“ခမ်းဟွမ်…………………………..” (ကြည်နူးရိပ်စွန်းသောနေ့ရက်များ…………….)(အပိုင်းတစ်)

“ခမ်းဟွမ်…………………………..”

(ကြည်နူးရိပ်စွန်းသောနေ့ရက်များ…………….)(အပိုင်းတစ်)

 

ဒီနေ့မနက်ကျနော်အိပ်ယာနိုးတော့ မုးိတွေရွာနေပါတယ်။

အရမ်း သဲတယ်လဲမဆိုနိုင်ပေမယ့်အပြင်ဘက်မှာ လူအသွားအလာမရှိသလောက်။

လမ်းမပေါ်မှာတော့ မိုးရေစက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက် အိုင်ထွန်းလို့နေပါတယ်။

တံစက်မြိတ်က ကျလာတဲ့မိုးစက်တွေက တဖြောက်ဖြောက်။

ကိုယ်နဲ့မသက်ဆိုင်တဲ့သူများမြို့ရွာကနေ ကိုယ့်အိမ်ကိုယ့်ယာပြန်ရမယ်ဆိုတော့စိတ်ထဲမှာပျော်သလိုလို၊

နွေးထွေးလာသလိုလို။

နောက်ဒီနေ့မှာ “ခမ်းဟွမ် “ဆီကနေ ပြတ်သားတဲ့အဖြေတစ်ခုရမယ့်နေ့။

ကျနော်ကိုလာကြိုမယ့်ကားက အလည်ပေါက်လို့ခေါ်တဲ့နန်းတော်ဂိတ်မှာလာစောင့်မှာပါ။

ကျနော်တည်းတဲ့ “စန်းဟွမ်” ဟိုတယ်ကနေလမ်းလျောက်သွားမယ်ဆို မန်းလေးအခေါ် သုံးပြလောက်ဘဲဝေးပါတယ်။

လာကြိုမယ့်အချိန်က မြန်မာလို(၇)နာရီ။

ဒီမြို့လေးကိုရောက်လာတော့ ပထမဆုံးတွေ့ရတဲ့အခက်အခဲ က အချိန်နာရီကွာခြားမူ့ပါဘဲ။

မြန်မာပြည်ပိုင်တဲ့”မူဆယ်”နဲ့ လမ်းလေးတစ်လမ်းသာခြားနားတဲ့တရုပ်ပြည်ပိုင်နက်က ”ကျယ်ဂေါင် “(jie gao)

ဟိုဘက်နဲ့ဒီဘက်လမ်းကလေးသာခြားပေမယ့် အသုံးပြုတဲ့နာရီကတော့ တစ်နာရီခွဲတိတိကွာခြားပါတယ်။

သူတို့ကစောတာပါ။

အတိအကျပြောမယ်ဆိုရင်တော့ မူဆယ် -ကျယ်ဂေါင်-ရွှေလီက ကပ်နေတဲ့မြို့ပါ.။

လမ်းလေးတစ်လမ်းဘဲခြားပေမယ့် အချိန်နာရီကွာခြားတာကတော့

သူတို့က ပေ့ကျင်း(ခ)ပီကင်းစံတော်ချိန်ကို သုံးပြီးကျနော်တော်တို့ကရန်ကုန်ကိုအခြေပြုတဲ့မြန်မာစံတော်ချိန်ကိုသုံးတာကိုး။

ဒါပေမယ့် စိတ်တွေစောနေတဲ့ ကျနော်ကတော့ မနက်လေးနာရီလောက်ကတည်းက ပြန်အိပ်လို့မရ။

 

ဒါနဲ့ဘဲ ကျနော်သူငယ်ချင်းလေး “မိပန်”လက်ဆောင်ပေးထားတဲ့ ဆရာဇော်ဂျီရဲ့

“ဗေဒါလမ်း”ကဗျာစာအုပ်လေးကိုထုတ်ဖတ်နေမိပါတယ်။

“ချောင်းပြင်မှာ စီတန်းလို့

ဗေဒါပန်းရေကြင်ဆွေ……………

မျောလို့သာနေ။

ကမ်းစပ်မှာခွေ ကမ်းပြေတော့စင်း

သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း……………”

ဆိုတဲ့စာသားလေးကို ဖတ်ရတော့

“ခမ်းဟွမ်”နဲ့ကျနော် စတင်ဆုံဆည်းခဲ့တာကို သတိရမိလိုက်ပါတယ်။

“ခမ်းဟွမ်”ကို စတွေ့တဲ့နေ့မှာ”ဗေဒါပန်း”တွေက ဇာတ်ရံအဖြစ်ပါဝင်ခဲ့ကြတာကိုး။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

 

2009ခုနှစ်ရဲ့တစ်ခုသောမိုးဥတုရဲ့ နံနက်ခင်းတစ်ရက်မှာ “ခမ်းဟွမ်”

