ထူးအိမ်သင် ကို လွမ်းကြသူများ

black chawJuly 1, 20123min50563

ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။
ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ
တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။
ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။
တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ
အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။
အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့
ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။
အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။
တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော
ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။
(အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ ရှိနေခဲ့တာပါ)
ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးဟာ ဟိတ်ကောင်ကရင် လို့ အော်ပြီး အင်တာဗျူးဂျာနယ် ရုံးခန်းထဲကို ဝင်ချလာပါရောခင်ဗျာ…။
(ဆရာသိမ်းတင်သားကို ကိုထူးအိမ်သင်က ကရင်လို့ ခေါ်ပါတယ်)
ကျွန်ုပ်ဘလက်လည်း ထူးအိမ်သင် ကိုမြင်လိုက်တာနဲ့ ထိုင်နေတဲ့ ခုံကမတ်တပ်ထရပ်ပြီး လေးစားကြောင်းပြတဲ့ အနေနဲ့ ပြုံးပြုံးလေး လုပ်နေ
ရတာပေါ့ခင်ဗျာ…။ နို့… ကိုယ်က သူ့ကို သိနေပေမယ့် သူကတော့ သိတာမဟုတ်ဘူးလေ…။
ထူးအိမ်သင်လို ပုဂ္ဂိုလ်မျိုးကို အရှင်လတ်လတ် အနီးကပ် မြင်တွေ့ခွင့်ရတဲ့ အခွင့်အရေးကြီးဆိုတော့ ရင်ထဲမှာလည်း ကုလားဘုရားလှည့်သလို
တစ်ဒိန်းဒိန်းနဲ့ ပေါ့…။
ပြီးတော့ ကိုသိမ်းတင်သားနဲ့ ကိုထူးအိမ်သင်တို့ အင်မတန်ရင်းနှီးတဲ့ လေသံတွေနဲ့ စကားပြောနေကြတာကို သိမ်ငယ်စိတ်နဲ့ နားထောင်နေခဲ့တာကို
ဒီနေ့အထိ မှတ်မိနေပါသေးတယ်။
နောက်ဆုံးမှာတော့ ကိုထူးအိမ်သင် ကို ကိုသိမ်းတင်သားက အင်တာဗျူးဂျာနယ်တိုက်ခန်းရဲ့ ဘေးက စားသောက်ဆိုင်မှာ အရက်တိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။
ကျွန်ုပ် ဘလက်ကိုလည်း ကိုသိမ်းတင်သားက မျက်ရိပ်ပြပြီး လိုက်ခဲ့ဖို့ ခေါ်ပါတယ်…။
အဲဒါနဲ့ စားသောက်ဆိုင်လေး ထဲကိုရောက်တော့ ကိုသိမ်းတင်သားက ကိုထူးအိမ်သင်နဲ့ ကျွန်တော့် ကို မိတ်ဆက်ပေးပါတာကို
အခုထိမှတ်မိနေပါသေးတယ်…။
ကိုသျှပ် ဟောဒါ ခင်ဗျားသီချင်းတွေကို အရူးအမူးကြိုက်တဲ့ ဘလက်ချော ဆိုတာပဲ။ ခင်ဗျားညီ အောင်အောင်နဲ့ စိမ်းဘက်ချ် တဲ့

ကျွန်ုပ်ဘလက်က လက်ကလေးနှစ်ဖက်ပိုက်ပြီး မခုတ်တတ်တဲ့ ကြောင်လေးလို မခို့တရို့လေးနဲ့ ပြုံးပြနေခဲ့တာလည်း ပြန်သတိရပါတယ်။
ကိုထူးအိမ်သင်က သိတ်အရေးတယူမဟုတ်ပဲ အော် ဟုတ်ကဲ့ လို့သာ ပြုံးပြပါတယ်။
ခင်ဗျားရော သောက်မှာ မဟုတ်လား

လို့လည်း မေးလိုက်ပါသေးတယ်။
ကျွန်တော် မသောက်တော့ပါဘူးခင်ဗျာ

ဒေါင်းတွေအလယ်ရောက်နေတဲ့ ကျီးတစ်ကောင်လိုပဲ သိမ်ငယ်နေမိတဲ့ ကျွန်တော်က ဒီလို ပုဂ္ဂိုလ်ကြီးတွေနဲ့ သောက်ဖို့ စိတ်မရဲပါဘူးခင်ဗျာ…။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီတုန်းကသောက်တဲ့အရက်ကလည်း ဘလက်လေဘယ်ပဲ ခင်ဗျ။
တကယ်တန်းကျတော့ ကိုသိမ်းတင်သားလည်း အဲဒီညက မသောက်ခဲ့ပါဘူး။
ကိုငှက်တစ်ယောက်သာ အရက်သောက်ရင်း ကိုသိမ်းတင်သားနဲ့ အေးအေးဆေးဆေး စကားပြောနေခဲ့ပါတယ်။
ကျွန်တော်ကတော့ ဘေးကထိုင် အမြီးလေးအနည်းငယ် နှိုက်စားရင်း သူတို့ပြောတာတွေကို ထိုင်နားထောင်ဖြစ်ခဲ့ပါတယ်။
သူတို့ပြောတဲ့ စကားထဲမှာ ကိုမြင့်မိုးအောင် အကြောင်းလည်းပါပါတယ်။
အက်စစ်အဖွဲ့ရဲ့ အင်တာဗျူးတွေ အကြောင်းလည်းပါပါတယ်။
ကျွန်တော်လိုက်မမီနိုင်တဲ့ ဂီတအကြောင်းတွေလည်း ပါပါတယ်။
ဆိုတော့…။
အဲဒီညကို ကျွန်တော့် ဘဝမှာ အင်မတန်ထူးခြားသော ညလေးတစ်ညအဖြစ် အမြဲသတိရနေခဲ့တာပါ။
ပြီးခဲ့တဲ့ တစ်လလောက်က ကျွန်တော် နဲ့ ကိုသိမ်းတင်သား ပြန်တွေ့ကြပါတယ်။
လဖက်ရည်သောက်ရင်း စကားတွေ ပြောကြပါတယ်။
ကျွန်တော် ရေးတဲ့ မန္တလေး ဂဇက် က စာတချို့ကိုလည်း အင်တာနက်ဆိုင်ထဲဝင်ပြီး ဖွင့်ပြဖြစ်ပါတယ်။
ကိုသိမ်းတင်သားက သူ့စတိုင်အတိုင်း မှော်အောင်သွားပြီဗျာ..။ ဒီလောက်ဆို စာရေးလို့ရပြီ လို့
(အားနာလို့လားမသိ) မှတ်ချက်ချပါတယ်။
ပြီးတော့ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ အရက်သောက်ရင်း ပြောခဲ့တဲ့ စကားဝိုင်းလေးအကြောင်းကို
စာတစ်ပုဒ်ရေးဖို့ ကျွန်တော့်ကို တိုက်တွန်းပါတယ်။
ကျွန်တော်က အစ်ကိုရေးပါဗျာ၊ ကျွန်တော့်လက်က ဒီလောက်မဟုတ်သေးပါဘူး လို့ ဆိုတော့
သူက
ကိုသျှပ်အကြောင်းကျွန်တော်ရေးနေတာ တော်တော်များနေပြီဗျာ။ ခင်ဗျားတို့လို အပြင်လူတစ်ယောက်ကလည်း ရေးသင့်တာပေါ့
သူပြောခဲ့တာလေးတွေထဲက မှတ်မိသလောက်ပြန်ရေးပါ။ ရေးပြီး ကျွန်တော့်ကို ပြန်ပြပေါ့
လို့ ပြန်ပြောပါတယ်။
အခု ပြန်ရေးကြည့်တော့ တချို့စကားတွေက အသံဖမ်းထားတာ မဟုတ်လို့ အမှားပါသွားရင် မကောင်းဘူးဆိုတဲ့ စိုးရိမ်စိတ်ကဝင်လာပါတယ်။
ဒီလောက်ပဲ ပြန်ရေးသင့်တယ်ပေါ့ဗျာ။ သိတ်ပြီး ကြီးကျယ်ခမ်းနားလှတယ်ရယ်လို့ မဟုတ်ပါဘူး။
အဲဒီ ညက ကျွန်တော့်ဘဝမှာ အမှတ်တရ ဖြစ်နေခဲ့ပါတယ်…။
ဒီနေ့ ကိုငှက်ရဲ့ အသက် ၄၉ နှစ်မြောက်မွေးနေ့ ခင်ဗျ။
ရှင်စောပုလမ်းက ဓမ္မစေတီ ကျောင်းတိုက်မှာ မိသားစုက အမှတ်တရ ဆွမ်းကပ်လှူပါတယ်။
ကိုသိမ်းတင်သားက ၁ဝ နာရီလာခဲ့ ဆိုပေမယ့် ကျွန်တော်က ၉ နာရီကတည်းက ရောက်သွားပါတယ်။
ကျောင်းရှေ့မှာ ကိုငှက်ရဲ့ မိတ်ဆွေကြီး ကိုဇော်သစ်က ထိုင်နေပါတယ်။
ဒါနဲ့ ကျောင်းတိုက်ထဲဝင်ခဲ့တော့ ကျွန်တော့် သူငယ်ချင်း ကိုငှက် ရဲ့ ညီ အောင်အောင်နဲ့ တွေ့ပါတယ်။

