အင်းလေးမှာ…ခေါင်တဲ့မိုးရယ် (တွေးစရာ ကာတွန်း)

True FaithJune 29, 20101min753
အင်းလေးမှာ..ခေါင်တဲ့မိုးရယ် (ကာတွန်း ဟန်လေး)

ဒီကာတွန်းကို ကြည့်ပြီးတော့ ကာတွန်းဆိုတာ ရယ်စရာအပြင် တွေးစရာလေးတွေကိုပါ ပေးတတ်တတ်ပါလားဆိုတဲ့အသိလေးတခု ရလိုက်ပါတယ်။ ကာတွန်းဆရာက မြန်မာ့အလှ အင်းလေးရဲ့ ဆိုးဝါးတဲ့အခြေအနေကို ကာတွန်းတကွက်ထဲနဲ့ အထိရောက်ဆုံး တင်ပြထားတာပါ။

အင်းလေးကန်နဲ့ ပက်သက်လို့ ကျနော်ခံစားချက်ကတော့ အင်းလေးဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ သဘာဝအလှ၊ သဘာဝ အမွေအနှစ်တခုပါ။ ပျက်စီးဆုံးရုံးသွားခဲ့ရင် ဘာနဲ့မှ ပြန်အစားထိုးလို့ မရတော့ပါဘူး။ ဒီလောက်အထိ ကန်ရေမျက်နှာပြင် နိမ့်ကျလာခဲ့တာ၊ အခြေအနေဆိုးဝါးလာခဲ့တာဟာ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မှု ညံ့ဖျင်းလို့ပါ။

မြန်မာစစ်အစိုးရဟာ သဘာဝ သယံဇာတတွေ ထုတ်ရောင်းတဲ့နေရာမှာ လက်သွက်သလောက် သဘာဝ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ကျတော့ လက်တွန့်တတ်တဲ့ အစိုးရပါ။ အခု အင်းလေးကို ပြုပြင်ဖို့ ဒေါ်လာသန်းနဲ့ချီတဲ့ ငွေတွေလိုအပ်နေပါတယ်။
အစိုးရလက်ထဲမှာ သဘာဝဓာတ်ငွေ့ ရောင်းထားတဲ့ငွေတွေ ဘီလီယံနဲ့ချီပြီး ရှိနေပါတယ်။ ဒါပေမယ့် ငွေကြေးကူညီဖို့ ဘာတစ်ခွန်းမှ မဟပါဘူး။ မသိမလိုလုပ်နေပါတယ်။

အခု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA က အင်းလေးပြုပြင်ထိန်းသိမ်းဖို့ တာဝန်ယူ လုပ်ဆောင်နေပါတယ်။ ဝမ်းသာစရာတခုပါ။ အစိုးရက ပစ်ထားတော့ အန်ဂျီအိုက ဝင်ကူရတော့တာပေါ့။ တော်ပါသေးရဲ့။ ဝင်ကူမယ့်လူ ရှိသေးလို့ပေါ့။ နို့မို့ဆို အင်းလေးလည်း ပျက်စီး၊ အင်းလေးနားက အင်းသားတွေရဲ့ဘဝလည်း ပျက်စီး၊ အစားထိုးမရတဲ့ မြန်မာ့သဘာဝ အမွေအနှစ်တခုဆုံးရှုံးသွားမယ့် အခြေအနေပါ။ ကျနော်တော့ FREDA ကို ကျေးဇူးတင်မိပါတယ်။

မိတ်ဆွေတွေရော ကာတွန်းကိုကြည့်ပြီး အင်းလေးနဲ့ပက်သက်လို့ ဘယ်လိုခံစားမိလဲ။ ကွန်မန့်မှာ ခံစာချက်ကလေးတွေ ရေးပေးသွားပါဦး။

3 comments

  • yannaingech

    June 29, 2010 at 8:09 am

    ကုန်ပြီလေဗျာပိုက်ဆံတွေက။ နေပြည်တော်မှာ လမ်းပေါ် ဘိလပ်မြေတွေကျဲရတာနဲ့။ နောင်လာနောက်သား (မိသားစုဝင်) တွေအတွက် စီမံရတာနဲ့…

  • kogyimaung

    June 29, 2010 at 8:13 am

    ဟုတ်တယ်ဗျ….မြန်မာပြည်မှာ အခုအထိ ကိုယ်ထူကိုယ်ထ(တစ်နည်း ကိုယ်ထူမှသူထ)စနစ် ကအခုအချိန်အထိ ရှိနေသေးတယ်လေဗျာ…စစ်အစိုးရလက်ထဲကပိုက်ဆံတွေက ဒါတွေလုပ်ဖို ့စိတ်ကူးမရှိဘူးလေ…
    သူတို ့က မရောင်ရာ ဆီလူး ဖို ့နဲ ့ဘယ်သူသေသေငတေမာ ဖို ့အတွက်လေ..မြန်မာနိုင်ငံမှာ အခုတော်တော်များသဘာဝအလှ၊ သဘာဝ အမွေတွေ ပျက်စီးလာပြီလေ…သတိထားကြည် ့ရင်မြင်လာပါလိမ့်မယ်..

  • thihayarzar

    June 29, 2010 at 1:31 pm

    အင်းလေးကန်ဆိုတာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေတွေ ရှာပေးနေတဲ့ ကန်ကြီးဆိုလည်းမမှားပါဘူး။ အင်းလေးသူအင်းလေးသားတို့အတွက် နေထိုင်အသက်ရှင်ရာ ကန်ကြီးဆိုလည်း မမှားပါဘူး။ မြန်မာလူမျိုးဗုဒ်ဓဘာသာဝင်တို့အတွက် ကိုးကွယ်အားထားရာဆိုလည်းမမှားပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာသူကိုသူအချမ်းသာဆုံးပါလို့ ကြော်ငြာထားတဲ့ ဦးသန်းရွှေကတော့ ရသမျှပိုက်ဆံတွေကို သူအိတ်ထဲ သူအမျိုးတွေ အိတ်ထဲပဲ ထည့်နေတော့ ဘယ်လုပ်ပြီး ပြုပြင်နိုင်ဦးမှာလဲ သူချမ်းသာရင် ပြီးရောလေ … ဘယ်သူသေသေ သန်းရွှေမပါရင် ပြီးရောပေါ့ဗျာ ဆိုတဲ့လုပ်ရပ်မျိုးဗျ။ သူကနားပြီလေ သူတို့တစ်ဆွေလုံးတစ်မျိုးလုံး ချမ်းသာနေပြီပဲ ဘာလိုသေးလဲ ……

Leave a Reply