နဲ့ကျနော်တို့နှစ်ယောက် ရဲ့သာမန်ထက်မပိုတဲ့  တွေ့ဆုံမှု့လေးစတင်ခဲ့ပါတယ်။

မိုးတိမ်ထုတွေကြားထဲက တိုးထွက်လာနေတဲ့နေမင်းရဲ့လှပလွန်းတဲ့ အရောင်တွေကို

ကင်မရာပေါက်စနလေးတစ်လုံးအားကိုးနဲ့ဖမ်းဆုပ်ဘို့ကြိုးစားနေတဲ့ကျနော်

အဲဒီအခိုက်အတန့်မှာလောကကြီးကိုမေ့နေခဲ့ပါတယ်။

လှပတဲ့ဗေဒါပွင့်လေးရယ် ရေထဲကျနေတဲ့သူ့အရိပ်ကလေးရယ်

ထွက်ပေါ်စနေမင်းဆီကနေဖြာထွက်လာတဲ့အလင်းစက်ရောင်စုံတွေက ကန်ရေပြင်ပေါ်ကို

မီးဆလိုက်ထိုးထားသလို သက်ဆင်းလို့နေပါတယ်။

အဲဒီအလင်းစက်တွေရဲ့အလယ်ကို တံငါလှေလေးတစ်စင်းက တအိအိလှော်ခတ်လို့အလာ။

အလင်းစက်ဝိုင်းရဲ့အလယ်တည့်တည့်ကို လှေကလေးရောက်တဲ့အချိန်နဲ့တစ်ပြိုင်တည်းမှာ

ထိုးဝါးကိုင်ပြီး မတ်တတ်ရပ်နေတဲ့လှေသမားအရိပ်ရယ်

ဗေဒါပွင့်လေးအရိပ်ရယ် တတန်းတည်းကျအောင် အမိဖမ်းဘို့ပြင်ဆင်။

ကမ်းစပ်မှာ ဒူးထောက်ပြီး လိုချင်တဲ့အနေအထားရအောင်စောင့်နေတဲ့အခိုက် ၊

တစ်စထက်တစ်စအလင်းစက်ရဲ့အလယ်ကို တရွှေ့ရွှေ့တိုးတိုးပြီးလာနေတဲ့ လှေကလေးကိုမိဘို့

ကင်မရာခလုပ်ကိုတစ်ဝက်နှိပ်၊

အချိန်ကိုက်မိအောင် စိတ်ထဲမှာ တစ်နှစ်သုံးရေပြီးစိတ်ရှည်လက်ရှည်စောင့်

လိုချင်တဲ့အနေအထားနဲ့ ကွက်တိဝင်လို့ ခလုပ်လဲနှိပ်ရော

ကျနော်လက်ကိုဘော့လုံးတစ်လုံးလာမှန်ပါတော့တယ်။

ဟန်ချက်ပျက်သွားတော့ ယောင်ယမ်းပြီး ခလုပ်နှိပ်မိပေမယ့် ပုံကောင်းမရ။

လှမ်းကြည့်လိုက်တော့လှေကလေးက တရွေ့ရွေ့နဲ့အဝေးကိုရောက်နေပါပြီ။

ကျနော်ကြိုးစားပမ်းစားစောင့်လိုက်ရတာလေး နောက်ဆုံးအချိန်မှ ကပ်ပြီး

ပျက်စီးသွားတော့အတော်လေးစိတ်တိုသွားပါတယ်။

“သွားရော”လို့ ထွက်သွားတဲ့အသံနဲ့အတူ ဘယ်သူ့လက်ချက်လဲဆိုပြီး

ကွိုင်မလို့ လှည့်ကြည့်လိုက်တော့ တောင်းပန်တာလိုလို ရှက်တာလိုုလိုမျက်နှာပေးလေးနဲ့

ကျနော်နဲ့အသက်သိပ်မကွာလောက်တဲ့ မျက်မှန်လေးနဲ့ကောင်မလေးတစ်ယောက်က

ခပ်ပြုံးပြုံးလေးနဲ့ရပ်နေတာကို တွေ့လိုက်ရပါတယ်။

“ငေါ ဘော့လုံးလေးကျသွားပြီ ကောက်ပေးနော်”

ကျနော်က ပုံကောင်းလေးလွတ်သွားလို့စိတ်တိုပါတယ်ဆိုမှ သူက ဘော့လုံးလာကောက်ခိုင်းနေပြပါတယ်။

ဟုတ်ပ ဘော့လုံးလေးက ကမ်းစပ်က ဗေဒါတောထဲမှာ။

ခရမ်းပြာရောင် မိုးကိုထောင်နေတဲ့ဗေဒါပွင့်လေးတွေက

“ လာကောက်လှည့်”လို့ကျနော့်ကိုခေါ်နေသယောင်။

အဲဒါနဲ့လေးပေလောက်ဇောက်နက်တဲ့ကမ်းစပ်ကိုဆင်း။

ဗေဒါအုပ်ပေါ်တင်နေတဲ့ဘော့လုံးကို ကောက်ပြီးပေးလိုက်ရပါတော့တယ်။

 

“သူ့အကျီတွေပေကုန်ပြီ ဆောရီးနော်”လို့ ခပ်ပြုံးပြုံးလေးပြောနေတဲ့ကောင်မလေးကို

“အကျီပေတာက လျှော်လို့ရတယ် အခု ကျနော်လိုချင်တဲ့ပုံလေးက အစားပြန်မရဘူး”လို့စိတ်တိုတိုနဲ့ပြောပြီးသူ့နားကထွက်လာခဲ့ပါတယ်။

သူ့ကိုကျောခိုင်းပြီးထွက်သာလာတယ် လိုချင်တဲ့ပုံကလေး မရလိုက်တော့ စိတ်ကတို။

လမ်းတွေသမျှ ခဲလုံးတွေကို တလမ်းလုံးကန်လာ။

ပါးစပ်ကလဲ ပွစိပွစိ။

(နောက်မှသိတာ သူက ကျနော်နောက်က ကပ်လိုက်လာရင်း တလမ်းလုံးရီလာပါသတဲ့)

ဒါကတော့သူနဲု့ကျနော်တို့ ရဲ့ဆုံဆည်းခြင်းအစပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဟိုးအရင်က ဆိုရင် ကျနော်က အိ်ပ်ယအထပျင်းပါတယ်။

ညမိုးချုပ်ထိ စာဖတ်ချင်ဖတ် မဖတ်ရင် ဂိ်မ်းဆော့။

မနက်အိမ်ကနုှိးမှလူးလဲထ နံနက်အရုဏ်တက်ဆိုတာကျနော်နဲ့မဆိုင်တဲ့အရာတစ်ခုလိုထားပြီး

နှစ်ပေါင်းများစွာဖြတ်သန်းလာခဲ့တာပါ။

ကျန်းမာရေးသိပ်မကောင်းတဲ့ ကျနော့်အကိုဝမ်းကွဲတစ်ယောက် ကို ဆရာဝန်က လေကောင်းလေသန့်ရှုပါ နေ့စဉ်လမ်းလျောက်ပါလု့ိညွှန်ကြားပါတယ်။

အဲတော့သူလမ်းလျောက်ဘို့ကိစ္စကို ကျနော်က အဖော်လိုက်ပေးရပါတော့တယ်။

ဒါနဲ့ဘဲ ကျနော်တို့နေတဲ့42လမ်းနဲ့သိပ်မဝေးတဲ့ ကန်တော်ကြီးတဖြစ်လဲ တက်သိမ်းအင်း(အချိုုကလဲတက်သေးအင်းလို့နူတ်ကျိုးနေပါတယ်)မှာ မနက်တိုင်းလာပြီးလမ်းလျောက်ဖြစ်ပါတယ်။

အိမ်ကနေဆိုင်ကယ်နဲ့နှစ်ယောက်အတူလာ ညဆိုရင်ကော်ဖီဘားဖွင့်တဲ့စင်ကြီးနားမှာဆိုင်ကယ်ထား၊

ဟိုး.ခပ်လှမ်းလှမ်းက ပြည်ကြီးမွန်ဖောင်ထိလမ်းလျှောက်။

အဲဒီနားကတံတားပေါ်တက်ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်။

တစ်ခါတစ်လေဟိုးတောင်ဘက်ကန်ပါတ်လမ်းအဆုံးက ရှမ်းလေးကျွန်းနားအထိသွားပေါ့။

အစကတော့ ဝတ္တရားအရသာ လိုက်ပို့ရတယ် လူကအိပ်ချင်မူးတူး။

နောက်တော ့ အရင်ကမရဘူး မခံစားဘူးခဲ့တဲ့ နံနက်ခင်းရသတွေကို သဘောကျသွားပါတော့တယ်။

နံနက်ခင်းရဲ့ တိတ်ဆိတ်အေးမြ တဲ့ အလှအပတွေက ရင်ကိုကြည်နူးစေပါတယ်။

စောစောထ လမ်းလျောက်ကိုယ်လက်လှုပ်ရှားလိုက်တော့ တစ်ညလုံးအောင်းနေခဲ့တဲ့ ချွေးပုပ်တွေကထွက်သွား၊

လူကလဲပေ့ါပါးလို့ အနံ့ဆိုးတွေကင်း။

စိတ်ကလဲကြည်လင်ဆိုတော့ လမ်းလျောက်တာကို စွဲလန်းလို့သွားပါတယ်။

နောက်ကျနော်အကို က အဝေးတနေရာကိုတာဝန်ထမ်းဆောင်ဘို့သွားတော့လဲ ကျနော်တစ်ယောက်ထဲ

ဆက်လမ်းလျောက်ဖြစ်ပါတယ်။

တစ်ယောက်ထဲသွားဖြစ်တဲ့အခါမှာတော့ ဓါတ်ပုံရိုက်တဲ့အလုပ်တွေကို လုပ်ဖြစ်ပါတော့တယ်။

အသွားသွက်သွက်လျှောက်၊

အပြန်မှာတော့ လှတဲ့မြင်ကွင်းလေးတွေ့ရင်ဝင်လို့လက်ဆော့ပေါ့။

သူ့ကိုတော့ အရင်ကတည်းကမြင်ဘူးနေပါတယ်။

လွယ်အိတ်ကိုဘေးတစောင်းလွယ်၊ဂျင်းဘောင်းဘီကဒူးအထက်ထိဝတ်ထားတာများပါတယ်။

သူကတော့တစ်ယောက်ထဲလမ်းလျောက်တတ်တဲ့သူ။

တစ်ခါတစ်လေတော့လဲ ဘတ်စကက်ဘော ဘော့လုံးကို တယောက်ထဲပုတ်လာလို့လာ။

တစ်ခါတစ်လေတော့လဲ သစ်ကိုင်းလေးတစ်ကိုင်းနဲ့ဟိုရိုက်ဒီရိုက်။

စိတ်ကူးပေါက်ရာလုပ်မယ့် ကောင်မလေးလို့ထင်မိပါတယ်။

 

