” အိမ်ပေါ်ကကျတဲ့နေ့ ”

” ဝုန်း”

အား …. အား …. ဆူလိုက်တာနော်

၅ လွှာမှာနေတဲ့ကလေး ခုန်ခုန်ပြီးဆော့နေတာ  ၄ လွှာမှာနေတဲ့ ငုံတို့ နေ့စဉ်ကြားနေကျ မိုးကြိုးသံပေါ့။ ဒီကလေးခုန်လိုက်တဲ့ “ဝုန်း’ဆိုတဲ့အသံကြားတိုင်း ငုံ့ရဲ့ကလေးဘဝတွေကို လွမ်းဆွတ်သတိရမိတယ် ….

ငုံတို့မှာက မောင်နှမ ၅ ယောက်ရှိတယ်၊ မမ ငုံ မောင်လေးနှစ်ယောက် ညီမလေးတစ်ယောက်ပေါ့၊ မောင်နှမတွေ ဆော့လိုက်တာမှ ကမ်းကုန်နေတာပဲ၊ အိမ်နီးချင်းတွေက အမေ့ကိုပြောတယ် ” ကလေးတွေက မျောက်နဲ့များ စပ်ကျထားတာလားဟယ်” တဲ့လေ၊ ငုံ ၁ဝ နှစ်သမီးလောက်မှာပေါ့ အဖေကပြောတယ် ကလေးတွေကလည်း ကြီးလာကြတော့မှာဆိုတော့ အိမ်အကြီးကြီးဆောက်မယ်ပြောပြီးဆောက်တာပေါ့ အိမ်အသစ်က အမြင့်ကြီးပဲလေ အခင်းတွေခင်းနေတုန်း အကာတွေမကာရသေးခင် ဝါးထရံကို သံ ၃ ချက်ရိုက်ပြီး ယာယီအနေနဲ့ကာထားတာပေါ့ အိမ်မပြီးခင် ကလေးတွေကျမှာစိုးလို့တဲ့ ငုံတို့မောင်နှတွေကလည်း မျောက်စပ်လေးတွေကိုး၊  ဒီလိုကာထားတော့ ငုံတို့ကပိုတောင်ကြိုက်သေး ၊ အိမ်ပေါ်မှာကစားနည်းမျိုးစုံကစားပြီးတော့မှ ငုံတို့မောင်နှမ အကြီး ၃ ယောက် ကစားစရာအသစ်တွေ့သွားတယ်လေ ၊ တစ်-နှစ်-သုံး လို့အော်အော်ပြီး အိမ်ဝါးထရံကို ကိုယ်လုံးနဲ့ပြေးပြေးတိုက်ကြတာ .. အိုး … ပျော်မှပျော်ပဲ၊ အဲ့လို “ဝုန်း”လိုက်ကြတာ ရ ခါလောက်လဲ “ဝုန်း”ပြီးရော ထရံကြီးနဲ့အတူ မောင်နှမ သုံးယောက် အောက်ကို ကော်ဇောပျံကြီးစီးသလို ပါသွားပါလေရော… အောက်ကျပေမယ့် ထရံကြီးနဲ့အတူပါသွားတာဆိုတော့ လူတွေကတော့မနာဘူးပေါ့ ဒါပေမယ့် မမ ကတော့ မတ်တပ်ကြီးကိုမေ့လို့ … အဲ့နေ့ အိမ်ပေါ်ကကျတာမနာပေမယ့်  အမေ့ရဲ့ ဝါးခြမ်းပြားနဲ့ ငုံတို့ခြေသလုံးနဲ့ ၃ ချက်စီမိတ်ဆက်လိုက်ကြရတယ်လေ …

### ရွာသူရွာသားတွေလည်း ကော်ဇောပျံစီးချင်တယ်ဆို ငုံ့မှာအတွေ့အကြုံရှိပါတယ်လို့၊ ဒါမှမဟုတ် အိမ်ကိုလိုက်လည်ပြီး စီးမယ်ဆိုလည်း အားလုံးကို ဖိတ်ခေါ်ပါတယ်နော် … ဘာရယ်မဟုတ်ပါဘူး မိုးလေးက အုံ့နေတော့ ငယ်ငယ်ကဘဝလေးတွေကို လွမ်းဆွတ်မိနေလို့ ချရေးကြည့်မိတာပါ ။ ။ ။

 

9 comments

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 4:08 pm

    ဟီး..ဟီး..
    ကော်ဇောပျံ မောင်နှမတွေ…
    အတော်နောက်တယ်…..

    စီးချင်တဲ့လူတွေ လက်ညိုးထောင်..
    အီးပုံထိုး..

    • မောင်ပေ

      July 4, 2012 at 2:04 pm

      ထိုးပြီး
      စိန်ဗိုက်ဗိုက် နဖူးကို တို ့ကြပါကုန်
      ဟီဟိ

  • ko khin kha

    July 2, 2012 at 4:40 pm

    တော်သေးတာပေါ့ ကော်ဇော်ပျံနဲ့ကျလို့
    ဒုံးပျံနဲ့တာဆို မောင်နှမတွေ လကမ္ဘာထိတောင်ရောက်ရော။

  • Wow

    July 2, 2012 at 4:48 pm

    ပျော်စရာကြီးနော်…
    အခုအသက်ကြီးတော့သာ လိုချင်အတ္တတွေများလာတာ ငယ်ငယ်ကဆို ဂွေတစ်ဂွေရလဲ ကောက်လှိမ့်၊ ပုံးအစုတ်တစ်ခုရလဲ ပစ်ချင်ပစ် ကန်ချင်ကန်ဆော့နဲ့…
    တကယ်ကြီးတောင် လွမ်းလာဘီ 🙂

  • ဝမ်းတွင်းရူး

    July 2, 2012 at 5:50 pm

    အမလေးးးးးးမသေကောင်းမပျောက်ကောင်းဗျာ။ငယ်ငယ်က အဖေတို ့အမေတို ့
    ဆောင်ထားတဲ့ ဖိုးခေါင်ကြိမ်လုံး သွားသတိရသဗျာ။

  • TNA

    July 2, 2012 at 7:11 pm

    ငယ်ငယ်ကအဖြစ်အပျက်တွေဟာ တသသနဲ့ အမှတ်တယဖြစ်စရာတွေပါပဲ။

  • snow white

    July 4, 2012 at 1:01 pm

    စီးချင်တော့ဘူး ခြေသလုံးသုံးချက်နဲ့မိတ်ဆက်ချင်ဘူး။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 1:23 pm

    အင်းးးးးးးငုံရယ်ဆော့လိုက်တာ..
    အမြင့်ကနေကျတယ်ဆိုရင်…
    ဘယ်လိုလုပ်မလဲ….
    လန့်လိုက်တာနော်…..။။

  • နှင်းဆီ ငုံ

    July 4, 2012 at 2:54 pm

    Wow နဲ့ TNA ရေ ကလေးဘဝကတော့အရာရာပျော်စရာချည်းပါပဲနော့ … သုံးချက်အရိုက်ခံရပေမယ့် ကစားနေတုန်းတော့ အရမ်းပျော်တာပဲ စနိုးရေ… လန့်သွားတယ်ဆိုရင်တော့ ဆောရီးပါ မိုက်လေးရယ် …

Leave a Reply