ထူးအိမ်သင် ညီ အောင်အောင် (ဒီမွန်)

လာရင်းအကြောင်းကို ပြောပြပြီး ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။
သူနဲ့လည်း ကိုငှက်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ ဖီလင်လေး မေးဖြစ်ပါတယ်။
ကိုငှက် ရဲ့ ညီ အောင်အောင် (ဒီမွန်)ရဲ့ စကားသံလေးတွေဖတ်ကြည့်ပါဗျာ။

သူ့အတွက် ဆရာနိုင်ဇော်ရေးတဲ့စာအုပ်လေးလည်း ထွက်မှာပေါ့။
အိမ်မှာကတော့ အမြဲတမ်း ပဲ သူရှိသလိုပဲပေါ့။ ခရီးသွားသလိုပဲ သူ့ကို ဘယ်သွားသွား သတိရနေကြတာပေါ့။
ဒီဟာကလည်း စာအုပ်ထွက်တဲ့ အထိမ်းအမှတ်လေးရော ၄၉ နှစ်ပြည့်ပေါ့။ နောက်နှစ်ဆိုလို့ရှိရင် သူ့ရဲ့ နှစ် (၅၀) ပြည့်
ရွှေရတု…။ အဲဒီမှာ ကျတော့ သူ့ အမှတ်တရ အစီအစဉ်လေးတွေ လုပ်ဖို့ အစီအစဉ်ရှိတယ်။
ရှိုးလေးတွေဘာလေးတွေနဲ့ တွဲပြီးပေါ့…။ မိသားစုတွေအနေနဲ့ကတော့ အမြဲတမ်း သူ့ကို အိမ်မှာ ရှိနေတဲ့လူတစ်ယောက်လိုပဲ
သတ်မှတ်ထားတာပေါ့နော်…။ အမြဲတမ်းလည်း သတိရကြတယ်။ သူ့အကြောင်းလည်း အမြဲတမ်း အိမ်မှာပြောဖြစ်တယ်။
ထမင်းစားတိုင်း၊ မိသားစုဆုံတိုင်း သူ့ကို သတိရကြတယ်…။

ပြီးတော့ အောင်အောင်က ကိုငှက် ရဲ့ မိတ်ဆွေရင်းကြီး ကိုဇော်သစ် (နှင်းဆီလှိုင်း) နဲ့ စကားပြောဖို့ မိတ်ဆက်ပေးပါတယ်။
ကိုဇော်သစ်က ရဲသွင်ရဲ့ စွန့်စားမယ်ကိုယ့်အချစ်ရဲ့ လိုက်ရဲလား ဆိုတဲ့ သီချင်းရဲ့လက်ရာရှင်ပါ။
ကိုဇော်သစ်ကလည်း ခံစားချက်အပြည့်နဲ့ ကိုငှက်နဲ့ ပတ်သက်တဲ့ ဖီလင်ကို ပြောပြပါတယ်။
ဒါပေမယ့် ကျွန်တော့် ဖုန်းအသံဖမ်းစက်က ဘယ်နေရာမှာချို့ယွင်းသွားတယ် မသိပါ။
တစ်ဝက်တစ်ပျက်ကြီးနဲ့ ရပ်သွားလို့ နှမြောတသ ဖြစ်ခဲ့ရပါတယ်။
စိတ်ပါလက်ပါ လေးလေးစားစား ပြန်ဖြေပေးခဲ့တဲ့ ကိုဇော်သစ်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
ဒါ ကျွန်တော့်ရဲ့ ပထမဆုံး အင်တာဗျူးအတွေ့အကြုံဆိုတာတော့ မှတ်တမ်းဝင်သွားခဲ့တာပေါ့။

ထူးအိမ်သင်ရဲ့ ရောင်းရင်းကြီး ကိုဇော်သစ် (နှင်းဆီလှိုင်း)
အမှတ်တရ စာအုပ်မှာ ရေးထားတဲ့ ကိုဇော်သစ်ရဲ့ စာ။

အဲဒီနောက်မှာတော့ ၁ဝ တန်းကို 5D နဲ့ အောင်သွားတဲ့ ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။
ကိုငှက် သီချင်းတွေထဲက ချွဲတတ်တဲ့ ဂန္ထဝင် အမေ ကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။
အင်တာဗျူးလုပ်ချင်ပေမယ့် လူများလာတော့ နည်းနည်း ရှက်စိတ်ဝင်လာတယ်ခင်ဗျ…။
မရိုက်ဖြစ်ခဲ့ဘူးပေါ့ခင်ဗျာ…။
အဲဒါနဲ့ မိကွန်ထောနဲ့ ပွဲလာသူတချို့ကို ဓါတ်ပုံပဲ ရိုက်ခဲ့ပါတယ်။

ကိုငှက် ရဲ့ အမေ။
ကိုငှက် ရဲ့ တုနှိုင်းမဲ့ ရတနာလေး မိကွန်ထော။
ကိုငှက် သမီးလေး ဆိုတော့ ကျွန်တော်တို့ သမီးလေးပဲ ပေါ့ဗျာ။

ကိုငှက်ရဲ့ အမေ၊ ညီတွေ နဲ့ သမီးနဲ့ ဇနီး (နောက်ကပန်းရောင်ဝမ်းဆက်နဲ့)။

ကိုငှက် သီချင်းထဲမှာ အရမ်းချစ်ပြခဲ့တဲ့ အမေ နဲ့ သမီးလေး။
အမေ့ရဲ့ ဒုက္ခအိုးလေး ကို လွမ်းနေဆဲ့ အမေ။
ဘုန်းကြီးတရားနာနေတဲ့ စာရေးဆရာနိုင်ဇော်။
(သူရေးတဲ့ ထူးအိမ်သင်အမှတ်တရစာအုပ် ဒီနေ့စဖြန့်ပါတယ်)

