ဖွတ်ထွက်တဲ့တောင်ပို့

“`ဖွတ်ထွက်တဲ့တောင်ပို့´´´

ယုံကြည်အားကိုးခဲ့သမျှ
ခုတော့ …
အားလုံးက သဲထဲရေသွန်
`ကိုယ်ကျိုးစွန့် အနစ်နာခံသူ´ တဲ့
ရပြီးသား ဆုတစ်ခုအတွက်
နိုင်ငံနဲ့လူမျိုးကို စွန့်ပစ်
အမျိုးချစ်နေလိုက်ပုံများ
ထီးကျိုးကြီးဆောင်းပြီး
မြန်မာဝတ်စုံမှာ
လေဒီရှူးတွဲစီးတဲ့အလှက
မြန်မာအမျိုးပျက်မှန်း သိသာလှပေါ့ .. ။
ကြင်နာတတ်တယ်ဆိုတဲ့
အမေ့လက်တွေက
ဘာလု့ိများ
ရခိုင်ကလေးတစ်ယောက်ကို
ပွတ်သပ်ချော့မြှူမှု မပြုနိုင်တာလဲ … ။
အမေ့ရှေ့မှာ မျက်ရည်ဝဲပြသူတွေကို
နှစ်သိမ့်ခဲ့တဲ့အမေ့လက်
မျက်ရည်မိုးဖြိုင်ဖြိုင်ရွာနေတဲ့
ရခိုင်တိုင်းရင်းသားတွေရဲ့ရင်ဘတ်ပေါ်
ဘာလို့များ
မအုပ်မိုး ၊ မနှိမ့်သိမ့်နိုင်ခဲ့တာလဲ … ။
သီတာထွေးဆိုတာ
အမေ့သမီးပါအမေ …
အမေ့လိုပဲ မြန်မာအမျိုးသမီးလေးပါ
ဒါပေမယ့်
`ဖြစ်ချင်ရာဖြစ်တော်´ ဆိုပြီး
ကုလားကိုလင်မတော်တတ်တဲ့
ရခိုင်မလေး သီတာထွေးပါအမေ .. ။
ရခိုင်လူမျိုးတွေ
သေကုန်ပြီအမေ ..
ရခိုင်လူမျိုးတွေ
ငတ်ကုန်ပြီအမေ …
ရခိုင် ကလေးတွေ ဖခင်မဲ့ခဲ့ပြီအမေ
ရခိုင်အမျိုးသမီးတွေ
မုဆိုးမဖြစ်ကုန်ပြီအမေ … ။
ခုတော့သိလိုက်ပါပြီ
အမေချစ်တဲ့အမေ့ရင်သွေးဆိုတာ
ကျွန်တော်တို့လို
မြန်မာနိုင်ငံဖွား
တိုင်းရင်းသားလူမျိုးတွေမှ မဟုတ်ပဲ
ရှေ့ကအစ်ကိုကြီးတစ်ယောက်ရေးခဲ့သလို
`နေသာသလိုနေပါအမေ´
မနေသာတဲ့ကျွန်တော်တို့ကတော့
အမေခြေနဲ့ဖျက်ခဲ့တဲ့မြန်မာ့သမိုင်း
သွေးနဲ့ပြန်ရေးရတော့မယ် အမေ .. ။
အမေ့အတွက်
ရခိုင်လူမျိုးတွေကတော့
`NO ဘဲ´ ဆိုတဲ့ဆုပဲ ပေးနိုင်မယ်အမေ… ။
မျိုးချစ်စိတ်ဆိုတာ
သွေးကစကားပြောတယ်အမေ
ရခိုင်လူမျိုး
အာရှနေဝန်း ဦးဥတ္တမ
မြန်မာနိုင်ငံတွက် တိုက်ပွဲဝင်ခဲ့တယ် .. ။
ရခိုင်လူမျိုး
ဦးအောင်ဇံဝေ
ဗိုလ်တေဇနဲ့လက်တွဲလို့
ရဲရဲကြီး အမျိုးချစ်ပြခဲ့တယ် … ။
လူချင်းတူပေမယ့်
အသက်ရှုခြင်း ကွဲတယ်အမေ
ခြံခုန်တယ်ဆိုတာ
မွေးရာပါဗီဇပါ
သေချာတာတစ်ခုကတော့
“ ဦးသန့်ဇနီးက
မြန်မာလူမျိုး စစ်စစ်ပါ´´ အမေ .. ။ ။

{လူမျိုး၊ ဘာသာ သစ္စာဖောက် ဒေါ်စုကြည်၊ နိုင်ငံသစ္စာဖေါက် မင်းကိုနိုင် ၊ ဇေယျာသော် တို့နှင့်အတူ
(30.6.2012 ) နေ့ ရန်ကုန်မြို့ ၈ မိုင်တွင် ဒေါ်စုကြည်ယဉ်တန်းအား အေးချမ်းစွာဆန္ဒပြခဲ့ကြသည့်
ရခိုင်လူမျိုးများကို ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည့် NLD လူမိုက်များအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။ ။}

51 comments

  • ဝမ်းတွင်းရူး

    July 2, 2012 at 7:37 pm

    ဟေ့လူ ဒီကဗျာကို ကန် ့ကွက်တယ်ဗျာ။ရန်ကုန်မှာ အဲ့နေ ့ကဖြစ်ခဲ့တဲ့ကိစ္စ
    ဟာ လူထုအကြမ်းဖက် ဆွမ်းကြီးလောင်းပွဲဖြစ်အောင် လှုံ ့ဆော်တာဗျာ။
    အဲ့လို ဖြစ်စေချင်နေတာလား။ဒီ ကဗျာကိုရေးတဲ့လူ ဟာလဲ အင်မတန်မှကို
    မျက်လုံး(၂)့ဖက် စုံလုံးကန်းနေတဲ့ မျက်ကန်းမျိုးချစ်ဘဲ။

    • ဝေးလွင့်တိမ်

      July 2, 2012 at 7:52 pm

      ငါတို့မျက်ကန်းမျိုးချစ်တွေမဖြစ်ခဲ့ရင် ရခိုင်ဆိုတဲ့လူမျိုးပျောက်သွားတာကြာပြီ သူငယ်ချင်းပြောတဲ့စကားကိုလက်ခံတယ် ငါတို့က တစ်ကယ်ကို မျက်ကန်းမျိုးချစ်တွေပါ ။ ငါတို့သာအမျိုးမချစ်ခဲ့ရင် ငါတို့ပြည်နယ်ကို တစ်ဖက်နိုင်ငံက ပိုင်နက်အဖြစ် သတ်မှတ်လိုက်တာ ကြာရော့မယ် ။ ငါတို့မှာ အားကိုးစရာဆိုလို့ ငါတို့လူမျိုးအချင်းချင်းပဲရှိတော့တယ် ။ ငါတို့ဘဝကို စာနာနားလည်ပါ ။ ငါတို့ကိုခုတ်မယ့်ဓားတွေကို ငါတို့မြင်နေရပြီ။ ငါတို့အတွက် ဘယ်သူတွေကာကွယ်ပေးမှာလဲ ။ ငါတို့အသက်ကို ငါတို့ကာကွယ်ရတော့မယ် ။ ငါတို့လူမျိုးအတွက် ၊ ငါတို့ပြည်နယ်အတွက် ငါတို့ လူမိုက်ဖြစ်မယ်ဆိုရင်တောင်မှ ရဲရဲကြီး လူမိုက်လုပ်ပစ်ရတော့မယ် ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 2, 2012 at 8:04 pm

        ( ငါတို့သာအမျိုးမချစ်ခဲ့ရင် ငါတို့ပြည်နယ်ကို တစ်ဖက်နိုင်ငံက ပိုင်နက်အဖြစ်
        သတ်မှတ်လိုက်တာ ကြာရော့မယ် )
        ဟရောင် ပြည်သူ့တပ်မဒေါ်ဆိုဒါ စောက်ချဉ်မဟုတ်ဘူးကွ
        အမိမြေဂို တလက္မမှအထိမခံဘူးကွ 👿
        2012 ဘဲရောက်လာပြီ အဖွားကြီးကို ကလားမယားပြောပြီး
        မိန်းမလိုမိန်းမရ လုပ်နည်းလုပ်ထုံးတွေကိုပြောင်းကွာ
        အဖွားကြီးနောက်လင်ယူတော့မယ်ဆိုပြီးဖွကွာ
        မင်းတို့ဘာရလည်း မင်းတို့က ဘာဖြစ်ခြင်တာလည်း
        မင်းတို့စိတ်မညစ်သေးဘူးလား
        မင်းတို့သူများကိုကြံစည်နေတဲ့စိတ်ကြောင့်
        ကိုယ်ကိုယ်တိုင် စိတ်မချမ်းသာဖြစ်နေတာကလေးမြင်အောင်ကြည့်အုန်း
        ဂလေဂချေရဲ့

        • မိုက်ကယ်ဂျော်နီအောင်ပု

          July 2, 2012 at 8:06 pm

          ဘယ်ရခိုင်က အဖွားကြီးကို ကလားမယားလို့ပြောမှာလဲကွ
          မင်းတို့ကောင်တွေ ဖွရင်လည်းခေတ်မှီအောင်မဖွဘူး
          သဂျီးလီးဘဲကွာ
          သူကသဂျီးဆိုတော့ နည်းနည်းပါဝါရှိမယ်ထင်လို့ 😀

