***…အင်တာဗျူး…***

maung khinminJuly 2, 20121min1178

ဆိုးပြီး  ကောင်းမယ်..

ဆုတောင်းက မကယ်ဘူး

 

လွယ်လွယ်နဲ ့တော့…

လက်မလျှော့ချင်

ကိုယ်သာ အရှင်…သခင်ပေမို ့

ကိုယ်တိုင် ထွင်းဖောက်

လျှောက်ရ မယ့်လမ်း

ပျောက်တဲ့ လမ်းပေါ်…

လျှောက်စမ်း ရဲရဲ..

အားမာန် ခဲပြီး

ရင်းနှီး တတ်မှ…

အမြတ်ထွက်မယ်….

 

အမှောင် ကွယ်ရင်

အလင်း သစ်လို ့..

တစ်နေ ့…..

မင်း ဖြစ်ချင်တာ…ဘာလဲ

ကိုယ့်ကို ကိုယ်..ခပ်ရဲရဲ

မေးကြည့် ဖို ့တော့….

လို အပ် တယ်။။။


8 comments

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 2:10 pm

    ကျော်ကတော့ ဘာဖစ်ချင်လို ့ ဖစ်ချင်မှန်းကို မသိသေးဘူး..
    ခက်တော့တာပါဘဲဗျာ..
    ကယ်ဘာဦး

  • မောင်ပေ

    July 2, 2012 at 2:13 pm

    ဆြာခင်ရေ
    ကျုပ်ကတော့ စာအဆက်မပြတ် အေးအေးဆေးဆေးရေးလို ့ရတဲ့လူဖြစ်ချင်တယ်ဗျာ
    အဲဒီလို အေးအေးဆေးဆေးရေးနိုင်ဖို ့အတွက် အိုင်ဒီယာ စကားလုံးတွေလဲ လိုအပ်တယ်ဗျာ
    စားဝတ်နေရေးကလဲ အဆင်ပြေဖို ့လိုတယ်ဗျာ ။
    အဲဒီလိုပါခင်ဗျ ။

    • maung khinmin

      July 2, 2012 at 7:27 pm

      ရေးချင်တဲ့စိတ်သာရှိရင်…ကျန်တာတွေကလွယ်သွားပါလိမ့်မယ်ဗျာ….
      လူတိုင်း ပါစက အရေးအတွက်…အခက်တွေ့နေကြတာပါပဲ..

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 2:14 pm

    ဟုတ်တယ်…
    ပီဇာကျွေးချင်လို့ ခေါ်တာ fighting balls မှ သွားရည်ကျသတဲ့ …
    ဖလားဇုတ် … ကျကွဲလည်း အေးဒါဘဲ …
    နွားသတ်သမား နဲ့ ယှဉ်လု ဇယာလား…
    ချဉ်ထှာ
    နောက်၂နှစ်နေမှ ကမာ္ဘ့ အတုံး .. (ဖလားမဟုတ် အတုံးကြီး)
    ယူပြမယ်…
    ဒါဗျဲ …
    ခုတော့ ..
    ဟင့် ..ဟင့် ..

  • mamanoyar

    July 2, 2012 at 2:16 pm

    မေးမကြည့်ရဲသေးဘူး
    နောက်မှပဲ မေးကြည့်တော့မယ်နော်

  • ညလေး

    July 2, 2012 at 2:31 pm

    အိန်း….မမေးတော့ဝူး……ကြောက်တယ်……
    မေးမိတယ်တစ်ခါကပေါ့……
    အဖြေက.စိတ်ညစ်တယ်…..သေချင်တယ်တဲ…
    အဟင့်ဟင့်…
    ခုတော့…မေးတော့ဝူး…

  • maung khinmin

    July 2, 2012 at 7:22 pm

    အားရစရာကြီးပ….
    နက်ဖြန်အကြောင်း…မေ့ချင်နေတဲ့သူကများလွန်း ပ

Leave a Reply