အန်တီကြီးကရှေ့မှလျှောက်ကာ ၀ါလေး ကနောက်မှ လိုက်လာခဲ့သည် အခန်းနံပါတ် ၁၂
တွင်ရပ်လိုက်ပြီး

“ကဲ ဒါကတူမကြီးနေရမယ့်အခန်းပဲ”

ပြောပြောဆိုဆို အခန်းကိုဖွင့်ဝင်သွားလေသည် အခန်းကတော့ သိပ်မကျယ်
သို့သော်လူတစ်ယောက်စာအတွက် ချောင်ချိစွာနေနိုင်သည် ၀ါလေးသည်
အခန်းအတွင်းသို့လှည့်ကြည့်ရင်း

[image: 1]“ဒီအခန်းလေးက သဘောင်္ဆေးအနီရောင်လေး သုတ်ထားတယ်နော် တစ်မျိုးပဲ
ဒါပေမယ့်ချစ်စရာကောင်းတယ် ကဲအန်တီ ကျွန်မဒီအခန်းပဲယူမယ် ဟောဒီမှာ ၂လစာ”
“အေးကွယ် ဒါကလေးထပ်မြောက်ဆိုတော့ လေကောင်းလေသန့်လည်းရတယ် အခန်း ၁၃
မှာတော့ဘယ်သူမှမနေဘူး အခန်း ၁၁ မှာတော့ သားအမိ နှစ်ယောက်ထဲပဲနေတယ်
အမေကတော့သိပ်ကျပ်မပြည့်သလိုပဲ ကလေးကတော့ ၁၀ နှစ်လောက်ပေါ့ ”
“သြော် ဟုတ်ကဲ့”

ပြောပြီးသည်နှင့် ထိုအန်တီကြီးထွက်သွားလေသည် ထိုစဉ် ၀ါလေးသည် အခန်း ၁၁
မှသူတို့အားချောင်းကြည့်နေသော ကောင်မလေးကိုမြင်လိုက်ရသည် ကောင်မလေးသည်
လူမိသွားသောကြောင့် တံခါးကိုပြန်လည်ပိတ်သွားသည်
ထို့နောက် ၀ါလေးသည် အခန်းထဲသို့ဝင်လာပြီး လတ်တလောအိပ်ရန် အတွက်သန့်ရှင်းရေးများ
လုပ်လေသည်

“ဒီအခန်းလေးကတစ်မျိုးပဲ အနီရောင်တွေနဲ့သုတ်ထားတယ် ဒါပေမယ့် ဈေးလည်းချိုတာကိုး
ခုခေတ်မှာ တိုက်ခန်းတစ်ခန်းကို ဒီဈေးနဲ့ငှားရဖို့ဆိုတာမလွယ်ပါဘူးလေ”

သန့်ရှင်းရေးလုပ်ပြီးသောအခါ ၀ါလေးသည် ရေမိုးချိုးထမင်းဆင်းစားပြီး
ကုတင်ပေါ်၌လှဲကာ မိမိဘ၀အကြောင်းစဉ်းစားနေမိသည် ၀ါလေးသည် နယ်မှတက်လာသောသူဖြစ်ပြီး
ရန်ကုန်မြို့ကြီးတွင် ကိုယ့်အားကိုယ်ကိုးကာ စီးပွားရှာမည်ဟု
ဆုံးဖြတ်ထားသူဖြစ်သည်
ဟိုဟိုဒီဒီစဉ်းစား၍ အိပ်ပျော်ခါနီးအချိန်တွင် ရေချိုးခန်းဖက်မှ
အော်သံလိုလိုကြားလိုက်သောကြောင့် အိပ်ချင်စိတ်များပျောက်သွားပြီး
သေချာနားစွင့်ရာ

“သမီးကိုကယ်ပါ သမီးကိုကယ်ပါဦး”

ဟူသောအသံကိုကြားလိုက်ရသည် ရေချိုးခန်းထဲဝင်သွားကြည့်ရာ တစ်ဖက်ခန်းမှ
လာသောအသံဖြစ်နေမှန်းသေချာသွားသည် ထို့ကြောင့် နံရံ၌ခေါင်းကိုကပ်ပြီး