      • ရဲစည်

        July 2, 2012 at 9:28 pm

        ဝေးလွင့်တိမ်ဆိုသူရေ…
        ဒီလောက် စာအရှည် ကဗျာအရှည်ကြီး ရေးနိူင်ကတည်းက မင်းမှာ အသိအမြင် ရှိမယ်ထင်ပါတယ်
        http://www.myanmarexpress.net/2012/06/blog-post_6935.html မှာရေးတင်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပေးပါ
        ပြန်ကြည့်ပေးပါ
        လူငယ် ၃ယောက်က စာတန်း၁ခုကို ကိုင်ထားပါတယ် ကျန်တဲ့သူတွေက ဆန္ဒပြနေတာလား နှုတ်ဆက်နေတာလားဆိုတာ သေချာပြန်ကြည့်ပေးပါ….. ပီးရင် အဲဒိ လူငယ် ၃ယောက်က မင်းပြောသလိုဆို မျိုးချစ် ရခိုင်တွေလား ဘာတွေလား သေချာပြန်ကြည့်ပေးပါ …. ပြီးရင် မင်းငါတို့နဲ့ ဆွေးနွေးမှု လုပ်နိူင်ပါတယ် …….နောက်တချက်က မင်းတို့ ဒီလို မဟုတ်မမှန်ဘဲ နှစ်ပဲတပြားဉာဏ်လေးတွေနဲ့ ဦးနှောက်မဲ့စွာ ဒီမှာလာပြီး ဖွလို့မရပါဘူး
        ငါတို့မှာလဲ မျက်လုံးပါပါတယ်… ငါတို့လဲ စာဖတ်တတ်ပါတယ် အဲဒီတော့ကွာ မင်းကို စာစီပေးတဲ့ ကောင်ကို ပြောလိုက်ပါ လုပ်ရင် ပြောရင် ယုတ္တိရှိရှိနဲ့ သေချာလုပ်ပါလို့.. အဲဒါလေး မင်းတို့ဖွလို့ သွေးတွေဆူပီး ဝရုန်းသုန်းကား ဖြစ်စေမဲ့ အထဲမှာ ငါတို့ဂေဇက်မပါဘူးဆိုတဲ့ အကြောင်းလေးပါ ထည့်စဉ်းစားပေးပါ…

      • P chogyi

        July 3, 2012 at 4:02 pm

        နေကြပါဦးဗျာ
        ခဏတော့စောင့်ကြပါဦး
        ချင်ဗျားတို့ ရခိုင်တွေ၊ ကုလားတွေကိတ်စ
        ခဏ စောင့်ပေးပါဦး
        လောလောဆယ် အမေ ဗျာများနေတယ်
        မြန်မာလား၊ ဗမာလား ရှင်းမရသေးဘူး

  • TNA

    July 2, 2012 at 7:47 pm

    ရခိုင်တွေက ဖြေရှင်းပေးမှာကိုမစောင့်နိုင်ကြပဲ ဒေါသတကြီးတွေနဲ့ ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်း တွေဖော်ဆောင်နေမယ်ဆိုရင်တော့ မကြာတော့ပါဘူး ရခိုင်မှာလူမျိုးတမျိုးတိုးလာတော့မှာ မလွဲဘူး။ အသုံးချခံတွေဖြစ်မှန်းမသိဖြစ်နေကြတာကို သဘောပေါက်နောက်ကျမယ်ဆိုရင်တော့ ဝမ်းနည်းစ ရာတွေနဲ့ပဲအဆုံးသတ်မှာတွေ့မှာပါ။ စဉ်းစားဆင်ခြင်နိုင်ကြပါစေ။

    • htoosan

      July 2, 2012 at 8:31 pm

      TNA ရေ. ကျွန်တော်ဘာ သတိသွားရသလဲဆိုတော့ “ဆေးလိပ်ကင်းစင် ဇုန်” တို့ ။ ” မြို့ထဲမှာ ရေးထားတဲ့ “ယာဉ်တိုက်မှု့ ကင်းမဲ့ဇုန်” တို့ဆိုတာလေး ကို မဆီမဆိုင် သွားသတိရတယ်ဗျ။
      ရခိုင်လူမျိုး လို့ နံမည် တပ်လိုက်တာနဲ့ ရခိုင်ဖြစ်သွားသလား ဆိုတာ လေးပါ။

      • TNA

        July 3, 2012 at 8:10 am

        မဟုတ်ဘူးကိုထူးဆန်းရေ။ ကျွန်မပါတ်ဝန်းကျင်ကရခိုင်တွေကိုယ်နှိုက်ကဒီစကားမျိုးပြောနေကြတာမို့ ဒီကောမန့်ကိုပေးရတာပါ။ ကျွန်မတောင် ရခိုင်တွေအတွက်ရည်ရွယ်ပြီးပိုစ့်တခုတင်မလို့ သင့်တော်ပါ့ မလားစဥ်းစားနေတာ။ သူတို့ အသုံးချခံဖြစ်နေတာသူတို့မသိဘူး။ မြန်မာတွေနဲ့ ရခိုင်တွေကို ကြားထဲကနေ ရန်တိုက်ပေးတဲ့သူရှိနေတယ်။ အစ်စလာမ်ဘာသာတွေနဲ့ လှည့်ရန်တိုက်တယ်။ မအောင်မြင်ဘူး။ အဲတော့ အခုဒေါသကြီးတဲ့ရခိုင်တွေနဲ့လှည့်ရန်တိုက်နေတာ သူတို့မသိဘူး။ အခုတလောရခိုင်တွေဆီကဒီကဗျာနဲ့ ခပ်ဆင်ဆင်စကားတွေကြားနေရလို့ပြောလိုက်တာ။ ဒေါ်စုပြောလားမပြောလားမသေချာတဲ့စကားတွေကို ဒေါ်စုမလိုလားတဲ့ဆိုဒ်တွေမှာရေးထားတဲ့စကားတွေကို ကိုးကားပြီးပြောပြောနေကြတယ်။ ဒါကိုရခိုင် တာဝန်ရှိ သူတွေကသေချာစဥ်းစားဖြေရှင်းပေးဖို့လိုတယ်။

        • htoosan

          July 3, 2012 at 10:21 pm

          အဲ့ဒါဆိုရင်တော့ ဂီ့လိုဘဲ ငိုချင်လာပြီ ။ ဒီလောက် မရိုးကြပါနဲ့လို့ပါ အော်ချင်လာပြီ။။။။။။။။။

    • jeams hlaing

      July 3, 2012 at 9:46 pm

      ကျွန်တော်ကတော့အခုလုပ်တဲ့လူဟာရခိုင်လို.လုံးဝမထင်ဘူး..ဖြစ်လည်းမဖြစ်နိုင်ဘူး..ဘာဖြစ်လို.လည်းဆိုတော့ကျွန်တော်ဟာရခိုင်တယောက်ဖြစ်ပြီး ရခိုင်အကြောင်းကိုကောင်းကောင်းသိနေလို.ပဲ… ရခိုင်တွေကဘာဖြစ်လို.အမေစုကိုမုန်းရမှာလဲ..အမေစုကရခိုင်တွေကိုဘာလုပ်နေလို.လည်း..ဒါဟာတယောက်ယောက်က စနစ်တကျ စီစဉ်ဆောင်ရွက်တာပဲဖြစ်ရမယ်… လူအပေါင်းတို. ဘေးဘယက်ဝေးကွာပြီး ဆင်ခြင်တုံတရားလက်ကိုင်ထားလျှက် အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်ကြပါစေ…

  • တေလေငှက်

    July 2, 2012 at 8:00 pm

    ဲဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအားလုံးကိုသင်ခန်းစာယူသင့်နေပါပြီ။
    နိုင်ငံရေးကစားကွက်တွေမှာအသုံးချခံမဖြစ်ပါစေနဲ့။

  • maung khinmin

    July 2, 2012 at 8:08 pm

    ပြသာနာတစ်ခုကိုခုလို….ဇစ်မြစ်မသိပဲတစ်ဦးထဲတစ်ယောက်ထဲအမြင်နဲ့တော့ဒီလိုပုဂ္ဂိုလ်ရေးထိခိုက်အောင်
    ရေးသားတာကိုတော့…ပြင်း၂ထန်၂ရှုံ့ချပါ၏။။။

    နိုင်ငံရေးအလုပ်ဆိုတာ…နက်နဲ၏
    သိမ်မွေ့၏
    ကြွယ်ဝ၏
    ရှုပ်ထွေး၏
    ထို့ကြောင့်ပဲစိလောက်ဉာဏ်ကလေးနှင့်မဝေဖန်သင့်ပါ။။။
    မိန်းမဆန်တဲ့စိတ်နဲ့…အတင်းသဘောဆောင်နေသောစာရေးသူ၏အဆင့်အတန်းကိုခုလိုစာဖတ်ပရိတ်သတ်ရှေ့မှာချမပြသင့်ပါ။။။။
    အတင်းသည်..သတင်းမဟုတ်ပါ။မခိုင်လုံပါ။။အချက်အလက်၊အကြောင်းအရာတွေရှာကြည့်စေချင်ပါ၏။
    မီဒီယာ၏..သိက္ခာကိုစောင့်စည်းသင့်ပါ၏…ငါးခုံးမတစ်ကောင်ကြောင့်…တစ်လှေလုံးအပုပ်မခံနိုင်ပါ။
    နောင်ဆိုများစွာဆင်ခြင်စေချင်ပါသည်။
    ကိုယ်ကိုတိုင်…တိုင်းပြည်အတွက်အကျိုးရှိအောင်လုပ်အား၊ဉာဏ်အားနှင့်ပါဝင်ပြီးအပြုသဘောဆောင်ရွက်
    စေချင်ပါ၏…

