ဖြစ်ချင်တာလေးတစ်ခုအတွက် တောင်းဆုတစ်ခုသာ ပြည့်မယ်ဆိုရင်…..

လောကကြီးမှာ…
နေရတဲ့ အချိန်ကာလတစ်ခုက ခဏလေးရယ်ပါ…
ဒီကမ္ဘာကြီးထဲမှာ…
နင်ရယ် ငါရယ် ရှိနေခဲ့တယ်…
ကျယ်ပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ…
တစ်ကယ်တမ်းတော့ ကမ္ဘာကြီးက..
ကျဉ်းကျဉ်းလေးနဲ့……
နင်ရယ် ငါရယ်တွေ့ဆုံခွင့်တွေပေးပြန်တယ်နော်…

တွေ့ဆုံခြင်းတွေ အစပြုလို့…
ခွဲခွာဖို့ဆိုတာ လည်းဖြစ်လာပြန်တယ်…
ဒီလိုမှန်း ငါမသိခဲ့လိုက်မိဘူး…
အမှတ်တမဲ့နဲ့ ငါမေ့နေခဲ့လိုက်တာ…
လောကကြီးက ဆန်းဆန်းပြားပြားနဲ့…
အမှတ်တရတွေစုဆည်းပြီး…
စိတ်ပျက်စရာတွေလည်း ပေးခဲ့ပြန်ပြီ…

င့ါအတွက်တော့….
တွေ့ဆုံခြင်းတွေက ….
ခွဲခွာခြင်းရဲ့ လမ်းစတွေဆိုရင်…
ငါ……….
ဘယ်သူနဲ့မှ မတွေ့ဆုံချင်တော့ဘူး…
ငါလေ အရာအားလုံးကို စိတ်ကုန်လိုက်တာ..
တစ်ချို့ကလည်း င့ါကိုစိ်တ်ပျက်မိကျမှာပဲ..
ငါကလည်း အရေးကို မစိုက်တာပါ…

အင်းးးးးးးးး
နောက်ဆုံးတော့လည်း ဒီလိုပါပဲဟာ..
ဖြစ်ချင်တာတွေမဖြစ်ပဲ….
ဖြစ်သင့်တာတွေ ဦးစားပေးနေရတဲ့ဘဝမှာ….
ဖြစ်သင့်တာတွေ ဖြစ်နေပြီးရင်တော့…
ဖြစ်ချင်တာလေး တစ်ခုအတွက်….
တောင်းဆုတစ်ခုသာပြည့်မယ်ဆိုရင်……….
ဖြစ်ချင်တာလေးတစ်ခုတော့ ဖြစ်ခွင့်ရချင်ပါတယ်…။

13 comments

  • mamanoyar

    July 2, 2012 at 11:06 am

    တစ်ခါတစ်လေတော့လည်း
    အဝေးဆုံးကိုထွက်ပြေးသွားချင်ပါတယ်

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 11:06 am

      တာ့တာ

  • မွတ်တူးစွတ်ပတား

    July 2, 2012 at 11:16 am

    တလေးမလေး ဒီတခါကော
    ဘယ်ကကူးလာပြန်ပြီလဲ

  • htoosan

    July 2, 2012 at 11:18 am

    ဘာဖြစ်ချင်တယ်ဆိုတာလေးလဲ ထည့်ပြောလိုက်ပါလား…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 2, 2012 at 11:21 am

    အင်း ပြောချင်နေတာနဲ့….တွေ့နေတာ ….
    ဖြစ်နေတာနဲ့….မြင်နေတာ…
    လက်တွေ့မှာ..လမ်းလွဲေတွေလည်း….
    ရှိနေတော့ ခက်သား….
    ခံစားချက်တစ်ခုနဲ့လည်း ကဗျာတစ်ကြောင်းမစပ်တတ်တော့လည်း…
    စာစုလေးတစ်ခုအဖြစ် တင်မိပြန်တော့…….
    ငါပဲမှားတာပါ……
    လောကကြီးမှာ တရားမျှတမှုတွေ..
    ဘယ်ရောက်နေလို့………..?????????
    င့ါအဖြစ်က ဆိုးနေတယ်….။။။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 11:25 am

      လက်တကမ်းရောက်ပီးမှ ကျကွဲသွားတဲ့ ဖလား ကမှ
      ပိုဆိုးပါသေးတယ်ကွယ်…
      ဖလား နဲ့ မဖြေ တရားနဲ့ ဖြေပေတော့ပဲ …
      ဗျဲ….

