မိုက်လေး ရဲ့ တောင်းပန်စာ…

မိုက်လေး..က ကဗျာဆရာမတစ်ယောက်မဟုတ်သလို…
ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုနဲ့လည်း….
ကဗျာ တစ်ပုဒ်ဖြစ်အောင် မိုက်လေး မစပ်တတ်ပါဘူး…
စာစုလေး တစ်ခုအဖြစ် တင်မိရေးမိတာလေး တစ်ခုပါပဲ…
မိုက်လေး ရေးခဲ့သမျှ တင်မိခဲ့သမျှ တိုက်ဆိုင်မှုဆိုတာလည်း ရှိပါတယ်…
ဘယ်သူရေးတယ်.. ဘာတွေဆိုတာ မိုက်လေး သေချာမသိခဲ့ပါ..။

မိုက်လေး အီးမေးလ် ထဲသူငယ်ချင်းတွေ ပို့ပေးတဲ့ စာစုလေးတွေ ရှိပါတယ်..
မိုက်လေး ကြိုက်တယ် သဘောကျတယ်ဆိုရင် ထပ်ဆင့် ရှယ်မိတာတွေလည်း ရှိပါတယ်..
တစ်ချို့ အတွက် မိုက်လေး ပို့(စ်) တစ်ခုမှာ ဝန်ခံချက်တွေ ရှိပါတယ်…
တစ်ခါတစ်ခါ ဘာမှ မရေးလိုက်မိတဲ့ အဖြစ်မျိုးတွေလည်း ရှိနေပါတယ်…
ဒီမန်းဂေဇက်မှာ ဘာအရေးအသား မှ မရေးတတ်တဲ့ မိုက်လေး အတွက်..
စာရေးမှုနှုန်း အရင်ကထက် ရေးတတ်နေပါပြီ…။

အဲ့ဒီအတွက် မိုက်လေး မန်းဂေဇက် ကိုအထူးကျေးဇူးတင်ပါတယ်…
မိုက်လေး ရေးသမျှ ကောမန့်ပေးသမျှတွေမှာ….
ပြောဆို ရိုင်းခဲ့တာတွေ ရှိခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်…
နောက်ပြီး…မိုက်လေး ဘာစာကိုမှ လည်းရေးချင်စိတ်မရှိတော့ပါဘူး…
ဒါပေမယ့် မန်းဂေဇက်က သူငယ်ချင်းများအားလုံးကို မိုက်လေး ခင်ပါတယ်…
အစစအရာရာအတွက်လည်း မိုက်လေး ထပ်ပြီး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်နော်…
မန်းဂေဇက် မှ သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့…
မိုက်လေး ရင်ထဲကနေ ဆုတောင်းပေးပါတယ်နော်….။ ။

ခင်မင်လျှက်…မိုက်လေး

24 comments

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 12:22 pm

    ကျုပ် အငိုတိတ်မှ ညည်းကို ပြန်လာချော့ပါ့မယ်အေ…
    ဟင့် …
    🙁

    • စိန်ဗိုက်ဗိုက်

      July 2, 2012 at 12:23 pm

      နာမည်နဲ ့ ပုံနဲ ့ကြည့်ပြီး ကျော်လဲ ငိုချင်လာဘီ..
      b…..အီး..အီး..အီး..

      • water-melon

        July 2, 2012 at 12:24 pm

        အီးညစ်နေတာထင်တယ်
        အဟီ
        စိန်ဗိုက် ချူပေးလိုက်စမ်း ကတ်စပါနဲ့

      • ဇောက် ထိုး

        July 2, 2012 at 9:02 pm

        မျက်နှာရဲ့ ရှေ့နားမှာ အစက်လေး နှစ်စက်..သုံးစက် တွေ့ရပါတယ်။ မျက်ရည်လား… ပုလင်းက ထွက်တာလား။ဦးဗိုက်။

    • water-melon

      July 2, 2012 at 12:23 pm

      ဒီလူကလည်း စိမ်မမှန်ဘူးထင်တယ်
      နာမည်တွေအမျိုးမျိုးပြောင်းနေတယ် :mrgreen:

