ငပိ့ ငံပြာရည် မသိ့ရင်ဖတ်ကြည့်လေ………………….

shwe tallatrJuly 2, 20121min22821

ရွာသူရွာသားအပေါင်းတို့ရေ သူများတကာတွေ နိုင်ငံရေးအကြောင်းတွေ
တပျော်တပါးတင်နေတဲ့ အချိန်မှာ ဒီပို့ကိုတင်ရမလားဆိုပြီးအပြစ်တော် အတင်မစောစေချင်ပါဘူး
ဘာလို့လဲဆိုတော့ မြန်မာလူမျိုး တော်တော်များများ ဒီအစားအစာတွေနဲ့မကင်းနိုင်ကြဘူးလေ
နံပတ်( ၁ )အနေနဲ့ ငံပြာရည်အကြောင်းလေးပြောလိုက်ရအောင်
ကျနော်တို့မြန်မာလူမျိုးများအနေနဲ့ကငံပြာရည်ဆိုတာ ပင်လယ်ငါးတမျိုးမျိုးကိုအပုပ်ခံပြီးစီးကျလာတဲ့
အရည်ကို ငံပြပြာရည်ဆိုပြီး မက်မက်မောမောစားသုံးခဲ့ကြတာမဟုတ်လား
ဘိုးစဉ်ဘောင်ဆက် ဟိုးအရင်ပဝေဏသီထဲကပါဘဲ ဒါပေမဲ့ အခုတော့ဒီလိုမဟုတ်တော့ပါဘူး
ကိုယ်တွေ့မျက်မြင်မလို့ ရေးပြပလိုက်ရစေ ငံပြာရည်တအိုးဖြစ်ဖို့အတွက် မှတ်ချက်(ရာဝင်အိုး)တအိုးစာ
ပါ အချိန်အတွယ်ကိုတော့အတိ့အကျမရေးတော့ပါဘူး တော်ကြာလိုက်လုပ်ကုန်မှာဆိုးလို့ပါ။
၁။ တရုပ်ကလာတဲ့ ဓျေးပေါပေါ အချိုမှုန့်ထုပ်တော်တော်များများလိုပါတယ်
၂။ သကြားလဲတော်တော်များများလိုပါတယ်
၃။ ဆားလဲ လိုပါတယ်

အရင်ဆုံးအချိုမှုန့်ကိုရေနဲနဲ နဲ့အရေကျိုပါတယ် အရေပျော်သွားရင်ခဏချထားလိုက်ပါတယ်
ပြီးရင် သကြားကို နီရဲလာအောင် (ငံပြာရည်) အရောင်ရလာအောင်ကျိုပါတယ်ပြီးရင်အားလုံးပေါင်းပြီးမိုးပြဲဒယ်ထဲမှာ
စုပေါင်းလို့ရောကျိုပြီး အချိုအငံမြည်းခါ အထက်မှာပြောခဲ့တဲ့ စီးကျရည်စစ်စစ် ၈ ဂါလံခန့်နဲ့ရောသမလို့ ပင်လယ်ကလာတဲ့ မျှင်ငံပြာရည်စစ်စစ်လုပ်ခါဓျေးကွက်အတွင်းတင်ပို့ပါတော့တယ်။ ဒါကငံပြာရည်ကိစ္စပါ။

