

  • အရီး Khin Latt

    July 2, 2012 at 1:55 am

    မောင်ဂီ နဲ့ ကြောင်ဝလေး တို့ တော့ အသဲကွဲ ကာ နီးပြီ။
    မောင်ဂီ က ပိုဆိုးမှာ။ ဘီဘီ နဲ့ ပါ လွဲမှာမို့။ 😀

    • Azzurri

      July 2, 2012 at 6:33 am

      ငိုဇယာလား … မငိုပါဘူး…
      ဂလောက် မြန်တဲ့အသင်း ကို အမြန်ဆော့မှတော့ နားကားပီပေါ့…
      အုပ်စုပွဲတုံးက ပုံစံအတိုင်း ၂ဂိုးတောင် ပေးလိုက်ရတာလည်း
      အမှတ်မရှိလို့ ခံရတာ ….

      ဟွန့် ….
      ပြန်လာမယ် …၂နှစ်ပဲစောင့်…
      အော်… အဲ့လိုနဲ့ …ကျုပ်တောင် သုံးဇယ် နား နီးပါပေါ့လား …

  • ကြောင်ဝတုတ်

    July 2, 2012 at 2:24 am

    ၂-ဝ ပထမပိုင်းတဲ့

    ငါ့အသဲ ယဲ့ယဲ့ကျန်ပါပေါ့လား

    • အရီး Khin Latt

      July 2, 2012 at 3:00 am

      အမျှ၊ အမျှ၊ အမျှ ကြောင်ဝလေး အသဲ 😛

  • အရီး Khin Latt

    July 2, 2012 at 2:59 am

    Ohhh Oh..
    3:0
    After that 3 in a row for Spain.
    🙂

  • အရီး Khin Latt

    July 2, 2012 at 3:02 am

    Oppsss.. one more Goal.
    4:0
    Bye Bye Italy. 🙂
    နံပါတ် (၁၉) ခမျာ ငို နေတာ မှ တော်တော် နဲ့ မရပ်ဘူး။

    စပိန် က ကလေးလေး တွေ စပိန်ဝတ်စုံ တွေ နဲ့ ကွင်းထဲ မှာ ရောက်လာပြီ။
    ပြေးပြီး သူတို့ ကို ဓာတ်ပုံရိုက်။ ချစ်စရာ့ အရွယ် မှာ ဝင်ပြိုင် လိုက်ချင်သေး။ 😆

    • ကြောင်ဝတုတ်

      July 2, 2012 at 3:27 am

      ကျွန်တော်လဲ ငိုချင်နေတာနော် လက်မတို့ပါနဲ့
      နောက်တန်းဒဏ်ရာကြောင့်ပါ
      အဘလစ်ပီရေ ရှင်ကတော့ အနိုင်နဲ့ပိုင်းသွားတယ်
      ဒီမှာတော့ အသဲကွဲပါပြီဗျာ

      • အရီး Khin Latt

        July 2, 2012 at 3:30 am

        ကဲ ကဲ နောက်မှ အသဲကွဲ အခုတော့ အိပ်တော့။ 😉
        အရှေ့ကျွန်းမင်းသား လဲ စောစောစီးစီး မျက်ရည် နဲ့ မျက်နှာသစ်နေလောက်ပြီ။ 😀

        • ကြောင်ဝတုတ်

          July 2, 2012 at 3:36 am

          နက်ဖြန် အဇူရီဝမ်းနည်းခြင်းအထိမ်းအမှတ်
          ရုံးမတက်ဘူး ဒါပဲ
          အိပ်မလို့ပဲအရီးရေ
          တကယ်အိပ်မရတော့လို့

        • Azzurri

          July 2, 2012 at 6:42 am

          ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁၄ရက်နေ့ တိုကီယို သွားမယ် ..ဒါဗျဲ….
          လိုက်ချင်လိုက် မလိုက်ချင်နေကြ …
          ဖက်ပီးငိုဖို့ ပခုံး တဖက်ကို ငှားပါလေ ….
          အိုဘယ့် … မရှိခန ဒို့ မမ ရယ်…
          😀