      🙁

  • ခပ်မိုက်မိုက် ကောင်မလေး

    July 2, 2012 at 11:42 am

    မိုက်လေးက..ကဗျာဆရာမတစ်ယောက်မဟုတ်တော့လည်း..
    ခက်သားပဲလေ..လက်တကမ်းရောက်ပြီး…
    ကျကွဲသွားတဲ့ အရာကမှတော်သေး…
    ပုတ်ခတ် ပြောဆိုမှုတွေ ရှိနေတယ်ဆိုတာ…
    မသိလို့မဟုတ်ဘူး..သိသိကြီးနဲ့..
    ရှေ့ဆက်မိလေတော့လည်းးးးးးးးးးးးးးးးးးးးးး
    ဖြစ်တတ်ပါတယ်..ဒါကအမှန်တရားပဲ…
    အမှန်တရားကို လွန်ဆန်လို့မှမဖြစ်တာ……..။။။။။။။။။။။။

  • eipu

    July 2, 2012 at 11:47 am

    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်……………………..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 2, 2012 at 11:54 am

    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့…..
    ဟုတ်ပါတယ်…ဖြစ်ချင်တာလေး တစ်ခုတော့..
    ဖြစ်ခွင့်ရချင်ပါသေးတယ်…..။

  • မောင်ပေ

    July 2, 2012 at 12:13 pm

    ပြည်သူတွေမြှောက်စားပြန်….
    နောက်တစ်ခါ လာပြန်ဘီဟေ့
    ဟေ……..ဟေးးးးးးးးးးးးးးးးးးးးးးး

  • ခပ်မိုက်မိုက် ကောင်မလေး

    July 2, 2012 at 2:28 pm

    နောက်တစ်ခါလာတာမဟုတ်ပါဘူး ဦးပေ…
    မိုက်လေး …ဒီစာကိုရေးလိုက်တာ…
    အရမ်းဝမ်းနည်းမိလို့ပါ…
    ဒါကနောက်ပြောင်နေတာ မဟုတ်ပါဘူး…
    မိုက်လေး..ရဲ့တောင်းပန်စာမရေးခင်..
    ဒီပို့(စ်) ကိုစိတ်ထဲရှိရာ ချရေးပစ်လိုမိရုံလေးပါ…
    မိုက်လေး..ကိုနားလည်ပေးစေချင်ပါတယ်…
    ခင်မင်လျှက်………..။။။။။။။။။။။။။။။။။။။။။။။။။

  • ဇောက် ထိုး

    July 2, 2012 at 8:58 pm

    ခပ်မိုက်မိုက် ကန်မလေးရေ… ပန်းကလေးဆိုတဲ့ နာမည်နဲ့အတူ… ငါသိနေတာတွေ ပြောရရင်…
    ဖြစ်ချင်တာတွေ ဖြစ်ကုန်ကြရင် လောကကြီးတကယ်ကောင်းသွားမှာလား…
    ဆုတောင်းကြတိုင်း အားလုံးပြည့်စုံသွားကြရင်…
    ရွှေလက်ကို လိုချင်သောဘုရင်ကြီး ဆိုတာ ကြားဖူးမှာပါ။နော်။
    ဦးပိန်တံတားကို အမတစ်ယောက်လောက်နဲ့ အလည်သွားပြီး ဖြေလိုက်ပါလား…

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 10:09 am

    ဦးပိန်တံတား လည်းမရောက်ခဲ့ပါဘူး…
    အန်ကယ်ဇောက်ရယ်…
    အန်ကယ်ဇောက်က ..ပန်းကလေးကို…
    ဘယ်လိုသိတာလဲဟင်…ဟီးးးးးးးးးးးးးး
    2 ကိုယ့် 1 စိတ်များသုံးနေတာလားဗျ…
    :p

Leave a Reply