ကျနော်တို့မနက်လမ်းလျောက်တတ်တဲ့သူတွေက အချိန်မှန်လျောက်တတ်ကြပါတယ်။

နေ့စဉ်တွေ့နေကျလူကို တွေ့နေကျနေရာမှာတွေ့တတ်တာမျိုးပေါ့။

၀ဝလှလှ အန်တီကြီးနှစ်ယောက်ကို မီနီဂေါက်ကွင်းနားက အားကစားလေ့ကျင့်တဲ့နေရာမှာတွေ့မယ်။

ဘုရားစာတွေရွတ်လာတဲ့ ဘကြီးဆိုရင် အပျော်စီးခြေနင်းလှေတွေငှားတဲ့နားမှာတွေ့မယ်။

ဘောင်းဘီရှည်သမင်ရောင်နဲ့အကိုကြီးဆိုရင် “ကဖေးချိုချို”ကွေ့မှာတွေ့မယ်။

ဘယ်သူမှစကားမပြော ပြုံးမပြ နုတ်မဆက်တတ်တဲ့ဘောင်းဘီတိုအကွက်နဲ့လေးလေးကြီးကို ဒဏ္ဍာရီရှေ့မှာတွေ့မယ်။

လူကတော့ မငယ်ဘူးလူလတ်ပိုင်းကာတွန်းရုပ်ပါတဲ့ဘောင်းဘီနဲ့အကိုကြီးဆိုရင် သံဃာဆေးရုံနားမှာတွေ့မယ်။

ရေဒီယိုကို နားနားကပ်နားထောင်ရင်ခေါင်းတညိတ်ညိတ်နဲ့နေတတ်တဲ့အကိုကြီးကတော့ ကျနော်ကရဝိက်အရောက်

သူကပြန်အထွက်မှာဆုံနေကျ။

တစ်ယောက်နဲ့တစ်ယောက်စကားတွေအပြန်အလှန်ပြောသွားတတ်တဲ့ အဖွဲ့ကတော့ မမြလေးဘုရားနားမှာ။

ဒီလူတွေကတော့ သူတို့အပြန်ကျနော်အသွား။

 

ကျနော်အပြန်မှာဆိုရင်တော့ ထွက်ထွက်ခြင်း ညီအမလို့ထင်ရလောက်အောင်နုပျိုတဲ့သားအမိတွေ့မယ်။

အသုတ်ဆိုင်နားရောက်ရင်တော့ ဇီးရောင်ကား၊ဇီးရောင် ဆို်င်ကယ်ကိုသာစီးတတ်တဲ့ အပျိုကြီးမမကိုတွေ့မယ်၊

ခမ်းဟွမ်ကိုတော့ ကုက္တိုကျွန်းနားမှာတွေ့တတ်ပါတယ်။

တွေ့သမျှလူကို မင်္ဂလာပါလို့ပြုံးရွှင်စွာနဲ့နုတ်ဆက်တတ်တဲ့ ဦးလေးကြီးကိုတော့ ကောင်းကောင်းဟော့ပေါ့နားမှာတွေ့မယ်။

ကျနော်ဆိုင်ကယ်နဲ့ပြန်လာရင်တော့ အသက်အရွယ်နဲ့မလိုက်အောင်ဖက်ရှင်ကျကျဆင်တတ်လွန်းတဲ့

လင်မယားနှစ်ယောက်ကတော့ “ဝင်းဝင်းဘီယာဆိုင်”ထိပ်ကနေ

“ကောင်လေး ဖြည်းဖြည်းစီး”လို့အော်ရင်း ကျနော့်ကို လက်ပြလို့နုတ်ဆက်နေကြ။

ကျနော်တို့နေ့စဉ်နုတ်ဆက်နေကြပေမယ့် ဘယ်သူဘယ်ဝါ ဘယ်နေရာက ဘာလုပ်တဲ့လူဆိုတာ မသိပါဘူး။

အဲ တစ်ယောက်ယောက်များမတွေ့တာကြာရင်တော့ အချင်းချင်းသတင်းမေးမိ။

ရေရေရာရာမသိဘဲ သံယောဇဉ်ဖြစ်နေကြသူတွေဆိုရင်လဲမမှားပါဘူး။

ကျန်တဲ့လူတွေကို ပြန်ပြီလား တို့ သွားပြီနော်တို့နုတ်ဆက်မိပေမယ့် သူနဲ့ကတော့အရွယ်သိပ်မကွာတာကြောင့်

နေ့စဉ်မြင်နေပေမယ့် နုတ်မဆက်မိပါဘူး

တစ်ယောက်နဲ့တစ်ယောက်ကတော့ မျက်မှန်းတန်းမိနေပါတယ်။

 

သူနဲ့ပြဿနာဖြစ်ပြီးနောက်တစ်ပါတ်လောက်ဘဲထင်ပါတယ် ကျနော်က အဲဒီနေ့အပြန်နောက်ကျပါတယ်။

နောက်ကျဆို 81ဖယောင်းနားလေးကနေပြီး နေထွက်လာတာကို စောင့်ရိုက်နေလို့ပါ။

အဲဒီနားလေးကမြင်ကွင်းကျယ်တော့ ရေကန်ကို တပြန့်တပြောကြီးမြင်နေရပါတယ်။

နောက်ရှေ့တည့်တည့်မှာက ရွှေရောင်ဝင်းနေတဲ့ဘုရားတစ်ဆူ ဆိုတော့ နံနက်ခင်းနဲ့သိပ်ပဏာရလို့ကျက်သရေရှိပါတယ်။

ကျနော်လမ်းလျောက်ပြီး ဆိုင်ကယ်ထားတဲ့နားအရောက်မှာ  ဆိုင်ကယ်ကိုဂွထောက်ထောက် ပြီး ဆိုင်ကယ်ဘီးကို လှည့်ကြည့်နေတဲ့သူကိုတွေ့ရပါတယ်။

သူဆိုင်ကယ်နဲ့ကျနော့်ဆိုင်ကယ်ထားတဲ့နေရာက ဘေးခြင်း ကပ်ရက်။

ကျနော်မြင်တော့ ပြုံးပြရင်း

“သံစူးသွားတာ ငေါတော့ ဒုက္ခဘဲ ကလေးကျောင်းကြိုဘို့ မီမှာမဟုတ်တော့ဘူး”လို့စိတ်ပျက်တဲ့လေသံနဲ့ပြောပါတယ်။

“ဒါဆိုကျနော့်ဆိုင်ကယ်ယူသွားလိုက် နောက်မှဆိုင်ကယ်ခြင်းပြန်လဲမယ်လေ”လို့ကျနော်ကပြောပါတယ်။

