လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ် အပိုင်း ၁

manawphyulayJuly 2, 20121min1036

လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်
(Ethics & Entrepreneurial Idea For Youth)

ယခုပြောပြမယ့်အကြောင်းအရာကတော့ စွန့်ဦးတီထွင် ဦးရဲမြင့်ရဲ့ လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောတဲ့ ဟောပြောချက်တွေပဲ

ဖြစ်ပါတယ်။ ဘာစပြောလဲဆိုတော့ ဒီနေ့ ဟောပြောပွဲကတော့ ထူးခြားတဲ့ ဟောပြောပွဲတစ်ခုလည်း ဖြစ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ထားဝယ်သားနှစ်ယောက် အတူတူ

ဟောပြောရလို့ဖြစ်ပါတယ်တဲ့။ ဒေါက်တာအောင်ထွန်းသက်လည်း ထားဝယ်သားဖြစ်သလို သူကလည်း ထားဝယ်သားဖြစ်နေလို့ပါပဲတဲ့။
အရင်ဆုံး ဟောပြောရခြင်းရဲ့ ရည်ရွယ်ချက်ကို ဖော်ပြပါမယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ်ကို သဘောတရားပိုင်းရော လက်တွေ့ပိုင်းပါ `သိ – ရှိ – နားလည်-

လက်ခံ- လိုက်နာ – ကျင့်သုံး` နိုင်ကြစေရန် ဖြစ်ပါတယ်တဲ့။
ပထမဆုံး ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။
– မှန်တာကို လုပ်ဖို့အတွက်
– ကျွန်တော်တို့က ပေးဆပ်ရမယ့်ဟာက
– ကျွန်တော်တို့ ပေးချင်တာထက် များနေတဲ့အခါ
– အဲဒီ စိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင်မလဲ
– အဲဒါ ကိုယ်ကျင့်တရား (Ethics) ဘဲ။
နောက် ထပ်မံ ရှင်းပြပါသေးတယ်။ ကိုးကားပြီး ပြောတာတွေ များပေမယ့် အရေးကြီးတဲ့အချက်တွေပဲ မှတ်မိတာလေး ပြောပြပါမယ်။
“Ethics” ကျင့်ဝတ်ဆိုသည်မှာ…
လူတစ်ဦး၏ အပြုအမူအပေါ် ထိန်းချုပ်ထားသော စိတ်ပိုင်းဆိုင်ရာ အခြေခံမူပင် ဖြစ်သည်။ (တစ်နည်းအားဖြင့်) လူတို့၏ အမှားအမှန် ဆုံးဖြတ်နိုင်သော၊ ဆင်ခြင်တုံတရားပေါ် အခြေပြုသည့်

စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ် (Moral Philosophy) တစ်ခုပင် ဖြစ်တယ်။
ကိုယ်ကျင့်တရား လက္ခဏာ (၂) ခုကတော့
၁။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာကို ခွဲခြားသိတဲ့ အရည်အချင်း။
၂။ မှန်တာ၊ ကောင်းတာ၊ ယဉ်ကျေးတာကို လုပ်ဖို့ သန္နိဌာန်ပဲ ဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက်-
စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွားတိုးတက်ဖို့အတွက်-
မိသားစုတစ်စုကြီးပွားတိုးတက်ဖို့အတွက်-
– ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။
– ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။
– အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။

ခေါင်းဆောင်းကောင်းဆိုတာ….
ပြတ်ပြတ်သားသား `သာ` နေသည့်အချက်က…
– မွေးရာပါ ဗီဇလည်းမဟုတ်
– ဉာဏ်ကောင်းတာလည်း မဟုတ်
– အရည်အချက်းလည်း မဟုတ်
– ပင်ကိုစွမ်းရည်လည်း မဟုတ်
*စိတ်နေသဘောထား (Attitude) ကောင်းတာကို ဆိုလိုတာ။
(The winner’s Edge by Denis Waitley)

ကိုယ်ကျင့်တရားကို ဘာသာရေးရှုထောင့်အမြင်ကနေ ကြည့်ရမယ်ဆိုရင်
ဗုဒ္ဓဘာသာ – သင် နာကျင်သည့်အရာဖြင့် သူတစ်ပါးကို မနာကျင်စေနှင့်။
ခရစ်ယာန်ဘာသာ – သင့်အပေါ်မှာ လူတွေက ပြုမူစေချင်သလို သင်က သူတို့အပေါ် ပြုမူပါ။
အစ္စလာမ်ဘာသာ – သင့်ကိုယ်သင် ချစ်သလို၊ သင်၏ အိမ်နီးချင်းကို မချစ်နိုင်သေးသရွေ့ သင်သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမဟုတ်သေးပါ။
ဟိန္ဒူဘာသာ – သင့်အပေါ် သူတစ်ပါးက မပြုစေလိုသော အရာကို သင်က သူတစ်ပါးအပေါ် မပြုမူပါနှင့်။
ဂျူးဘာသာ – သင်ကိုယ်တိုင် မနှစ်မြို့သော အရာကို အခြားသူများအပေါ် မပြုလုပ်ပါနှင့် ဆိုတာပဲ ဖြစ်ပါတယ်။