    မပြည့်သောအိုးသည်..ဘောင်ဘင်ခတ်တတ်ပါ၏

  • အရီး Khin Latt

    July 2, 2012 at 8:28 pm

    ဟိုးအရင်
    ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် နဲ့ စ ဆွေးနွေးချိန် တုန်းက
    ဒေါ်အောင်ဆန်းစုကြည် ကို “မြန်မာ ပြည်သူ” တွေ က မကျေနပ်ဘူး ဆိုပြီး လူထုက လိုလို နဲ့ တစ်ခါ လုပ်ကြံ ဇာတ်ခင်း ခဲ့ပြီးပြီ။
    အခု လဲ လာပြန်ပြီ။
    ရခိုင်လူမျိုး တွေ တဲ့။
    ပြော –
    ရခိုင်လူမျိုး ဘယ်နှစ်ယောက် ကများ မကျေမနပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အထင်မှား နေလဲ။ ပြောနိုင်ရင် စာရင်းကောက်ခဲ့။
    အူကြောင်ကျား လာမလုပ် နဲ့။
    ကျွန်မ ဘေးမှာ ရခိုင် လူမျိုး အစစ် တွေ အများကြီး ရှိတယ်။
    သူတို့ အားလုံး ဒေါ်အောင်ဆန်းစုကြည် စေတနာကို လေးစားတယ်။
    ဒေါ်အောင်ဆန်းစုကြည် အတွက် ပံ့ပိုး နေတယ်။
    ကိုယ့်ဟာကို မကြိုက် ရင်၊ သတ္တိရှိရင် ကိုယ့် နာမည် တပ်ပြီး ပြော။

    မဆိုင်တဲ့ အများပြည်သူ ကို ဆွဲ မထည့် နဲ့။
    ငတ်နေတာ ရခိုင်တိုင်းရင်းသား တွေ တင်မဟုတ်ဘူး။
    ပြည်သူတွေ အားလုံး ငတ် နေတာ ကို လူစိတ် ရှိသူတိုင်း တယ်။
    ဒီ အချိန်မှာ လူတိုင်း စည်းလုံး ရမယ် ဆိုတာ လဲ လူစိတ် ရှိသူတိုင်း တယ်။

    ဒီစာ ကို မင်းရေးတာ မဟုတ် ရင် ရေးတဲ့ လူ ကို သွားပြော။
    အများ ကို ဘန်းပြ ပြီး မဟုတ်တာ ပြောတာ မရှက်ဘူးလားလို့။
    သူရဲဘော မကြောင် နဲ့။ လို့။

    • TNA

      July 3, 2012 at 8:17 am

      အရီးလတ်ရေ မြန်မာနိုင်ငံမှာရှိတဲ့ရခိုင်တွေကျွန်မပါတ်ဝန်းကျင်မှာဒီစကားမျိုးပြောနေကြလို့ ကျွန်မနဲ့တောင် ပြသနာတက်ပြီးပြီ။ သူတို့ကလဲခါးခါးသီးသီးဖြစ်နေတာအံ့ဩစရာပါပဲ။ Myanmarexpress လိုဆိုဒ်မျိုးကရေးတဲ့စာတွေကို ကိုးကားပြီးဒေါသတွေထွက်နေတာ။ တော်တော်လေးအခြေအနေဆိုးနေ တာတော့အမှန်ပဲ။ ဒီတိုင်းဆိုပြသနာပိုကြီးထွားလာနိုင်တယ်။ အမေစုကိုထောက်ခံခဲ့တဲ့ရခိုင်တွေကပါဒီလို စကားပြောနေကြတာဆိုတော့ လွယ်တော့မလွယ်လောက်ဘူး။

    • Novy

      July 3, 2012 at 3:21 pm

      ကိုထူးဆန်း@
      ရခိုင်လူမျိုး လို့ နံမည် တပ်လိုက်တာနဲ့ ရခိုင်ဖြစ်သွားသလား ဆိုတာ လေးပါ။

      အရီးလတ်@
      ကျွန်မ ဘေးမှာ ရခိုင် လူမျိုး အစစ် တွေ အများကြီး ရှိတယ်။
      သူတို့ အားလုံး ဒေါ်အောင်ဆန်းစုကြည် စေတနာကို လေးစားတယ်။
      ဒေါ်အောင်ဆန်းစုကြည် အတွက် ပံ့ပိုး နေတယ်။
      ကိုယ့်ဟာကို မကြိုက် ရင်၊ သတ္တိရှိရင် ကိုယ့် နာမည် တပ်ပြီး ပြော။
      မဆိုင်တဲ့ အများပြည်သူ ကို ဆွဲ မထည့် နဲ့။
      ငတ်နေတာ ရခိုင်တိုင်းရင်းသား တွေ တင်မဟုတ်ဘူး။
      ပြည်သူတွေ အားလုံး ငတ် နေတာ ကို လူစိတ် ရှိသူတိုင်း တယ်။
      ဒီ အချိန်မှာ လူတိုင်း စည်းလုံး ရမယ် ဆိုတာ လဲ လူစိတ် ရှိသူတိုင်း တယ်။

      ကိုထူးဆန်းနဲ့ အရီးလတ်ရဲ့
      အပေါ်ကစာအရေးအသားလေးတွေကို သဘောကျထောက်ခံလိုက်ပါတယ်

  • မောင်ပေ

    July 2, 2012 at 9:01 pm

    ““ About ဝေးလွင့်တိမ်
    has written 30 post in this blog. ””
    ပို ့စ်၃ဝတောင်မှတဲ့
    အရင်ပို ့စ်တွေ ဖတ်ဖြစ်ခဲ့လား မဖတ်ဖြစ်ခဲ့လား မမှတ်မိတော့ဘူး
    အခုပို ့စ်ကြမှ ခေါင်းစဉ်နဲ ့လိုက်အောင် ကိုယ့်ကိုကိုယ် ဘာကောင်လဲ ဆိုတာ အလျင်းရေးပြတဲ့အတွက် ကျေးကျေးပါ။

  • Oo Oo

    July 2, 2012 at 9:29 pm

    ဒုက္ခတွေ့နေရတဲ့ရခိုင်တိုင်းရင်းသားတွေကိုမှ.. စင်းနီတုံးအဖြစ်အသုံးချရက်လေခြင်း။
    ကုလားကာနောက်ကွယ်က ငတေ များကတော့…အရာရာကိုကိုယ်ကျိုးပြုနိုင်ဖို့အရေး
    အတ္တအကြီးကြီးနဲ့ကို ဘယ်သူသေသေ ငတေပဲမာချင်နေပါလားကွယ်…

    လူထုခေါင်းဆောင်ဒေါ်စု ကို..

    `ကိုယ်ကျိုးစွန့် အနစ်နာခံသူ´ တဲ့
    ရပြီးသား ဆုတစ်ခုအတွက်
    နိုင်ငံနဲ့လူမျိုးကို စွန့်ပစ်
    အမျိုးချစ်နေလိုက်ပုံများ
    ထီးကျိုးကြီးဆောင်းပြီး
    မြန်မာဝတ်စုံမှာ
    လေဒီရှူးတွဲစီးတဲ့အလှက
    မြန်မာအမျိုးပျက်မှန်း သိသာလှပေါ့ .. ။

    ဒီလိုရူးကြောင်ကြောင် အမြင်နဲ့ ကလေးကလားဆန်ဆန် စွပ်စွဲပုတ်ခတ်တတ်တာ.. ဘယ်သူတွေလဲဆိုတာ
    မြန်မာနိုင်ငံမှာနေတဲ့..ကလေးကအစ အရူးအဆုံး သိနှင့်ပြီးသားပါကွယ်။
    “ရပြီးသားဆုတစ်ခုအတွက်တဲ့” .. မနာလိုတဲ့စိတ်တွေအားကြီးနေလိုက်ပုံများ
    မင်းကိုနိုင် ၊ ဇေယျာသော် တို့ကိုပါအဆစ်ထဲ့လိုက်သေး…အဟေးး
    မရယ်ပဲကိုမနေနိုင်ဘူးး.. အဟိ 😛

  • တေလေငှက်

    July 2, 2012 at 10:06 pm

    မြန်မာဝတ်စုံမှာ
    လေဒီရှူးတွဲစီးတဲ့အလှက
    မြန်မာအမျိုးပျက်မှန်း သိသာလှပေါ့ .. ။

    နားမလည်ရင်မပြောပါနဲ့။ နိုင်ငံရပ်ခြားမှာ အထူးသဖြင့် ရုံးအလုပ်တွေမှာ ခြေညှပ်ဖိနပ် မစီးရပါဘူး။ သူများဒေသရောက်ရင်သူတို့ရဲ့အလေ့အထကိုလည်းလေးစားရပါတယ်။ဟိုးအရင်ခေတ်ကိုပဲပြန်ကြည့်ပါဦး၊ ပုစိုးတကားကား ရူးဖိနပ်တရွမ်းရွမ်းနဲ့။

  • နေ ့သစ်/ ဘဝသစ်

    July 2, 2012 at 10:16 pm

    အတွေးအခေါ်တွေက လေတိုက်လို့ လွင့်နေတဲ့ တိမ်တွေလိုပါလား

  • garuda

    July 2, 2012 at 10:16 pm

    ကျွန်တော် တခုပြောပါရစေ။ အခု Mandalaygazette ထဲမှာ နိုင်ငံမဲ့ အစွန်းရောက်တွေ or/and အာဏာရူး အရင်းရှင် လက်ကျန်တွေ ဝင်ရောက် နှောက်ရှက်နေတာပါ။ သူတို့အကြံက သာမန်လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် စိတ်ဓာတ်ပျက်ပြားအောင်လုပ် ချင်တာပါ။ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောမယ်၊ သမိုင်းကိုလိမ်ရေးမယ့် အောက်တန်းစားတွေဟာ ဒီကောင်တွေပဲရှိပါတယ်။ အခုလည်း ရခိုင်လူမျိုး တွေကို သူတို့ တခြားလူမျိုးတွေနဲ့လှည့်တိုက်နေတယ်။ သဘောကတော့ အဓိကရုဏ်း တခုခုဖြစ်အောင် လုပ်နေတာပေါ့ဗျာ။ ဒေါ်စုရဲ့အနီးကပ်တွေထဲမှာ ရခုိုင်လူမျိုးတွေ အများကြီးရှိတာ သူတို့သိပါတယ်။ ဒါကြောင့်လည်းမနာလို လို့ တိုက်ပေနေတာပေါ့ဗျာ။ အကောင်းဆုံးက သူတို့ကိုဥပေက္ခာပြု လှစ်လျူရှု့ ထားကြပါခင်ဗျား။ ခင်ဗျားတို့သူတို့နဲ့ဖက်ပြိုင်ပြီး ပြောလေ
    သူတို့ကကြိုက်လေပဲ။ ”မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုသလိုပေါ့ဗျာ။ ”ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေးပျက်ပါတယ်ဗျာ”။ ခင်ဗျားတို့ရဲ့ တန်ဖိုးရှိတဲ့ ကိုယ်ပိုင် comment လေးတွေကို သူတို့အတွက် မဖြုန်းပြစ်ပါနဲ့ဗျာ။ သာမန်လူအချင်းချင်းပဲ အတွေးအမြင်ဖလှယ်တာ ဆွေးနွေးတာကောင်းပါတယ်။ အောက်တန်းစားဆန်တဲ့လူတွေနဲ့ ဖက်ပြောမနေကြပါနဲ့ဗျာ။ မာဇီးဒီး နဲ့ မိလ္လာကားနဲ့တိုက်ရင် ခင်ဗျားတို့မာဇီးဒီးပဲနာမှာပေါ့ဗျာ။ ကျွန်တော်ကတော့ခွေးနဲ့ဖက်ပြီး မကိုက်ချင်ဘူး။

