***…မနမ်းထိုက်ပါ…ပန်းမာလာ…***

maung khinminJuly 2, 20121min28912

 မနမ်း ထိုက်တဲ့…

ပန်းမကိုဋ် မို ့…..နန်းထိုက် တာလားးး

 

နန်းထိုက် တဲ့…

ပန်းမကိုဋ် မို ့…မနမ်း ထိုက်တာ လားးးး

 

မြေပြင် မှာရပ်….ပင်မြင် ့ ထက်မျှော်

ဘော်ငွေ သဇင်…မာန ဝင်လျှက်

တော်ဝင် လက်၌…မွေ ့ပျော် ပိုက်ချင်

ထို သဇင်အား….လိုချင် တပ်မက်

ခူးခြွေ ခက်လို ့…မတ်တတ်  ငေးမှိုင်

ယနေ ့ တိုင်ထိ…စောင့်ကြည့် ယုံမှ

မှ တပါးသာ…ဘာများ တတ်နိုင်

အံ့ မည် နည်း….။။။


 


12 comments

  • mamanoyar

    July 2, 2012 at 1:46 pm

    ကဗျာလေးအရမ်းကိုကောင်းပါတယ်ရှင်
    အားပေးပါတယ်နော်

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 1:50 pm

    ဟင့် …
    မျက်ရည်တောင် သည်းသွားတယ်..
    အဲ့ သဇင်ပေါ့ …
    အရမ်းကောင်းတယ် တဲ့ …

    အပြောင်အပျက်တွေ မပြောတော့ပါဘူးလေ
    ဆက်ငိုလိုက်ဦးမယ်…
    (အံကြိတ်ရင်း…နှုတ်ခမ်းကိုက်ထားပါသည်…)

    • maung khinmin

      July 2, 2012 at 1:59 pm

      အရမ်းလည်း..နှုတ်ခမ်းမကိုက်ထားနဲ့ဦး…
      ပဲ့ထွက်သွားဦးမယ်…နှုတ်ခမ်း

  • မောင်ပေ

    July 2, 2012 at 1:53 pm

    ဆြာခင်ရေ
    ကျုပ်ဆိုရင်တော့
    နှစ်ရွှတ်လောက်တော့ မွပြီးနေပေါ့
    ဟီဟိ

    • maung khinmin

      July 2, 2012 at 2:01 pm

      ဘာတုန်းဗျ….ရှင်း၂လုပ်ပါ..ဗျ
      ဆြာ ပေ….

      • မောင်ပေ

        July 2, 2012 at 2:08 pm

        အခုခေတ် ကောင်လေးကောင်မလေးတွေ အာဘွားပေးလို ့ပြောရင်
        မွ မွှ လို ့ပြောသံကြားနေရလို ့ပါ ဗျို ့

  • ညလေး

    July 2, 2012 at 2:18 pm

    မနမ်းထိုက်မှန်းသိပေမယ့်…..ကိုယ့်စိတ်စေရာ…..
    စိတ်ကူးအိမ်မက်လေးထဲကနေ….ခပ်ဖွဖွလေး….musk…..ချင်မိတယ်……
    သဇင်ရယ်……..

  • မမ အညာသူ

    July 2, 2012 at 3:15 pm

    မနမ်းထိုက်တဲ့သဇင်ပန်းလေးမို့
    ခုူချင်ပေမဲ့ မခူးဆွတ်ဝင့်ပါဘူး
    ရွာသူကြီးအမြတ်တော်ရှမှာစိုးလှပါတယ်

  • MaMa

    July 2, 2012 at 6:23 pm

    သဂျီးသင်ပေးထားတဲ့ မတူတဲ့ အမြင်နဲ့ ပြောရရင်တော့…
    စာလုံးပေါင်းသတ်ပုံများ သင်ပေးနေသလားလို့ 😀

    နန်း=နန်းကြီးမုန့်တီ၊ နန်းကြိုး၊ နန်းချည်၊ နန်းစဉ်စာတမ်း၊ နန်းဆန်

    နမ်း=နမ်းရှုပ်

    • maung khinmin

      July 2, 2012 at 7:36 pm

      နောက်တစ်ခုကျန်ခဲ့တယ်ဗျ….
      နမ်း=နမ်းစုပ်

  • ရဲစည်

    July 2, 2012 at 7:49 pm

    ဝင်နောက်အုံးမလို့ နောက်သေးဘူးဗျာ
    အချိန်တွေ စောသေးတယ် ………….
    ဝင်နှောက်အုံးမလို့ နှောက်သေးဘူးဗျာ
    အတိမ်အနက် လျှောသွားမယ်………
    ဝင်ပါအုံးမလို့ မပါသေးဘူးဗျာ
    နေချိန်အခက် ကျောသေးတယ်
    ဆိုတော့
    က ကဗျာ
    အစရှာ ခါသမယဝယ်
    လသာသာ ကြည်ပြာအေးပါလို့
    မ မာလာ သဇင်ပန်းရယ်နံ့
    လှမ်းနွဲ့ ကျူချင်။

    ဘာမှလဲ မဆိုင်ဘူး… 😀

Leave a Reply