ယခုတလော

ကျနော်တို့ရွာ မန်းဂေဇက်မှာ ဟိုအရေး ဒီအရေး ဘာအရေး ညာအရေးတွေကြောင့် ငြင်းကျ ခုံကျ ဆဲကြ ဆိုကြနဲ့

တော်တော်လေး ရှုပ်ရှက်ခက်နေတယ်။ မန်းဂေဇက်ဆိုတာ လူတော်တော် များများရဲ့ စိတ်ဝင်စားမှုကို ခံရပီး

လက်တဲ့စမ်းချင်သူတွေ သွေးတိုးစမ်းချင်သူတွေပါ လှုပ်လှုပ်ရှားရှား အုတ်အော် သောင်းတင်း ဖြစ်လာပါတယ်

ပြောချင်တာက ကျနော်တို့ရေးတာတွေပဲဖတ် ခင်ဗျားတို့ မလုပ်ရဘူးလို့ ခွဲခြားပြောဆို ချင်တာမဟုတ်ပါ လာပါ

ဖတ်ပါ ဆွေးနွေးပါ ဘယ်သူ့မှ သောက်ဂရု မစိုက်တောင် ဆာဗာလေးတာလေးတော့ ဂရုစိုက်စေချင်တယ်

ခုတလော ဝင်လာတဲ့ သူတွေ တော်တော်များများက မန်းဂေဇက်ကို သူတို့မြင်ခဲ့ တွေခဲ့ ဝင်ခဲ့ ဆဲခဲ့ ရေးခဲ့ဖူးကြတဲ့

ဆိုဒ်တကာ ဆိုဒ်တွေလို ဝင်လာကြ ဆွေးနွေးတာထက် ထင်ရာမြင်ရာပြောပီး ဆဲကြ အပေါ်ကရေးထားတဲ့ စာလဲသေချာမဖတ်

ကိုယ်သိတာ ကိုယ်ပြောတော့လဲ အကိုးအကားမရှိ မျှယူတွေးဆစရာ စကားလုံးမပါ တချို့ဆို ကိုယ်တင်တဲ့ပိုစ့် ကိုယ်ရေးတဲ့ ကွန်းမင့်

ပြန်တောင် မကြည့်ကျပါဘူး ထားပါတော့ ပွားနေရင်လည်း လိုရင်းမရောက်မှာ ဆိုးလို့….. တည့်တည့်ဘဲ ပြောတော့မယ်

ယခု ဂျူလိုင်လကစပီး ကျနော်နဲ့ စိတ်တူကိုယ်တူသူ တစုက စုပေါင်း၍ မန်းဂေဇက်ပေါ်မှာဘဲ ရသစာပေကဏ္ဍကို ပြန်လည်ဖော်ထုတ်ဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။

စည်းကမ်းချက် အချို့ကတော့

(၁) စာလုံးရေ ၆၀ဝ အထက်ဖြစ်ရပါမယ်။

(၂) ကိုယ်တိုင်ရေး ကိုယ်ပိုင် အတွေ့အကြုံ ကိုယ်ပိုင်ခံစားမှု ဖြစ်ရပါမယ်။ (တချို့တွေ တလျှောက်လုံး ဖတ်လာပီးမှ အောက်နားရောက်တော့ ဘယ်ဆိုဒ်က ဘယ်သူ့စာကို ဖီးလ်လာလို့ ခံစားရလို့ တင်ပါတယ် ဆိုပီး အမြီးပြတ်ကျသွားတာမျိုး နိူးပါ) 

(၃) စာတင်တဲ့ နေရာမှာ စာလုံးပေါင်း သတ်ပုံ စာပိုဒ်အခွဲအခြား သပ်ရပ်သေချာရပါမယ်။

(၄) ကိုယ့်စာမူအပေါ် ထောက်ပြဝေဖန်မှု ရှိလာပါက ပြန်လှန်ရှင်းပြ ဆွေးနွေး နိူင်ရပါမယ်။

ဒါလောက်နဲ့ဘဲ စတင်လိုက်ပါမယ် ခင်ဗျ…. အများသဘောကျ နှစ်ခြိုက်ပါက ထိုစာမူပိုင်ရှင်ကို လေးစားသမှုဖြင့် ၅၀၀ဝကျပ် ပေးအပ် ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ တလလျှင် ၃ပုဒ်နှုန်းရွေးချယ် ချီးမြှင့်ပါမည် ခင်ဗျ

စာမူရှင်ကို သက်ဆိုင်ရာ မြို့နယ်အရောက် ဘဏ်ကတဆင့် ချက်ချင်းလက်ငင်း ငွေသားပေးပို့မှာ ဖြစ်ပါတယ် ခင်ဗျ…….

ဒီနေရာမှာ အခြား သုတရသ၊ နိူင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး သတင်းများ ရေးသားနေသူ စာပေကလောင်ရှင်များလဲ တတ်အားသလောက် ပါဝင်အားဖြည့်ပေးစေချင်ပါတယ်။

……………………………………………………………………………

တောင်းပန်ခြင်း..

(၁) စာပေအနုပညာကို ငွေကြေးဖြင့် ဆွဲဆောင်ခြင်း မဟုတ်ပါ

(၂) လတ်တလော ကိစ္စရပ်များအား အာရုံလွှဲခြင်း မဟုတ်ပါ

အများအကျိုး ရည်မျှော်၍ တတ်အားသရွေ့ ပါဝင်ကူညီခြင်းသာဖြစ်ပါသည်။ အဆိုပါ စာမူ/ပို့စ်များအား မန်းဂေဇက်ရှိ စာရေး/စာဖတ်သူများကသာ ရွေးချယ်ပေးစေလိုကြောင်းနဲ့အများ သဘောကျ နှစ်ခြိုက်မှုရှိသော စာမူများ/ပို့စ်များအား အများဆန္ဒဖြင့် ရွေးချယ်မှာသာ ဖြစ်ပြီး ကျနော်တို့ ဖြစ်မြောက်ရေး ကော်မတီမှ ဝင်ရောက်ဆုံးဖြတ်မည် မဟုတ်ပါကြောင်း ထပ်လောင်း ကြေငြာအပ်ပါသည်။

စာမူပို့စ်တင်ပီးပါက အောက်ပါ မေးလ် လိပ်စာများသို့

ကလောင်အမည်

စာမူ/ပို့စ် အမည်

ဆက်သွယ်ရန် လိပ်စာ (မေးလ် လိပ်စာ) တို့ပေးပို့ကြပါရန် တင်ပြအပ်ပါသည်။

yeexie.ys@gmail.com

sutiway@gmail.com

armorsann@gmail.com

လေးစားစွာဖြင့်

 ရသစာပေကောင်းများ ပေးထွန်းရေး လိုလားသူများ (ကိုယ်စား)

မောင်ရဲစည်

ဇူလိုင်လ ရရက်၊ ၂၀၁၂ ခုနှစ်

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း