“သမီး အစ်မအသံကြားလား သမီးဘာဖြစ်နေတာလဲ”
“အသစ်ပြောင်းလာတဲ့အစ်မလားဟင် သမီးကိုကယ်ပါဦးအစ်မရယ် သမီးလေ
ရေချိုးခန်းထဲအပိတ်ခံရတယ် အီး ဟီးဟီး”[image: 2]

ကောင်မလေးက ငိုသံပါကြီးနှင့်ပြန်ဖြေလေသည်
“ဟာ ဒုက္ခပဲ ဒီကောင်မလေးအမေတော့ စိတ်ထဖောက်လာပြန်ပြီထင်တယ်” ဟုစဉ်းစားမိ၍
ကောင်မလေးကိုခေါ်ထုတ်ရန် ရေချိုးခန်းအပေါ်ဖက်ရှိ လူတစ်ကိုယ်စာ လွတ်နေသော
နေရာသို့တက်သွားလေသည်

“သမီး မကြောက်နဲ့နော် အစ်မလာခေါ်မယ်”

အပေါ်သို့ရောက်သောအခါ ဟိုဖက်အခန်း၏ ရေချိုးခန်းတွင်၌လည်း
အနီရောင်ဆေးများသုတ်ထားသည်ကို မြင်လိုက်ရသည်

“ဟင် ဒီဖက်အခန်းမှာလည်း ဆေးအနီပဲဟ ဟာ.. ဒါနဲ့ ကလေးမလေးဘယ်ပျောက်သွားတာလဲ”

ဝါလေးအံ့သြစွာဖြင့် ကောင်မလေးကို လိုက်ရှာသော်လည်းမတွေ့ချေ ရေချိုးခန်းအတွင်း၌
ဘိုထိုင်ခွက်တစ်လုံးနှင့် ရေချိုးရန်အတွက် ရေပန်းတစ်ခု ဤမျှသာလျှင်ရှိသည်
သူမခုန နားကြားပင်လွဲနေသလားဟု ပြန်ထင်မိသည် ထိုစဉ် အခန်း ၁၁ ၏အရှေ့ဖက်၌
တံခါးဖွင့်သံကြားရ၍ သူမလည်းအောက်ပြန်ဆင်းလာခဲ့သည် သူမကုတင်ပေါ်ရောက်သောအချိန်
တစ်ဖက်ခန်းမှ အမေဖြစ်သူက ကလေးအားရိုက်သောအသံနှင့် ကလေးငိုသံ
ကျယ်လောင်စွာထွက်ပေါ်လာသည် သူမ သည်းမခံနိုင်တော့ပေ အိပ်ရာမှထကာ
တစ်ဖက်ခန်းထဲသို့ဝင်သွားလေသည်။

“ဒီမှာရှင့် ရှင်က ကိုယ့်သမီးကို ဆုံးမတာတော့ဟုတ်တယ် ဒါပေမယ့်
ရှင်လုပ်တာကအရမ်းလွန်နေပြီ ၁၀ နှစ်အရွယ်ကလေးကို ဒီလောက်ထိ ဆုံးမစရာလားရှင့်
အိမ်သာထဲလှောင်လို့လှောင် ခုရိုက်လိုရိုက်နဲ့”
“နင်ဘာတွေလာပြောနေတာလဲ ငါဘယ်တုန်းက သမီးရှိလို့လဲ ဒီမှာကြည့် ခုငါရိုက်နေတာလည်း
ယောကျာ်းလေး ငါ့သားလေး … ငါစားမယ့်ထမင်းကို သွန်ပစ်လို့ ရိုက်နေတာ ပြီးတော့ ငါက
သိပ်စိတ်မမှန်ပေမယ့် ငါ့ရင်သွေး ငါ့သားကို ငါသိတယ် ဘယ်တော့မှ
အိမ်သာထဲမလှောင်ထားဘူး”
“ဘယ်လို ရှင့်သားဟုတ်လား ဒါဆိုကျွန်မတွေ့တွေ့နေတဲ့ ရှင့်သမီးကကော ဘယ်မှာလဲ”
“နင်ဘာေ[image: 3]တွလာပြောနေတာလဲ ငါ့မှာဘယ်တော့မှ သမီးမရှိဘူး
ငါနဲ့ငါ့သားနဲ့နေတာနှစ်ယောက်ထဲပဲ
နေတာဖြင့်ကြာလှပြီ ပေါက်ပေါက်ရှာရှာတော် ”
“သြော် ဟုတ်ကဲ့ တောင်းပန်ပါတယ်နော် ကျွန်မအမြင်မှားတာဖြစ်ပါလိမ့်မယ်
ကျွန်မကိုခွင့်ပြုပါဦး”
“ကြွ ကြွ ဘယ်နှယ့်တော် သူများကိစ္စ၀င်ရှုပ်တယ်”