      • ပစ်စလက်ခတ် မျက်ရည်

        July 2, 2012 at 12:25 pm

        ကျုံးကိ ရယ် …ညည်းကို လှည့် ရန်မလုပ်အားသေးပါဘူး …
        ငိုလို့ ဝ မှ ပြန်ခဲ့တော့မယ် အေ…
        ဟင့် ဟင့် … ကျအု ကျအု..
        🙁

        • water-melon

          July 2, 2012 at 12:29 pm

          အော်
          နိုနဲ့နော် တိတ်တိတ်
          တိုတိုဖတ်ထားမယ်နော်
          ဒီလိုလေးလားဟင် ( 4-0 )
          အဟတ် အဟတ် 😥

  • water-melon

    July 2, 2012 at 12:22 pm

    အထင်အမြင်တွေမှားတာနေမှာပါ
    နောက်ဆို ကူးလာတယ်ဆိုတော့ ကူးလာတယ်လို့ပြောပေ့ါ
    အဟီ ခင်တတ်ပါတယ်ဗျာ
    လာတော့မကြောနဲ့ပေါ့
    မရေးချင်လဲနေပေါ့ဂျာ
    ပြန်လာမယ်ဆိုရင်တော့ ဝယ်ကမ်းပါ 😆

  • မောင်ပေ

    July 2, 2012 at 12:26 pm

    နောက်တစ်ခါ လာပြန်ပြီတဲ့
    အို…လာ…လာ…လာ…လာ
    ဝါးးးးဝါးးးးဝါးးးး
    ဗွမ်းဗွမ်းဗွမ်း ( မြည်သံစွဲ အလင်္ကာ )
    ဘာကို မြည်သံစွဲတာလဲ ဆိုတော့
    water ကူးတာ
    ဝါးတားကူးတာကို အပြစ်မတင်ကြပါနဲ ့နော်
    နော်ဆို
    ဆို
    ဆို
    ချို

    • water-melon

      July 2, 2012 at 12:30 pm

      ဟိတ်လူကြီး
      ကျူပ်ရဲ့ water ကို ထည့်မလုပ်နဲ့လေ
      မူပိုင်ခွင့်နဲ့တရားစွဲလိုက်ရမလား 😀

      • ဘဲဥ

        July 4, 2012 at 9:59 am

        အမလေး…. ကျေးဇူးတင်တာတော် …..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2012 at 12:30 pm

    လူအထင်ကြီးအောင် ဝင်ဟဲအုန်းမှ ကွိကွိ
    ဘယ်နေရာမှာလည်းတော့မသိဘူး ပြောခဲ့ဘူး/ဖူး ပြီးပြီ ခုကကြုံလို့ လုပ်စားတာ
    ကြားဘူး/ဖူး မှာပါ အဖေကိုသတ်တဲ့ အဇာတသတ် ဘုရင်အကြောင်း အမှားကြီး ကြီးကျယ်စွာမှားခဲ့တယ်လို့တော့
    ဆိုသပေါ့ 😀
    အဲ့သည်ဘုရင်ကြီး မြတ်စွာဘုရားရှင်တော်မြတ်အဆုံးအမကို ခံယူပြီးတဲ့နောက် ကိုယ့်အမှားကိုယ်သိပြီး
    မြတ်စွာဘုရားရှင်တော်မြတ်ကို ဝန်ချတောင်းပန်ပုံနဲ့ မြတ်စွာဘုရားရှင်တော်မြတ် ရဲ့ တစ်ဖက်သားအပေါ်
    သဘောထားပုံလေး သိပ်ကောင်းတယ် ထင်ဒါဘဲ ( အထင် )
    ဆိုခဲ့ပြီးသလို အနှီးအဲ့သည်ဘုရင်ကြီးက မိမိအမှားကို မိမိသိလာတဲ့အခါ
    ………………………………
    ဒီဃနိကာယ် – သီလက္ခန်ပါဠိတော် – သာမညဖလသုတ်
    ၂၂၉ ။ ။ အသျှင်ဘုရား မိုက်သည့် အလျောက်တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည်
    အကျွန်ုပ်ကို လွှမ်းမိုး သွားခဲ့ပါ၏၊
    အကျွန်ုပ်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ဟူသော အကြောင်းကြောင့်
    သတ်ခဲ့မိပါ၏၊
    မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု လက်ခံတော်မူပါ အသျှင် ဘုရား
    ဟု လျှောက်၏။
    ( အဲ့သည်လိုလျှောက်လိုက်တဲ့အခါ မြတ်စွာဘုရားရှင်တော်မြတ်ကလည်း အောက်ကအတိုင်းဘဲ )
    ၂၅၁။ မင်းကြီး မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက်
    အပြစ် သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊
    သင်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို သတ်ခဲ့မိ၏၊
    မင်းကြီး သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အပြစ်အား လျော်စွာ ကုစားသောကြောင့်
    သင်၏ ထို (အပြစ်) ကို (အပြစ်ဟု) ငါတို့ လက်ခံကုန်၏၊
    မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊
    (ထိုသူ၏) ဤ (ကုစားစောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်းအဆုံးအမ၌ ကြီးပွားခြင်းပင်တည်းဟု မိန့်တော်မူ၏။
    …………………
    ဒါကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်ထင်လို့ တောင်းပန်တာဘဲ
    တောင်းပန်ပါလျှက်မှ မကြေနပ်ကြရင်လည်း
    ထမိန် အလံသာထူးဘလိုက်
    ကိန်ကိန်

