ရွာသူရွာသားအပေါင်းတို့ရေ သူများတကာတွေ နိုင်ငံရေးအကြောင်းတွေ
တပျော်တပါးတင်နေတဲ့ အချိန်မှာ ဒီပို့ကိုတင်ရမလားဆိုပြီးအပြစ်တော် အတင်မစောစေချင်ပါဘူး
ဘာလို့လဲဆိုတော့ မြန်မာလူမျိုး တော်တော်များများ ဒီအစားအစာတွေနဲ့မကင်းနိုင်ကြဘူးလေ
နံပတ်( ၁ )အနေနဲ့ ငံပြာရည်အကြောင်းလေးပြောလိုက်ရအောင်
ကျနော်တို့မြန်မာလူမျိုးများအနေနဲ့ကငံပြာရည်ဆိုတာ ပင်လယ်ငါးတမျိုးမျိုးကိုအပုပ်ခံပြီးစီးကျလာတဲ့
အရည်ကို ငံပြပြာရည်ဆိုပြီး မက်မက်မောမောစားသုံးခဲ့ကြတာမဟုတ်လား
ဘိုးစဉ်ဘောင်ဆက် ဟိုးအရင်ပဝေဏသီထဲကပါဘဲ ဒါပေမဲ့ အခုတော့ဒီလိုမဟုတ်တော့ပါဘူး
ကိုယ်တွေ့မျက်မြင်မလို့ ရေးပြပလိုက်ရစေ ငံပြာရည်တအိုးဖြစ်ဖို့အတွက် မှတ်ချက်(ရာဝင်အိုး)တအိုးစာ
ပါ အချိန်အတွယ်ကိုတော့အတိ့အကျမရေးတော့ပါဘူး တော်ကြာလိုက်လုပ်ကုန်မှာဆိုးလို့ပါ။
၁။ တရုပ်ကလာတဲ့ ဓျေးပေါပေါ အချိုမှုန့်ထုပ်တော်တော်များများလိုပါတယ်
၂။ သကြားလဲတော်တော်များများလိုပါတယ်
၃။ ဆားလဲ လိုပါတယ်

အ၇င်ဆုံးအချိုမှုန့်ကိုရေနဲနဲ နဲ့အရေကျိုပါတယ် အေ၇ပျော်သွားရင်ခဏချထားလိုက်ပါတယ်
ပြီးရင် သကြားကို နီရဲလာအောင် (ငံပြာရည်) အရောင်ရလာအောင်ကျိုပါတယ်ပြီးရင်အားလုံးပေါင်းပြီးမိုးပြဲဒယ်ထဲမှာ
စုပေါင်းလို့ရောကျိုပြီး အချိုအငံမြည်းခါ အထက်မှာပြောခဲ့တဲ့ စီးကျရည်စစ်စစ် ၈ ဂါလံခန့်နဲ့ရောသမလို့ ပင်လယ်ကလာတဲ့ မျှင်ငံပြာရည်စစ်စစ်လုပ်ခါဓျေးကွက်အတွင်းတင်ပို့ပါတော့တယ်။ ဒါကငံပြာရည်ကိစ္စပါ။

နံပတ်၂အနေနဲ့ကတော့ ငါးပိကိစ္စလေးပြောပါ့မယ် ငါးပိ့ကြိုက်တဲ့သူများအတွက်တော့ ၀မ်းနည်းစရာပါ
အရင်တုန်းကဆိုရင်ပေါ့ ငါးပိ့ကိုလုပ်တော့မယ်ဆိုရင်လနဲ့ချီပြီးစောင့်၇တယ်လေ ငါးအစိမ်းကိုဆားနဲ့နာနာနယ်
ပြီးရင်အိုးတွေထဲမှာသိပ့်လို့ ၂ လ ၃ လလောက်ကြာမှ ငါးပိ့ကောင်းကောင်းရတာကိုး
အခုဒီလိုမဟုတ်တော့ပါဘူး အရပ်ကတို့ရေ ငါးအစိမ်းရလာတာကိုေ၇ာင်းမကုန်တော့ ပုပ်မယ်လေ
ပုပ်သွား၇င်လဲအရင်းပြုတ်မယ် အခုတော့ ပုတ်ရင်လဲမြန်မြန်ပုပ်ပြီး ငွေပြန်ဖြစ်အောင်ဒီလိုလုပ်ကြပါတော့တယ်
ေ၇ာင်းမကုန်တဲ့ငါးများကို မိုးတွင်းအခါမှာကနေလှမ်းလို့ကလဲမဖြစ်ပြန်ဆိုတော့ဌင်း ငါးများကို စိုက်ပျိုးရေး
လုပ်ငန်းမှာသုံးတဲ့ ပုလဲဓာတ်မြေသြဇာများကို ပက်ဖျန်းပြီးမြန်မြန် ပုပ် မြန်မြန် ငပိ့လုပ်ပြီး မြန်မြန်ငွေဖေါ်
ကြကြောင်း ရွာသူရွာသားအပေါင်းအား ငပိ့ ငံပြာရည်အကြောင်းသတိ့ထားစရာရေးသားလိုက်၇ပါတယ်
(မှတ်ချက် ဌင်းလုပ်ငန်းအားဝိသမဘောဘ စီးပွားရေးသမားများ အမှန်တကယ်လုပ်ကိုင်နေကြောင်းပါ)

About shwe tallatr

shwe tallatr has written 14 post in this Website..