  • Foreign Resident

    July 2, 2012 at 10:26 pm

    မြန်မာပြည်တွင်းမှာ ရှိပြီးသား ဘင်္ဂါလီ ဆယ်သိန်း အပြင် ၊
    ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းမှာရောက်နေတဲ့ ၊
    ဘင်္ဂါလီ လေးသိန်း ကိုပါ ထပ်ပြီး လက်ခံဖို့ ၊
    မြန်မာ ဒု – နိုင်ငံခြားရေး ဝန်ကြီးက လက်ခံလိုက်ပြီတဲ့ ။
    မြန်မာ အစိုးရ ၊ သမ္မတကြီး ဦးသိန်းစိန်ကပါ လက်ခံလိုက်ရတာပဲ ။

    အေး ၊ တကယ့် နိုင်ငံရေး ( Real Politic ) ၊
    လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဆိုတာ ကို ၊
    နဲနဲ သဘောပေါက်လောက်ရောပေါ့ ။

    သတ်ပြစ်မယ်တို့ ၊ ဘင်္ဂလားဒေရှ့် ပြန်ပို့လိုက် ဆိုပြီး ၊
    လေလှိုင်းထဲက လွယ်လွယ်ပြောနေတဲ့သူတွေ ၊
    လွယ်မယ်ထင်ရင် သွားလုပ်ကြည့်လိုက်လေ ။

    အဲဒါတောင်မှ ၊ တကယ့် နိုင်ငံရေး ( Real Politic ) ကို မမြင်သေးပဲ ၊
    ဆက် တုံးနေ ၊ ဆက် မိုက်လုံးကြီးနေအုန်းမယ် ၊
    အမေစု ကိုပါ ဆက်ရမ်းနေအုန်းမယ် ဆိုရင်တော့ ၊
    နောက်တစ်ခါဆိုရင် မင်းတို့ဘက်မှာ ဘယ်သူမှရှိလာမှာ မဟုတ်ဘူး ။

    အမျိုး သိပ်ချစ်တဲ့သူတွေ အတွက် ၊
    ဒီ အရေးအခင်းအတွက် တကယ်က အဖြေ ရှိပါတယ် ။
    ဒါပေမယ့် မင်းတို့ အဲဒီလောက် ကိုယ်ကျိုးစွန့်ကြမယ်လို့ မယုံဘူး ။
    သွားစမ်းပါ ၊ အလကား လေထဲက ချစ်နေကြတာ ။

    အသက်ပေးပြီး ချစ်ပါတယ်ဆိုတဲ့ ရွာသား ၁ဝ ယောက်ပဲထွက်လာခဲ့ ။
    အဘ အဖြေကို Post တင်ပြီး ရေးလိုက်မယ် ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 2, 2012 at 10:51 pm

      အဖိုးဂျီး အရေးထဲ ပဲမများနေနဲ့ ရေးစရာရှိတာကိုမြန်မြန်ရေး ကွိကွိ
      ဟဲဟဲဟဲ အရဂါးနောက်ဒါ ရေးဘာအဘရဲ့ အဘဂလဲ
      သူများတော့ဘယ်လိုနေလဲမသိဘူး
      ကျုပ်ကတော့ လေလှိုင်းထဲမှာဆိုရင် ဟင်းဟင်းဟင်း သိပ်စိတ်ကြီးတာ
      အပြင်မှာဆိုရင်တော့ မြင်မြင်ချင်းထမင်းကြွေးခြင်လောက်အောင်ဂို
      ချစ်စရာကောင်းဒါ
      ယုံ
      ( မြန်မာပြည်တွင်းမှာ ရှိပြီးသား ဘင်္ဂါလီ ဆယ်သိန်း အပြင် ၊
      ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းမှာရောက်နေတဲ့ ၊
      ဘင်္ဂါလီ လေးသိန်း ကိုပါ ထပ်ပြီး လက်ခံဖို့ ၊
      မြန်မာ ဒု – နိုင်ငံခြားရေး ဝန်ကြီးက လက်ခံလိုက်ပြီတဲ့ ။
      မြန်မာ အစိုးရ ၊ သမ္မတကြီး ဦးသိန်းစိန်ကပါ လက်ခံလိုက်ရတာပဲ )
      ပြောတော့ ဦးထိပ်ပြောင်က ဘင်္ဂလားဒေံသွားမဲ့ခရီးကိုတောင် ရက်ရွှေ့လိုက်ဒယ်ဆို
      ပိုစ့်ရေးတဲ့သတ္တဝါကိုတစ်ခုလောက်အကြံပေးလိုက်အုန်းမယ်
      အဖွားကြီးဝတ်ထားတဲ့ အိန်ဂျီဒေ ထမိန်ဒေဂ မြန်မာ့ရိုးရာဝတ်စုံသာပြောဒါ
      တရုပ်အပ်ချဉ်လုံးနဲ့ ချုပ်ထားတယ်ဆိုတာလေး နည်းနည်းဖြည့်ပေးလိုက်ဒယ်ကွာ
      လခွီး

  • ahnyartamar

    July 3, 2012 at 12:01 am

    မဟုတ်တာကို ပိုကျယ်ပြန့်အောင်မဖွနဲ့ဗျာ။ ဒါသက်သက် လုပ်ကြံမူဆိုတာ ဦးနှောက်ရှိတဲ့လူတိုင်းသိတယ်။ အူကြောင်ကြောင် လုပ်မနေနဲ့ ကိုယ့်လူ။ အိပ်ယာထ၊ မျက်နှာသစ်၊ အတွေးသစ်၊ အမြင်သစ်တွေနဲ့ အမှန်ကို မြင်တတ်အောင်ကြည့်။

  • ဖိုးထောင်

    July 3, 2012 at 12:17 am

    အင်း ဒီစာကိုဖတ်မိတော့ ရခိုင်အလှူမှာအားတက်သရောပြောတဲ့လူကြီးတစ်ယောက်ကိုသွားသတိထားမိတယ်
    ဝါး……………. ဆက်အိပ်ဦးမယ် ………… တိုင်းထကြည့်တာအိပ်ရေးပျက်လိုက်တာ
    ဒါကြီးကလည်း ဓါတ်ပြားဟောင်းကြီးပဲဟ