နံပတ်၂အနေနဲ့ကတော့ ငါးပိကိစ္စလေးပြောပါ့မယ် ငါးပိ့ကြိုက်တဲ့သူများအတွက်တော့ ဝမ်းနည်းစရာပါ
အရင်တုန်းကဆိုရင်ပေါ့ ငါးပိ့ကိုလုပ်တော့မယ်ဆိုရင်လနဲ့ချီပြီးစောင့်ရတယ်လေ ငါးအစိမ်းကိုဆားနဲ့နာနာနယ်
ပြီးရင်အိုးတွေထဲမှာသိပ့်လို့ ၂ လ ၃ လလောက်ကြာမှ ငါးပိ့ကောင်းကောင်းရတာကိုး
အခုဒီလိုမဟုတ်တော့ပါဘူး အရပ်ကတို့ရေ ငါးအစိမ်းရလာတာကို ရောင်းမကုန်တော့ ပုပ်မယ်လေ
ပုပ်သွားရင်လဲအရင်းပြုတ်မယ် အခုတော့ ပုတ်ရင်လဲမြန်မြန်ပုပ်ပြီး ငွေပြန်ဖြစ်အောင်ဒီလိုလုပ်ကြပါတော့တယ်
ရောင်းမကုန်တဲ့ငါးများကို မိုးတွင်းအခါမှာကနေလှမ်းလို့ကလဲမဖြစ်ပြန်ဆိုတော့ဌင်း ငါးများကို စိုက်ပျိုးရေး
လုပ်ငန်းမှာသုံးတဲ့ ပုလဲဓာတ်မြေဩဇာများကို ပက်ဖျန်းပြီးမြန်မြန် ပုပ် မြန်မြန် ငပိ့လုပ်ပြီး မြန်မြန်ငွေဖေါ်
ကြကြောင်း ရွာသူရွာသားအပေါင်းအား ငပိ့ ငံပြာရည်အကြောင်းသတိ့ထားစရာရေးသားလိုက်ရပါတယ်
(မှတ်ချက် ဌင်းလုပ်ငန်းအားဝိသမဘောဘ စီးပွားရေးသမားများ အမှန်တကယ်လုပ်ကိုင်နေကြောင်းပါ)

21 comments

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 1:16 pm

    ငပိ..ငံပြာရည်ကို လက်နဲ ့ ထိရင် အတော်နံတယ်နော်..
    တော်တော်နဲ ့ အနံ ့ မပျောက်တော့ဘူး..
    အတတ်နိုင်ဆုံး မစားတာ ကောင်းပါတယ်ဗျာ…
    ငပိစစ်စစ် သန် ့သန် ့လေး ဘယ်ကများ ရနိုင်ကြမလဲ သိချင်ပါရဲ့..
    ကျော်က နယ်နယ်ကထဲက နပိရှားပြီး ကြီးလာတရှိုဒေါ့..ခက်တော့တာဘာဘဲဂျာ

    • laypai

      July 2, 2012 at 1:56 pm

      ကိုယ်တိုင် လုပ် ရင် ငပိရော ငံပြာရည် ပါ သန့်သန့် လေး ရနိုင် ပါ တယ် စိန်ဗိုက်ဗိုက်။

    • aye.kk

      July 2, 2012 at 4:31 pm

      စိန်ဗိုက်ဗိုက်ရေ..
      ငပိစားချင်ရင်အန်တီတကယ်လုပ်ကျွေးချင်ပါတယ်..
      (၃)နှစ်တောင့်စောင့်ရမှာ…
      စောင့်နိုင်ပါ့မလား။
      အန်တီတို ့အဖွားလက်ထက်ကတည်းကငပိလုပ်ရောင်းစားလာတာလေ။
      အန်တီတို ့ကိုထမင်းမငတ်အောင်ငပိလုပ်နည်းသင်ပေးခဲ့လို ့လေ။။

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 2, 2012 at 6:45 pm

        ဟုတ်ပါတယ် အန်တီခင်ဗျား
        ဒီလိုငပိတွေကို အင်ထုပြီးလုပ်ရောင်းတယ်ဆိုတာ ငပိကုန်သည်မျိုးရိုးတွေတွက်
        ကဘာ့စားနပ်ရိက္ခာ ညီလာခံမှာ မျက်နှာပျက်စရာပါ
        ငပိလုပ်ငန်းနဲ့ လဆန်းလဆုတ်ရယ် ဂဘာဆွဲအားရယ် ရေတက်ရေကျရယ် ငံပျာရေရယ်ဟာ
        ဘယ်လောက်ဆက်စပ်မှု့ရှိတယ်ဆိုတာ သူတို့သိပုံမရပါဘူး
        ဒါ့ကြောင့် ဂဘာ့ကျမ်းမာရေးညီလာခံမှာ ငပိနဲ့ပတ်သက်ပီး မျက်နှာပျံရဇေဘို့
        အန်တီရဲ့ ငပိလုပ်နည်း ပိုစ့်ကြီးကို လင့်ပေးသင့်ပါတယ်
        ( ဘယ်သူရေးထားသလဲမမှတ်မိဘူး အန်တီဘဲဖြစ်မယ်ထင်ဒယ် 😆 )
        လူတွေရှိန်သွားအောင်
        ငါးငပိရယ် ငပိထောင်း ရယ်နှစ်မျိုးမှာ
        လူတွေဟာ ငပိထောင်းကို အလျှင်တီထွင်ခဲ့သလား
        ငါးငပိရည်ကို အလျှင်တည်ထွင်ခဲ့သလားဆိုတာကို အန်တီအနေနှင့် ကျမ်းစာအုပ်ထူထူထဲထဲခိုင်ခိုင်ခန့်ခန့်သားသားနားနားလှလှပပ ကြီးတစ်အုပ်ကို
        ရေးသားပြုစုစီရင်ထုတ်ဝေသင့်ပါတယ်ခင်ဗျား
        ငပိချစ်သူ
        မိုက်ကယ်ဂျော်နီအောင်ပု