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 2, 2012 at 12:34 pm

      ကုန်ပါဘီ ကုန်ဘာဘီ
      တူတို့ဘာသာ ရေးခြင်တာရေး ပြောခြင်တာပြော
      ဆဲလိုက်ဆိုလိုက် ခိုးကူးလိုက် တောင်းပန်လိုက်
      ကုန်ဘာဘီ ကျုပ်ခေါက်ဆွဲပြုတ်စားပြီးစုထားဒဲ့ စည်းဇိမ်ဒွေ
      ပုံ
      ဒညင်းသီး

  • mayjuly

    July 2, 2012 at 12:36 pm

    ဘာဒွေ ဖစ်ကြဒါလဲ အင် …

    အော် … အင်း… ဂလိုလားးးး

    တိဘူး ….. 😀

    ပျော်ရွှင်ပါစေ ဟူသော ဆန္ဒတစ်ခုဖြင့် သာ ….

  • မွန်မွန်

    July 2, 2012 at 1:07 pm

    ဘာတွေဖြစ်သွားတာလဲဟင်..တစ်ရက်ကလေး မဝင်မိပါတယ်..တောင်းပန်စာတွေ ဘာတွေ တက်လာပါလား… 🙁

  • Crystalline

    July 2, 2012 at 1:53 pm

    မိုက်လေး…မိုုက်လား..မိုက်လား..မိုက်လား..မိုက်လား..မိုက်လား? (စိုင်းစိုင်းခမ်းလှိုင်သီချင်း) မိုက်လေးလည်း ဘောပွဲရှုံးလို့ ငိုချင်ရဲ့လက်တို့ဖြစ်သွားတာထင်တယ်.. 🙂

  • ညလေး

    July 2, 2012 at 2:13 pm

    မိုက်လေးရယ်……ဘာမှစိတ်ညစ်မနေနဲ.နော်…….
    သများတွေတောင်……..ဝက်ဝက်ကွဲရှုံးကြတာ(4-0)တဲ.အဟိဟိ ..မမပိန်ကတွယ်သွားတာ…..
    မမအီငိုရော……..
    ငိုတာပဲရှိတယ်….ဘာမှမဖြစ်ဝူး…
    စိတ်ညစ်နဲ.နော်……

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 2:17 pm

      ဟင့် မျက်ရည်မြစ်တွေ တမံကျိုးပါပေါ့

      ဗြဲ.