ဇော်ဝင်းထွဋ်က FM တစ်ခုရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ထူးအိမ်သင် ဆိုတဲ့လူဟာ အမေ့အိမ် ဆိုတဲ့ သီချင်းတစ်ပုဒ်ထဲနဲ့ ကမ္ဘာပေါ်မှာ လူလာဖြစ်ရကျိုးနပ်သွားပါပြီတဲ့။
ဟုတ်ပါတယ်။
ထူးအိမ်သင်ဟာ လူဖြစ်ရကျိုးနပ်ခဲ့တဲ့ လူတစ်ယောက်ပါ။
အဲဒီလူတစ်ယောက်ကို ဒီနေ့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုပါတယ်။
ထူးအိမ်သင်ကို
လေးစားချစ်ခင်တဲ့
ဘလက်…။
1st, JULY, 2012
ညနေ ၅း၁၅

Ko Out Of… အတွက် လောကကြီးရဲ့ မောင်းနှင်အား သီချင်းလေး တင်ပေးလိုက်ပါတယ်။
lawkagyiyaemaunghninarr

63 comments

  • စိန်ဗိုက်ဗိုက်

    July 1, 2012 at 5:47 pm

    ကွယ်လွန်ခဲ့ပြီဖြစ်သော ကိုသျှပ်ကို ကိုဘလက်နဲ ့အတူ ဒီကွန်းမန် ့လေးနဲ ့ လေးစားဂုဏ်ပြုလိုက်ပါတယ်ဗျား..။
    ကိုဘလက်ကြီးကောင်းမှုနဲ ့ ကိုသျှပ်ကို ပြန်လည်အမှတ်ရစေသမို ့ ကိုဘလက်ကြီးလဲ သျှပ်တွေ များကြီးသောက်နိုင်ပါစေခင်ဗျား.။

    • စိန်ဗိုက်ဗိုက်

      July 1, 2012 at 5:48 pm

      ပထမဆုံး လက်မနဲ ့ပထမဆုံး ကွန်းမန် ့လေးအတွက် ကျော့်ကိုလဲ သျှပ်အဝတိုက်ဖို ့ မေ့ပါနဲ ့ဦးခင်ညား။

  • ရဲစည်

    July 2, 2012 at 3:10 am

    ဒုတိယမြောက် လက်မနဲ့အတူ ထပ်ဆင့် ဂုဏ်ပြုပေးလိုက်ပါကြောင်း
    ကျော့်မှာလဲ မလမသွား တောလား အမှတ်တရလေး ရှိခဲ့လို့ ပြန်လည်အောက်မေ့ တမ်းတစွာဖြင့် ခုသောက်နေတဲ့ တခွက်ကို သူ့အတွက် ချီးယားစ် လုပ်လိုက်ပါကြောင်း ……

    2nd, July, 2012
    နံနက် ၄း၃၈ မိနစ်

  • padonmar

    July 2, 2012 at 3:18 am

    တစ်ရက် စိန်ဂျွန်းဈေးမှာ ဆေးဝယ်ရင်း ကက်ဆက်တန်းတွေနားက အဖြတ်မှာ ဖွင့်ထားတဲ့ သီချင်းကောင်းလွန်းလို့ ဒါဘယ်သူဆိုတာလဲမေးပြီး လိုက်ရှာဝယ်ခဲ့ရပါတယ်။
    အဆိုတော်က အသစ်၊နာမည်ကလည်း အဆန်း၊ထူးအိမ်သင်တဲ့။
    ကက်ဆက်ခွေကာဗာက လူပုံမပါ။နာမည်က နာရီပေါ်ကမျက်ရည်စက်များတဲ့။
    အို တစ်ခွေလုံးကသီချင်းတွေ အကုန်ကြိုက်။
    အဲဒီနှစ်တွေက လက်ဖက်ရည်ဆိုင်တွေမှာလည်း ဒီအခွေပဲ ဖွင့်ခိုင်းခံခဲ့ရတာပေါ့။
    ကြာခဲ့ပေမယ့် မမေ့နိုင်သေးပါ။

  • အရီး Khin Latt

    July 2, 2012 at 4:58 am

    ကျွန်မ လဲ လွမ်းပါတယ်။
    ညဉ့်နက်နေလို့ နောက်မှ ပြန်လာလွမ်းမယ်။
    အခုတော့ … မှောင်ရိပ်ထဲမှာ တိတ်တဆိတ် မျက်ရည်ဝဲ …. 🙁

    သမီးလေးက ချစ်ဖို့ကောင်း လိုက်တာ။

  • ahnyartamar

    July 2, 2012 at 5:19 am

    နာမည်ကခပ်စိမ်းစိမ်း – ထူးအိမ်သင်
    သီချင်းခေါင်းစဉ်က – နာရီပေါ်မှမျက်ရည်စက်များ
    ကက်ဆက်တိပ်ခွေကာဗာမှာ လူပုံမပါ၊ နာရီတစ်လုံးနဲ့
    အသစ်တယောက်ပဲ နားထောင်ကြည့်အုံးမယ်ဆိုပြီး နားထောင်ဖြစ်တာ ဒီနေ့အထီ ထူးအိမ်သင် သီးချင်းတွေကို ခုံမင်၊ မြတ်နိုး နားထောင်နေဆဲပါ။

    ငိုရင်ပုလဲ၊ ရီရင်ရွှဲ၊ အရာရာအားလုံးပြည့်စုံတယ်၊ အချစ်နဲ့၊ အခြေအနေမဲ့၊ ရွှေငွေမဲ့၊ အရာအရာအားလုံးရူံးနေတဲ့၊ ဟင်….ဟင်…ဒါဟာနောက်ဆုံးပဲအချစ်လေးရယ်၊ ဒါဟာနောက်ဆုံးပဲ…..

  • marblecommet

    July 2, 2012 at 7:25 am

    ကိုဘလက်ရေ့
    မနေ့က ကတည်းက မန့်နေတုန်းပဲ ဂေဇက်တံဂါးကြီး ပိတ်သွားလို့
    အခုမနက်မှ ပြန်မန့်လိုက်ပါတယ်
    ကိုငှက်နဲ့ အတူဆုံခဲ့ဘူးတဲ့ ကိုဘလက်ကိုလည်း အားကျတယ်ဗျာ..
    ကိုငှက်ကတော့ဗျာ
    ကျနော်တို့ နှလုံးသားထဲမှာ အမြဲရှိနေတဲ့ မှော်ဆရာပါ..
    သူ့သီချင်းတွေ သူ့အနုပညာတွေနဲ့လည်း
    ကျနော်တို့ ဝန်းကျင်မှာ အမြဲထိတွေ့နေရဆဲပါပဲ….
    အနည်းဆုံး လမ်းဘေးက ထီသည် ဆိုင်ကနေ ကိုငှက်သီချင်း
    ဖွင့်ထားတာကြားလိုက်လို့ ထီးဝင်ဝင်ထိုးခဲ့ရပေါင်းလည်း
    မနည်းတော့ပါဘူး…
    ……….
    အစိမ်းရောင် ရက်စွဲများတော့ ရှိတယ်.
    ဆရာနိုင်ဇော်ရဲ့ စာအုပ်ကို ဝယ်ရဦးမယ်
    ဦးဇော်သစ်ကြီးကတော့အမြဲ ဒီအတိုင်းဒီအရွယ်ပဲ သိပ်မပြောင်းလဲသလိုပဲ..
    မိကွန်ထော လေးတောင် ဒီအရွယ်ရောက်လာပြီ….
    ……..
    ကိုငှက်ကိုလွမ်းကြတဲ့ပွဲကို
    မသိလိုက်ဘူးဗျာ ဟိုလူကြီး ကိုကြွက်လည်း မပြောဘူး…..
    တော်တော်ဆိုးတဲ့လူ….
    အခုလို တင်ပေးတဲ့အတွက် ကျေးဇူးဗျို့….

