အလည်ခရီးကအမှတ်တရများ…

aye.kkJuly 2, 20123min19222

ထိုင်း-မြန်မာနှစ်နိုင်ငံထိစပ်နေသည့်နယ်စပ်မြို့ဖြစ်သော၊တာချီလိတ်မြို့အလှနှင့်
တဖက်ထိုင်းနိုင်ငံမယ်ဆိုင်-ချင်းရိုင်-ချင်းမိုင်
အလည်ခရီးကအမှတ်တရရိုက်ခဲ့သောဓါတ်ပုံများသာလျှင်ဖြစ်ပါသည်။

တာချီလိတ်က၊မြို့ကျက်သရေဆောင်အလှ၊ရွှေတိဂုံ(ပုံတူ)စေတီတော်မြတ်ဘုရား။

ရွှေတိဂုံရင်ပြင်တော်ပရဝုဏ်ရှိသပ္ပါယ်လှသောရုပ်ပွားတော်မြတ်များ။

အေးချမ်းလှသည့်ရွှေတိဂုံစေတီရင်ပြင်တော်၊မှောင်ရီဖြိုးဖြအချိန်ရဲ ့ရှူ ့ခင်းအလှ။

ရင်ပြင်ပေါ်ကလှမ်းမြင်ရတဲ့၊တာချီလိတ်ရဲ ့ရှူ့ခင်းအလှ။

ရင်ပြင်ပေါ်ကတာချီလိတ်အလှ၊လှမ်းမြင်ရပုံ။

ထိုင်းနိုင်ငံဖက်ခြမ်းကျင်းရှန်မြို့ရှိ၊တောင်ပေါ်တွင်ကိုးကွယ်ထား
သောဓာတုစေတီဘုရား။

အပေါ်ပုံနဲ့ကနဲနဲလေးတော့ကွဲပြားသည်။

ဓာတုစေတီရင်ပြင်အောက်က၊တရားရှူ့မှတ်တဲ့ယောဂီကျောင်းဆောင်။

ယောဂီတွေတရားမှတ်တဲ့ကျောင်းဆောင်ပတ်ဝန်းကျင်ရဲ ့အလှမြင်ခဲ့ရ။

ယောဂီတွေနေတဲ့အဆောင်ဘေးပတ်ဝန်းကျင်ကလေး။

ကျင်းရှန်ဘုရား။

ကျင်းရှန်ဘုရားပရဝုဏ်ကဦးတိဘွားရုပ်ထုအလှ။

သုံးနိုင်ငံ(မြန်မာ-ထိုင်း-လော)ထိစပ်နေသည့်၊ကျင်းရှန်(ဆိုင်းဘုတ်)အလှမြင်ရပုံ။

ကျင်းရှန်မြို့ကရှေးဟောင်းဘုရား၊ဗုဒ္ဓရုပ်ပွားတော်မြတ်(ပေါ်တော်မူဘုရား)။

အပေါ်ပုံနဲ့ကအနည်းငယ်ကွဲပြားသည်။

ဂေဇက်ရွာမိတ်ဆွေများအားလုံးအတွက်၊အလည်ခရီးက
အမှတ်တရများအားသတိတရ၊ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါသည်။။

22 comments

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 7:39 pm

    အံဇာတုံး ပျောက်နေပါတယ်မှတ်တာ..
    အပင်ပေါ်ရောက်နေတာကိုးဗျာ..

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 8:04 pm

    ဟင့် …
    မျက်ရည်သုတ်ရင်း လက်မထောင်သွားပါကြောင်း

  • မောင်ပေ

    July 2, 2012 at 8:46 pm

    ပေါ်တော်မူဘုရားက လွန်စွာကြည်ညိုဖွယ်ရာကောင်းလှသဗျာ ။
    ခရီးမှတ်တမ်း ဓါတ်ပုံများအတွက် ကျေးကျေးပါ။

  • thar ag

    July 2, 2012 at 10:06 pm

    ဓါတ်ပုံလေးတွေက ရိုက်ချက်တွေတော်တော် ကောင်းပါတယ်

  • ko ko

    July 2, 2012 at 11:10 pm

    ရှုခင်းများ အားလုံး လှပါတယ်ခင်ဗျာ…မရောက်ဖူးတဲ့ အရပ်ဒေသ ကို ကိုယ်တိုင်ရောက်သွားသလိုပါပဲခင်ဗျာ..ဗဟုသုတ လည်းရပါတယ်ခင်ဗျာ..ခုလို တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်…

  • Mလုလင်

    July 3, 2012 at 12:35 am

    ကောင်းကင် မှာ လွှင့်နေတယ်ထင်ရတဲ့ ရုပ်ပွားတော် ပုံ လေး ကြိုက်မိတယ်ဗျာ ..