  • ဖိုးကြက်တောင်@badminton

    July 3, 2012 at 12:46 am

    ညီလေး အကိုဝမ်းနည်းမိပါတယ် ညီလေးလူတိုင်းဟာစိတ်ခံစားချက်ဆိုတာရှိကြပါတယ်၊အမြင်တွေအပေါ်မှာအခြေခံတာပေါ့ ဒါပေမယ့်တယောက်နဲ့တယောက်တူကြတာလဲရှိတယ်မတူကြတာလဲရှိတယ် ကိုယ်ထင်မြင်ယူဆချက်ကို ရဲရဲတင်းတင်း တင်ပြဝံ့တာကိုလေးစားပါတယ် ဒါပေမယ့် ပြည်သူရဲ့အကောင်းအဆိုးကိုလဲဝေဖန်ခံနိုင်တဲ့သတ္တိရှိဘို့လိုပါတယ် ဒီအခါမှာ အမှားအမှန်ဆိုတာပေါ်လာတတ်ပါတယ် ဒါကိုလဲလက်ခံရဲတဲ့သတ္တိတော့ရှိဘို့လိုတယ်၊
    နောက်တခုပြောမယ်ညီလေး အကိုကနိုင်ငံရေးနယ်ပယ်ကမဟုတ်ဘူး တခုက အကိုတို့မြန်မာတွေမှာ ချစ်စရာဓလေ့တခုရှိတယ် အလွန်သမ္မာသမတ်ရှိတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေက နောင်ခေတ်လူငယ်လေးတွေကို အသိပညာရှိအောင် လိမ္မာယဉ်ကျေးအောင်ကဗျာစာပေလင်္ကာ စတွေနဲ့ဆိုဆုံးမခဲ့တယ် ဒီမှာအကိုနှစ်သက်တဲ့အပိုဒ်လေးတွေကိုပြောပြမယ် “ပြည်ထဲအရေးပေါက်နဲ့ကျေး ” “ကြက်ဥအယောင် တိမ်တောင်သဖွယ်မင်းရေးကျယ်” တဲ့ ဟုတ်တယ်ညီလေး ပြည်ထဲရေးဆိုတာပေါက်ပင်မှာကျေးငှက်နားရင်ခွဲရခက်သလိုမျိုး ကျေးဆိုတာက ခန္ဓာကိုယ်အစိမ်း နှုတ်သီးအနီရောင် ပေါက်အရွက်အစိမ်း အပွင့်ကအနီရောင် ဘယ်လိုမှခွဲမရဘူးရှုပ်ထွေးနက်နဲတယ် ဒီလိုဘဲပြည်ထဲရေးဆိုတာရှုပ်ထွေးနက်နဲပြီး အစမရှိအဆုံးမရှိတဲ့ နိုင်ငံရေးသံသရာဟာ အကိုတို့အတွက် နားလည်ရခက်ခဲပါတယ်
    ညီလေးပြောတဲ့ အကိုတို့ရခိုင်လူမျိုးတွေနဲ့ရခိုင်ပြည်အရေးဟာ အကိုတို့ညီလေးတို့ စိုးရိမ်သလို လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရကော နောက်နိုင်ငံရေးအဝန်းအဝိုင်းကပါ သူတို့ရွက်ထားရတဲ့တိုင်းပြည်ဝန်ကို သူတို့အလေးထားလိမ့်မယ်လို့တော့အကိုယုံကြည်တယ် ရခိုင်လူမျိုးဆိုတာ ရခိုင်ပြည်နယ်ရဲ့ဝိသေသလူမျိုး ဒီလူမျိုးနဲ့ဒီပြည်နယ်ပျက်သုန်းသွားမယ်ဆိုရင် မြန်မာတပြည်လုံးရဲ့အချုပ်အခြာကိုထိပါးလာမယ်ဆိုတာကို အကို့လိုမလောက်လေးမလောက်စားသတ္တဝါလေးတကောင်တောင်မှမြင်တတ်ရင် မြန်မာပြည်ကိုကာကွယ်စောင့်ရှောက်နေရတဲ့အစိုးရကော အတိုက်အခံပါမြင်တတ်မှာပေါ့ညီလေး ဒါကြောင့်ခေတ်အဆက်ဆက် စိုးရအဆက်ဆက်ဟာ နည်းမျိုးစုံနဲ့ ဘင်္ဂါလီလူမျိုးတွေကို ထိန်းချုပ်ထားခဲ့တာပေါ့ အကိုထင်ပါတယ် ဒီဘင်္ဂါလီတွေဟာ လွတ်လပ်မှုတခုကိုရခဲ့မယ်ဆိုရင် သူတို့လိုချင်တာ မြန်မာမြေမဟုတ်ဘူး တတိယနိုင်ငံဘဲဖြစ်လိမ့်မယ် ညီလေးကဝထ္ထုတပုဒ်ဖတ်တယ် ဇာတ်တက်ပိုင်းဖတ်ရင်းနဲ့ဇာတ်ထွဋ်ပိုင်းလှန်ကြည့်တော့ ဘာရသကိုရတော့မှာလဲ အစိုးရနဲ့အတိုက်အခံက မြန်မာ့နိုင်ငံရေးကို ကမ္ဘာ့နိုင်ငံရေးဘောင်ထဲက ဘယ်လိုမျိုးလိမ္မာပါးနပ်စွာကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ပေါ့ညီလေးရာ အစိုးရကော အတိုက်အခံပါပြည်သူကို သစ္စာမဖေါက်ပါဘူး သူတို့စွမ်းဆောင်ပါလိမ့်မယ် နိုင်ငံရေးဆိုတာ သားအဖခြင်းတောင် အမြင်မတူတတ်ဘူး အမြင်မတူတိုင်းသာရန်သူဆိုရင် ဘယ်လိုမျိုး ကမ္ဘာ့နိုင်ငံရေးအနှစ်သာရရှိတော့မှာလဲ ဘယ်လိုလုပ်ပြီးအေးချမ်းတော့မှာလဲညီလေးရာ
    ချစ်ခင်စွာဖြင့်
    ချစ်ခင်လေးစားလျှက်

  • blackchaw

    July 3, 2012 at 3:23 am

    သီတာထွေးဆိုတာ
    အမေ့သမီးပါအမေ …
    အမေ့လိုပဲ မြန်မာအမျိုးသမီးလေးပါ
    ဒါပေမယ့်
    `ဖြစ်ချင်ရာဖြစ်တော်´ ဆိုပြီး
    ကုလားကိုလင်မတော်တတ်တဲ့
    ရခိုင်မလေး သီတာထွေးပါအမေ .. ။
    ရခိုင်လူမျိုးတွေ
    သေကုန်ပြီအမေ ..
    ရခိုင်လူမျိုးတွေ
    ငတ်ကုန်ပြီအမေ …
    ရခိုင် ကလေးတွေ ဖခင်မဲ့ခဲ့ပြီအမေ
    ရခိုင်အမျိုးသမီးတွေ
    မုဆိုးမဖြစ်ကုန်ပြီအမေ … ။

    ဘာကြီးလဲဟ…။
    သီတာထွေး ကိစ္စက
    အမေညံ့လို့တဲ့လား…။
    (ဒုက္ခတရားတွေပါလား ကွယ်တို့…။)
    ရခိုင်လူမျိုးတွေ သေကုန်ပြီတဲ့လား…။
    ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်သင့် ကချင်လူမျိုးတွေ ဖြစ်ပျက်နေတာတွေကို
    တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်..။
    ဒီပို့စ်တင်သူဟာ
    ရခိုင် လူမျိုးတစ်ယောက် မဟုတ်လောက်ပါဘူး..။
    ရခိုင် နဲ့ ဗမာ ကို သွေးခွဲချင်တဲ့ ယုတ်မာတဲ့ လူတစ်ယောက်လို့
    စွတ်စွဲချင်တာပါပဲ။

  • ဇောက် ထိုး

    July 3, 2012 at 6:23 am

    ဒီစာတွေဖတ်ရင်း…..
    ဟင်းခနဲ သက်ပြင်းထွက်…
    မလွယ်ချက်ကတော့…
    မလွယ်ပါလား….

  • water-melon

    July 3, 2012 at 8:38 am

    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ
    လုပ်ချင်တာလုပ်ကြပါ

  • ဦးဦးပါလေရာ

    July 3, 2012 at 10:11 am

    ကျူပ် အရင်က တနေရာရာမှာ ပြောမိခဲ့ဘူးတဲ့ (ရခိုင်အရေးအခင်းအပေါ်) ကျုပ်ရဲ့ သီးခြားအမြင်တမျိုး… ဆိုတာ အဲဒါပဲ…။

    အစကတော့ မပြောတော့ဘူး နေမလို့ပဲ
    အခု ဒီပိုစ့်မျိုး တက်လာမှတော့ ပြောရတော့မယ်…

    ရခိုင်လူထုက ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံနေမှု့ဟာ
    တချို့လူ/အဖွဲ့တွေရဲ့ အကျိုးစီးပွားအတွက်
    အဟန့်အတားဖြစ်စေတယ်။
    အားကြီးတဲ့ အဲဒီနှစ်ခုကို ခွဲထုတ် လှည့်တိုက်ပေးလိုက်ခြင်းဖြင့်
    အမြီးလိုချင်သူကလဲ အမြီးရမယ်
    ခေါင်းလိုချင်သူကလဲ ခေါင်းရမယ်
    ခပ်ချာချာအဲဒီနှစ်ယောက်ကြားမှာ
    အသားလိုချင်သူကလဲ အသားဝင်ဆွဲရုံပဲ….

    အဲဒီအဆင်က လှတယ်နော….

  • ဝေးလွင့်တိမ်

    July 3, 2012 at 10:14 am

    ဘလက်ချောရေ ကျွန်တော်က ရခိုင်လူမျိုးမှာမှ မိဘမျိုးရိုးစဉ်ဆက် ဘာသွေးမှမနှောခဲ့တဲ့ရခိုင်လူမျိုးစစ်စစ်ပါ။ ရခိုင်လူမျိုးအိမ်ထောင်ပြုရင် ရခိုင်မကိုပဲယူရမယ်ဆိုတဲ့ စိတ်ကိုမွေးထားတဲ့ မျိုးရိုးကဆင်းသက်လာတာပါ ။ အားလုံးကျွန်တော့အားနည်းချက်တွေကို ထောက်ပြဝေဖန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ ကျွန်တော့ရဲ့ သဘောထားလွပ်လပ်ခွင့်ကို ဝိုင်းဝန်းဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ လူအားလုံးသဘောဆန္ဒတူညီနေရင် တိုးတက်မှုဆိုတာလဲမရှိသလို စစ်ဆိုတာလဲရှိတော့မှာမဟုတ်ဘူး ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ရဲဝံ့တဲ့ ရခိုင်သွေး အစဉ်အမြဲထွန်းလင်းတောက်ပပါစေ ။ ကျွန်တော်ရခိုင်စစ်တယ်မစစ်ဘူးဆိုတာကို ရှင်းအောင် တစ်ခုပြောပြပါမယ် ။ ကျွန်တော် သူများတွေပျော်တဲ့ happy new year ဆိုတာကိုတစ်ခါမှ မဆင်နွဲပါဘူး ။ ပျော်လဲမပျော်ပါဘူး ။ အဲဒီအကြောင်းကို ရခိုင်လူမျိုးစစ်စစ်များ သိပါတယ် ။ အဲဒီနေ့က ကျွန်တော်တို့အတွက် မမေ့နိုင်တဲ့နေ့ပါ ။။ ကျေးဇူးတင်ပါတယ်။

    • Wow

      July 3, 2012 at 12:12 pm

      နှစ်ငါးဆယ်လောက် ရခိုင်ကုလား မတဲ့လာကြတာ… သူ့နှမ ကိုယ်စော်ကားလိုက် ကိုယ့်နှမသူစော်ကားလိုက်…
      အခုမှ ဒေါ်စုကယ်ပါလာလုပ်နေလို့ ဒေါ်စုကဘုရားမဟုတ်ဘူးကွဲ့။ ကိုယ့်စိတ်ကလေးတွေသာ ကိုယ်အရင်ပြင်ကြ။
      ဒါနဲ့ ဒေါ်စုလှုလိုက်တဲ့ သိန်း၂၀ဝကျော်ကကော ပြန်လည်ထူထောင်ရေးမှာ အသုံးဝင်ရဲ့လား။ ဇတ်ကားတစ်ကား သိန်း ၈ဝ လောက်ရနေတဲ့ ရခိုင်အမျိုးသား နေတိုးတောင် သိန်း ၄ဝ လားပဲ လှူတယ်နော်။ စစ်တွေဘက်က ရခိုင်မို့လို့ထင်တယ်။
      ဒါနဲ့ တိုင်းရင်းသားအချင်းချင်းရိုင်းပင်းဖို့က ရခိုင်အရေးအခင်းမပေါ်ခင် ကချင်စစ်ဘေးဒုက္ခသယ်တွေကို ကူညီခဲ့ဖူးသေးလား….