အားလုံးတူညီသော အချက်တွေကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်
– Empathy `စာနာစိတ်`
– Understanding of another’s feelings `ခံစားနားလည်စိတ်`
– Compassion `ဂရုဏာစိတ်´ တို့ရှိခြင်းပင် ဖြစ်တယ်။
– ၎င်းမှာ `ကိုယ်ကျင့်တရား ကောင်းခြင်းရဲ့ အခြေခံ´ ပင်ဖြစ်တယ်။

လူသုံးမျိုးရှိတယ်။
၁။ မအောင်မြင်တဲ့လူ။
(Those who don’t succeed)
၂။ အောင်မြင်မှုကို ယာယီရတဲ့လူ။
(Those who achieve success temporarily)
၃။ အောင်မြင်မှုကို ရအောင်နဲ့ မြဲအောင် လုပ်နိုင်တဲ့လူ။
(Those who become and remain successful)
– ကိုယ်ကျင့်တရား ကောင်းသူသာ နံပါတ် (၃) ကို ရပါတယ်။

ပညာရှင်တစ်ဦး၏ ဖွင့်ဆိုချက်
– `ပညာရေး´ ဆိုတာ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ခြင်းကို ရှေးဂရိခေတ်မှသည် မျက်မှောက်ခေတ်ပညာရေး ဒဿနထိ လက်ခံထားပါသည်။
– `နိုင်ငံသားကောင်း´ ဆိုတာ `ကိုယ်ကျင့်တရား´ (Ethics) ကောင်းပြီး နိုင်ငံအကျိုး၊ အများအကျိုးကို လိုလားတဲ့စိတ်ထားအခြေခံပြီး အလုပ်လုပ်တဲ့သူပါ။
Message : ကိုယ်ကျင့်တရားကောင်းမှ နိုင်ငံ့သားကောင်း ဖြစ်ပါမည်။
ဂုဏ်သိက္ခာ
`ကိုယ့်မှာရှိတာလေးနဲ့ လောက်အောင်နေတာလောက် အထင်ကြီးစရာကောင်းတဲ့ ဂုဏ်သိက္ခာမရှိဘူး။
(There is no dignity quite so impressive as living within your means)
Calvin Coolidge
(30th President of USA)

Coming Soon
– CAFTA : CHINA ASEAN FREE TRADE AREA/AGREEMENT (2015)
– AFTA : ASEAN FREE TRADE AREA/AGREEMENT (2013)
– AEC : ASEA ECONOMIC COMMUNITY
Asean Workshop တွေ ပြုလုပ်လာကြတော့မယ်။

ဒီတော့ ပြင်ဆင်ထားဖို့ အားလုံးမှာ လိုပြီလို့ ပြောချင်ပါတယ်။ နောက်တစ်ပိုင်း ဆက်လက်တင်ပေးပါဦးမယ်။ မှတ်မိသလောက် ပြန်လည် မျှဝေလိုက်တယ်နော်။

6 comments

  • mamanoyar

    July 2, 2012 at 4:09 pm

    ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။
    – ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။
    – အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။
    မမ မနောရေ နောက်အပိုင်းစောင့်နေမယ်နော်

  • ကိုရင်မောင်

    July 2, 2012 at 5:18 pm

    (နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက်-
    စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွားတိုးတက်ဖို့အတွက်-
    မိသားစုတစ်စုကြီးပွားတိုးတက်ဖို့အတွက်-
    – ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။
    – ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။
    – အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။)
    …….မြန်မာနိုင်ငံအနေနဲ့…..
    …….ဒီအယူအဆတွေဟာ ခုအချိန်ထိမှန်တယ်ပြောဘို့နည်းနည်းလိုသေးတယ်လို့ထင်မိပါတယ်
    ဘာဖြစ်လို့လဲဆိုတော့သိတော်မူကြတဲ့အတိုင်း ကိုယ်ကျင့်သီလထိမ်းသိမ်းပြီးလုပ်ရမဲ့အလုပ်ဆို
    ပုဂ္ဂိလ်ကြီးတွေက မလုပ်တတ်ကြလို့လေ…ဟဲဟဲ…
    …ခုလိုမျှဝေပေးတဲ့ မနောဖြူလေးကိုကျေးဇူးတင်ပါတယ် …..

