စာအုပ်မျက်နှာဖုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)စာမူခွင့်ပြုချက်အမှတ်-၄၀၀၁၉၈၀၃၁၂
-၂၀၁၂ ခုနှစ် ဇူလိုင်လ
-ပထမအကြိမ်၊အုပ်ရေ (၁၀၀၀)
(၂)ထုတ်ဝေသူ-ကြည်လှမောင် စာပေတိုက်
(၃)ရေးသားသူ-မောင်ခိုင်ခန့် (အမျိုးသားစာပေဆုရ)
(၄)စာရေးသူရည်ရွယ်ချက်-ဤစာအုပ်အား ဖတ်ရှု၍ မြန်မာလူမျိုးတိုင်း မြေမျို၍ လူမျိုး
မပြုတ်၊လူမျိုမှ လူမျိုးပြုတ်မည်ဆိုသော မြန်မာ့ဆိုရိုး စကားကို အလေးအနက်ထား
သတိမူနိုင်ကြပါစေဟု မေတ္တာစိတ်ဖြင့် ရည်သန်လျှက်—-
(၅)စာအုပ်အမည်- မျိုးဆက်ပြတ်တော့မည့် ရတနာဂီရိမှ သီပေါမင်းဆွေတော်မျိုးတော်များ

“စာ အမြည်း အနည်းငယ်”
ယခုအခါ သီပေါမင်း၏ ဆွေတော်မျိုးတော် များမှာအတော်များနေပီဖြစ်သည်။မြန်မာ
နိုင်ငံရှိ သီပေါမင်း၏ မျိုးနွယ်များမှာ စုံစမ်းမေးမြန်း၍ ရေတွက်လျှင်ရနိုင်သေးသည်ထင်
ပါသည်။
သို့ သော် အိန္ဒိယနိုင်ငံ မဟာရာစတြပြည်နယ် ရတနာဂီရိမြို့တွင် ကျန်ရှိနေသော သီပေါမင်းမျိုးနွယ်များကို