  • ကြောင်ဝတုတ်

    July 2, 2012 at 3:23 am

    အဇူရီရေ-
    အကောင်းဆုံးကြိုးစားခဲ့ပါအကောင်းဆုံးကြိုးစားခဲ့ပါတယ်ကွယ်
    ဒဏ်ရာပြသနာတွေကြောင့် ထင်တိုင်းမပေါက်ခဲ့တာကို နားလည်ပေးနိုင်ပါတယ်
    ငါကတော့ အဇူရီရဲ့ ထာဝရပရိတ်သတ်ပါ
    နောက်နှစ်နှစ် ကမ္ဘာ့ဖလားကြရင်ပြန်တွေ့ကြမယ်
    ဂုဏ်ယူပါတယ် အဇူရီ ယူရို၂၀၁၂ ဒုတိယဆုရှင်

    အဇူရီကြောင်ဝတုတ်

  • အရီး Khin Latt

    July 2, 2012 at 3:27 am

    အီတလီ အသင်းသား တော်တော်များများ သူများ လက်ထဲ ပါသွားတဲ့ ဖလား ကို ကြည့်ပြီး ငိုနေကြတယ်။
    စိတ်တော့ မကောင်းပါဘူး။
    ဒါပေမဲ့
    “The Best Team Win” ပါဘဲ လို့ တွေးလိုက်ပါတယ်။ 🙂

    • ကြောင်ဝတုတ်

      July 2, 2012 at 3:32 am

      မငိုပါနဲ့ကွယ်
      ကြိုးစားဖို့ အချိန် နှစ်နှစ်ရပါတယ်
      ယူရိုဖလား မမက်စမ်းပါနဲ့
      ကမ္ဘာ့ဖလားပဲ ယူစမ်းပါ
      အရေးထဲ ဒီယူရိုအပလီကေးရှင်းဖြုတ်ပစ်တော့မယ်
      ရှုံးပါတယ်ဆိုမှ ခဏခဏလာပြောနေတယ်
      အင့်ဟယ်
      အင့်ဟယ်

      အားတင်းထားအဇူရီတွေရေ

    • Azzurri

      July 2, 2012 at 6:48 am

      အနှီဆင်းန်းဒွေ မကြည့်ချင်လို့ …တီဗီပလပ်ကို ခြေညှိုးခြေမ ညှပ် ဖြုတ်ခဲ့တဲ့ …ဘွ …
      ကတောက်……
      အရင်နေရာကအောင့်တယ်ဗျာ…
      🙁

  • ahnyartamar

    July 2, 2012 at 5:27 am

    အီတလီလည်းကွဲ၊ ကျတော်လည်းရူံး ဟားဟားဟား………

  • မောင်ပေ

    July 2, 2012 at 9:03 am

    မနေ့ညက ရွာထဲကို လုံးဝ ဝင်လို့မရခဲ့ပါ
    ဝင်ရောက် ဖတ်ရှုသွားသူအားလုံးနှင့် ကွန်မင့်များ ချီးမြှင့်ပေးခဲ့သော မိတ်ဆွေအားလုံးအား လေးစား ကျေးဇူးတင်ပါတယ် ခင်ဗျား။

  • htoosan

    July 2, 2012 at 10:29 am

    သူကြီးဆာဗာ အတိုက်ခိုက်ခံနေရပြီလားမသိ ။ ကျွန်တော်လည်း ဝင်မရပါ ။ အခြားဆိုဒ်များဝင်၍ ရပါသည်။

  • Mလုလင်

    July 2, 2012 at 11:54 am

    စပိန် အသင်းက လူတွေ မှ ဟုတ်ရဲ့လားလို့ဗျာ .. မှော်ဆရာ တွေ မှော်အတတ် နဲ့ ပြုစားနေသလိုပဲ … ပထမ တစ်ဂိုး .. နောက် .. တစ်ဂိုး .. အဲ့ဒီ့ ထဲက သိပြီးသား .. .. ခုတော့ Euro ရာဇဝင် ကိုချိုးဖျက်လိုက်ပုံများ … လွှတ်အားရ စရာ ကိုးဗျ …. လေးစားပါတယ် စပိန်။ မိနစ် ၅ဝ ကျော် သွားတော့ ကြည့်ရင်းနဲ့ အီတလီ တွေကို အားတောင် နာလာတယ် … အတည်ပြောဒါဘာ …။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 11:58 am

      မျက်ရည် မဆဲ ပါဘူးဆိုမှ….
      ဟင့်….

Leave a Reply