  • Ko out of...

    July 2, 2012 at 8:08 am

    ကျွန်တော်အသဲစွဲတဲ့ ထူးအိမ်သင် သီချင်းတွေထဲက … လောကကြီးရဲ့မောင်းနှင်အား ကို ရှာလို့မရလို့ အဲဒါ

    ဘယ်စီရီးထဲမှ ရှာရမလဲ?.. (သို့မဟုတ်) အင်တာနက်ကနေ ဒေါင်းလုပ်ရတဲ့ လင့်တနေရာကိုပေးပါလား.?.

    တနေရာတော့ ကျွန်တော်တွေတယ့် ဒါပေမဲ့ ဒေါင်းလုပ် လုပ်လို့ မရဘူး..

    လူသားတွေ့ ငြိမ်းချမ်းဖို့ တီဆိုပေးခဲ့သော ထူးအိမ်သင်သီချင်းများ ကမ္ဘာတည် သရွှေ့ တည်ပါစေ..

  • ကြောင်ကြီး

    July 2, 2012 at 8:29 am

    သမီးလည်းချစ်ဖို့ကောင်း အမေလည်းချစ်ဖို့ကောင်းဒယ်….။ မှန်ရာပြောဒယ်ဗျာ ကာမပိုင်လင်ရှိမယားမှ မဟုတ်တော့တာနော်။ ဧရာဝတီဘလော့ဂ်မှာ တွေ့လိုက်ရလို့ဗာ။

  • marblecommet

    July 2, 2012 at 8:49 am

    အူးကြောင်က
    မသွယ်ဂို ပြောထှာလားဟင်င်…….

  • ster

    July 2, 2012 at 9:24 am

    တချိန်က (မေ.လိုက်တော. ) နဲ.စပြီး သိခဲ.တာကို သတိရမိပါတယ်။

  • မောင်ပေ

    July 2, 2012 at 9:44 am

    ၃တန်းကျောင်းသားမောင်ပေ ဟာ ရွှေ … ဒုက္ခမိုးရေစက်များ.. ရော့ခ်အင်ရိုးအပျိုမ… သီချင်းတွေနဲ့ စတင်တွေ့ခဲ့ရာကအစ အခုချိန်အထိ ktv ရောက်ဖြစ်တိုင်း ကိုငှက်သီချင်းတွေကို ခံစားမြဲ။
    ကိုငှက် ကောင်းရာသုဂတိမှာ သီချင်းတွေနဲ့အမြဲ ပျော်ရွှင်ပါစေ

  • Shwe Tike Soe

    July 2, 2012 at 9:52 am

    ဦးဘလက်ရေ… ကျွန်တော်တို. ကိုငှက်ကြီးကို လွမ်းသွားပီဗျာ….
    လက်တုန်တုန်နဲ. အင်တာဗျူးအတွေ.အကြုံရခဲ့တဲ့ ဦးဘလက်ကြီးလဲ…ကျေးဇူးပါ…
    ဟိုပြေးဒီပြေးနဲ. ဒီပို.စ်လေးကို ကြိုးစားပန်းစား တင်းပေးရရှာတာပါ… ပီးတော့ ဘလက်တက်စီကလဲ ဆွဲရသေးတယ်လေ….ဟေ့ဟေဟေဟေ…

    • Shwe Tike Soe

      July 2, 2012 at 9:52 am

      အော် ဘယ်သူ.မျက်နှာမှမထောက်တော့ဘူး လက်မ တစ်ချောင်းထောင်တယ်ဗျာ…. ကဲ.. 😀

  • mamanoyar

    July 2, 2012 at 9:56 am

    ထူးအိမ်သင်ရဲ့ အရိပ်စစ်သီချင်းကို အရမ်းကြိုက်ပါတယ်ရှင်

  • မဂွတ် ထော်

    July 2, 2012 at 9:59 am

    ကောင်းရာသုဂတိ ဘုံဘဝရောက်ပါစေ

  • Shwe Ei

    July 2, 2012 at 10:09 am

    ” ကြယ်တွေ စုံတဲ့ ည အဝေးအိမ်ကို လွမ်းတယ်…..
    ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့ သီချင်းတွေလဲ ရင်တွေကွဲသွားအောင် တို့ဆိုနေအုံးမယ် “

  • kyeemite

    July 2, 2012 at 10:26 am

    သီချင်းတွေအကြောင်းတော့
    ကောင်းကောင်းနားမလည်ပါ
    နားတော့ထောင်တတ်ခဲ့ပါတယ်…
    ကျနော်လည်း ထူးအိမ်သင် စပေါ်လာကတည်းက
    နာမည်လေးဆန်းနေတာရယ်…
    သူ့သီချင်းသံလေးဆန်းပြားတာရယ်သတိပြုမိခဲ့ပီး
    ထွက်သမျှသီချင်းတွေ အားလုံးကြိုက်ခဲ့တယ်ဗျို့..
    အမှတ်တရ ပို့စ်တင်ပြီး ဂုဏ်ပြုပေးတဲ့
    ကိုဘလက်ချောနဲ့အတူ လွမ်းသွားပါကြောင်းဗျာ…

  • Moe Z

    July 2, 2012 at 11:06 am

    ဘဘ ဘလက်ရေ မိုးစက်လည်းဝင်လွမ်းသွားပါတယ် …
    …… မေမေ..သားချစ်တဲ့မေမေ ….စီးဆင်းခဲ့ … အကြွင်းမဲ့ချစ်ခြင်းတွေ .. ဒီကမာ္ဘမြေကို သာယာပါစေ …မေမေ .. နေကောင်းလား မေမေ…..

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 11:13 am

      သူပြောတဲ့အတိုင်းပဲ ဘဘ…
      လာထား ၁၅
      အင့် ၂ကျပ်…
      :mrgreen:

  • htoosan

    July 2, 2012 at 11:16 am

    ကျွန်တော်တို့ဆိုရင်တော့ လက်တုန်တာတင်မက recording ခလုတ်တောင် နိုပ်မိပါ့မလား မသိဘူး။
    သူ့သီချင်းတွေက တော့ စိုင်းထီးဆိုင် သီချင်းတွေ လိုဘဲ လွင့်ပျံနေဆဲပါ ။

  • ကြည်ဆောင်း

    July 2, 2012 at 11:18 am

    ထူးအိမ်သင် အခွေတွေတော့ တစ်ခွေမှ မလွတ်တမ်းနားထောင်ခဲ့တယ်။ ထူးအိမ်သင် ဆုံးသွားတော့သူ့ သီချင်းတွေသူများတွေပြန်ဆိုမှာစိုးရိမ်မိသေးတယ်။(တခြားသူတွေပြန်ဆိုမှာမကြိုက်ဘူး) ထူးအိမ်သင်လို့ ဆိုခဲ့ တဲ့ အာလူးစားသူတွေရဲ့ မျက်နှာဆိုတာ ဘယ်လိုမျက်နှာမျိုးတွေပါလိမ့် ဆိုပြီးတွေးမိတာ သတိရမိသေးတယ်။ ကြည်ဆောင်းတို့ မမြင်နိုင်တဲ့ နံရံရဲ့ တဖက်မှာ ချစ်ခြင်းသီချင်းတွေ ဖွဲ့ သီနေအုန်းမလားဆိုတာ ဘယ်သူသိနိုင် ပါ့မလဲနော်..