      အော်.. ကိုယ့်စိတ်ကိုကိုယ်ပြင်… ဟဲ့…. သေရာပါရင် ဘုရားတောင်မကယ်နိုင်ဘူး…

    • ရဲစည်

      July 3, 2012 at 12:32 pm

      ဪ ငါ့ညီ အမောင်ချေရယ် ရခိုင်စစ်လို့ နယူးရီးယားကို မဆင်နွှဲဘူးတဲ့လား လေးစားပါတယ်ကွာ တကယ်ပါ ရွဲ့ပြောတာ မဟုတ်ပါဘူး…
      ဒါပေမဲ့ မင်းတို့ဆီက တနင်္ဂနွေ နေ့တွေကိုတော့ အကို သိပါတယ်ကွာ ဘယ်လိုဆိုတာပေါ့
      ကုလားတွေ မင်းတို့ဆီ ဝင်လာရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ မင်းတို့သိပီးသား မင်းတို့ဆီမှာ လူမျိုးကြီးဝါဒ
      ရှိတယ်လေ အောက်ခြေသိမ်းအလုပ် ကုန်ထမ်းတဲ့ အလုပ် မင်းတို့မလုပ်ချင်ကြဘူး…
      ဆိုတော့ ဆက်မပြောချင်တော့ဘူး ကြာရင် အကုန်ပေါ်ကုန်လိမ့်မယ် ဘယ်သူတွေ သောက်သုံးမကျဘူးလဲ ဆိုတာ..
      မင်းကို အခုကွန်းမင့် ရေးတဲ့ အကိုက ရာမောင်သား စိုက်တွေသား အစစ်ပါကွာ… ဖတ်ပါ မှတ်ပါ လေ့လာပါ ပီးမှ အများရှေ့ ချပြပါ ညီလေး….

    • San Hla Gyi

      July 3, 2012 at 6:01 pm

      အင်း ဆောင်းပါးရှင်ရေ
      နောက်ပိုင်းပို့စ်တွေမှာ နည်းနည်းစဉ်းစားပြီး တင်စေချင်ပါတယ်။ ဒီလို စကားသံမျိုးက တပုံစံတည်းထွက်လာတဲ့ လေသံတွေလို့ ထင်ပါတယ်။ သူများတွေလဲ ပြောပြီးပြီဖြစ်လို့ များများမပြောလိုပါ။ နောက်ပြီး ကျနော့်အမြင်အရ ရာဇဝင်ဆိုတာ ပြင်လို့မရပဲ ဖြစ်ပြီးတဲ့အတိုင်း လက်ခံရပါတယ်။ ကျနော့်မှာသာ အစွမ်းရှိရင် ကျနော်သွားပြီး ပြင်ချင်တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မတတ်နိုင်တော့ပါ။
      ခင်ဗျားပြောတဲ့ မမေ့နိုင်တဲ့ နေ့တို့ဘာတို့ကိုတော့ မပြောစေချင်ပါ။ ကိစ္စရပ်တိုင်းမှာ ၂ ဘက်အမြင်ရှိပါတယ်။ ပြောရင် ဘယ်သူ့မှအကျိုးမရှိဘူးထင်လို့ ကျနော်ရှောင်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ညီညွတ်ရေးအတွက် ပိုပြီးကြိုးစားပါ။

  • လတ်လတ်

    July 3, 2012 at 10:47 am

    ကျုုပ်ကတော့ လက်မတင်မက ခြေမပါ အောက်စိုက်တယ်ဗျို. ……….။

  • Shwe Tike Soe

    July 3, 2012 at 10:57 am

    ပို.စ်တင်သူ သိစေရန်…………

    ကျွန်တော် အမေ မကောင်းတဲ့ မိန်းမ ဖြစ်စေအုံးတော့…အဲဒါကျွန်တော်တို.အတွက် စားဝတ်နေရေ သူကြိုးပမ်းနေရတယ်ဆိုတာ ကျွန်တော်တို.အတွက်ပဲလေ…
    အဲဒါကို မင်းအမေက မကောင်းတဲ့မိန်းမ ပါကွာ လို.လာပြောတဲ့သူကို ကျေးဇူးတင်ပါတယ် ကျွန်တော်အမေ မှားတာပါလို. ကျွန်တော်တို. ပြောမယ်ထင်နေလား… မထင်နဲ. သေတောင်ဖြစ်မှာမဟုတ်ဘူး..
    အဲလိုလာပြောတဲ့သူကို ကျွန်တော် ဘာပြောမယ်ထင်လဲ…..
    ခင်ဗျား အဲဒီနေရာမှာတင် လဲသေလိုက် လို. ပြောလိုက်မှာ…ဒါပဲ..

    ဒီမိုကရေစီဆိုတာ ပို.စ်တင်သူ ဘယ်သူကြောင့်သိလဲ ဆိုတာလေး စဉ်းစားနေလိုက်ပါ..

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 10:59 am

    အလိုလေး..
    ဒေါ်စုကြားရင် ခင်ညားကို ဉာဏ်တိမ်လှပါပကောဆိုပြီး သနားနေမိမှာမြင်ယောင်သေး..

  • hnin phyu

    July 3, 2012 at 11:55 am

    ဝေးလွင့်တိမ်ရေ.
    အတွေးတွေကတိမ်တွေလိုပဲလွင့်နေသလားလို့. သေသေချာချာလေးလေးနက်နက်တွေးကြည့်
    အန်တီစုကအာဏာရသူ၊လက်ရှိတိုင်းပြည်ကိုအုပ်ချူပ်သူမှမဟုတ်တာ ။ ရခိုင်တွေကိုမကူညီလို့စိတ်မနာသင့်ပါဘူး။အန်တီစုရင်ထဲမှာရှိပါ။
    လုပ်ခွင့်မသာလို့၊လုပ်မရသေးလို့ငြိမ်နေတာပါ။ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီးတဖက်သားကိုစော်ကားရေးတာကိုတော့လက်ပိုက်ကြည့်မနေနိုင်ပါရှင်။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 12:12 pm

    စိတ်မကောင်းပါဘူးနော်…
    ဘယ်လိုနားလည်ရမလဲဆိုတာလည်း မသိတော့ပါဘူး…
    အကောင်းဆုံးဆိုတာတွေ ရှိလာမှာပါ….
    ဂေဇက်မှာ အေးချမ်းပျော်ရွှင်စေချင်ပါတယ်….။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 12:13 pm

    စာနာထောက်ထားမှုတွေ…
    လူတိုင်း ရင်မှာ အမြဲရှိနေပါတယ်နော်….။

  • kyeemite

    July 3, 2012 at 1:41 pm

    တောက်စ်(အကျယ်ကြီးဖတ်ပါ)
    14ချောင်းမြောက်အောက်စိုက်လက်မက ကျုပ်လက်မ

  • Wow

    July 3, 2012 at 1:46 pm

    စနစ်ကြောင့်မဟုတ်ဘူး … စနစ်ကြောင့်မဟုတ်ဘူး…
    ကြီးမိုက်ပြောတဲ့အတိုင်း….. တောက်စ် (အကျယ်ကြီးဖတ်သွားပါသီ)

  • etone

    July 3, 2012 at 2:55 pm

    {လူမျိုး၊ ဘာသာ သစ္စာဖောက် ဒေါ်စုကြည်၊ နိုင်ငံသစ္စာဖေါက် မင်းကိုနိုင် ၊ ဇေယျာသော် တို့နှင့်အတူ
    (30.6.2012 ) နေ့ ရန်ကုန်မြို့ ၈ မိုင်တွင် ဒေါ်စုကြည်ယဉ်တန်းအား အေးချမ်းစွာဆန္ဒပြခဲ့ကြသည့်
    ရခိုင်လူမျိုးများကို ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည့် NLD လူမိုက်များအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။ ။} တဲ့လား … မင်းလည်း မှိုင်းမိနေတာပဲ … Myanmar Express နဲ့ တလေသံတည်းပဲ ကွာ … ။

