ရသစာပေ စာမူပို့စ်များ ဖိတ်ခေါ်ခြင်း

ယခုတလော

ကျနော်တို့ရွာ မန်းဂေဇက်မှာ ဟိုအရေး ဒီအရေး ဘာအရေး ညာအရေးတွေကြောင့် ငြင်းကျ ခုံကျ ဆဲကြ ဆိုကြနဲ့

တော်တော်လေး ရှုပ်ရှက်ခက်နေတယ်။ မန်းဂေဇက်ဆိုတာ လူတော်တော် များများရဲ့ စိတ်ဝင်စားမှုကို ခံရပီး

လက်တဲ့စမ်းချင်သူတွေ သွေးတိုးစမ်းချင်သူတွေပါ လှုပ်လှုပ်ရှားရှား အုတ်အော် သောင်းတင်း ဖြစ်လာပါတယ်

ပြောချင်တာက ကျနော်တို့ရေးတာတွေပဲဖတ် ခင်ဗျားတို့ မလုပ်ရဘူးလို့ ခွဲခြားပြောဆို ချင်တာမဟုတ်ပါ လာပါ

ဖတ်ပါ ဆွေးနွေးပါ ဘယ်သူ့မှ သောက်ဂရု မစိုက်တောင် ဆာဗာလေးတာလေးတော့ ဂရုစိုက်စေချင်တယ်

ခုတလော ဝင်လာတဲ့ သူတွေ တော်တော်များများက မန်းဂေဇက်ကို သူတို့မြင်ခဲ့ တွေခဲ့ ဝင်ခဲ့ ဆဲခဲ့ ရေးခဲ့ဖူးကြတဲ့

ဆိုဒ်တကာ ဆိုဒ်တွေလို ဝင်လာကြ ဆွေးနွေးတာထက် ထင်ရာမြင်ရာပြောပီး ဆဲကြ အပေါ်ကရေးထားတဲ့ စာလဲသေချာမဖတ်

ကိုယ်သိတာ ကိုယ်ပြောတော့လဲ အကိုးအကားမရှိ မျှယူတွေးဆစရာ စကားလုံးမပါ တချို့ဆို ကိုယ်တင်တဲ့ပိုစ့် ကိုယ်ရေးတဲ့ ကွန်းမင့်

ပြန်တောင် မကြည့်ကျပါဘူး ထားပါတော့ ပွားနေရင်လည်း လိုရင်းမရောက်မှာ ဆိုးလို့….. တည့်တည့်ဘဲ ပြောတော့မယ်

ယခု ဂျူလိုင်လကစပီး ကျနော်နဲ့ စိတ်တူကိုယ်တူသူ တစုက စုပေါင်း၍ မန်းဂေဇက်ပေါ်မှာဘဲ ရသစာပေကဏ္ဍကို ပြန်လည်ဖော်ထုတ်ဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။

စည်းကမ်းချက် အချို့ကတော့

(၁) စာလုံးရေ ၆၀ဝ အထက်ဖြစ်ရပါမယ်။

(၂) ကိုယ်တိုင်ရေး ကိုယ်ပိုင် အတွေ့အကြုံ ကိုယ်ပိုင်ခံစားမှု ဖြစ်ရပါမယ်။ (တချို့တွေ တလျှောက်လုံး ဖတ်လာပီးမှ အောက်နားရောက်တော့ ဘယ်ဆိုဒ်က ဘယ်သူ့စာကို ဖီးလ်လာလို့ ခံစားရလို့ တင်ပါတယ် ဆိုပီး အမြီးပြတ်ကျသွားတာမျိုး နိူးပါ) 

(၃) စာတင်တဲ့ နေရာမှာ စာလုံးပေါင်း သတ်ပုံ စာပိုဒ်အခွဲအခြား သပ်ရပ်သေချာရပါမယ်။

(၄) ကိုယ့်စာမူအပေါ် ထောက်ပြဝေဖန်မှု ရှိလာပါက ပြန်လှန်ရှင်းပြ ဆွေးနွေး နိူင်ရပါမယ်။