အဲဒါနဲ့သူ့ကိုကျနော်ဆိုင်ကယ်သော့ပေးလိုက်ပါတယ်။

သူကလဲ ကမန်းကတန်းနဲ့ဆုိုင်ကယ်ပေါ်တက် စက်နှိုးပြီးထွက်မယ်အလုပ်

“ဘယ်မှာလာလဲရမှာလဲပြောအုံးလေ……..”လို့ဆိုမှ ဟုတ်သားဘဲဆိုပြီး

“ဟန်းဖုန်းပေး” ဆိုပြီးကျနော်ဖုန်းကိုတောင်းပါတယ်။

သူ့လက်ထဲကျနော်ဖုန်းရောက်ပြီဆိုမှ ခလုပ်တွေနှိပ်ပါလေရော။

ခဏနေတော့မှာ “ကတွတ်ကတွတ် ကတော်ကတော်”ဆိုတဲ့အသံလေး သူ့ဘောင်းဘီအိတ်ထဲကထွက်လာမှ

မစ်စ်ကောပေးပြီး ကျနော်ဖုန်းကို ပြန်ပေးပါတယ်။

“ကိုးနာရီလောက်မှ ငေါဆီဖုန်းဆက်လိုက် “ဆိုပြီး ဆိုင်ကယ်ကိုဝေါကနဲမောင်းထွက်သွားပါတော့တယ်။

အဲဒီနေ့ကိုးနာရီလောက်သူ့ဆီဖုန်းဆက်လိုက်တော့ ကျနော်ကို ခေါက်ဆွဲဆိုင်လာခဲ့ဘို့ချိန်းပါတယ်။

34-35ကြား 81လမ်းပေါ်က ခေါက်ဆွဲဆိုင်လေးကိုပါ။

ကျနော်ဖြတ်သာသွားတယ်တစ်ခါမှ မစားဘူးတဲ့ဆိုင်လေး။

ကျနော်မရောက်ခင်သူအရင်ကြိုရောက်နှင့်ပါတယ်။

လှမ်းကြည့်လိုက်တော့ အမြဲတမ်း ညစ်ပတ်ပွေပွနေတဲ့ ကျနော့်ဆိုင်ကယ်လေးက အရောင်တွေထွက်ပြီးပြောင်လက်။

ကျနော်သူရှေ့ကခုံလေးဆွဲထိုင်တော့မှ

“ဘာစားမှာလဲ ငေါက မှာပြီးပြီ”

“ရှမ်းအသုတ်” လို့ပြန်ပြောတော့ သူက ကျနော့်အတွက်မှာပေးပါတယ်။

“ဆိုင်ကယ်ရေဆေးခုံတင်ထားတယ်……..အရင်ကတည်းကသူ့ဆိုင်ကယ်က ညစ်ပတ်နေလို့အူယားနေတာ၊

လူရောရေချိုးရဲ့လား” လို့ကျနော့်ကို ပြုံးစစနဲ့မေးပါတယ်။

သူ့ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပါးပွင့်လင်းစွာနေတတ်သူလို့ ကျနော်ကောက်ချချမိပါတယ်၊

“ဆိုင်ကယ်က ဘယ်နှစ်ပေါက်လဲ သံစူးတာလား”

“ တစ်ပေါက်ထဲရယ် လေနည်းလို့ကြိတ် ပေါက်တာ” လို့ကျနော်ဖြေတော့ ပိုက်ဆံအိတ်လှမ်းနှိုက်ပြီး

တစ်ထောင်တန်တစ်ရွက်ထုတ်ပေးပါတယ်။

ကျနော်က ခေါင်းယမ်းပြရင်း “ မယူဘူး ခေါက်ဆွဲဘဲဝယ်ကျွေး”လို့ပြောတော့

“ခေါ်က်ဆွဲလဲကျွေးမယ် ဘီးဖာခလဲပေးမယ်သူသာ မကယ်ရင် ငေါတော့ ဒုက္ခဘဲ”လို့ ရီရင်းပြောပါတယ်။

အခုအနီးကပ်နေမှသေချာကြည့်မိတော့ သူရီတယ်ဆိုရင်အရမ်းချစ်စရာကောင်းလွန်းပါတယ်။

မဆိုစလောက်ခွက်နေတဲ့ပါးချိုင့်လေးကြောင်ထင်ပါတယ်။

သူအခုနေတာက သုံးဆယ့်ခြောက်လမ်း။

သူကတော့ သူ့ဦးလေးရဲ့အိမ်မှာနေရင်း ဦးလေးလုပ်ငန်းမှာ အလုပ်လုပ်နေတာပါ။

မနက်မနက်တိုင်းမှာ သူ့ဦးလေးသားကို တရုပ်ကျုရှင်ပို့ပေးရပါသတဲ့။

အဲတော့ သူက ကလေးပို့ပြီးရင် အိမ်မပြန်ဘဲကန်တော်ကြီးမှာလာလမ်းလျောက်၊

(အမှန်ကတော့ တစ်ယောက်ထဲလာဆော့တာပါ)

ကလေးကျုရှင်ဆင်းချိန်မှာမှ ဝင်ခေါ်ပြီးအိမ်ပြန်ပါသတဲ့။

အဲဒီနေ့က သူနဲ့ကျနော်အတော်ကြာအောင် စကားတွေပြောဖြစ်ကြပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဝါခေါင်လပြည့်နေ့ကြီးပါ။

ကျနော်အလုပ်ပိတ်တဲ့ရက်မို့ သူနဲ့အကြာကြီးစကားပြောဖြစ်ပါတယ်။

သူ့နာမယ်ကိုမေးတော့ “ခမ်းဟွမ်”လို့ဖြေပါတယ်။

 

????????????????????????????????????????????????????????????????????

နောက်နေ့မနက်ရောက်တော့ ကျနော့်ထက်အရင်သူရောက်နှင့်နေပါတယ်။

ကျနော်နဲ့အတူလမ်းလျောက်ဘို့စောင့်နေပါသတဲ့။

အဲဒီနေ့ကစလို့ သူနဲ့ကျနော်လမ်းအတူလျှောက်…………ပြန်ရင်လဲအတူပြန်။

တစ်ခါတစ်လေ စောသေးရင်”ပေါင်းလဲတိုက်”အရှေ့ထိပ် ဓမ္မာရုံရှေ့က မြီးရှည်ဝင်စား ပြီးမှ

ကိုယ့်အိမ်ကိုပြန်ပေါ့။

အမြဲတွေ့နေကျ မိတ်ဆွေတွေက ကျနော်တို့နှစ်ယောက်ကို “ဘာလဲ”လို့

အသံတိတ်မေးသွားရင် သူကတော့ မူမပျက် ကျနော်ကတော့ရှက်သလိုလို။

သူနဲ့ကျနော်နေ့တိုင်းတွေ့ပေမယ့်ပြောစရာ စကားကမကုန်။

လက်ရှိရော ရှေးဟောင်းနှောင်းဖြစ်ရော သူ့အကြောင်းကိုယ့်အကြောင်းရော။

ငယ်ငယ်ကနေရတဲ့ဘဝတွေရော တက္ကသိုလ်တက်ရတုံးကအကြောင်းတွေရောစုံတကာစေ့။

 

သူကကျနော့်ထက် အရပ်မဆိုစလောက်လေးမြင့်ပါတယ်၊

ဘော်ဒီက ပါးပါးလေး အခုခေတ်မော်ဒယ်ဂဲများလို။

သူ့ အသားကဖြူဆွတ်ဆွတ် ကျနော်က ညိုမောင်းမောင်း။

သူက စကားပြောလိုက်တိုင်းပြုံးပြုံးလေးဆိုတော့ မဆိုစလောက်တိုနေတဲ့နူပ်ခမ်းပါးလေးတွေအောက်က