  • myanmarcitizen

    July 3, 2012 at 3:13 pm

    ဝါးလုံးရှည်ကို ချီးသုပ်ပြီးရမ်းလိုက်တာလားဗျာ။ မင်းအပါအဝင် အားလုံးကိုစင်ကုန်ပြီ။ ကိစ္စတစ်ခုဖြစ်တိုင်း လက်ညှိုးထိုးစရာ ဒီတစ်ယောက်ပဲရှိနေတာလားကွာ။ (အဲ့တစ်ယောက်ကိုပဲ လက်ညှိုးထိုးနေ တဲ့အတွက် နောက်ကွယ်ကမရိုးသားမှုများရှိမလား လို့သံသယ ဝင်မိတယ်) အမေစုကကော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများ ပြောနေလို့လဲ။ ကြားလဲမကြားမိပါလား။ ခင်ဗျားတောင် နိုင်ငံခြားသွားရင် ဘောင်းဘီနဲ့ဘွတ်ဖိနပ်တော့ စီးမှာပဲ။ ရခိုင်ပုဆိုးနဲ့ ညှပ်ဖိနပ် နဲ့ ခင်ဗျားသွားမလား။ လူတစ်ယောက်ကို အပျက်ပြောချင်နေရင်တော့ ရှာနိုင်ရင်ရှာနိုင်သလို အပျက်တွေထွက်လာတော့မှာပေါ့။
    ပြောချင်တာကတော့ မိမိတစ်ယောက်ထဲရဲ့ခံစားချက်ကိုဦးစားမပေးပါနဲ့။ (မသီတာထွေး ကိစ္စ နဲ့အမေစုကို အဲ့လိုရေးသင့်မရေးသင့် သေချာစဉ်းစားကြည့်ပါအုန်း)။ ရခိုင်လူမျိုးအားလုံးကကော ခင်ဗျားနဲ့သဘောထားတူသလားမတူသလားမသိပဲရမ်းမရေးပါနဲ့ (ရခိုင်လူမျိုးတွေကတော့
    `NO ဘဲ´ ဆိုလို့ပြောတာပါ) ။ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမဲ့စကားမျိုးမပြောကြပါနဲ့။ စိတ်ဝမ်းကွဲမှ ရိုဟင်ဂျာ ဆွဲတာခံနေရအုန်းမယ်။ မိမိအတွက်နဲ့ အမျိုးသိက္ခာကျအောင်မလုပ်ပါနဲ့ အမျိုးချစ်တယ်ဆိုရင်ပေါ့ဗျာ

  • sealion

    July 3, 2012 at 4:09 pm

    ဒေါ်အောင်ဆန်းစုကြည် လို ့လွတ်တော်ကိုယ်စားလှယ်တယောက် ကိုပြောင်ပြောင်တင်းတင်း ကုလားမယားလို တုပ်ပြီး လူမြင်ကွင်းမှာလုပ်တာ အမြင်ရိုင်းပြီး နောက်ကွယ်မှာအာဏာရှင်အသိုင်းအဝိုင်းပါဝင်နေမှာမလွဲပါ .နောက်နားမလည်တာ တခု က ရခိုင်တွေလိုပြောရအောင် သူတို ့ ကရခိုင် ဝတ်စုံ ဝတ်ထားတာလဲမဟုတ် ဓါတ်ပုံထဲမှတော ့ ဂျင်းဘောင်းဘီနဲ ့ မဲခြောက်ခြောက် သူများခိုင်းတာ ပြန်မပြောပဲလုပ်တဲ ့ပုံမျိုးနဲ ့ ကောင်တွေပဲတွေတယ်ဗျာ.. နောက်တခု က ရခိုင်အရေးနဲ ့ပတ်သတ် ရင် တကယ် ရခိုင်တွေ မကျေနပ်ရမှာ အဲဒီ အရေး ကိုကိုင်တွယ်နေတဲ ့ လက်ရှိအာဏာရအစိုးရပါ (ပြည်တွင်း အိ်မ်ကျယ်များ အဖွဲ ့ ပြည်ပမှာ ဆို ရင် ကြက်ကြီး လည်လိမ်သလို ပဲ ဘယ်ကိစ်စမှာ မှာ မနှိုင် အကုန်ရှုံး ရေပိုက်နက် ရှုံး ခု ကုလား ၄၀ဝ ဝ၀ဝ လဲ လက်ခံ ) ..အောင်ဆန်းစုကြည်မှာ ဒါကိုကိုင်တွယ် ဖို ့အာဏာမှ မရှိတာဗျာ မဆီမဆို်င် လက်ပံသားကို ဓါးနဲ့ချိုင်တာပါဗျာ မိန်းမလို မိန်းမရ အကြံနဲ ့ဘယ်သူတွေလုပ် သလဲဆိုတာတော့ ပြည်သူတွေ အားလုံး က သိပြီးသားပါဗျာ..

  • SkyHeart WinKo

    July 3, 2012 at 11:11 pm

    ဝေးလွင့်တိမ် မင်းဘာလည်းဆိုတာ ငါမသိပါဘူး။ ငါကပါတီတွေစိက်မဝင်စားပါဘူး မသိတာလေးတွေ မေးချင်လို့ပါ မင်းရှိတဲ့နေရာ ငါလါခဲ့ပါ့မယ်။
    အာချောင်မည်ဆိုကဝေးဝေးနေပါ။ အဆင့်တွေကျော်ပြီး အလိမ်ခံနေရတယ်ကွာ။
    မည်သည့်ပါတီဝင်ဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ၊အုပ်ချူပ်သူ မည်သည့်ရာထူးဖြစ်ပါစေ ဗမာပြည်မှာမွေးကြတဲ့သူတွေပါ။ စုန်းပြူးတွေအများကြီးပါသလို၊လက်တွေ့တစ်ဦးနဲ့တစ်ဦး ကူညီတဲ့သူတွေလဲရှိပါတယ်။
    လက်တွေ့ပညာပေးတော့လည်းအကျင့်ပါနေလို့ပါဆောရီးတဲ့လေ။ ဥပဒေအရဘဲဖြစ်ဖြစ်၊တိုင်းပြည်အတွက်ဘဲဖြစ်ဖြစ်၊ အားလုံးက ကောလဟာလ နောက်ကို ဝေလေလေ ငါဆိုတဲ့အတ္တတွေနဲ့ပုဒ်မတွေတပ် ဖြစ်ချင်တာဘဲ တွေးခေါ်ပြောဆိုလုပ်ကိုင်နေကြလျှင် တိုင်းပြည်က ဗိုလ်ချုပ်ပြောသလိုဖါနိုင်ငံကြီးဖြစ်သွားမှာပေါ့ဗျာ။ မင်္ဂလါဈေး (JJ CLUB) နားမှာနေပါတယ်။ပါတီတွေပြိုင်တော့ လှေကိုမျက်နှာခြင်းဆိုင်လှော်သလို တိုင်းပြည်ကဘယ်ကိုရွှေ့မှာလည်းဗျာ။
    (ဥပမာ) ယခင်က {ပင်လုံစာချုပ်မှ-လွက်လပ်ရေး/ လွက်လပ်ရေးမှ-ပါတီစုံ} +
    ယခုက {တိုင်းပြည်ကို လက်ဖြင့်တည်ဆောက်မည့်သူတွေပေါင်းမှ-ဒီမိုကရေစီ/ဒီမိုကရေစီမှ-ပါတီစုံ} ဒီတော့ တစ်ကယ်ဘဲတိုင်းပြည်ကိုချစ်ရင် အတ္တမရှိတဲ့လူလါခဲ့ပါ။
    လက်ညိုးကြီးတွေထိုးပြီး ဒါမဖြစ်သင့်ဘူးလို့ ဟော့ရှော့လုပ်ပြီး မိုက်တစ်လုံးပြောနေလည်း
    ငါဒို့က မင်းထက်သိလို့ အုပ်ချူပ်နေတာ မင်းအဖေတစ်သက်လို့ပြောမှာပေါ့ဗျာ။ တိုင်းပြည်တိုးတက်ရန်အတွက် မျိုးချစ်စိက်ဓါတ်နှင့်လက်တွေလိုနေတာပါ၊
    (ဥပမာ) လမ်းပျက်နေတာကို တတ်နိုင်သလောက် လူငယ်တွေစုပေါင်းပြီး လက်တွေ့လုပ်ပြမယ်ဆိုလျှင် တာဝန်ရှိတဲ့သူကနုက်ထွက်ပေးရမှာပါ။အရာအားလုံးဟာမတည်မြဲပါ။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်
    http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

  • SkyHeart WinKo

    July 3, 2012 at 11:57 pm

    ညီလေး ဝေးလွင့်တိမ်ရေ ယောင်ပြီးဖုန်းမဆက်နဲ့နော် ရခိုင်နှင့်မြွေပွေး မှားသတ်မိမှာစိုးလို့ပါ။

    • SkyHeart WinKo

      July 4, 2012 at 12:18 am

      Myanmar Express ကိုသွားပါ အဲဒီမှာမင်းလိုစုန်းပြူးတွေ အများကြီး။

  • အရီးခင်လတ်

    July 4, 2012 at 3:57 am

    မနေ့ည က ထူးအိမ်သင် သီချင်းလေးတွေ ပြန်နားထောင် ရင်း မှတ်ချက်ပေး ရတာ စိတ်ထဲ မှာ အေးချမ်းခဲ့တယ်။
    အခုလဲ စိတ်ကို မငြိမ်းချမ်းစေတဲ့ တွေကို ရှောင်မယ် တွေးထားတာ။
    ဒါပေမဲ့ လက်တွေ့မှာ ဒီ ကို ဘဲ ပြန်ရောက်လာတယ်။
    ပထမ မှတ်ချက်မှာ စိတ်တိုမိ သွားတာ စိတ်မကောင်းပါဘူး။
    အခုပြန်ဝင်လာတာ ကလဲ မေးခွန်းလေး နဲနဲ မေးချင်လို့ပါ။

    (၁) မင်း ဟာ မြန်မာပြည်မှာ နေတာလား?
    (၂) မြန်မာပြည် မှာ နေခဲ့ရင် ပိုက်ဆံတွေ ထားစရာ မရှိအောင် ချမ်းသာလား?
    (၃) မင်း ကိုယ်တိုင် (ဒါမှမဟုတ်) မင်း မိဘ တွေ ရဲ့ ကျန်းမာရေး အတွက် စိတ်ပူစရာ မလိုတဲ့ အခြေအနေ ရှိနေတာလား?
    (၄) မင်း ကိုယ်တိုင် (ဒါမှမဟုတ်) မင်း သားသမီး ပညာရေး အတွက် ကမ္ဘာ့နိုင်ငံ တွေမှာ ဝင်ဆန့် နိုင်တဲ့အဆင့် ရဖို့ အခြေအနေ ရှိနေတာလား?
    (၅) မင်း အပါအဝင် မိသားစု က နိုင်ငံခြား က အစားအသောက် ကို မှ တစ်ကူးတစ်က မှာပြီး စားနေတဲ့ အခြေအနေ ရှိနေတာလား?
    (၆) မင်း အပါအဝင် မိသားစု က တစ်ပါတ် တစ်ခါ ဈေးဝယ် ထွက်တယ် ဆိုတာ ဆိုတာ နိုင်ငံခြား မှာမှ ဆိုတဲ့ အခြေအနေ ရှိနေတာလား?