ဒါလောက်နဲ့ဘဲ စတင်လိုက်ပါမယ် ခင်ဗျ…. အများသဘောကျ နှစ်ခြိုက်ပါက ထိုစာမူပိုင်ရှင်ကို လေးစားသမှုဖြင့် ၅၀၀ဝကျပ် ပေးအပ် ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ တလလျှင် ၃ပုဒ်နှုန်းရွေးချယ် ချီးမြှင့်ပါမည် ခင်ဗျ

စာမူရှင်ကို သက်ဆိုင်ရာ မြို့နယ်အရောက် ဘဏ်ကတဆင့် ချက်ချင်းလက်ငင်း ငွေသားပေးပို့မှာ ဖြစ်ပါတယ် ခင်ဗျ…….

ဒီနေရာမှာ အခြား သုတရသ၊ နိူင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး သတင်းများ ရေးသားနေသူ စာပေကလောင်ရှင်များလဲ တတ်အားသလောက် ပါဝင်အားဖြည့်ပေးစေချင်ပါတယ်။

……………………………………………………………………………

တောင်းပန်ခြင်း..

(၁) စာပေအနုပညာကို ငွေကြေးဖြင့် ဆွဲဆောင်ခြင်း မဟုတ်ပါ

(၂) လတ်တလော ကိစ္စရပ်များအား အာရုံလွှဲခြင်း မဟုတ်ပါ

အများအကျိုး ရည်မျှော်၍ တတ်အားသရွေ့ ပါဝင်ကူညီခြင်းသာဖြစ်ပါသည်။ အဆိုပါ စာမူ/ပို့စ်များအား မန်းဂေဇက်ရှိ စာရေး/စာဖတ်သူများကသာ ရွေးချယ်ပေးစေလိုကြောင်းနဲ့အများ သဘောကျ နှစ်ခြိုက်မှုရှိသော စာမူများ/ပို့စ်များအား အများဆန္ဒဖြင့် ရွေးချယ်မှာသာ ဖြစ်ပြီး ကျနော်တို့ ဖြစ်မြောက်ရေး ကော်မတီမှ ဝင်ရောက်ဆုံးဖြတ်မည် မဟုတ်ပါကြောင်း ထပ်လောင်း ကြေငြာအပ်ပါသည်။

စာမူပို့စ်တင်ပီးပါက အောက်ပါ မေးလ် လိပ်စာများသို့

ကလောင်အမည်

စာမူ/ပို့စ် အမည်

ဆက်သွယ်ရန် လိပ်စာ (မေးလ် လိပ်စာ) တို့ပေးပို့ကြပါရန် တင်ပြအပ်ပါသည်။

yeexie.ys@gmail.com

sutiway@gmail.com

armorsann@gmail.com

လေးစားစွာဖြင့်

 ရသစာပေကောင်းများ ပေးထွန်းရေး လိုလားသူများ (ကိုယ်စား)

မောင်ရဲစည်

ဇူလိုင်လ ရရက်၊ ၂၀၁၂ ခုနှစ်

 

44 comments

  • အလင်းဆက်

    July 2, 2012 at 7:35 am

    စာမူကို ဂေဇက် ပေါ်…ပိုစ့် အနေနဲ ့တင်ပြီးတာနဲ ့
    အထက်ပါ..လိပ်စာတွေ ဆီကို ကလောင်အမည်တို ့..ဘာတို ့ ညာတို ့ကို… ..ပို ့ပေးရုံပဲ..ပေါ့နော် ။

    ကြိုးစားကြည့်ပါမယ်..ခင်ဗျာ .။

  • weiwei

    July 2, 2012 at 8:46 am

    အိုင်ဒီယာလေး တော်တော်ကောင်းပါတယ် …
    အခုတလော ရသစာပေတွေ တင်တာနဲလာတာကို သတိထားမိတယ် ..
    အခုလို စိတ်ဝင်စားလာအောင် ပြန်စီစဉ်ပေးတာ အရမ်းကောင်းတယ် …
    တစ်ပုဒ်လောက်တော့ ဝင်ရေးဖြစ်အောင် ကြိုးစားပါအုန်းမယ် ..