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 1:23 pm

    အောင်မယ်လေးလေးလေ့လေ…
    အဲ့ဒါတွေ တပျော်ကြီး စားပစ်လို့ကတော့ မျိုးကန်းကုန်တော့မပေါ့..
    ဟင့် …. ငိုချင်နေပါတယ်ဆိုမှ ..စိတ်ထိခိယက်သွားပီ …
    (………ကြိတ်၍ရှိုက်နေပါသည်…………..)

    🙁

  • မွန်မွန်

    July 2, 2012 at 1:24 pm

    အောင်မယ်လေး…ငါးပိ မပါရင် ထမင်းမစားတတ်တဲ့ ငါနဲ့တော့ ဒုက္ခပါပဲ…
    မွန်မွန်တို့ ရွာဘက်က အမျိုးတွေဆိုရင် နှစ်နဲ့ချီပြီး ငါးပိသိပ်တာ…ရွာသွားလည်ရင် အိမ်ပြန်လက်ဆောင်ပေ့ါ…မြို့ပေါ်တွေမှာကတော့ ဘယ်ကလာမှန်းမသိတဲ့ အရာတွေကို ဝယ်စားရတာပဲလေ..ရွေးချယ်ခွင့်မှ မရှိတာ… ဖြစ်ကာမှ ဖြစ်ရောပဲ…

  • kai

    July 2, 2012 at 1:41 pm

    ဒါကို..ဓါတ်ပုံလေးနဲ့.. သတင်းဆောင်းပါးပုံစံရေးပေးနိုင်ရင်.. ( အထောက်အထား.. ဓါတ်ပုံ ၄-၅ပုံ..နဲ့) သတင်းတပုဒ်.. ၁ဝဒေါ်လာနဲ့ဝယ်လိုကြောင်းပါ..

    • ဝမ်းတွင်းရူး

      July 2, 2012 at 7:10 pm

      သူကြီးရေ မျှင်ငါးပိလုပ်ပုံအဆင့်ဆင့်ဆိုရင်ရော မရဘူးလား။
      ဒေါ်လှ မျက်နှာနော်။

  • မောင်ပေ

    July 2, 2012 at 1:42 pm

    ဟိုက်
    နိဗ္ဗာန်ရောက်ကြောင်း
    နည်းလမ်းကောင်းတွေပါကလား…ကွယ်တို ့

  • mamanoyar

    July 2, 2012 at 1:44 pm

    အို ခက်တော့နေပါပြီ
    အညာသူဆိုတော့ ချဉ်ချက်များများစားတာလေ
    ငပိမပါလို့ကမဖြစ်ဘူး
    ဒုက္ခပါပဲ……………..

  • ဖိုးထောင်

    July 2, 2012 at 2:16 pm

    ဘဲဥနဲ့ဖရဲသီးနဲ့ရော အပုပ်ခံ အပုပ်တကာ့အပုပ်ဆုံးဖြစ်ပြီဆိုရင် အဲဒါကို ကနခိုလေးနဲ့ရောစား အားပါးပါး ဝမ်းလျှောမှလျှော …….