    အဲဒီ မေးခွန်း တွေ မှာ “ဟုတ်” ဆိုခဲ့ရင်တော့ မင်း ကို အရီး တောင်းပန် ပါတယ်။
    အဲဒီ အခြေအနေ တွေ ဆုံးရှုံး မသွားအောင် နည်းမျိုးစုံ သုံးပြီး မင်း အနေနဲ့ ကာကွယ်ရပါမယ်။
    မင်း အနေ နဲ့ ဒီလို မှ မကာကွယ် ရင် မင်း သုံးထား တဲ့ ပြည်သူ့ဘဏ္ဍာ တွေ ဟာ ပြည်သူတွေ လက်ထဲ ပြန်ရောက်သွား မယ်။
    မင်း အနေ နဲ့ ဒီလိုနည်း ကို မှ မသုံးရင် တကဲ့ ကိုယ်ပိုင် အရည်အချင်း နဲ့ လုပ်ကိုင်နိုင်တဲ့ သူတွေ ကို လုပ်ပိုင်ခွင့် တွေ မျှ ပေးရတော့ မယ်။
    မင်း အနေ နဲ့ ဒီလို မှ သွေးမထိုး ရင် ပြည်တွင်းစစ် တွေ အေးငြိမ်း သွားပြီး တောကြောင် လက်ခမောင်း ခတ်ခွင့် ရပ်သွားတော့ မယ်။
    မင်း အနေ နဲ့ ဒီလို မှ တိုင်းပြည် အတွက် သူ့ဘဝ ကို ပေးနေသူကို မပုတ်ခတ် ရင် သူ့လိုခေါင်းဆောင်မှုအောက်မှာ တိုင်းပြည် နဲ့ ဆင်းရဲသား လူထုကို ကာကွယ်ပေးချင်တဲ့ လူတွေ များလာမယ်။
    ဒါဆိုရင် တိုင်းပြည် မှာ အသိအမြင်ကျယ် သူ တွေ များလာမယ်။
    ရိုးသား ကြိုးစား သူတွေ များလာမယ်။
    ဆင်းရဲ ချမ်းသာ ကွာဟမှု တွေ နဲ လာမယ်။
    ပြည်နည်/ တိုင်း/ တောင်ပေါ်/ မြေပြန့် အားလုံး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုး မှု တစ်ပြေးညီ တိုးတက်လာမယ်။
    ပြည်သူ/သား အားလုံး ပိုပြီး စည်းလုံးလာမယ်။
    တစ်ယောက် အကျိုး တစ်ယောက် သယ်ပိုး ပေးသူတွေ များလာမယ်။
    ကျောင်းမတက် ရတဲ့ ကလေး၊ ထမင်းဆာလွန်းလို့ ငိုနေတဲ့ ကလေး ဆိုတာ မရှိတော့ဘူး။
    အဟာရမရှိ လို့ သေချိန်ကို အရိုးပြိုင်းပြိုင်း နဲ့ စောင့်နေရတဲ့ အဖိုး/အဖွား တွေ ရှိမှာ မဟုတ်တော့ဘူး။
    လမ်းပေါ်မှာ လမ်းပျောက် နေတဲ့ လူငယ် တွေ အားလုံး အတွက် ဘဝ မျှော်လင့်ချက်တွေ ရှိလာမယ်။
    မိသားစု ထမင်းစားဖို့ အတွက် ကိုယ်ကို ရောင်းစားနေရတဲ့ မိန်းကလေးတွေ မသတီစရာ ဘဝ ထဲ က ရုန်းထွက် နိုင်လာမယ်။

    အခု အချိန်မှာ ရခိုင် မှ၊ ကချင်မှ၊ ချင်းမှ၊ ဗမာမှ မဟုတ်ပါဘူး။
    မြနမာပြည်ထဲ မှာ နေ နေတဲ့ သာမာန် ဘယ်သူဘဲ ဖြစ်ဖြစ် သူတို့ရဲ့ ဘဝ ဟာ နောင်ရေး အတွက် ဘယ်လိုမှ မလုံခြုံပါဘူး။
    ဒီအချိန်မှာ ဘဝ တူ လူချင်း စည်းရုံးပါ။
    မြန်မာပြည်ထဲမှာ နေသူ အများဟာ တကဲ့ကို အရာရာမှာ ဆင်းရဲ နေပါတယ် ဆိုတာကို လက်ခံရင် အဲဒီ ဆင်းရဲ တာ ဘယ်သူ့ကြောင့် လဲ လို့ သိပါ။
    ဒီ ဆင်းရဲသား ပြည်သူ တွေ ကို သူ့ဘဝ နဲ့ ရင်းပြီး ကူညီဖို့ ကြိုးစားနေတာ ဘယ် သူလဲ လို့ သိပါ။
    ဒီလို ကူညီ မဲ့ သူကို မနှောက်ယှက်ချင်ပါနဲ့။
    သူ့ကို နှောက်ယှက်တာ ဟာ သူ့ ကူညီ နေတဲ့ လမ်း ကို ဖျက်တာပါဘဲ။
    အဲလို လမ်းပျက်သွား ရင် ပြည်သူတွေ ဒါထက် ပိုဆိုးတဲ့ ဘဝ ရောက်မယ် တွေးပါ။
    မျိုးဆက်သစ်ကလေး တွေ အညွန့်ကျိုး သွားမယ်မှတ်ပါ။
    မိန်းကလေး တွေ မုဒိမ်းကျင့်ခံရတာ အခုထက်ပိုဆိုး လာမယ်။

    ဒီတော့
    မင်း ဘယ်သူလဲ ?????
    မင်း ဘာကို စိုးရိမ်နေရတာလဲ ?????

    သာမာန် ရခိုင်လူမျိုး တစ်ယောက် ပါ ဆိုရင်တော့ မင်း လုပ်ရပ် ကို ပြန်စဉ်းစားကြည့်ပါ။

    သာမာန် မဟုတ်ဘဲ နဲ့
    အခွင့်ထူးတွေ နဲ့ စံစား နေသူ ဆိုရင်တော့ အရီး ပြောမိတာ ကို တောင်းပန်ပါတယ်။
    မင်း အနေ နဲ့ ဒီလို မျိုး လုပ်ကို လုပ်သင့်ပါတယ်။
    စည်းစိမ်။ ရာထူး မပြုတ်အောင် ကြိုးစားပြီး သာလုပ်ပါ။
    တိုင်းပြည်က ဆင်းရဲ သား တွေ ထမင်း ငတ် တာ အရေးမကြီးပါဘူး မဟုတ်လား။

    မှတ်ချက် –
    {{ ဒေါ်စုကြည်ယဉ်တန်းအား အေးချမ်းစွာဆန္ဒပြခဲ့ကြသည့် ရခိုင်လူမျိုးများကို ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည့် }}
    ဆိုတာ ဟာ တကယ်တော့ သူ့လူ ကိုယ့်ဘက်သား လုပ်ပြီး ရုပ်ရှင်ရိုက် ပြကြတာ လို့ ထင်ပါတယ်။
    ဒီအချိန်မှာ ဘာဘဲ ဖြစ်ဖြစ် မဟုတ်မဟပ် လုပ်ဇာတ် ထွင် နေတာ လို့ ကို ယုံကြည်ပါတယ်။
    ဒီနေ့ အချိန်မြန်မာပြည်သူတွေဟာ ၁၉၈၈ ကလို မျက်စိတွေ၊ နားတွေ ပိတ်ခံ ထားရတဲ့ အချိန် က လူတွေ မဟုတ်တော့ပါဘူး။

    ဒါပေမဲ့ မျက်စိတွေ၊ နားတွေ ပိတ်ခံ နေရဆဲ၊ နွားခြေရာခွက် ထဲက လူတစ်စု တော့ ရှိနေပါတယ်။
    သူတို့ မှာ လဲ စည်းစိမ် မရှိ ဘဲ သူများ စည်းစိမ်မြဲရေး ကောက်ရိုးပုံစောင့် လုပ်ပေးနေရဆဲ။
    သူတို့ မှာ လဲ ရေရှည်ဘဝ စိတ်မချရပါဘဲ သူများ ရာထူးမြဲအောင် ထိုးဟောင်ပေး နေရဆဲ။
    သူတို့ အသိအမြင် မှန်လာပြီး ဘဝတူ ပြည်သူတွေ နဲ့ ပူးပေါင်း နိုင်ပါစေလို့ တော့ ရင်ထဲ က ဆုတောင်းပါတယ်။
    ဒါဆိုရင်တော့ အတိုင်းထက်အလွန် ပြည်သူတွေ အတွက် တစ်အား ပါဘဲ။

  • ငပွကြီး

    July 4, 2012 at 9:34 am

    ကိုပေရေးထားတဲ့ စရှိနောက်နောင် http://myanmargazette.net/131634/creative-writing
    ဆိုတဲ့ ပိုစ့်အတိုင်း ဒီပိုစ့်ကို သပိတ်မှောက်ပြီး လုံးဝ ဝင်မမန့်တော့ဘူးနေတာ
    အခုတော့ ကွန်မန့်က ၅၁ ခုတောင်ဆိုတော့ ရွာသူားတွေ မေ့နေကြတာလားလို့….

Leave a Reply