  • ဆူး

    July 2, 2012 at 8:59 am

    စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။
    အခုတလော စာတွေ သိပ်မရေးဖြစ် မဖတ်ဖြစ်တာ နည်းနည်း ကြာနေပြီ မို့ အရှိန်တော်တော် ယူရအုန်းမယ် ထင်တယ်။

  • ကြောင်ကြီး

    July 2, 2012 at 9:05 am

    အပြာစာပေကို ရသစာပေထဲ ထည့်ပေးမလား။ ပတ္တမြားဝင်းထိန်ဆိုတာ ကျုပ်ဦးလေးအရင်းခေါက်ခေါက်ပဲ။ အထက်တန်းကျောင်းသားဘဝမှာ သူ့စာတွေ အရည်ကျိုသောက်လာခဲ့တာ၊ အခုတော့ အသုံးကျပီထင်၏။

    • Azzurri

      July 2, 2012 at 9:12 am

      ကောင်းပါ့ဗျာ …
      ကျုပ်လည်း ကိုဂျင် တို့ ကချမ်း တို့ ..ကဟိတ်တို့ရဲ့
      လက်ရာတွေ သိပ်သဘောကျတာ ကလား …

      သွပ်သွပ်သွပ်သွပ်
      ခစ်ခစ်ခစ်ခစ်…

      :mrgreen:

      • ရဲစည်

        July 2, 2012 at 10:10 am

        အူးကြောင် ခင်ည…
        ချက်ကြီးဆိုတာ ကျော့် ကလောင်ခွဲပါ ခင်ည…
        အူးကြောင် ရေးမယ်ဆိုရင်တော့ သပ်သပ် ဆုပေးပါ့မယ် ခင်ည
        နောက်ပီး ပတ္တမြားဝင်းထိန်တော့ မကြားဖူးပါ ရတနာဝင်းထိန်တော့ ဖတ်ဖူးတယ် ခင်ည
        အူးကြောင်တို့ ခေတ်မှာ ရှိရင်တော့ သိဘူးခင်ည အဲတုန်းက သားတို့ မွေးသေးဘူး……. 😀

  • Munez

    July 2, 2012 at 9:14 am

    အာပျိုရီး တယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက် ရေးမယ်ဗျာ …
    😀

    • Moe Z

      July 2, 2012 at 9:44 am

      အဇူရီမလုပ်တော့ဘူးလားကွယ် ..
      စိတ်နာသွားပြီပေါ့ .. အဟက် 😆

      • Munez

        July 2, 2012 at 10:18 am

        ပြက်ရယ်မပြုပါနဲ့ကွယ်…
        ဟောဒီ့ ရင်ဘတ်ကြီး က အောင့်အောင့်လာလို့ပါ…
        ကိုယ့်ရည်းစား သူများနဲ့ညားသလိုကို ခံဇားနေရပါတယ်…
        ဟင့်

  • marblecommet

    July 2, 2012 at 9:26 am

    ဉာဏ်ပူခလည်း ပါသကိုး
    ကြိုက်တယ်ဗျို့……
    ဆြာတွေရဲ့ လက်ရာကို စောင့်ဖတ်နေပါ့မယ်
    ကျနော်တော့ အခု
    အတွေးအရေး
    အကုန်တိမ်နေလို့
    ဘာဆိုဘာမှ အလုပ်မဖြစ်လု့ိ…..
    ငုတ်တုတ်မေ့နေပေါ့……

    • surmi

      July 2, 2012 at 9:44 am

      ဘယ် ့နယ်ရှောင်ပြေးရတာလဲ
      ဒီကိစ္စက ကိုကမ်းတိ်ု ့ ဦးဆောင်ရမှာလေ
      ထွက်မပြေးကြေးနော

  • surmi

    July 2, 2012 at 9:28 am

    ကိုဘလက်ရဲ ့ပို ့စ်မှာထဲကပြောမလို ့
    ပို ့စ်ကပျောက်သွားတာနဲ ့မ မန် ့လိုက်ရဘူး
    ဒီရွာထဲမှာလဲ ရသပိုင်းကအရေးနဲကြတာဆိုတော ့
    တခုမေးဦးမယ်
    ပို ့စ်တင်ပြီးး ပေထားတဲ ့ လိပ်စာတွေကိုမဆက်သွယ်မိရင်
    ရွေးမည် ့စာမူထဲမထည် ့ဘူးပေါ ့ ဟုတ်လား