လှစ်ကနဲထွက်လာတတ်တဲ့ သွားလေးတွေကြောင့်  ယုန်ကလေးနဲ့တူသလိုလို။

ဘယ်လိုဘဲပြောပြော သူနဲ့သွားရတာပျော်ပါတယ်။

နောက်တော့ မနက်ပိုင်းလမ်းလျောက်တဲ့အချိန်တင်မကဘဲ အားတဲ့အချိန်တွေ

အလုပ်ပိတ်ရက်တွေမှာပါတွေ့ဖြစ်ပါတော့တယ်။

ကျနော်အလုပ်ကပြန်လာတဲ့အချိန်မှာ အိမ်တန်းမပြန်ဘဲသူနဲ့ မုန့်သွားစားတတ်ပါတယ်။

76လမ်း 34-35ကြားက ညဈေးတန်းလေးမှာ မြေအိုးမြီးရှည်စားချင်ရင်သွားစားမယ်။

84လမ်းညဈေးတန်းက ဆုိုင်တွေမှာဒုတ်ထိုးစားချင်စားမယ်။

နိုချဉ်သောက်ရင်သောက်မယ်။

27လမ်း-82လမ်းဒေါင့်ကဆိုင်မှာ ချာပါတီနဲ့ဆိတ်စွတ်ပြုတ်သောက်ချင်သောက်မယ်။

တစ်ခါတစ်လေတော့လဲ 77လမ်း 31-32ကြားက ထမင်းဆိုင်လေးတွေမှာထမင်းဆီဆမ်းသွားစားချင်စားမယ်။

အစားကြိုက်တာခြင်းတူနေတဲ့နှစ်ယောက်ဖြစ်နေတော့လဲနေ့စဉ်မဟုတ်ပေမယ့်

တစ်ပါတ်လေးရက်လောက်တော့ထွက်စားဖြစ်ပါတယ်။

တစ်ခါတစ်လေ တော့လဲ အေးအေးဆေးဆေးနေချင်တဲ့အခါ ကျုံးဘေးမှာသွားထိုင်လို့စကားပြောဖြစ်ပါတယ်။

 

အစကတော့ သူနဲ့ကျနော်ဆိုင်ကယ်တစ်စီးစီ။

နောက်တော့ ဆီအပိုကုန်တယ်ဆိုပြီး ဘယ်သွားသွားကျနော်က သူ့အိမ်ကိုဝင်ခေါ်ပါတော့တယ်။

သူတို့ဦးလေးအိမ်ကလဲ လွတ်လပ်ပွင့်လင်းတဲ့မိသားစုဆိုတော့ ပြဿနာမရှိ။

ဒါပေမယ့်လဲကျနော်က သူ့တို့ အိမ်ထဲထိတော့ ဝင်ခေါ်လေ့မရှိပါဘူး။

ကျနော်ရောက်ခါနီးလို့ဖုန်းဆက်လိုက်ရင် သူဆင်းလာတာပါဘဲ။

တစ်ခါတစ်လေ ကျနော်တို့ဘက်သူလာဖြစ်ခဲ့ရင် ကျနော်ကို သူဝင်ခေါ်

ပြီးမှ ကျနော့်ကို အိမ်ပြန်လိုက်ပို့ပေးပါတယ်။

ဥပုဒ်နေ့လိုပိတ်ရက်မျိုးဆိုရင် ဘုရားတွေဘာတွေသွားတတ်ပါတယ်။

အများအားဖြင့်တော့ကျောက်တော်ကြီး -ရွှေကျီးမြင့် ကို သွားလေ့ရှိပါတယ်။

ထူးခြားတာက ဘုရားကြီးကိုတော့ တစ်ခါလားဘဲအတူရောက်ဘူူးပါတယ်။

တစ်ခါတစ်လေတော့လဲဦးပိန်တံတားရှိရာ  တောင်သမန်အင်းတို့

ကျနော်တို့ကျောင်းတက်ခဲ့တဲ့ရတနာပုံတက္ကသို်လ်ဘက်ခြမ်းက

အကြော်ဆိုင်တွေမှာအတူထိုင်ဖြစ်ပါတယ်။

အခါကြီးရက်ကြီးပိတ်ရက်မျုးိ သူ့သူငယ်ချင်းတွေလဲလိုက်မယ်ဆိုရင်တော့ စဉ့်ကိုင်ပေါ်တော်မူတို့

ကောင်းမူ့တော်တို့ စစ်ကိုင်းတောင်ဘက်ကို သွားလေ့ရှိပါတယ်။

သုံးလေးလ တစ်ကြိမ်လောက်တော့ ပြင်ဦးလွင်ကိုတက်ဖြစ်ပါတယ်။

ဒါပေမယ့် ညအိပ်ညနေတော့ မသွားဖြစ်ကြပါဘူး။

 

သူနဲ့ကျနော်တူတာတစ်ခုက ရုပ်ရှင်မကြိုက်တတ်ပါဘူး။

အဲတော့ သူနဲ့အတူတစ်ခါမှရုပ်ရှင်မကြည့်ဘူးပါဘူး၊

သူနဲ့ကျနော် သူငယ်ချင်းလိုတွဲနေတာ ပေမယ့် အားလုံးက သမီးရီးစားဖြစ်နေပြီ လို့ဘဲထင်နေကြပါတယ်။

သူနဲ့ကျနော် မနက်လင်းတာနဲ့တွေ့ ညနေတိုင်းလောက်တွေ့ ပိတ်ရက်တွေဆိုရင်လဲအတူလည်ပေမယ့်

သမီးရီးစားဆိုတဲ့အဆင့်ကို တော်တော်နဲ့ရောက်မလာဖြစ်ပါဘူး၊

သေချာတာတစ်ခုက ညီအကိုတွေချည်းဘဲ မွေးထားတဲ့ကျနော်က အမတို့နှမတို့မက်ပါတယ်။

အဲတော့သူက ကျနော်နှမလေးပေါ့။

အကိုတွေကြားမှာ ကြီးပြင်းခဲ့ရတဲ့သူ့ ကျပြန်တော့လဲ အိမ်ကနေ အဝေးရောက်နေချိန်မှာ

ကျနော်က သူ့အကိုပါဘဲ။

ဒါကြောင့်လဲ  သူက  ကျနော်ကို “ကိုးကိုး”လို့ခေါ်ပါတယ်။

ကျနော်ကတော့ “ခမ်း” လို့ခေါ်တဲ့အခါခေါ် သူ့အိမ်နာမယ် “ဘေဘေး”လို့ခေါ်ချင်ခေါ်ပါတယ်။

 

သေချာတာတစ်ခုကတော့ ကျနော်တို့နှစ်ယောက်ကြားမှာ သံယောဇဉ်ကြုးိလေးက တိုးသထက်တိုးလို့ပေါ့။

သူ့နဲ့ကျနော်ကြားမှာ ရှိနေတာကတော့ အပြန်အလှန်တွယ်တာမူ့ပါဘဲ။

သူ့စိတ်ချမ်းသာအောင်ဖန်တီးပေးဘို့ ကျနော်ဘက်က အဆင်သင့်ဖြစ်နေသလို

သူကလဲ ကျနော်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဘို့အဆင်သင့်။

သူ့  သူငယ်ချင်း နဲ့ ကျနော်သူငယ်ချင်းတွေပိတ်ရက်မှအတူလည်ကြရင်း ဘော်ဘော်တွေဖြစ်ရာကနေ