  • Hnin Hnin

    July 3, 2012 at 1:54 am

    နေဝင်ဆည်းဆာမှာ ငွေဖလားရောင်တိမ်တောက်နေတာ လှလိုက်တာ…
    အမြဲတမ်းလို နီညိုရဲရဲ၊ပုစွန်ဆီရောင်တွေပဲ မြင်နေရလို့လားမသိဘူး…..
    ခုနေဝင်ချိန်က သိပ်လှတယ်…ရင်ပြင်တော်ကလည်းကျိုက်ထီးရိုးရင်ပြင်တော်နဲ့
    ရုတ်တရက်တော့လည်း ဆင်သလိုပဲ…ယောဂီတရားမှတ်ဆောင်ရဲ့ ဘေးနားမှာ
    တောအုပ်လေးတစ်ခုလို ဖန်တီးထားတာထင်တယ်…တိရိစ္ဆာန်လေးတွေရော..
    တောစောင့်နတ်လို၊ ဘီလူးလိုလိုရော…လူရော(ဘိုမရုပ်လေး ဒန်းစီးနေသလိုပဲ)
    …သစ်ပင်ပန်းပင်မျိုးစုံနဲ့ သေချာ အသေးစိတ်လုပ်ထားတယ်…တရားမှတ်နားချိန်မှာ
    ခဏစိတ်အပန်းဖြေလို့ ရတာပေါ့နော်…တိမ်တွေနောက်ခံ ဘုရားကြီးကလည်း သပ္ပာယ်လိုက်တာ..ဒီကနေပဲ ရှိခိုးဖူးမျှော်လိုက်ပါတယ်…တာချီလိတ်က သစ်ပင်တွေထူထပ်တယ်ဆိုတာလည်း သိရပြီ..အလည်ပို့ပေးတဲ့ မမအေးကိုလည်း
    ကျေးဇူးတင်ပါသည်….

  • blackchaw

    July 3, 2012 at 2:59 am

    အောက်ဆုံးက ပေါ်တော်မူ ဘုရား ပုံလေး နှစ်ပုံကို
    အကြိုက်တွေ့မိပါတယ် အစ်မရေ…။

  • ဇောက် ထိုး

    July 3, 2012 at 6:15 am

    အဝတ်အဖြူဝတ်ထားတဲ့သူက ဘာလဲသိဖူးနော်..
    ဒို့နိုင်ငံလိုဆိုရင်တော့ ဦးသူတော်ပေါ့။

    • aye.kk

      July 3, 2012 at 6:19 am

      ဇောက်ထိုးရေ..
      ထိုင်းနိုင်ငံသူ၊ယောဂီပါ။
      သူတို့ဆီကယောဂီတွေက…
      အဖြူပဲဝတ်ကြတာတွေ ့ခဲ့ရတယ်။

      • water-melon

        July 3, 2012 at 10:55 am

        ဦးသူတော်နဲ့ဖိုးသူတော် ဘာကွာလဲဟင်

  • ဆူး

    July 3, 2012 at 10:00 am

    တာချီလိတ်မှာ လည်စရာတွေကို မှတ်သွားပါတယ်။
    တာချီလိတ်ရောက်ရင် အန်တီ ကို ပူဆာဖို့.. ဟိဟိ..

    ယောဂီက အဖြူဝမ်းဆက်နဲ့နော်.. တမျိုးလေး ဆန်းတယ်။
    ဘဲမိသားစုကလည်း စိတ်ကူးကောင်းတယ် လုပ်ထားပုံလေးက..

  • ko khin kha

    July 3, 2012 at 10:21 am

    မရောက်ဖူးပေမဲ့ ရောက်သွားသလိုမြင်တွေ့ရတဲ့အတွက်
    အရမ်းကျေးဇူးတင်ပါတယ်။ ရှုခင်းတွေက လှမှလှပါ။

  • weiwei

    July 3, 2012 at 10:27 am

    တစ်ရက်ရက်တော့ အန်တီအေးတို့ တာချီလိတ်ကို အလည်လာပါအုန်းမယ် ..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 10:51 am

    အရမ်းသာယာတယ်ဗျာ…
    ပုံလေးတွေရော ရှုခင်းတွေပါ…
    အရမ်းလှပါတယ်….
    အေးချမ်းပါစေဗျာ……။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 10:52 am

    အလည်တစ်ခေါက်တော့….
    ရောက်ဖူးချင်ပါတယ်…..။

  • မမ အညာသူ

    July 3, 2012 at 11:36 am

    ခုလိုပုံလေးတွေမြင်ရတာ
    မရောက်ဘူးတဲ့ဒေသကို…………….
    မရောက်ဘူးတာမရောက်ဘူးတာပါပဲလေ
    ညာလဲအားပေးသွားပါတယ်နော်

  • Ma Ei

    July 3, 2012 at 12:07 pm

    မအေးရေ…
    စေတီလှလှ
    တောင်တန်းတွေနဲ့
    တိမ်ပြာပြာ
    ရှင်းသန့်နေတဲ့
    နေရာလေးတွေကို
    အလည်လာချင်လိုက်တာ…

  • kyeemite

    July 3, 2012 at 1:21 pm

    တခါမှမရောက်ဖူးသေးဘူးဗျာ
    သွားလည်ချင်လိုက်တာ…
    ဓါတ်ပုံလေးတွေကြည့်ရလို့
    သင့်ခရုပါ မမအေးခင်ဗျား..

  • etone

    July 3, 2012 at 2:04 pm

    အန်တီအေး ကျေးဇူးနဲ့ နယ်စပ်က ဘုရားတွေကို လည်ခွင့်ရတယ် ။
    မမြင်ဖူးတာတွေ မြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော် ။ ဘုရားပုံတွေ ရိုက်ထားတာ လက်ရာလည်း ကောင်းတယ် ဖူးရတဲ့ လူတောင် တကယ်ရောက်သွားမိသလိုပါပဲ …
    အပေါ်စီးကမြင်ရတဲ့ ပုံမှာ တိုက်တွေ သိပ်မမြင့်သလိုပဲနော် .. ။ လေကောင်းလေသန့်တော့ အတော်ရမယ် … ။

  • snow white

    July 3, 2012 at 5:23 pm

    ဖူးမျှော်ချင်တယ် သွားရောက်ဖူးမျှော်ချင်တယ် သွားခွင့်ရမယ် ဖူးမျှော်ခွင့်ရချင်ပါတယ် ဘုရား ပုံလေးတွေ တင်ပေးတဲ့အတွက် တဲ့ကျေးဇူးတင်ပါတယ် ။

Leave a Reply