    • ရဲစည်

      July 2, 2012 at 10:02 am

      “ပို ့စ်တင်ပြီးး ပေထားတဲ ့ လိပ်စာတွေကိုမဆက်သွယ်မိရင်
      ရွေးမည် ့စာမူထဲမထည် ့ဘူးပေါ ့ ဟုတ်လား”

      ကိုဆာမိ ခင်ည
      ဒီလိုရှိပါတယ် ခင်ည အခုတောင် ဒီပို့စ်က ညနေလောက်ဆို ပျောက်တော့ မှာပါ
      ဒါကြောင့်မို့ ရေးပီး တင်ပီးရင် လက်တို့ စေချင်တဲ့ သဘောပါ ခင်ည…………..

  • mamanoyar

    July 2, 2012 at 9:40 am

    ကြိုးစားပါ့မယ်ရှင်

  • ရွာစားကျော်

    July 2, 2012 at 9:48 am

    အားပေးတယ်ဗျို့
    ခေါင်းထဲမှာ ရသလေး ရေးကြည့်မလို့ စဉ်းစားထားတာရှိတယ်
    ရေးကြည့်လိုက်ဦးမယ်…
    မရေးဘူးတော့ အချိန်ဘယ်လောက် ယူရမယ်တော့သိဘူးဗျ

  • မောင်ပေ

    July 2, 2012 at 10:01 am

    ဘဲရီးဂွတ်ဗျာ
    ဘိုင်ပြတ်နေတာနဲ့ ကွက်တိ
    တစ်လသုံးပုဒ်အရွေးခံရရင် ၁၅၀၀၀
    တစ်နှစ်ဆိုရင် ၁၈၀၀ဝ
    အရွေးမခံခဲ့ရင်တော့ သဂျီးဆီက ၃ဝနဲ့ ကိုယ့်လူတွေဆီက ကွန်မန့်ဖိုးတွေက နှစ်သိမ့်ဆုပေါ့ဗျား။
    ဒီအစီအစဉ်အတွက် စီစဉ်တဲ့ ကိုရဲတစ်ယောက်
    ဆော်ကြည် ထီပေါက် ပါစေဗျား

  • etone

    July 2, 2012 at 10:10 am

    ကိုရဲစည်ရေ.. ရွာထဲမှာ ရသစာပေတွေ .. အတော်လေးနည်းသွားတာ ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ် … ။
    နည်းဆို ..ဟို နှစ်လုံးပြူးကိုင်တဲ့ လူဂျီးကလည်း … တစ်ခါက ပို့စ်တစ်ခုမှာရေးတဲ့ကော့မန့်ကိုဖတ်ပြီး .. လက်တွန့်သွားကြတာလည်းပါမယ် … ။

    အခုလို ရသစာပေတွေကို ပြန်လည် တူးဖော်တော့ … ပျော်စရာကောင်းပါတယ် … ။
    အလွန်ကောင်းတဲ့ အိုင်ဒီယာလေးပါပဲ .. ။

    • ရဲစည်

      July 2, 2012 at 10:15 am

      ဟုတ် အီတိုနီ ရေ ….
      အော်ခေါ်တော့လဲ မကြားချင်ယောင် ဆောင်နေကြတယ်
      ဆွဲခေါ်တော့လဲ မလိုက်ကြဘူး
      တွဲခေါ်တော့လဲ ကန့်လန့်ကြီး
      ဆိုတော့……
      ဘယ်သူမှ မရေးရင်
      ဘယ်သူမှာ ဝိုင်းဝန်း အကြံပေး ထောက်ပြ ကြည့်ရှု ဆုံးဖြတ်မပေးကြရင်…
      ကျော့် အတွက်တော့ Jack Daniel’s ၁လုံးဖိုး ပိုထွက်လာတယ်လို့ဘဲ မှတ်ယူပါတော့တယ်ဗျာ… 😛