အဆင့်တွေတက်လို့ အတွဲဖြစ်သူတွေဖြစ်ပေမယ့် ကျနော်တို့နှစ်ယောက်ကတော့ “ထူးအိမ်သင်” အရင်အတိုင်းပါဘဲ။

တစ်ခါတစ်ခါ တော့လဲ သူတို့အားလုံးက ကျနော်တို့ကို အားမလိုအားမရ။

ကျနော်တို့နှစ်ယောက်နဲ့အလိုက်ဖက်ဆုံးသီချင်းလေးကတော့

အချစ်ဖော်ကောင်သီချင်းလေးထဲက စာသားတွေလို့ထင်မိပါရဲ့။

“ ခင်မင်ရတဲ့အချစ်ဆုံးသူငယ်ချင်းရယ် နှစ်ဦးသားမပြောကြပေမယ့်လဲ

မြင်နေကြတဲ့အကြင်နာမျက်ဝန်းဟာအချစ်ရဲ့ဖော်ကောင်လေးတွေပါ”ပေါ့။

 

သူငယ်ချင်းတွေပြောရင်လဲပြောစရာပါဘဲ။

ကျနော်တို့နှစ်ယောက်တစ်ယောက်ကိုအလိုက်သိကြင်နာတာတွေကလဲလွန်တာကိုး။

အတူစားကြသောက်ကြတဲ့အခါများမှာ  မြီးရှည်တို့ ခေါက်ဆွဲတို့မုန့်တီတို့စားမယ်ဆိုရင်

သူစားမယ့်ပုဂံထဲကို က ငရုတ်သီးထဲ့ အချဉ်ထဲ့ပြီး ကျနော်က နယ်ဖတ်ပေးမှစားပါတယ်။

ကျနော်က များမေ့ပြီးနယ်မပေးမိရင် စိတ်ကောက်သလိုနဲ့မစားပါဘူး။

စားသောက်ပြီးလို့ ကျနော့်နုပ်ခမ်းမှာ ဆီတွေ မုန့်အစနတွေပေနေရင်လဲ သူက ဘယ်သူတွေရှိရှိ

တယုတယနဲ့ သုတ်ပေးသလို ကျနော်သောက်မယ့် ရေနွေးကြမ်းဆိုရင်လဲ သောက်ခါနီးမှထဲ့ပြီး ခပ်နွေးနွေးလေး

ဖြစ်နေအောင် သူက တဖူးဖူးနဲ့မူတ်ပေးတတ်ပြန်တယ်။

အဲလိုတစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြတာပါ။

တစ်ခါတစ်လေ သူှုငယ်ချင်းတွေက စနောက်ပြီး “ငရဲ”နင့်နုတ်ခမ်းမှာညစာချန်ထားလားလို့များပြောရင်

ကျနော်မျက်နှာကို ဇွတ်အတင်းဆွဲပြီး တစ်သျှူးနဲ့သုတ်တတ်ပါတယ်.။

 

ကျနော်ကသူ့ကိုစိတ်တိုရင် သူ့ရှမ်းနာမည်ကို မြန်မာလိုဘာသာပြန်ပြီး “ရွှေစု”လို့ခပ်မာမာခေါ်မိရင်

မျက်ရည်တွေလဲ့နေတဲ့မျက်ဝန်းတွေနဲ့ကျနော့်ကိုမော့ကြည့်တတ်ပါတယ်။

အဲဒီအခါကျနော်က သနားရပြန်ရော။

သူက ကျနော်ကိုစိတ်ကောက်ရင် “သကို”လို့ မပီသလိုလိုခေါ်တတ်ပါတယ်။

တရုပ်လိုုဆိုရင်ကျနော်က ခွေးနှစ်မှာမွေးတာကိုး။

တရုပ်လို သ ဆိုတာကြီးတာ ကို ဆိုတာခွေးကိုခေါ်တာလေ။

သူငယ်ချင်းတွေက စချင်လို့ ကျနော်ကိုများ “သကို”လို့ခေါ်ရင်

“ခေါ်စရာလား….”ဆိုပြီးနုပ်ခမ်းလေးစူလို့ ရန်တွေလုပ်တတ်ပါတယ်။

အတူတွဲကြသွားကြလာကြနဲ့ နှစ်ပါတ်လည်လာပေမယ့် ကျနော်တို့နှစ်ယောက်က ချစ်သူတွေမဟုတ်သေးပါဘူး။

“သမီးရီးစားလိုချစ်နေပြီလား”လို့မစဉ်းစားမိတာအမှန်ပါဘဲ။

နှစ်ယောက်အတူသွားကြလာကြတဲ့အခါ ဆိုင်ကယ်နောက်ကထိုင်ရင်း ကျနော်ခါးကို ဖက်ချင်ဖက်ထားမယ်။

ပူးကပ်ပြီး နောက်ကထိုင်ချင်ထိုင်လိုက်လာမယ်။

သူပြောချင်တာတွေတတွတ်တွတ်နဲ့ပြောရင်း

ကျနာ့်ကို မှီပြီး လိုက်ချင်လိုက်လာတဲ့အခါလဲရှိမယ်။

တစ်ခါတစ်လေ ကျနော်ဆိုင်ကယ်မောင်းရတာပျင်းရင် သူ့ကိုမောင်းခိုင်း။

နောက်က ထိုင်ပြီး သူ့ပါးနားကို ကပ်ပြီး စကားတွေတတွတ်တွတ်ပြောချင်ပြောလာမယ်။

အဲလိုအခါမျုးိမှာ နွေးထွေးတယ်ဆိုတဲ့ အထိအတွေ့ရှိပေမယ့် ဆူဝေတဲ့အထိတော့ မဖြစ်ခဲ့တာအမှန်ပါဘဲ။

သူနဲ့ကျနော် အတူသွားလာလို့နေရတဲ့အချိန်အတော်များက အေးငြိမ်းပျော်ရွှင်ခဲ့ရတာအမှန်ပါဘဲ။

ချစ်တယ်ဆိုတာထက် မြတ်နိုးတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။

နောက်ပြီးအမြဲတမ်းတွေ့နေရ တွေ့ချင်တဲ့အချိန်မှာတွေ့လို့ရနေတော့လည်းပို်င်ဆိုင်ဘို့တွေဘာတွေဆိုတာ

မစဉ်းစားမိတာလဲဖြစ်နိုင်ပါတယ်။

နောက် သူက သဝန်မတိုတတ်တဲ့အပြင် ကျနော့်ကို ဟိုလူကြိုက်လိုက်ဒီလူ့ကြိုက်လိုက်နဲ့မြောက်ပေးတတ်ပါသေးတယ်။

ကျနော့်ကို သွေးတိုးစမ်းတာလားတော့ မသိတတ်ပါဘူး။

သူကတော့ ကျားကျားမမ ပွင့်ပွင့်လင်းလင်းနဲ့ ပဲမများဘဲ စကားတွေပြောတတ်ပါတယ်။

သူနဲ့ကျနော်ကြားမှာ သဝန်တိုတာတွေမရှိပါဘူး။

ဒါပေမယ့်သူနဲ့ကျနော်မတူတာတစ်ခုတော့ရှိပါတယ်။

ကျနော်က ဘာမဆိုကြိုတင်ပြင်ဆင်တတ်သူ အပြောင်းအလဲမမြန်တဲ့သူ။

သူကတော့ပြောင်းပြန် ဒီကိုသွားမယ်ဆိုလုပ်ပြီးမှ ဟိုကိုပြောင်းသွားချင်တဲ့သူ။

မရောက်ခင်က သွားချင်ပြီးရောက်ပြီးတာနဲ့ပြန်ချင်သူ။

ကျနော်က ရောက်တဲ့နေရာမှာဓါတ်ပုံရိုက်ချင်တဲ့သူ။

ရိုက်ပြီဆိုရင်လဲမပြီးနိုင်မစီးနိုင်။

အဲဒီအခါမျုးိမှာတော့ သူက နေကြာစေ့တစ်ထုပ်နဲ့စိတ်ရှည်လက်ရှည်ထို်င်စောင့်တဲ့အခါစောင့်။