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 8:17 pm

      ဒွန် မက္ကလင်း ရဲ့ …ဗင်းဆင့် ဆိုတဲ့သီချင်းဗျ
      စတာရီ စတာရီ နိုက် လို့လည်း လူသိများရဲ့….

      သည်လူကြီးဗျာ … …

      မျက်ရည်မဆယ်နိုင်တော့..

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 2, 2012 at 11:25 am

    တစ်ကယ့်ကို ရှားပါးတဲ့ အသံပိုင်ရှင်ပေါ့ … own creation ရှိသလို vocal technique ကလဲ ပြောစရာမလိုအောင် ကောင်းသူပါ … ဂီတလောကရဲ့ ဦးဆောင်သူတစ်ယောက်ကို ထပ်ဆင့် ဂုဏ်ပြုရင်း ….

  • amatmin

    July 2, 2012 at 11:31 am

    အူးဘလက်ရေ..
    ကျနော်လည်း.ကြိုက်မိတဲ့သီချင်းလေးဆိုရင်း ဝင်လွမ်းသွားပါကြောင်း…

    ~~ အင်္ကျီဖြူဖြူလေးရယ်~.~မင်းလောက်တို့မသန့်စင်တယ်.~
    ~စိတ်မှာဒီအညစ်အကြေးတွေ.~ ဆေးကြောလိုက်ချင်တယ်.~
    လိပ်ပြာမလုံချင်ဘူးကွယ်.~ အဖြုရောင်မြင်ရင်.~ ~ ရင်မှာနာကျင်ခဲ့ရ.~ ~


    ချစ်သောကိုငှက်.မြင့်မြတ်စင်ကြယ်သော.နေရာသစ်မှာ.ပျော်မွေ့နိုင်ပါစေလို့…

  • ahnyartamar

    July 2, 2012 at 11:52 am

    mamanoyar says:
    ထူးအိမ်သင်ရဲ့ အရိပ်စစ်သီချင်းကို အရမ်းကြိုက်ပါတယ်ရှင်

    အဲဒီ အရိပ်စစ်သီချင်း က ဆောင်းဦးလိူင်သီးချင်းပါ။ ကိုငှက်ကြီးရဲ့ အော်မဟုတ်ရပါဘူး mamanoyar ရေ။ “အမေ့အိမ်”ကတော့ ကိုငှက်ကြီးရဲ့ အော်ပဲ။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 12:21 pm

    မျက်ရည်ဆယ်ပီးမှ ပြန်လာခဲ့ပါ့မယ်ဗျာ..
    အဟင့်..

  • maung khinmin

    July 2, 2012 at 1:04 pm

    အမြင့်ပျံ ငှက်တစ်ကောင်ရဲ့….လွတ်လပ်ခြင်း
    သီချင်းသံ…..ဧရာဝတီရဲ့…….နုသစ်ခြင်း
    ကိုငှက်ရေ….

    အမေတွေနဲ့….အုတ်မြစ်ချတဲ့…လူသားဝါဒ
    ကမ္ဘာမြေငြိမ်းချမ်းပါစေ…လို့ဆိုတဲ့ကိုငှက်..
    ုနှစ်တွေ..ဘယ်နှစ်နှစ်ထပ်ခဲ့….ပြီလဲ……..

  • htet way

    July 2, 2012 at 3:08 pm

    နေဝင်ချိန်ဆို ကိုယ်လေ ငိုချင်တယ် …
    အဆောင်သူလေး မှာ တိတ်တိတ် မျက်ရည်ဝဲ ………..
    နေကျောင်းပိတ်တဲ့ရက်တွေ မှာ သူပြန်မလာနိုင်ပြီပဲ…………….
    ဆရာ ဘလက်ရေ ကျေးဇူးပါဗျာ။ တကယ်တော့ ခင်ဗျား ဟာ အနုပညာရပ်ဝန်းက လူပါ
    လေးစားပါတယ် ။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 3:30 pm

    https://www.facebook.com/htooeinthin/notes
    ကိုငှက်ရှားပါးသီချင်းတချို့ သည်မှာ တွေ့လို့ လက်တို့လိုက်ပါတယ်ဗျာ…
    ဟင့် ..
    ငိုလို့ ဝ မှ ပြန်လာခဲ့ပါ့မယ်

    • အရီး Khin Latt

      July 3, 2012 at 3:57 am

      ငို ငို ငို အားရအောင်ငို …
      သိထားဖို့က ဘယ်နှစ်ခါဘဲ ဝင်လာ ငိုငို ၁၅ကျပ် ဘဲ။ 😀

      ဒီနေ့ သတင်း တစ်ပုဒ် ခေါင်းစဉ်က
      “Joy and Spain: Losing Italians cry like babies” တဲ့။
      စပိန် နံပါတ်(၉) က အတော်မိုက်တာ အခုမှ သတိထားမိတယ်။
      သူ့မိန်းမ က လဲ ချောချောလေး၊ ကလေး ၂ယောက် ကလဲ ချစ်စရာလေးတွေ။

      အီတလီ ဘာလို ခမျာ မှာလဲ မျက်ရည် တွေ နဲ့။
      ထပ်ပြောမိပြန်ပြီ။
      ရင်ဘတ်ကြီး ထပ်နာလို့ ထပ်ငို နေရင် ပြသနာ။

      စိတ်ပြောင်းအောင် လို့ အဲဒီထဲ မှာ ပုံတစ်ပုံ က “Good up front … Spanish beauty goes topless” တဲ့။
      စိတ်ဝင်စားရင် ကြည့်။ ရော့ … ရော့ …
      http://www.thesun.co.uk/sol/homepage/news/4405602/Spain-celebrates-winning-Euro-2012-while-Italians-cry-like-babies.html
      အဲဒါကြည့်ပြီးရင် တိတ်တော့။ 😉

      ကိုဘချော Post မှာ လာရှုပ်မိတာ စောဒီးပါ။
      မဟုတ်ရင် ဒင်းက တော်တော် နဲ့ တိတ်မှာ မဟုတ်တော့ဘူး။ 😛

      • ပစ်စလက်ခတ် မျက်ရည်

        July 3, 2012 at 6:41 am

        အဲ့ တောကြက်ပေါ့ …
        ပုံမှန်ခြေ သာ မရတာ ..
        ဖိုင်နယ်ဆို ဖလန်းဖလန်းထတာများ ပြော မပြောချင်ဘူး…..
        အသည်းမမာပါဝူးဆို …
        စိတ်ထိခိယက်အောင် လုပ်ရက်တယ်…
        ပီယာလိုကြီး ငိုတာများဗျာ …
        ပြောမပြောချင်ဘူး….

        ပြန်မြင်ယောင်ပီး မျက်ရည်စို့လာပြန်ပါဘီလေ…
        ဟင့် ဟင့် ..