  • myanmarcitizen

    July 2, 2012 at 3:08 pm

    အားလုံးငါ့အပျက်တွေပါကွယ်။ မိုက်လေးရယ် မရေးပဲနဲ့တော့မနေပါနဲ့ဂျာ ဆက်ရေးပါဂျာ အားပေးနေပါတယ်။
    “အမေဆိုသည်မှာ……..!!!” Post က ကဗျာလေးကို link လေးတစ်ကြောင်းနဲ့ ထောက်ပြမိခဲ့ပါတယ်။ ဒါကလဲ Credit ပေးရန်မေ့နေတဲ့ post ပိုင်ရှင်ကို Credit ပေးရန်သတိပေးတဲ့ စေတနာ link လေးပါ။ တစ်ခြားဘာရည်ရွယ်ချက်မှမရှိပါဘူးခင်ဗျာ။ ဒါကလဲ လူတိုင်းဖြစ်တပ်တာပါ တင်ချင်စောနဲ့ မေ့သွားတာလဲ ရှိမယ် နောက်ပြီး တခြားအကြောင်းကြောင်းတွေကြောင့်လဲမေ့နိုင်ပါတယ်။
    ကိုယ်တိုင်ရေးတာမဟုတ်ရင် တကယ်ရေးတဲ့သူက ပြသနာ ရှာနိုင်တဲ့အတွက် စေတနာနဲ့ ဝိုင်းဝန်းထောက်ပြ ကြတာပါ။ ဒီအတွက်နဲ့တော့ စာမရေးဘူးဆိုပြီးတော့မလုပ်ပါနဲ့။ ဆက်ရေးပါ .. အားပေးနေပါ့မယ်။

  • TNA

    July 2, 2012 at 6:45 pm

    ဖြစ်ကြပြန်ပီလားဟယ်။ အသစ်ကလေးရယ်။ ကြိုးစားကြည့်ပါအုံး။ ပြန်ဆွေးနွေးလို့ရတဲ့ ကိုယ်တိုင်ရေးစာ ငယ်ငယ်ကအတွေ့အကြုံ လမ်းသွားရင်းတွေ့လာတဲ့ထူးခြားဖြစ်စဉ်လေးတွေ။ ကြိုးစားရေးကြည့်ပါ။ အဲဒါမှ လဲ ဖွင့်ရတဲ့အချိန်တွေအတွက် ဖတ်ရတဲ့သူတွေလဲ တန်ဖိုးရှိသွားတာပေါ့။

  • ရဲစည်

    July 2, 2012 at 7:22 pm

    ဒါဂ ဒီလို ရှိပါတယ် ခေးမရယ်
    စီမံချက်ကာလပေါ့….. အဲ စီမံချက်ကာလမှ ခေးမက ဦးထုပ်မဆောင်း လိုင်စဉ်မပါတဲ့အချိန်နဲ့ သွားတိုးတော့ ဒီလိုဖြစ်သွားတာပါ
    ဆိုတော့ ကိုယ်တတ်သလောက် မှတ်သလောက်နဲ့ ရေးတင်တာက တခြားဟာတွေထက်စာရင် ပိုတာသွားလိမ့်မယ် ထင်ပါတယ်
    ရှည်ရှည်ဝေးဝေးတော့ မပြောလိုပါ ဂေဇက်က လူတွေက မရိုင်းပါဘူး..ခုလတ်တလော ဖြစ်နေတာက အဲ့ဒိ စီမံချက်ကာလကြောင့်
    ဖြစ်တာပေါ့ကွယ် … ငါ့ညီမ တယောက်ချင်းစီကို ကွန်းမင့်ပြန်ပေးနိုင်တယ် ဆိုကတည်းက စာရေးနိူင်မှာပါ ကိုယ်တိုင် အားထုတ်မှု
    မရှိလို့ပါ ဒါမှမဟုတ် အားနည်းနေသေးလို့ပါ နိူင်ငံကျော် စာရေးဆရာကြီးတွေတောင် တနေ့တပုဒ် မရေးနိူင်ပါဘူး………………..
    အရေအတွက်ထက် အရည်ချင်းသာလျှင် အဓိကပါ… အဲဒါလေး ပြောချင်ပါတယ်…

  • snow white

    July 3, 2012 at 5:52 pm

    စနိုးလည်းတူတူဘဲသိလား ခပ်မိုက်မိုက် ရယ် နင်တောင်တောင်းပန်တယ် ဆိုစနိုးတော့ပြောမနေနဲတော့ တောင်းပန်စရာတွေများတယ် ။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 9:52 am

    မိုက်လေး..ကလိုအပ်ချက်တွေ…
    များသွားခဲ့တာပါနော်…
    စိ်တ်မကောင်းပါဘူး…
    အားလုံးကို ကျေးဇူးတင်ပါတယ်…။။

Leave a Reply