      • surmi

        July 2, 2012 at 10:53 am

        ကိုရဲစည်ရေ
        နေ ့မြင် ညပျောက်ဖြစ်တာတော ့အမှန်ဘဲ
        မရှင်းလို ့မေးတာပါ
        စိတ်ချ ကျုပ်ကတော ့ဘေးကလက်ခုပ်တီးအားပေးနေပါ ့မယ်
        ပြိုင်ပွဲကိုတော ့ စိတ်ဝင်စားနေပြီဗျို ့ ။

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 10:41 am

    ကျော်လဲ ဝါသနာပါတယ်ဗျာ
    မရေးတတ်တာခက်ဒယ်..

    ကျော့်ကို တင်ပေးကြပါဦး..ကျော်လဲ ပါချင်လို ့..

    မှန်းစမ်း..
    အစမ်းလေ့ကျင့်ကြည့်လိုက်ဦးမယ်..

    ငါ.
    သွက်သွက်သောက်မှဖြစ်မယ်..
    ရွာစားတွေက လက်မြန်တော့ နာ့တွက် မကျန်ဘဲနေလိမ့်မယ်..
    ဟော..
    အကြံထုတ်နေတုန်းပဲရှိသေးတယ်..
    မောင်ကမ်းက နှစ်ခွက်ကုန်သွားပြီ
    ကြည့်စမ်း..
    ငါလည်း..
    ပုလင်းလိုက်မော့မှ ဖြစ်မယ်..
    ဂွက်..ဂလု..ဂလု..

    *THE END*

  • အင်းးးးးးးးးး
    ဘယ်လိုပြောရမလဲဆိုတော့ဗျာ၊ ဂလိုပေါ့နော်
    ရသစာပေရေးတဲ့သူတွေကို ပယ်ပယ်နယ်နယ်ကြီး ဝိုင်းဆော်၊ ဝိုင်းပြောခံထားရတော့
    ကျွန်တော့်စိတ်ထင်တော့..

    (မထင်)

    • စိန်ဗိုက်ဗိုက်

      July 2, 2012 at 12:12 pm

      ထင်ပါတယ်..
      အူးလေးပါဝင် အားဖြည့်ပေးလိုက်ပါ..
      အူးလေးကို ကျော် အစိုတင်သွင်းပါတယ်..

  • မောင်ပေ

    July 2, 2012 at 12:20 pm

    ဘယ်က ကူးလာတယ်လို ့လုံးဝ မဖော်ပြဘဲ
    ခပ်တည်တည်နဲ ့ကိုယ်ရေးထားသလို လုပ်တဲ့
    စာသူခိုး တွေကိုကြ ဘယ်လို လုပ်မှာလဲ ဟင်င်င်င်

    • ရဲစည်

      July 2, 2012 at 6:45 pm

      အဂ္ဂဆြာပေခင်ည…
      ဘယ်လို လုပ်မှာတုန်းဆိုတော့ အထက်မှာ ကျော်ရေးခဲ့သလို ကျော်က ဇာတ်လမ်းဘဲ စပေးခဲ့တာ ဖြစ်ပီး ကျန်တာ အားလုံးကို ရွာထဲ ရှိတဲ့ အဟောင်း/အသစ် ပရို/မပရိုတွေ လက်ထဲ အကုန်လွှဲချပီးပီ ဖြစ်ပါကြောင်း……………….
      စာတပုဒ်ချင်းဆီကို Poll မလုပ်တာကလွဲလို့ ကျန်တာက ရွာထဲကလူတွေရဲ့ စာဖတ်အားနဲ့ အရည်အချင်း စတာတွေကို
      ယုံကြည်မှုရှိသဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်ပါကြောင်း …..
      အဲတော့ ကူးလာရင်တောင် တယောက်မဟုတ် တယောက်က သိမှာဖြစ်တဲ့ အတွက် ကိစန ရှိမယ် မထင်ကြောင်း…..
      ဟမလေး..
      မောထှာ သိတဲ့သူကို ရှင်းရတာ 😛

