ဆိုးပြီး  ကောင်းမယ်..

ဆုတောင်းက မကယ်ဘူး

 

လွယ်လွယ်နဲ့ တော့…

လက်မလျှော့ချင်

ကိုယ်သာ အရှင်…သခင်ပေမို့ 

ကိုယ်တိုင် ထွင်းဖောက်

လျှောက်ရ မယ့်လမ်း

ပျောက်တဲ့ လမ်းပေါ်…

လျှောက်စမ်း ရဲရဲ..

အားမာန် ခဲပြီး

ရင်းနှီး တတ်မှ…

အမြတ်ထွက်မယ်….

 

အမှောင် ကွယ်ရင်

အလင်း သစ်လို့ ..

တစ်နေ့ …..

မင်း ဖြစ်ချင်တာ…ဘာလဲ

ကိုယ့်ကို ကိုယ်..ခပ်ရဲရဲ

မေးကြည့် ဖို့ တော့….

လို အပ် တယ်။။။


About maung khinmin

maung khinmin has written 85 post in this Website..