စုံစမ်းမေးမြန်းရန်မလွယ်ချေ။သို့ အတွက် ကျွန်တော်သည်
ရတနာဂီရိသို့ ရောက်ခိုက် လုံ့ လစိုက်၍မေးမြန်းရသည်။
သီပေါမင်း၏ ပထမသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကြီးသည် အိန္ဒိယနိုင်ငံသား
မာရသီလူမျိုး ဂိုပယ် ဘာရိုဆဝန့်  ဆိုသူနှင့် အိမ်ထောင်ကျ၍ ၁၉၀၆ခုနှစ်တွင် သမီး တုတု(Baisu Bai)
ကိုမွေးဖွားပြီး ၁၉၁၈ ခုနှစ်မွေးဖွားသည့် သမီးနှင့် ၁၉၁၉ခုနှစ်တွင် မွေး
ဖွားခဲ့သည့် သာ့းမှည လသားအရွယ်၌အင် ကွယ်လွန်ခဲ့ကြသည်။
ပထမသမီးတော် ထိပ်စုမြတ်ဖုရားကြီးတွင် သမီးတော် တုတုတစ်ဦးတည်းသာရှိ
သည်။တုတု သည် စံနန်းတော်မှ ကားမောင်းသူ ရှန်ကာပဝါ ဆိုသူနှင့်လက်ထပ်ခဲ့
သည်။တုတု ထက်အသက် (၁၅)နှစ်ခန့် ကြီးမည်ဟုထင်ရသည်။ဒေါ်တုတုနှင့် ရှန်ကာပဝါ တို့ မှ
သား(၅)ဦးနှင့် သမီး(၂)ဦး စုစုပေါင်း(၇)ဦး မွေးဖွားခဲ့သည်။ယင်းတို့ မှာ
သီပေါမင်း၏ မြစ်တော်များဖြစ်သည်။
သီပေါမင်း၏ မြစ်တော် (ဒေါ်တုတု ၏ တတိယမြောက်သား) ချန်ဒရာ ကန့် ရှန်ကာပဝါ
၏ပြောကြားချက်အရ သူ့ မိခင် ဒေါ်တုတုမှာ အသက်(၉၀)အရွယ် ၁၉၉၆ ခုနှစ်တွင်
ကွယ်လွန်ခဲ့ပြီဟု ဆိုသည်။
ယခုအခါ အသက်(၆၂)နှစ် အရွယ်ရှိ သီပေါမင်း၏ မြစ်တော် ချန်ဒရာ ကန့် ရှန်ကာ
ပဝါ ၏ညီ ဆူရီးစ်ရှန်ကာပဝါ ၏သားအငယ်ဆုံး ပကာသနာ(သီပေါမင်း၏ တီ)က ဘေဘီ(သီပေါမင်း၏ တွတ်)
အမည်ရှိ သုံးနှစ်ခန့် သမီးငယ်ကလေးကို မွေးဖွားခဲ့သည်။
သီပေါမင်း၏ အခြား တွတ်များလည်းရှိသေးသည်။ရတနာဂီရိရှိ သီပေါမင်း၏ မျိုးနွယ်
များမှာ (၄၀)ခန့် ရှိပြီဟု ဆိုသည်။
မြန်မာလူမျိုးတို့ ၏ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အရ မိမိအထက် ဘ၊ဘိုး၊ဘေ၊ဘီ၊
ဘင်၊ဘဲ၊ဘောနှင့် မိမိအောက် သားသမီး၊မြေး၊မြစ်၊တီ၊တွတ်၊ကျွတ်၊ဆတ် ဟူ၍ရှိပေ
သည်။
ယခုအခါ သီပေါမင်း၏ “တီ” ပကာသနာ သည် ပင်မိမိတို့ ၏ ဘေးဖြစ်သူ အရှင်ထိပ်စုမြတ်ဖုရားကြီး နှင့်
ဂိုပယ် အာရိုဆဝန့် ကိုပင်မသိ။ဘီဖြစ်သူ သီပေါမင်းဆို
လျှင် ဝေးစွ။လုံးဝ မသိဟု ဆိုရမည်။အထူးသဖြင့် မြန်မာမျိုးနွယ် ဟူ၍အင် မသိကြတော့ပေ။.
ကျွန်တော်နှင့် အမေးအဖြေလုပ်သည့် သီပေါမင်း၏ မြစ်တော်ချန်ဒရာ ကန့် ရှန်ကာ
ပဝါ ကိုယ်တိုင်ပင် မြန်မာဘုရင် မျိုးနွယ်မှန်း သိသော်လည်း မြန်မာပြည်သို့ သွားရောက်
ရန် စိတ်မဝင်စားတော့ပေ။့သည် အစစရာရာ စီစဉ်ပေးလျှင် သွားချင်သေးသည်ဟု
ဆိုသည်။ သီပေါမင်း၏“ တွတ်” ဘေဘီ မှာ သုံးနှစ်အရွယ်ခန့် ဖြစ်၍ ယင်းမှ မွေးဖွား
လာမည့် သီပေါမင်း၏ “ကျွတ်”နှင့် “့ဆက်”့ မှည နောင်နှစ်(၃၀)တွင် ကုန်ဆုံးတော့မည်
ဟု ယူဆရပါသည်။
သို့ အတွက် အိန္ဒိယနိုင်ငံ မဟာရာစတြပြည်နယ်၊သီပေါမင်း အကျဉ်းစံခဲ့ရာ ရတနာဂီရိမြို့ မှ သီပေါမင်း၏ မျိုးနွယ်များမှာ မြန်မာတို့ ၏ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက်အရ နောင်လာမည့် ၂၀၄၀ပြည့်နှစ်တွင် ဆွေဆက်မျိုး
ဆက်ပြတ်ပါတော့မည် ဟု ခန့် မှန်းရပေသည်။

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။