  • ဘိုရဲရေ
    ရွာထဲမှာရသစာပေးရေးနိုင်တဲ့လူတွေရှိပါတယ်။
    ရေးလဲရေးခဲ့ကြပါတယ်။
    ဒါပေမယ့် ဒီရွာမှာ ရသ ဆိုရင် အားမပေးခဲ့လို့ မရေးကြတော့တာပါ။
    အဲလိုပြန်ဖော်ထုတ်မယ်ဆိုရင် အရမ်းကောင်းမွန်တဲ့ အစီအစဉ်လို့ထင်ပါတယ်။
    တတ်နို်င်သလောက် ဝိုင်းဝန်းကူညီပါမည်။

  • မြတ်ကျော်သူ

    July 2, 2012 at 2:14 pm

    (၂) ကိုယ်တိုင်ရေး ကိုယ်ပိုင် အတွေ့အကြုံ ကိုယ်ပိုင်ခံစားမှု ဖြစ်ရပါမယ်။ (တချို့တွေ တလျှောက်လုံး ဖတ်လာပီးမှ အောက်နားရောက်တော့ ဘယ်ဆိုဒ်က ဘယ်သူ့စာကို ဖီးလ်လာလို့ ခံစားရလို့ တင်ပါတယ် ဆိုပီး အမြီးပြတ်ကျသွားတာမျိုး နိူးပါ)
    ရေးထားတဲ့အထဲ ဒီအချက်ကို အကြိုက်ဆုံးပဲဗျို့…

    • etone

      July 2, 2012 at 3:51 pm

      ကိုမြတ်ကျော်သူပြောတာဟုတ်ပါတယ်… ဖတ်လို ့ကောင်းကောင်းနဲ့ ဖတ်လာပြီး ဘယ်က ကူးလာတာ ပါဆိုလျှင်တော့ .. ဟတ်ကော့ကြီး ကျန်ခဲ့တာမျိုးဖြစ်ဖူးပါတယ် … ။
      တကယ့် ကိုယ်တိုင်ရေး ရသစာပေတွေ ထွက်လာမယ်ဆိုလျှင်တော့ ဝမ်းသာစရာပါပဲ ။

  • မြတ်ကျော်သူ

    July 2, 2012 at 2:17 pm

    ကိုပေါက်ပြောတာ ဟုတ်တယ်ဗျ…
    ရသစာပေတွေကို အားပေးတာနည်းတယ်…
    ကဗျာတွေကိုလည်း သေသေချာချာ မဖတ်ကြပါဘူး…
    ဝတ္ထုတို၊ သရော်စာ စတဲ့ ပုံစံတွေလည်း ပျောက်ဆုံးနေကြောင်းပါခင်ဗျာ…

    • ရဲစည်

      July 2, 2012 at 6:34 pm

      ဟမလေး အာစိရယ်
      ကျနော် စာသာ ကောင်းကောင်း မရေးတတ်တာ သူများမကောင်းကြောင်းများ ပြောရ/ရေးရမယ် ဆိုရင်ဖြင့် တဖက်ကမ်းခတ်။ ရွာထဲက လူတွေလဲ ကျနော် လျှောက်ရေးလို့ ကုန်သလောက်ရှိတော့မယ်။ ခုကျမှ ကြောက်းဒူးတုန်ပီး ကောင်းတဲ့ ဘက်လေး ပြန်လှည့်လာတာပါ ငိုချင်ရဲ့ လက်တို့ မပြောပါနဲ့ ဟီး…… 😀
      ဆိုတော့…..
      ကိုမြတ်ကျော်သူတို့လဲ စာပေနဲ့ မစိမ်းကျတော့ ပါဝင်ကူညီ အားဖြည့်စေချင်ကြောင်း တိုက်တွန်းပါရစေ။