      • Crystalline

        July 3, 2012 at 7:08 am

        အရီးရဲ့link လေးကိုသွားကြည့်ပြီး ဘာလော့တယ်လီမျက်ရည်ကျနေတာကိုအားရလိုက်တာ.. ပီယာလိုအတွက်တော့စိတ်မကောင်းပါဘူး..သူကလည်း ၂၀၀၆တုန်းက ကင်နာဗာရိုနဲ့အတူ ကျမရဲ့နံပတ်၁တွေဖြစ်ခဲ့တာလေ..အခုတော့လည်း မင်းတို့မျက်ရည်က…. 🙂

        • ပစ်စလက်ခတ် မျက်ရည်

          July 3, 2012 at 7:12 am

          အသည်းနှလုံးမရှိတဲ့ မိန်းမဂျီး
          အပြောင်းအလဲ မြန်တဲ့ မိန်းမဂျီး
          🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2012 at 3:38 pm

    ထူးအိမ်သင်ဆိုလို့ပြောရအုန်းမယ်
    ပန်းခင်းလမ်းထဲလျှောက်ပါအချစ်ကလေးရယ် ခရောင်းတောထဲကကိုယ့်ကိုယ်ထားခဲ့ကွယ်
    ဘာညာဆိုတဲ့သီးချင်းကို ခပ်မွဲမွဲဘဲကြီးတွေ ခပ်မူးမူးနဲ့ ခပ်လန်းလန်းစော်ကြီးတွေအိမ်ရှေ့
    အသံဗျဲဂျီးနဲ့သွားအော်တော့အဖိုးကြီးက ထွက်ဆဲတာတွေ့ဘူးရဲ့
    နောက်ပီးစိသေးတယ် နာရီပေါ်ကမျက်ရည်စက်များ သီချင်းကိုဘဲကြီးတစ်ပွေ ခံစားပုံ
    ကြည့်ရတာ သူ့ကောင်မက သူ့ကိုပြစ်ပြီးလင်ယူသွားပုံရတယ်
    မျက်ရည်တွေမျက်ခွက်တွေနဲ့ အဲ့သည်တုန်းက ကျုပ်ကမခံစားတတ်သေးလို့
    သူ့ကြည့်ရတာတော့ တော်တော်ကြေကွဲနေပုံဘဲ
    ဒါကတော့ အချစ်နဲ့ပတ်သက်ရင် ငမွဲတွေခံစားပုံပေါ့ဗျာ
    အရွယ်ရောက်လာတဲ့ ကျုပ်တို့လိုစားစရာမရှိတဲ့ကောင်တွေကတော့
    ဘာတဲ့
    ရောင်စုံမီးများထွန်းညှိလို့ထားတယ် ဘာညာဘာညာပေါ့
    ငါ့ရဲ့အဖြစ်နဲ့တူတဲ့ မိန်းမချောလေးတစ်ယောက်တော့ရှိတယ် ဆိုတဲ့နေရာတို့
    ဖန်ခွက်ခြင်း ကွိကွကွိကွ ဆိုတဲ့နေရာကတော့ လွှတ်ကြိုက်ဘဲဗျို့
    သေခြာမမှတ်မိတော့တဲ့ ထူးအိမ်သင် ရဲ့ စကားတစ်ခုရှိသား
    ဘာတဲ့
    သီချင်းများကို နားထောင်ရင်းခံစားနိုင်ကြပါစေ ဆိုလားဘဲ
    ကျုပ်ကတော့ မရဘူး နည်းနည်းကောင်းလာရင် တော်ယုံဘုရားဒါယဂါ အော်ဒယ်ဆိုဒါ သနားဒယ်

    • myanmarcitizen

      July 2, 2012 at 5:14 pm

      “ရောင်စုံမီးများထွန်းညှိလို့ထားတယ် ဘာညာဘာညာပေါ့
      ငါ့ရဲ့အဖြစ်နဲ့တူတဲ့ မိန်းမချောလေးတစ်ယောက်တော့ရှိတယ် ဆိုတဲ့နေရာတို့
      ဖန်ခွက်ခြင်း ကွိကွကွိကွ ဆိုတဲ့နေရာကတော့ လွှတ်ကြိုက်ဘဲဗျို့”

      ကျွန်တော်လဲ အဲ့တီချင်း ကလေဇီ ပဲဗျို့ 🙂

  • manawphyulay

    July 2, 2012 at 3:43 pm

    မိဘနဲ့ ဘယ်သောအခါမှ မခွဲမခွာပဲ ခုချိန်ထိ နေခဲ့ပေမယ့် ကိုငှက်ရဲ့ အိမ်ပြန်သီချင်းလေးတွေ၊ ရထားဥဩသံကြားတိုင်း ဘယ်ပြန်ချင်မှန်းမသိအောင်လည်း လွမ်းမိတယ်။ နောက်အမေကို တစ်ဝကြီး ခံစားထားတဲ့သီချင်းတွေ အားလုံးကတော့ ရင်ထဲ ထိတယ်။ ခုချိန်ထိလည်း ရင်ဘတ်ကြီးနဲ့ ခံစားနေတုန်းပါပဲ။ သူ့မိသားစုတွေ ပြောသလိုမျိုးပေါ့လေ… ခုချိန်ထိ ၂၄ နာရီအလွဲတွေ ဖြစ်နေသရွေ့ ကိုငှက်ကြီးကို မနောလည်း ကမ္ဘာမြေတစ်နေရာကနေ သတိရအမှတ်ရနေဆဲပါလို့ ကြုံရင် ပြောလိုက်ပါ……..

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 2, 2012 at 8:11 pm

      ( မနောလည်း ကမ္ဘာမြေတစ်နေရာကနေ
      သတိရအမှတ်ရနေဆဲပါလို့ ကြုံရင် ပြောလိုက်ပါ )
      ဘုရားစူးမိုးဂျိုးပြစ် သားသားတော့ ဘယ်လိုမှ လမ်းမကြုံဘူးနော်
      ဒါပေမယ့် လိုက်သွားလို့တော့ရတယ်သိလား

      • အရီး Khin Latt

        July 2, 2012 at 8:13 pm

        မနော ရဲ့ မှတ်ချက်လေး ကို သဘောကျပြီး ရီ နေမိတယ်။
        {{ ကိုငှက်ကြီးကို မနောလည်း ကမ္ဘာမြေတစ်နေရာကနေ သတိရအမှတ်ရနေဆဲပါလို့ ကြုံရင် ပြောလိုက်ပါ…}}
        အဲလို ကြုံ ဖို့ က
        အင်း …..
        ခက်တော့ခက်သား။

        တောက်စ် – (မူရင်း-ဂဂ)
        ဘပု ဦးတွားတယ်။ 😀

  • သူရဇော်

    July 2, 2012 at 4:35 pm

    လေးဘလက်ကြီးရေ အနော်သူရဇော် ပျောက်ချက်သားကောင်းနေခဲ့တာဝန်ခံပါ၏…..ပွဲဦးထွက်အနေနဲ့ လေးဘလက်နောက်လိုက်ခြင်းဆိုပီး ပို့စ်လေးတစ်ခုတင်မဗျ….အခုပို့စ်အတွက်လဲ လက်မလေးထောင်သွားပါတယ်ဗျို့……..

    • စိန်ဗိုက်ဗိုက်

      July 2, 2012 at 5:19 pm

      သိပါဝူး..
      အူးဘဇင်း တောထွက်သွားပြီထင်နေတာ..
      ဂိန်..ဂိန်..

      • Mလုလင်

        July 3, 2012 at 12:55 am

        ဘယ်က တောထွက် ရမှာ လဲ .. တိန် ….. တိန် ….