ဝါလေးသည် သူမ အခန်းဆီသို့ အမြန်ပြန်လျှောက်လာခဲ့သည် သူမစိတ်ထဲတွင်လည်း
သူမမြင်မိသည်က မိန်းကလေးဟု ယုံကြည်နေပြန်သည် ထိုကောင်မလေးက ဘယ်သူလဲ ဘယ်ကလဲ
သူမစိတ်ထဲတွင် သံသယနှင့်မေးခွန်းပေါင်းများစွာမေးရင် အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့သို့ရောက်သောအခါ ညကဖြစ်ပျက်ခဲ့သော ကိစ္စများအားမေ့ဖျောက်ပြီး
အလုပ်ရှာရန်ထွက်ခွါသွားလေသည်
ညနေစောင်းသူမပြန်လာသောအခါ အတော်ပင်ပန်းနေလေပြီ ထို့ကြောင့် ရေချိုးပြီး အိပ်ရန်
ကြံစည်လိုက်သည်နှင့် သူမနားထဲတွင် မနေ့ညက ကြားရသောအသံအတိုင်းထပ်ကြားရပြန်၏

“သမီးကို ကယ်ပါ သမီးကို ကယ်ပါဦး”
သူမ နံရံအနီး၌လျှောက်သွားပြီး
“သမီးကဘယ်သူတုန်း”
“သမီးကို သူတို့ဒီအခန်းထဲပိတ်ထားကြတယ်”
“ဘယ်သူတွေက ပိတ်ထားတာလဲ”
“ဟိုလူကြီးတွေ ဟင့်အင်း ဟင့်အင်း သမီးကြောက်တယ် သမီးအရမ်းအထီးကျန်တာပဲ
သမီးတစ်ယောက်ထဲနေရတာကြောက်တယ် အစ်မသမီးနဲ့တူတူလာနေပေးပါနော်”
“အစ်မဘာကူပေးရမလဲ”
“အစ်မခေါင်းကိုနံရံနားကပ်ပြီး နားစွင့်ကြည့်ကြည့်”

ဝါလေးနံရံတွင်နားကိုကပ်ပြီး နားထောင်ကြည့်ရာ နံရံမှ လက်နှစ်ဖက်ထွက်လာပြီး
လက်တစ်ဖက်က ၀ါလေးပါးစပ်ကိုပိတ်ပြီး တစ်ဖက်က၀ါလေးအား နံရံအတွင်းသို့
အတင်းဆွဲသွင်းလေသည် မကြာမီအချိန်အတွင်းမှာပင် ၀ါလေးခန္ဓာကိုယ်မှ
စီးကျသောသွေးများသည် နံရံ၌သုတ်ထားသော ဆေးနီများနှင့်
တစ်စုတစ်စည်းပေါင်းစည်းသွားလေသည်

လအနည်းငယ်ကြာသောအခါ

“ဟယ် အန်တီ ဒီအခန်းလေးက ချစ်စရာလေး ဆေးနီလေးတွေနဲ့သုတ်ထားတယ် ဒီအခန်းပဲယူမယ်”

ရေးသားသူ – Jily

About cobra

oakar min maung has written 203 post in this Website..