  • ahnyartamar

    July 2, 2012 at 2:36 pm

    အင်း….ဘယ်အစားအသောက်မှ အတုပြုလုပ်တဲ့ရန်က မလွတ်ကျပါလားနော်။

  • ster

    July 2, 2012 at 3:35 pm

    ဒီအတိုင်းဆို ငံပြာရည်ထက် ငပိက ပိုပြီးအန္တရာယ် ပိုများတဲ.သဘောဖြစ်နေတယ်။

  • ko khin kha

    July 2, 2012 at 3:58 pm

    အောင်မလေး ဒီအတိုင်းဆို ကြောက်စရာပါလား၊
    တော်သေးတယ်ကျွန်တော်က သွေးတိုးမှာကြောက်လို့ ငပိ၊ငံပြာရည်သိပ်မသုံးလို့။
    ကျေးဇူးနော် အခုလိုသိရလို့ပါ။

  • တေလေငှက်

    July 2, 2012 at 6:03 pm

    မျိုးမစစ်ဆီ၊
    မျိုးမစစ်ငပိ၊
    မျိုးမစစ်ငံပြာရည်နဲ့
    နိဗ္ဗာန်ကို
    ဖြတ်လမ်းကနေပို့ပေးမယ်။

  • TNA

    July 2, 2012 at 6:47 pm

    မြန်မာငံပြာရည်လား။ ယိုးဒယားငံပြာရည်လားဟင်။ ဒွတ်ခပါပဲ။ သများတို့စားစရာအချိတော့ဘူး။ မမအီနဲ့ ပဲရောငိုလိုက်တော့မယ်။ အီးးးးးးးးးးးးးးဗြဲ ၄းဝ

  • the best

    July 2, 2012 at 7:18 pm

    ဒါတွေ ဖြစ်ရတာ အစားအသောက်နဲ ့ဆေးဝါးကွပ်ကဲရေးနဲ ့အတူ တာဝန်ရှိတဲ့ အစိုးရအဖွဲ ့အစည်းကြောင့်ပဲ။

    ဈေးကွက်ထဲမှာ အန္တရယ်ရှိတဲ့ အစားအသောက်နဲ ့ဆေးဝါးတွေ တွေ ့တယ်လို ့ပဲကြေငြာတယ်။
    ဘယ်လိုအရေးယူသလဲဆိုတာနောက်ဆက်တွဲ မပါလာတော့ဘူး။

    တာဝန်ရှိတဲ့ အစိုးရအဖွဲ ့အစည်းတွေက တစ်ဖွဲ ့နဲ ့တစ်ဖွဲ ့ ပေါင်းပြီး ဝိုင်းဖုံးဖိစားနေတာလား။
    စားနေတာကရိုးနေပါပြီ။တိုင်းသိပြည်သိ ကမာ္ဘသိပါ။
    ဒါပေမဲ့ တိုင်းပြည်နဲ ့လူမျိုးကို အညွန် ့တုံးစေတဲ့ မသမာမှုမျိုးကိုတော့ မစားသင့်ပါဘူး။

    အခုလည်းကြီးကြီးကျယ်ကျယ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေတွေ ဆွေးနွေးနေကြတယ်။
    နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ဖို ့ သက်ဆိုင်ရာအစိုးရအဖွဲ ့အစည်းကို အဂတိငွေမပေးရပဲ ဖြစ်လာတာရှိသလား။
    ပြည်တွင်းလုပ်ငန်းရှင်တွေကကော အဂတိငွေမပေးရပဲလုပ်ငန်းတည်ထောင်လာတဲ့သူရှိသလား။

    လုပ်ငန်းရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ဖို ့အဂတိငွေဟာ အလွန်မြင့်မားတဲ့
    ရင်းနှီးမြုပ်နှံမှုတစ်ခုဆိုတာ ဘယ်သူများ တင်ပြဆွေးနွေးခဲ့ပါသလဲ။
    အဂတိငွေမပေးရပဲရပ်တည်နိုင်တဲ့ လုပ်ငန်းရှိသလား။

    လုပ်ငန်းရင်းနှီးမြုပ်နှံမှုတစ်ခုမှာ အလွန်မြင့်မားတဲ့အဂတိငွေရင်းနှီးမြုပ်နှံမှုနေရလို ့
    လုပ်ငန်းရှင်တွေ ဆုံးရှုံးနေတာကို တင်ပြခဲ့သလား။
    လုပ်ငန်းရှင်တွေ ဖက်ကလည်း လုပ်ငန်းရပ်တည်နိုင်အောင် မသမာတဲ့နည်းလမ်းတွေသုံးလာရတယ်။
    ဒီတော့ အလုပ်သမား၊ အခြေခံလူတန်းစားများ နဲ ့ စားသုံးသူများတွေပဲ ရောဂါရ၊ ငွေကုန်၊ ဆင်းရဲမွဲတေရတာပါပဲ။

