အဘိုးရဲ့မြေး
အဖေရဲ့သမီး
မျိုးရိုးဂုဏ်ရောင်စောင့်ထိန်းခဲ့တဲ့သမီး
တိုင်းပြည်အတွက်
တစ်မျိုးသားလုံးအတွက်
ကိုယ်ကျိုးစွန့်ခဲ့တယ်
အသက်စွန့်ခဲ့တယ်
ကိုယ့်ရဲ့ပညာ
ကိုယ့်ရဲ့စည်းစိမ်တွေ့နဲ့
နိုင်ငံရပ်ခြားမှာ
မိသားစုနဲ့ ဇိမ်ရှိရှိနေနိုင်ပေမဲ့
ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးတွေ
ဆင်းရဲဒုက္ခရောက်နေတော့
သူ့မှာမနေနိုင်
တားနေတဲ့ကြားက
နှောင့်ယှက်ရန်ရှိနေတဲ့ကြားက
အနှစ်(20)ကျော်
အနုနည်းနဲ့အောင်မြင်ရန်
ကြိုးစားခဲ့တယ်
ခုတော့ သားရွှေအိုးထမ်းလာတာမြင်ခဲ့ရပြီ
တစ်ကမ္ဘာလုံးက ဂုဏ်ပြုခဲ့တဲ့
ဆုပေါင်းများစွာ
တိုင်းပြည်ရဲ့ဂုဏ်ဆောင်ခဲ့ပြီ
ယနေ့လူငယ်များ
သတိထားလော့
အတုယူကြလော့
အာဂသမီးလို
တိုင်းပြည်ဂုဏ်ရောင်ထွန်းပြောင်စေဖို့
သင်တို့အားလုံး ကြိုးစားကြလော့

မင်းသုတ
10:15 AM
1.7.2012

About zaw win

zaw win has written 78 post in this Website..