ငါဟာ ငှက်တစ်ကောင်———- မိုးခါးရေနဲ ့

ငါဟာ ငှက်တစ်ကောင်

ဘယ်လို မိုးခါးရေကိုမှ ငါမသောက်ဘူး———

ဘယ်လောက်ဆာလောင်ဆာလောင်

ဘယ်လောက် ငတ်ငတ်

ဘယ်လောက် မွတ်သိပ် မွတ်သိပ်

ဒါဟာ ငါ့ ဘိုးဘေးတွေ ချမှတ်ခဲ့တဲ ့ကိုယ်ကျင့်စည်းမျှုဉ်း

ငါ စောင့်ထိန်းနေသမျှ ——–

ငါဟာ ငှက်တစ်ကောင်ဖြစ်ရတာ ရှက်စရာမလို——

ဘယ်သူ ့ကိုမှ ဒူးထောက်ဖို ့မလို———–

ဒေါင်းမဖြစ်ချင်နေပါစေ——

အသားမလှချင်နေပါစေ———–

ကျီးတစ်ကောင်ဖြစ်ရခြင်းအတွက်

ငါဘယ်တော့မှ မသိမ်ငယ်ဘူး—-

ငါဝန်ခံတယ်လေ

ငါဟာ ယောနသံစင်ရော်မဟုတ်ဘူး———

ဒါပေမယ့် ငါ့မှာ

ကျီးတစ်ကောင် ရှိသင့်ရှိထိုက်သမျှ အရည်အချင်း

အစွမ်းသတ္တိ အားလုံးရှိတယ်

ငါတို ့အမျိုုးဟာ တစ်ယောက်ထိရင် မချိအောင်နာတဲ့ အမျိုး

ရာဇဝင်အဆက်ဆက် တည်တံ့ခဲ့တဲ ့အမျိုး

သဘာဝတရားက ငါတိ ု ့ကို

အတောင် အလက် နှုတ်သီး ခြေသည်း အားလုံးပေးပြီးသား

ဘယ်ငှက်မှာမှ ဘာတစ်ခုမှ အပိုမပါ

ဘယ်လိုဘဝရောက်ရောက်

ဘယ်လောက်ဆာဆာ

ဘယ်လောက်ငတ်မွတ်ပါစေ

မိုးခါးရေကို မသောက်ဘူး အသေ ခံလိုက်မယ်

ကိုယ်ပိုင်တဲ ့ကောင်းကင်ထဲ

စိတ်လွှတ်ကိုယ်လွှတ်———– ငါတို ့ယဉ်ကျေးမှုနဲ ့ငါတို ့

ပျံကြမယ်

ဟိုး အဝေးကြီးထိ———-

ငါ်တို့ အမျိုး ဆက်လက် ရှင်သန် နိုင်အောင်

ကြီးထွားနိုင်အောင်

အနိုင်ကျင့် မခံရအောင်—————-

ငါတို ့ ကို ငါတို ့ဘိုးဘေးတွေက စိတ်ဓါတ်ခွန်အားတွေ ပေးပြီးသား—–

ဟုတ်တယ် ငါတို ု့ မိုးခါးရေ မသောက်ဘူး

အဲ—-

မိုးခါးရေသောက်ငှက်တွေဟာ

ကိုယ်ပိုင်ကောင်းကင်မှာ လွတ်လပ်စွာပျံနေကြတာမဟုတ်ဘူး

အကာအကွယ်မဲ့- တုန်လှုပ်စွာနဲ ့ —— ဘယ်ပြေးရမှန်းမသိပြေးနေကြရခြင်းပဲလေ———-။

(နရီ- မြိတ် —၏ ကဗျာအား ပြင်ဆင်ခံစား သည်)

4 comments

  • mamanoyar

    July 2, 2012 at 9:36 am

    အားပေးသွားပါတယ်ရှင်
    အရမ်းကောင်းပါတယ်

  • မမ အညာသူ

    July 2, 2012 at 11:46 am

    ဝင်ရောက် မွှေနှောက်
    အားပေးသွားပါကြောင်း

  • maung khinmin

    July 2, 2012 at 12:41 pm

    ကျီးလဲ…ကျီးခံစားချက်နဲ့ ပ

  • မောင်ပေ

    July 2, 2012 at 1:50 pm

    ပြင်ဆင်ခံစား…
    အိုငိုချင်တယ်…
    ငှက်ရဲ ့ဘဝ…
    မိုးရေ…မိုးရေ ။
    အားပေးသွားပါအိ။

Leave a Reply