  • manawphyulay

    July 2, 2012 at 2:57 pm

    ခုတစ်လော ရေးချင်တာရေး ပြောချင်ရာပြောတွေ များနေလို့ ရေးချင်စိတ်ကို မရှိလို့ မတင်ဖြစ်တာတောင် ကြာပြီ။ အသစ်အသစ်တွေကလည်း တောက်လျှောက်ဝင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တင်တာတွေက ထပ်နေတယ်လို့တောင် လူတိုင်းပါးစပ်က ပြောလာတာကို ကြားနေရတယ်။ ဒီကြားထဲ ဆာဗာက ဒေါင်းပြီး မနေ့ကဆို ဘယ်လိုမှ ဖွင့်လို့တောင် မရခဲ့ဘူး။ ကောင်းပါတယ် ဒီအစီအစဉ်လေးက အားလုံးရဲ့ စာပေကောင်းတွေကို တွေ့ရှိလာမယ်လို့ မြင်မိတာပါပဲ။

  • htet way

    July 2, 2012 at 3:16 pm

    ကြိုဆိုပါတယ်
    ရသစာပေဆောင်ရွက်ချက် ကို ဝိုင်းဝန်း ကြပါလို့

  • kai

    July 2, 2012 at 4:09 pm

    တလ၃ပုဒ်ရွေးထားတဲ့အထဲက.. တပုဒ်ကိုရေးတဲ့စာမူရှင်ကို.. ၅၀၀ဝပွိုင့်တိုးပေးပါမယ်..
    အဲဒီတပုဒ်ကိုတော့.. ကျုပ်ကပဲရွေးမယ်နော… :mrgreen:

  • awra-cho

    July 2, 2012 at 4:14 pm

    ကောင်းပါ့ ဗျား စာပေ အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပေါ့ဗျာ။ ကိုယ်တွေက အဲလောက် မစွမ်းနိုင် ကြောင်းပါ။

  • ဘယ်လိုစာမျိုးကို ရသလို့ခေါ်သလဲခင်ဗျ…။
    ဆရာဦးအောင်သင်းကတော့ပြောသွားလေရဲ့…
    ” တကယ်မဟုတ်တာကိုလည်း..သိတယ်…
    တကယ်လို့လည်း..ယုံတယ် ” တဲ့..
    ပြီးတော့ ” နှစ်သက်ဖွယ်ရာခံစားမှု” လို့လည်းပြောပါတယ်။
    အဲဒါ…သေခြာအောင်လို့…မေးကြည့်တာပါ..။
    သိထားတော့..အားလုံးအတွက်..ကောင်းတာပေါ့..။

  • ရသ ဆိုတာ ပိုသဘောပေါက်သွားအောင် ဆရာအောင်သင်း ငယ်ငယ်ကရေးခဲ့တဲ့
    ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဆိုတဲ့ဆောင်းပါးလေးပြန်ရှာဖတ်ကြည့်နော်။
    ကျနော်တို့တုံ့းက ဆယ်တန်း စကားပြေထဲမှာပါတယ်။

    • ရဲစည်

      July 2, 2012 at 7:00 pm

      ဟုတ်ကဲ့ ကိုမိုးချမ်းမြေ့ ခင်ဗျ
      ခုလို ထောက်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ….
      ဒီနေရာမှာ ကိုမိုးချမ်းမြေ့ကို ကျနော် မရှင်းပြတတ်ပါဘူး ခင်ဗျ” ဘယ်လို စာမျိုးကို ရသ ခေါ်သလဲ ဆိုတာ”
      ဒါပေမဲ့ ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ် ခင်ဗျ။မရှင်းရင် ပို့စ်ကို အစအဆုံး ပြန်ဖတ်ပါ ခင်ဗျ။
      စာပေသစ်၊ စာပေဟောင်း၊ ခေတ်ဆန်းစာပေ…
      ဂျိမ်းစ်လှကျော်မှသည် မောင်ထင်၊ မင်းယုဝေ၊မြသန်းတင့်၊ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဗိုလ်ချုပ်အောင်ဆန်းအပါ မြပုလဲခင်၊မိုးမိုးအင်းလျား၊လွန်းထားထားမှသည် ယနေ့ ရေးထားသော စာများ အားလုံးကို ဆိုလိုပါသည် ခင်ဗျ ……
      အဲတော့ ဘာဆိုလိုသလဲဆို အင်တာနေရှင်နယ်တန်းဝင်အောင် ကလောင်တွေ သွေးပေးပီး ရသ(၆)ပါးထဲက ဘာနဲ့ကိုက်ပါတယ် ဆိုတာတွေကို လေ့လာဆန်းစစ် ထုတ်ဖော် ကြော်ငြာ ပံ့ပိုးကူညီ မြေတောင်မြှောက်ပေးတဲ့ အဆင့်ကို မရောက်သေးပါဘူး ခင်ည….. ပြန်စတာပါ….ပြန်စတာပါ…
      အဲဒါလေး ဒီပို့စ်ကို နောက်တခေါက် ပြန်ဖတ်ဖြစ်ရင် မြင်ပါစေသတည်……………