  • shwe kyi

    July 2, 2012 at 4:50 pm

    ထူးအိမ်သင်ဆိုတာကို ရွှေကြည်အစ်ကိုကောင်းမှုနဲ့ ငယ်ငယ်တည်းကရင်းနှီးခဲ့ပါတယ်။
    သူ့ရဲ့သီချင်းတွေကို သံစဉ်ရောစားသားပါကြိုက်တာတွေက တော်တော်များပါတယ်။
    အကုန်တော့မဟုတ်ပါဘူး။ ဒါပေမယ့် သီချင်းတိုင်းမှာ လေးနက်မှုတွေ အဓိပ္ပာယ်တွေအများကြီးတွေ့ရတယ်။
    ဂျပ်စင်ထိပ်ကလရိပ်ပြာ ကအကြိုက်ဆုံးပဲ။ ပြီးရင် တကယ်လို့များ သီချင်းအရမ်းကြိုက်တယ်။
    ဘယ်အချိန်နားထောင်နားထောင် မရိုးနိုင်အောင်ဖြစ်ရတယ်။
    ကိုငှက်ရဲ့ အနှိုင်းမဲ့ရတနာကိုနားထောင်ပြီးအဖေ့ကိုပိုချစ်တတ်လာတယ်။
    ကိုငှက်ကို သူ့မိသားစုကိုသနားစာနာမှုနဲ့ အတူလွမ်းမိပါတယ်။

  • မိုး မင်းသား

    July 2, 2012 at 6:16 pm

    ဒီပိုစ် ့လေးတင်ပေးတာနဲ ့တင်……ဘလက်ချောကိုကျေးဇူးတင်လိုက်ပါတယ်ခင်ဗျာ….

    လေးစားပါတယ်…ဘလက်ချောရေ…….

    ချစ်ခြင်းမေတ္တာဖြင် ့

  • ဝေးလွင့်တိမ်

    July 2, 2012 at 7:29 pm

    ကျွန်တော်တို့ နှလုံးသားတွေကို ရင်ဘတ်ချင်းဆက်သွယ်ပြီး အလင်းထွန်းညှိပေးခဲ့တဲ့ ကိုသျှပ်ရေ …. သျှပ်မှူးအိမ်ဆိုတဲ့ ကြယ်တစ်ပွင့်က လူငယ်တွေအတွက်တော့ လမ်းပြကြယ်ပဲပေါ့ … ဂျပ်ဆင်ထိပ်က လရိပ်ပြာမှာနစ်မျောရင်း အမေ့ရင်ခွင်လဲ လွမ်းနေဆဲ … တစ္ဆေအနမ်းတွေ ခမ်းနားလွန်းတော့ အလွမ်းတွေလဲ နားခိုရာမဲ့ခဲ့ပြီ ကိုသျှပ်ရေ ………… ။ ။

  • ရွာစားကျော်

    July 2, 2012 at 7:56 pm

    ကိုငှက်ကြီးအား ကွန်မင့်လေးနဲ့ ဝင်လွမ်းသွားပါတယ်
    လူဖြစ်ကျိုးနပ်အောင် ကြိုးစားနေသူ
    ရွာစားကျော်

  • akswe

    July 2, 2012 at 8:40 pm

    Pardon me for writing in Eng.
    Though I behold this age of 40 which should be full with stability and calm, I can’t control my emotion whenever I hear his songs. I might be different with other as I love most of his song but my all time favorite is..
    WAY THWAR DE AKHAR
    I love the lyric, music and the way he sung..RIP Ko Htoo Ein Thin…

  • blackchaw

    July 2, 2012 at 10:58 pm

    ထူးအိမ်သင် ကို ချစ်ခင်လေးစားလို့ ကွန်းမန့်ဝင်ပေးကြတယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။
    ဒီပို့စ်အတွက် ကျွန်တော် ဂုဏ်ယူတာက ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ခဲ့ပြီး
    အင်တာဗျူးတချို့လည်း လုပ်နိုင်ခဲ့တာပါ။
    ကြိုတင်ပြင်ဆင်မှု မရှိရင် အင်တာဗျူး ဆိုတာ မလွယ်ကူဘူးဆိုတာလည်း
    နှဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရပါတယ်။
    ဘာပဲ ဖြစ်ဖြစ် ထူးအိမ်သင် ရဲ့ ၄၉ နှစ်ပြည့်မွေးနေ့အတွက်
    အမှတ်တရပို့စ်တစ်ပုဒ်တင်နိုင်ခဲ့တာအတွက်
    ဂုဏ်ယူနေပါကြောင်း …။
    Ko Out of … အတွက် လောကကြီးရဲ့ မောင်းနှင်အား သီချင်းလေး
    ထပ်ဖြည့်တင်ပေးထားကြောင်း…။
    လေးစားခင်မင်စွာနဲ့
    ဘလက်…။

    • အရီး ခင်လတ်

      July 3, 2012 at 4:04 am

      ထူးအိမ်သင် အတွက် ဒီလို အမှတ်တရ လုပ်ပေးနိုင်သူ ကို လူချင်းတွေ့ပြီး သိကျွမ်းခဲ့ရတာ ကျွန်မ တကဲ့ ကို ဂုဏ်ယူမိပါတယ် ကိုဘချော ရေ။
      တကယ်ပါ။ 🙂

  • ဖိုးထောင်

    July 3, 2012 at 1:32 am

    အနော်တို့က အရမ်းကြိုက် ကိုငှက်ကြီးခရေဇီတွေပေါ့ …
    အခုတောင်ပြောရင်း သတိရလာပြီ အန်အယ်အူးပေ ဟိုကောင်မ(ဖြဲမနဲ့ ဘဲဥမ)နှစ်ယောက်ခေါ် မသောက်ပဲယစ်တတ်တဲ့ အူးပေါက်ကြီးပါခေါ် ကိုငှက်ကြီးအမှတ်တရ သွားဟစ်မယ်ဗျာ

  • Min Latt

    July 3, 2012 at 3:16 am

    ထူးအိမ်သင်ကို…..

    ကျွန်တော်လေးတန်းလောက်ကစပြီး “နာရီပေါ်မှမျက်ရည်စက်များ”ဖြင့်ရင်းနှီးခဲ့ရပါသည်။

    ထိုအချိန်ကသီချင်းစာသားအားနားမလည်ခဲ့သော်လည်းအလွတ်ရခဲ့သည်။

    ဂစ်တာစတင်တီးသောအချိန်တွင်သူ့သီချင်းများထဲမှကော့ဒ်အတွဲအစပ်များအားခက်ခဲစွာ
    လေ့လာခဲ့ရပါသည်။(ဂီတစာအုပ်များနှင့်အလှမ်းဝေးသောအညာမြို့လေးတစ်မြို့တွင်ကြီးပြင်း
    ခဲ့ရသောကြောင့်)

    အေးမြသောအညာ၏ဆောင်းညများတွင်”တစ်ဆောင်းသစ်ပြန်ပြီ”အားအိမ်ရှေ့ထနောင်းပင်
    အောက်တွင်လက်များထုံနေသည့်ကြားမှသူငယ်ချင်းများနှင့်တီးကြဆိုခဲ့ကြသည်။
    “သက်ငြိမ်

  • အရီး Khin Latt

    July 3, 2012 at 3:39 am

    ကိုဘချော ရေ

    အိမ်နဲ့ခွဲပြီး တစ်ယောက်ထဲ အဝေးမှာ နေဘူးတယ်။
    အဲဒီ အချိန်မှာ အိမ်ကို တကယ်လွမ်းတာ။
    လေ့လာရတဲ့ စာတွေက ခက်၊ ဘာသာစကား က မပေါက် နဲ့ စိတ်ဓာတ် ထိုးကျ မသွားအောင် စိတ်တင်းပြီး နေခဲ့ရဘူး တယ်။
    အဲဒီတုန်း က ဒီလို ဆိုရှယ်ကွန်ယက် တွေလဲ ဘယ်ရှိဦးမှာလဲ။
    ညဘက် အခန်းလေးထဲ မှာ ထူးအိမ်သင် ရဲ့ အသံချိုချို လေးနဲ့ သီချင်းလေး တွေက အဖော်ပေါ့။