  • ဝမ်းတွင်းရူး

    July 2, 2012 at 5:53 pm

    The great good luck touches a person at least once in his life!

    ခေါင်းဆောင်းကောင်းဆိုတာ….
    ပြတ်ပြတ်သားသား `သာ` နေသည့်အချက်က…
    – မွေးရာပါ ဗီဇလည်းမဟုတ်
    – ဉာဏ်ကောင်းတာလည်း မဟုတ်
    – အရည်အချက်းလည်း မဟုတ်
    – ပင်ကိုစွမ်းရည်လည်း မဟုတ်
    *စိတ်နေသဘောထား (Attitude) ကောင်းတာကို ဆိုလိုတာ။

  • Ko out of...

    July 2, 2012 at 6:41 pm

    မနှောဖြူလေးရေ…

    ၃။ အောင်မြင်မှုကို ရအောင်နဲ့ မြဲအောင် လုပ်နိုင်တဲ့လူ။
    (Those who become and remain successful)
    – ကိုယ်ကျင့်တရား ကောင်းသူသာ နံပါတ် (၃) ကို ရပါတယ်။

    အဲဒီစာသားလေးကြောင်. Albert Einstein ရဲ့ စကားကို သတိရမိတယ်..

    သူကဘာပြောထားလဲ ဆိုတော့…

    Try not to become a man of success, but rather try to become a man of value.
    အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ မကြိုးစာနဲ့၊ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာ အောင်
    သာကြိုးစားပါတဲ့။

    ကျွန်တော်ကတော့ ရိုးရိုးသားသား အောင်မြင်တဲ့ လူကို ချီးကျူးပါတယ်…ဒါပေမဲ့ ယနေ့မြန်မာနိုင်ငံမှာ စီးပွါးရေးဘဲဖြစ်ဖြစ်၊ ပညာရေးဘဲ ဖြစ်ဖြစ် အောင်မြင်နေကြတာ ရှိပါတယ်..ဒါပေတဲ့ မရိုးသားတာတွေ အများကြီးပါနေတာ တန်ဖိုးမရှိဘူးပေါ့…

    ဒါဖြင့်ရင် အဲဒီတန်ဖိုးဟာ ဘာလည်းဆိုရင် Albert Einstein ပြောတာနဲ့…
    အခုဆရာအောင်ထွန်းသက်ပြောတဲ့ (Ethics) ဘဲ..

    လူငယ်တွေ ငွေကို အရင်ရှာကြမလား?..
    အသိတရားကို အရင်ရှာကြမလား?…

    ငွေကို အရင်ရှာရင် အောာင်မြင်တဲ့လူ ဖြစ်ကောင်းဖြစ်ပါမယ်..
    သို့သော် တန်ဖိုးရှိတဲ့ လူဖြစ်ချင်မှ ဖြစ်မှာ လို့ မိမိအမြင်ကိုလည်း မျှဝေပေးလိုက်ပါတယ်..

  • ဇောက် ထိုး

    July 3, 2012 at 7:06 am

    ကြိုက်တာတွေလည်း များ၏။ မကြိုက်သည်လည်း ပါ၏။ သီလနဲ့ပညာပိုင်းရောနေသယောင်ခံစားရ၏။သို့သော်လည်း ဘာသာတိုင်းက ညွှန်ပြချက်ကို အလွန်ကြိုက်၏။

  • မိုး ချစ်သူ

    July 3, 2012 at 9:26 pm

    မမ မနှောဖြူရေ လောကမှာကိုယ်ကျင့်တရားဟာအရေးကြီးကြောင်းရေးသားထားတာအရမ်းကာင်းပါတယ်။ကိုယ်ကျင့်တရားကိုဘာသာရေးရှူ့ထောင့်ကနေတင်ပြထားတာလဲ ကြိုက်ပါတယ်။မသိသေးတဲ့မိုးတို့လိုသူတွေလဲသိရပါတယ်ရှင့်။ကိုယ်ကျင့်တရားကောင်းမှသာ အောင်မြင်မှု့ကိုရအောင်နဲ့မြဲအောင်လုပ်နိုင်မယ် ဆိုတဲ့အသိလေးကိုထည့်ပေးတဲ့မမ ကိုကျေးဇူးတင်ပါတယ်။ဆက်ရေးပါနော်—မမရဲ့ပရိသတ်တဦးအဖြစ်သတ်မှတ်ပေးပါ။

Leave a Reply