      • tharli kar

        July 2, 2012 at 9:13 pm

        စကားတွေကို စာအဖြစ်ပြန်ရေးရင်ကော ရသစာပေဖြစ်မလား……………..?
        တကယ်လို့ဖြစ်ရင်တော့ ဗုဒ္ဓပြောခဲ့တာတွေပြန်ရေးလို့ရ ရမှာနော်ခင်ဗျ……………
        အဲ..မရဘူးဆိုရင်တော့….ဘုရားစကားတွေက စာအဖြစ်ပြန်ရေးရင် ရသမမြောက်လို့နေမှာပေါ့။
        နော်………(ဟီး……….သာမလားလို့ ဝင်ကလိကြည့်တာ…ချောရီးဂျာ..ငှဲ..ငှဲ)

  • မောင်ဂီ
    (ကျုပ်လည်း ကိုဂျင် တို့ ကချမ်း တို့ ..ကဟိတ်တို့ရဲ့
    လက်ရာတွေ သိပ်သဘောကျတာ ကလား …)
    ဂျင်ဆိုတာပေါက်ရတာကိုး။
    အဲတော့ ကိုပေါက်ရေးတဲ့စာကို သဘောကျတယ်ဆိုတယ်ဆိုရင် ကျေးဇူးတင်ဝမ်းမြောက်ပါ၏။
    နာမယ်ဘယ်လိုပြောင်းပြောင်း မောင်ဂီလို့ဘဲမှတ်ထားပါမယ်နော်။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 10:08 pm

      ကျေးကျေးပါလေးပေါက်
      ခုတော့ငိုပွဲဆင်ုံကိဦးမယ်ဗျာ ၂၀၀ဝ မှာတခါ ၂၀၁၂ မှာတခါ ၂ခါတောင်လွတ်ကျခဲ့တော့သကိုး

      ရင်ထဲမကောင်းတော့

      • Mလုလင်

        July 2, 2012 at 11:02 pm

        ခုတော့တရား နဲ့ဖြေပါဗျာ .. ဒီဇင်ဘာ ကျ .. ဘီယာ အဝတိုက်ပါ့မယ်။
        (“Z” တိုက်တဲ့ ဘီယာ တော့ မဟုတ်ဘူး .. “လင်” တိုက်တဲ့ ဘီယာ ပေါ့) ဟင် .. အနောက် စာလုံးတွေ ပဲ ယူလိုက်တာ . ငါ့ nick က တစ်မျိုး ဖြစ်သွားပါလား … 😎

  • ဇောက် ထိုး

    July 3, 2012 at 7:22 am

    စာမရေးပဲ ပိုက်ဆံရတဲ့နည်းရှိလျှင်ကောင်းမည်။
    နော်က ရသမှ ရေးတတ်တာ…
    ဒါပေမယ့် နော်က ပိုက်ပိုက်တော့ရချင်တယ်။

  • အလင်းဆက်

    July 3, 2012 at 7:46 pm

    ဇောက်ထိုးရေ…
    ဇောက်ထိုးတွေ..မကြံပါနဲ ့ကွယ်…။
    မတော်တရော်တွေလည်း..မတွေးပါနဲ ့ ။ မဖွယ်မရာတွေလည်း.ေ.လျှာက်မလုပ်ပါနဲ ့။

    အဟိ ဖွ..လိုက်ပြိ။
    လာထား တစ်ဆယ်.။

Leave a Reply