ကျနော်ကြာလွန်းတဲ့အခါ စိတ်ကောက်ပြီး ဂျီတို်က်တဲ့အခါတို်က်ပေါ့။

ဒါပေမယ့်အများအားဖြင့်သာယာပါသည်လု့ိပြောနို်င်ပါတယ်။

 

သူတို့မိသားစုဘဝအကြောင်းလေးကလဲစိတ်ဝင်စားစရာ။

သူမွေးဇာတိကတော့မူဆယ်မြို့။

သူ့အဖေက တရုပ် အမေကရှမ်းလူမျိုး

သူတို့အမေက မူဆယ်နဲ့ရွှေလီကြားက ရွှေလီမြစ်ကမ်းနံဘေးကရှမ်းရွာလေးမှာနေတဲ့သူ။

သူတို့အဖေကတော့ ရွှေလီထဲကနေ မြစ်ဆိပ်ကိုလာပြီး ကုန်တွေတိုက်တဲ့သူ။

သူတို့အမေတို့လိုမိန်းမတွေ တွေက မြစ်ဆိပ်ကိုလာဈေးရောင်း။

ဒီမှာတင်သူ့အဖေနဲ့အမေအိမ်ထောင်ကျ။

အဲဒီတုန်းကတော့ရွှေလီဖက်က ဆင်းရဲကျပ်တည်းနေတဲ့အချိန်။

မူဆယ်ဘက်ကတော့ စည်ကားသိုက်မြိုက်။

သူ့အဖေက မူဆယ်ဘက်လိုက်လာပြီးကုန်စုုံဆိုင်လေးဖွင့်ပါတယ်။

နောက်တော့ မူဆယ်နဲ့မန္တလေးဘက်ကို ကုန်ကားမောင်းပါတယ်။

နောက်တော့သူ့ညီကနေ အရင်းအနှီးစိုက်ထုတ်ပေးပြီးကားထောင်လို်က်ပါတယ်။

သူများပစ္စည်းနည်းနည်းသူတို့ကုန်များများတင်ပြီး မန်းလေးကိုဆင်း။

မှောင်ခိုပစ္စည်းတွေတစ်ခေတ်ကောင်းခဲ့တဲ့အချိန်ပေါ့။

တော်တော်လေးကို စီးပွားတက်ခဲ့တယ်လို့ပြောပါတယ်။

တစ်ရက် ကွတ်ခိုင်အဆင်းလမ်းမှာ ဘရိတ်ပေါက်လာတဲ့ကားတစ်စီးက

သူ့အဖေကားကိုဝင်တိုက်။

ကားကချောက်ထဲကျ၊

ကားရောလူရောကုန်ရော ဆုံးရှုံး။

သူ့အမေနဲ့ သူတို့မောင်နှမလေးယောက်လောကထဲကျန်ခဲ့။

အဲဒီအချိန်မှာသူ ခပ်ငယ်ငယ်အချိန်ပေါ့.။

သူ့အမေကတော့ကုန်စုံဆိုင်လေးကိုဆက်ဖွင့်ထားရင်း သူတို့မောင်နှမကို

မျက်နှာမငယ်အောင်ထားခဲ့ပါတယ်။

 

သူတို့ဦးလေးကလဲ သူ့အကိုတစ်ယောက်လုံးဆုံးပါးသွားတဲ့ကားလုပ်ငန်းကိုစွန့်လွှတ်လိုက်ပါတယ်။

ဘဏ်တွေခေတ်မစားခင်ဆိုတော့ ငွေလွှဲလုပ်ငန်းကို စတင်လို့အကောင်အထည်ဖော်ပါတယ်။

သူ့ဦးလေးက အကွက်မြင်တဲ့လူဆိုတော့ ရွှေလီ-မူဆယ်-မန်းလေး သုံးနေရာချိတ်ဆက်ပြီး

ငွေလွှဲလုပ်ငန်းလုပ်ပါတယ်။

သူအကိုတွေကတော့ အလုပ်လုပ်ရင်းအိမ်ထောင်ကျ။

ပညာတော်တဲ့သူ့ကိုတော့ သူဦးလေးက မန်းလေးခေါ်ထား ဘွဲ့ရတော့သူတို့အလုပ်ထဲမှာဝင်လုပ်ခိုင်းပါတယ်။

သူဒီမှာအလုပ်လုပ်နေချိန်မှာသူနဲ့ကျနော်တွေ့ကြတာပေါ့။

ပူပြင်းလွန်းတဲ့ နွေတစ်ညမှာတော့ ကျနော်နဲ့သူ့ရဲ့ရီးစားမဟုတ်ဘာမဟုတ်ဇာတ်လမ်းလေးကို

အဆုံးသတ်မယ့်ရက်ရောက်လာပါတော့တယ်။

?????????????????????????????????????????????????????????????????????????????????????

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး

(2-7-2012)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

24 comments

  • မောင်ပေ

    July 3, 2012 at 9:14 am

    ” လူကော ရေချိုးရဲ့လား ဟင် ”
    ကျုပ်တွေ့ဖူးခဲ့သလောက်.. သူလဲ ဦးပေပါဘဲ
    ဟီဟိ
    ဖတ်ရတာ ဟက်ထိသွားပြီဗျို့

  • water-melon

    July 3, 2012 at 9:15 am

    ခမ်းဟွမ်ဆိုပါ့လား
    နာအဒေါ်များလားမသိ
    အဟီ

  • ညလေး

    July 3, 2012 at 9:43 am

    စိတ်ဝင်စားဖို.ကောင်းတဲ……..လေးပေါက်ရဲ့….528+1500=?????
    ကောင်မလေးကတော်တော်ချောမှာပဲနော်….
    လေးပေါက်ပဲအရေးအသားကောင်းတာလားမသိ.အဟိဟိ
    “ခမ်း”တဲ့ကျောချမ်းထှာ………
    ဆက်လက်အားပေးဖို.စောင့်မျှော်ရင်း…….
    လက်မအကြီးဆုံးထောင်သွားပါတယ်နော်

  • ကိုရင်မောင်

    July 3, 2012 at 10:17 am

    ဒီအရေးအသားတွေမဖတ်ရတာကြာပြီ ကိုပေါက်ရေ…
    တကယ်စိတ်ဝင်စားဘို့ကောင်းလာပြီနော်…..
    မြန်မြန်သာဆက်ရေးပါ ဆရာပေါက်ရေ…..

  • မွန်မွန်

    July 3, 2012 at 10:39 am

    ကောင်းခန်းမှ မီးက ပျက်ပြီ…လေးပေါက်… မြန်မြန်လေးနော်…စောင့်နေတယ်…

  • ရဲစည်

    July 3, 2012 at 11:01 am

    တောက်စ်…………(မူရင်း ဂဂ)
    ၂၀၀၉ တုန်းဂတဲ့
    အခု ၂၀၁၂ သူ့မွေးနေ့က ဒီနေ့ _၄ ပြည့်တယ်
    လွန်ခဲ့တဲ့ ၃နှစ်လောက်က ဆိုတော့ …………
    လာစမ်း အဖိုးကြီး အသက်ကြီးမှ တော်တော် ကမြင်းကြောထတယ်ပေါ့လေ
    ဘာတဲ့ သူ့ အသားကဖြူဆွတ်ဆွတ် ကျနော်က ညိုမောင်းမောင်း
    ရှင့်ဗိုက်က ဘယ်ရောက်သွားလို့ ထည့်မပြောတာတုန်း ဟင်း…..လာထား တွေ့မယ်……. 🙁

    မဒမ်ပေါက် ကိုယ်စား 😀

    ကောင်းသော မွေးနေ့ဖြစ်ပါစေ လေးပေါက်ရေ….