    “ကြယ်တွေစုံတဲ့ည” သီချင်းထဲက “ကြယ်တွေ စုံ တဲ့ ည အမေ့ အိမ်ကို လွမ်းတယ်၊ ကြယ်တွေ စုံ တဲ့ ည ခရီးမိုင်တွေခြားစဉ် ….. နာကျင်စွာ တစ်ယောက်ထဲ တရေးနိုး တဲ့ ည တို့ မှောင်နေဆဲ အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိမ်မက်ရှည်တွေနဲ့ …” ဆိုတဲ့ စာသား တွေ က ရင်ထဲ မှာ ပဲ့တင်နေ ပြီး ပါးစပ်ဖျား မှာ အမြဲ ရှိနေခဲ့တာ။

    “ဒီနေဝင်တာ နောက်ထပ်တွေ့ဦးမယ်” က အစချီပြီး “ဝင်လာပါ ခေါ်လိုက်ဖို့ ခက်တယ်၊ အရာရာ အဆင်သင့်မဖြစ်သေးခင် ” ဆိုတဲ့ “အိမ်ပြန်ချိန်များ” သီချင်း ကို ထပ်ခါထပ်ခါ နားထောင်ခဲ့ဘူးတယ်။

    “အဝေးက မိုးကောင်းကင် ထဲမှာ ငါ့ အလွမ်း ငှက်ငယ်လေး တစ်ကောင် မင်းနောက် လိုက်ရှာနေ မင်း ဘယ် နေရာ မှာလဲ အချစ် ကမ္ဘာမြေ တစ်ဖက်အစွန်း အထိ ငါပျံသန်းလာမယ် တစ်နေ့တော့ မင်းနဲ့ ဆုံတွေ့မယ် ငါ ယုံကြည် ထားနေဆဲ ” ဆိုတာကတော့ “ကောင်းကင်ထဲ က မြစ်တစ်စင်း” တဲ့။

    “အပြင် ကမ္ဘာမှာ တို့နှစ်ယောက် ဝေးနေဆဲ ဒါပေမဲ့ မင်း ရှေ့မှာ ခဏလေး တွေ့ခွင့် ရရင် ပြန်ဆုံပါရစေ အိမ်မက်လေး ရေ” ဆိုတဲ့ အလွမ်းရဲ့မီးလျှံများ ထဲ မှာ အိမ်မက်ကလေး မက် ခဲ့ဘူးတာ။

    ပြောရရင်

    “ဆံပင်တွေ အတို တော့ မဖြတ်ပါနဲ့” ဆိုတော့ လဲ မဖြတ်ခဲ့ပါ။

    “ရက်စက် စွာ ပြုံးတတ်သော” ဆိုတော့ လဲ သူပြောသလို လိုက် ပြုံးခဲ့ဘူးပါ့။

    “မျက်ဝန်း များ နဲ့ ပြောပါ …. စကားလုံးများ နဲ့ မပြောပါ နဲ့ ဒါဆို အသက်မဲ့ သွားလိမ့်မယ်” ဆိုတဲ့ “စကားလုံးမရှိတဲ့ကောင်းကင်” သီချင်း က သူ့မူရင်း သီချင်း ထက်တောင် ပိုကောင်းတယ် လို့ ပြော ရင် ကိုယ့်ငါးချဉ် ကိုယ်မို့ ချဉ် တယ် ဆိုမှာလား။

    “ဂတိ စကား များကိုလဲ မြေလှန်ပြန်ရှာရင်း ဘဝသစ်များ ကိုလဲ ညင်သာစွာ လျှောက်လှမ်းရင်း ချစ်တိုင်းလဲ မညား စကား ကိုသာ တီးတိုး ရေရွတ် မိကာ” ဆိုတဲ့ သီချင်း ကို ကြေကြေကွဲကွဲ ညည်းနေတဲ့ သူငယ်ချင်း ဘေးမှာ လဲ အားပေးဘူးတယ်။

    “နဲနဲ လေးတော့ လွဲနေတယ် လွဲလွဲ လေးဘဲ ကောင်းပါတယ် စိတ်ကျေနပ်ရင်ပြီးတာဘဲ
    နေတတ်ရင် အေးဆေးဘဲ / လိုအပ်ရင် ရူးလိုက်ဦး” ဆိုတဲ့ “တစ်နေ့တာ အလွဲများ” ကတော့ သရော်သလို ဟာသ လို နဲ့ အဓိပ္ပါယ်အများကြီးပါ တဲ့ သီချင်း ကို သူငယ်ချင်း တွေ နဲ့ အကျယ်ကြီး အော်ဆိုဘူးတယ်။

    ပြောရရင် တော့ ဆုံးတော့မှာ မဟုတ်။

    အခု မှာ တော့
    အဲဒီ “တစ်နေ့တာ အလွဲများ” သီချင်းလေး အတိုင်းဘဲ “လွဲလွဲ လေး နဲ့ စိတ်အေးဆေး နဲ့ ရူး နေပါတယ်” ကိုဘချောရေ။ 😎

    မှတ်ချက် –
    အဖွားကြီး သူငယ်ပြန် နေသည်။ 😆

  • Min Latt

    July 3, 2012 at 3:45 am

    ထူးအိမ်သင်ကို…..

    ကျွန်တော်လေးတန်းလောက်ကစပြီး “နာရီပေါ်မှမျက်ရည်စက်များ”ဖြင့်ရင်းနှီးခဲ့ရပါသည်။

    ထိုအချိန်ကသီချင်းစာသားအားနားမလည်ခဲ့သော်လည်းအလွတ်ရခဲ့သည်။

    ဂစ်တာစတင်တီးသောအချိန်တွင်သူ့သီချင်းများထဲမှကော့ဒ်အတွဲအစပ်များအားခက်ခဲစွာ
    လေ့လာခဲ့ရပါသည်။(ဂီတစာအုပ်များနှင့်အလှမ်းဝေးသောအညာမြို့လေးတစ်မြို့တွင်ကြီးပြင်း
    ခဲ့ရသောကြောင့်)

    အေးမြသောအညာ၏ဆောင်းညများတွင်”တစ်ဆောင်းသစ်ပြန်ပြီ”အားအိမ်ရှေ့ထနောင်းပင်
    အောက်တွင်လက်များထုံနေသည့်ကြားမှသူငယ်ချင်းများနှင့်တီးကြဆိုခဲ့ကြသည်။
    သုံးနှစ်လောက်လေလွင့်နေခဲ့သောအချိန်တွင်”ဂျပ်ဆင်ထိပ်ကလရိပ်ပြာ”နှင့်သာ
    စိတ်ဖြေနေခဲ့ရသည်။
    အိမ်နှင့်ဝေးသောနေ့များတွင်အမြဲနားထောင်ခဲ့ရသော”အမေ့အိမ်”။
    “ဝေးသွားတဲ့အခါ။ကလေးရေ။သီချင်းလေးသက်သေ။ရင်ခုန်ရင်အချစ်….”
    စသည့်တေးများနှင့်လည်း Soft Jazz ဂီတအားရင်းနှီးစေခဲ့သည်။

    ငယ်စဉ်မှစ၍ယခုတိုင်ကြိုက်နှစ်သက်ရသော”

Leave a Reply