    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃ဝ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်ပွဲတွင် “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ”လို ့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား အလုပ်သမားများ၊ အခြေခံလူတန်းစားများ နဲ ့ စားသုံးသူများအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို ကော ကတိပေးနိုင်မလား။”လို ့ရိုသေလေးစားစွာ မေးချင်ပါတယ်ခင်ဗျား။

    ုှ

  • ရဲစည်

    July 2, 2012 at 8:21 pm

    ဟိုက် သောက်ကျိုးနဲ
    စီဂျေကို အကြောင်းကြားရမယ် ဒါမျိုးက စီဂျေပိုင်တယ်..
    တုံး သရီးဖိုက် ချန်နယ် အီး
    အသံကောင်းလား …………………………ဒါဘဲ
    တုံးအီး မာလာဖြစ်တယ် …………………..ဒါဘဲ
    မာလာ ဘာဖြစ် မာလာဘာဖြစ် အကြောင်းပြန် ……….ဒါဘဲ
    မာလာ ငါးဖြစ် ငါးလာ ငပိဖြစ် …………….ဒါဘဲ
    ငရံ့+ပုလဲ အာလူး+တောက်တဲ့ သောကြာ+တယောနောက် လိုက်ပါ …..ဒါဘဲ
    ငရံ့+ပြာလူး+ရထား ဒိန်းဂျားဖြစ် သောကြာ+တယောနောက် လိုက်ပါ ..ဒါဘဲ
    တုံးအီး မာလာ+အာလူး+ဘဲဥ အိမ်ပြင်နေတယ် ဒါဘဲ… 🙂
    …………………………………………………………………………………….
    အကျယ်ရှင်းသော်
    အီးတုံး အသံကောင်းလား
    အီးတုံး အသံမိတယ်
    မိတဲ့ အသံ ဘယ်လောက်ဖြစ်(သတင်းဆို့စ် ရမရ ဆိုလိုသည်)
    မာလာငါးကနေ ငပိဖြစ်နေပီတဲ့(မြန့်မာ့ ငပိတွင် ငါးပြေမ… အစရှိသော မြန်မာငါးများကိုသာ ငပိလုပ်သည်)
    ငပိအတု သတင်းနောက်လိုက်ပါ
    ငံပြာရည် အတု အန်ဒရယ်ရှိ သတင်းလိုက်ပါ
    အီးတုံး မအားဘူး …အီးပါနေတယ်တဲ့……………. 😛
    သူမလာခင် ပြေးဘီ… ဒန့်..တန့်…တန့်

  • char too lan

    July 2, 2012 at 8:47 pm

    မနှစ်ကဒါမျိုးစီရီးထွက်ဖူးပါတယ်
    ခေါင်းစဉ်ပေါင်းချုပ်ကဘာဒဲ့ ????
    မြန်မာပြည်တွင်လုပ်သည် ဆိုလားပဲ … :mrgreen:
    သဂျီးမင်း အားကြီးနှက်ချင်နေရှာတယ် နီးစပ်သူတွေက ၁ဝ ယူလိုက်ကြပါအုံး

  • the best

    July 2, 2012 at 11:11 pm

    ငပိ နဲ ့ မြန်မာ
    မြန်မာ နဲ ့ ငပိ ဆိုတာ ခွဲခြားလို ့မရပါဘူး။

    ချဲ့ကားပြီးတွေးရင် မြန်မာတစ်မျိုးသားလုံးကို
    လူညွန် ့တုံးစေတဲ့ ကိစ္စမို ့ မပေါ့စေလိုပါဘူး။
    စုံစမ်းစစ်ဆေးသင့်တယ်လို ့ယူဆမိပါတယ်။

    အမျိုးသားရေးသတိနဲ ့ဖေါ်ထုတ်အရေးယူဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုပါတယ်။

  • ချစ်ရင်ထူး II

    July 3, 2012 at 12:21 am

    အရောင်မရှိတော့ အရောင်ဆိုးစားတယ် ..
    အရောင်ရှိတော့ အရောင်ချွတ်စားကြတယ် ..

    ..
    ..
    အော်ပီကျယ် ပြောသွားတာပါ ..

Leave a Reply