  • kyeemite

    July 3, 2012 at 11:28 am

    အစကတော့ သူနဲ့ကျနော်ဆိုင်ကယ်တစ်စီးစီ။
    နောက်တော့ ဆီအပိုကုန်တယ်ဆိုပြီး ဘယ်သွားသွားကျနော်က သူ့အိမ်ကိုဝင်ခေါ်ပါတော့တယ်။

    လုပ်လာပီ…မသိခက်အုံးမယ်..ချွေတာတာကလည်း
    မှတ်သားလောက်ပါတယ်ဗျ….မှတ်သားလောက်ပါတယ်..အဟီး
    ဖတ်လို့ကောင်းနေပါမှ…ရပ်ပစ်တယ်..လူဇိုး..

  • mamanoyar

    July 3, 2012 at 11:39 am

    လေးပေါက် ရေးတာမိုက်တယ်
    စောင့်နေတယ်နော် မြန်မြန်ဆက်ရေးဦး

  • shwe kyi

    July 3, 2012 at 4:24 pm

    လေးပေါက်ရေ လေးပေါက်ရဲ့ ဒီလိုပို့စ်ကို ရွာထဲရောက်ပြီး ပထမဆုံးဖတ်ဖူးတာပါ။
    လေးပေါက်က ဒါမျိုးလေးလဲရတာပဲနော်။
    စောင့်ဖတ်မယ်။

  • ဒါမျိုးလေးတွေရှိပါ့ မရွှေကြည်ရေ ။

    1 မမျှော်လင့်သော
    2 အလွမ်းဇာတ်ကလေးနားထောင်ရင်း
    3 ဝေး ဝေး ဝေး
    4 ကွာဝေးသောရက်စေ့ရည်တွက်သော်
    5 တိမ်းလွယ် ယိမ်းနွယ် စိမ်းဖယ်
    6 ချစ်စထုံးနှောင်
    နောက်ရက်လင့်လေးတွေပြန်ရှာပေးပါမယ်။
    ဂူးဂဲလ်ဆပ်ချ် မှာ ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး လို့ရိုက်ထဲ့ရင် ကော်နက်ရှင်ကောင်းတယ်ဆို ကျလာမှာပါ
    ကျေးကျေး

  • mihninlay

    July 4, 2012 at 10:47 am

    လေးပေါက်ရေ ဒုတိယပိုင်းကိုဆက်လက်စောင့်မျှော်နေပါကြောင်းးးးးးး

  • Yin Nyine Nway

    July 4, 2012 at 12:51 pm

    လေးပေါက် ရှမ်းနဲ့ တော်တေ်ာ ဆက်နေဘီနော်
    နောက် တန်ဆောင်တိုင် လေးပေါက်ကို စပွန်စာပေးမယ်
    ဘီးရင် ဇတ်လမ်းတပုဒ်ရေးခိုင်းမယ်
    တောင်ကြီးတက္ကသိုလ် မဂ္ဂဇင်းထဲ ထည့်ရအောင်
    အားပေးတွားဒယ်လေးပေါက်
    ဒုတိယပိုင်း မျှော်…..

  • မဂွတ် ထော်

    July 4, 2012 at 1:26 pm

    ဟုတ်ကဲ့ အပိုင်း (၂) ကိုမျှော်နေပါတယ်

  • aye.kk

    July 4, 2012 at 5:16 pm

    ကိုပေါက်..
    ဖတ်လို ့အရမ်းကောင်းပါသည်။
    ဆက်မျှော်လျှက်…ပါ။

  • padonmar

    July 4, 2012 at 10:59 pm

    ရသစာပေဆုပေးရင် ကိုပေါက်ပဲ ယူသွားမှာ။

  • ကျနော်ဝင်မပြိုင်ပါခင်ဗျာ။
    လူငယ်တွေကို ဦးစားပေး ပါတယ်။
    ကျနော်တို့ဝင်ပါရင် ဘယ်တရားမလဲနော်
    သူများရေးတာကို အားပေးမယ်

  • MaMa

    July 5, 2012 at 8:06 am

    ကိုပေါက်ရေ-
    စာတွေမန့်ပြီး ပျောက်ပျောက်သွားတတ်လို့ စုံထောက်ကြီးအောင်တိုက်ကို ခေါ်ရမလို ဖြစ်နေပြီ။

    စိတ်ကူးပေါ်ရာရေးထားပြီး ဘယ်သူတွေ ဘာတွေများ မန့်ထားသေးလဲလို့ ပြန်ဝင်ကြည့်တော့မှ …..
    ကိုယ်မန့်ထားတာကို မတွေ့တော့ဘူး ဖြစ်နေတယ်။

    ကွန်မကောင်းတာကိုပဲ အပြစ်ပြောရမလား။
    ဒါမှမဟုတ် ကိုယ်ပျောက်ပဲ ရသွားကြတာလား မသိ။ 🙁

    နောက်ဆက်တွဲ ဘာလာမယ်ဆိုတာ မသိပေမယ့် ခမ်းဟွမ် အဖြစ်က ချောမွေ့နေသလိုပဲ။
    နွေးသီးကတော့ ဇာတ်နာတယ် ပြောရမယ်။
    နောက်ဆုံးမှာ Happy Ending လေးနဲ့ အဆုံးသတ်သွားတာကိုလည်း ကြိုက်တယ်။
    အမှန်တော့လည်း တကယ့်လက်တွေ့ဘဝထဲမှာ Sad Ending တွေနဲ့ အဆုံးသတ်သွားတာတွေကလည်း အများကြီးပါ။
    ကြုံရင်တော့ ကြည့်ခဲ့ဖူးတဲ့ တရုတ်သိုင်းကား တစ်ခုထဲက အဆုံးသတ်လေးတစ်ခုကို ပြောဖြစ်ဦးမှာပါ။
    ပရိတ်သတ်က ဟာကနဲ ဖြစ်သွားအောင်၊ ရင်ထဲမှာ စွဲကျန်နေအောင် ဖြစ်သွားစေခဲ့တာ။

  • metallic

    July 7, 2012 at 11:39 pm

    34-35ကြား 81လမ်းတဲ့ ????????????
    မျက်စိထဲမှာ ရေးရေးသာထင်တော့သည်
    မန်းလေးမြို့ကြီးကို ကိုယ်ကချစ်ပေမယ့်

    သုံးနှစ်ကျော်ကျင်လည်ဘူးတဲ့ သံရောဇဉ်တွေက
    အချိန်ကာလရဲ့တိုက်စားမှုကိုမခံနိုင်ပါလား။

  • မြင်အောင်ပြောပြရရင် အရင်ဒေသကောလိပ်ရဲ့ နောက်ကျောဘက်လမ်းလေးလေ။
    အဲဒီနားမှာမိန်းကလေးအဆောင်ရှိတော့ ညည ဆို အဆောင်မျှော်တီးဝိုင်းလေးတွေရှိတယ်လေ။

Leave a Reply