Offline Blog ပြုလုပ်နည်းလေးပါ။

woo warrJuly 3, 20121min2427

အရင်ဆုံး local host software ဖြစ်တဲ့ xampp ကို Install အရင်လုပ်ပါမယ်။ Download Link ကတော့ ဒီမှာပါ။ပြီးရင် xampp ကို run လိုက်ပါ။ Apache နဲ. MySql ကို Start လုပ်ထားလိုက်ပါ။ ပြီးလျှင် localhost အလုပ် လုပ်မလုပ် စမ်းကြည့်ပါမယ်။ mozilla firefox ၏ address bar မှာ localhost/wordpressလို.ရိုက်ကြည့်ပါမယ်။ xampp for windows ဆိုပြီး page တတ်လာရင် localhost ရသွားပါပြီ။

နောက်လိုအပ်တာကတော့ wordpress ပဲဖြစ်ပါတယ်။ wordpress.org မှာ Download ဆွဲလိုက်ပါ။ပြီးလျှင်ရလာတဲ့ zip file ကို စောစောကသွင်းထားတဲ့ xampp folder အောက်က htdocs folder အောက်မှာ zip ဖြည်ချလိုက်ပါ။ ပြီးရင် browser ရဲ. Address bar မှာ localhost/wordpress လို.ရိုက်ပါ။(xampp  ထဲက Apche နဲ. MySql ကို start လုပ်ထားရပါမယ်။)

တက်လာသော page မှ wordpress ဆိုတဲ့ folder ကို နှိပ်ပါမယ်။ပြီးလျှင် Create a Configuration File ဆိုတာကို နှိပ်ပါ။ Let`s Go! Button ကိုနှိပ်ပါ။ တက်လာတဲ့ wordpress page ကိုခဏထားလိုက်ပါ။

Browser address bar မှာ new tab ခေါ်ပြီး localhost လို.ပြန်ရိုက်ပါမယ်။(new tab မှာပါ။)xampp page ၏ ဘယ်ဘက်ခြမ်းမှ Tools အောက်မှ phpMyAdmin ကိုနှိပ်ပါ။

တက်လာသော page မှ database တစ်ခုဆောက်ရန်အတွက် database tab အောက်မှ create new database မှာကြိုက်နှစ်သက်ရာ နာမည် တစ်ခုပေးပါ။ပြီးရင် create ကိုနှိပ်ပါ။

ပြီးရင် စောစောက wordpress page ကိုပြန်သွားပြီး database name box မှာ စောစောကပေးခဲ့တဲ့ database name ကိုဖြည့်ပါ။user name မှာ root,Table Prefix မှာ wp_utf8 လို.ဖြည့်ပါ။password ကိုမဖြည့်ပါဘူး။ပြီးရင် submit ကိုနှိပ်ပါ။

Page တစ်ခုတက်လာပါပြီ။ Site Title, UserName , Password , Email address တို.ကိုဖြည့်ပါ။ပြီးရင် Install WordPress ကိုနှိပ်ပါ။

Log In page တက်လာပါပြီ။စောစောက ပေးထားခဲ့တဲ့ Username နဲ. Password ဖြင့် ဝင်လိုက်ပါ။Wordpress dashboard ကိုဝင်သွားပါပြီ။post button မှ Add New ကိုနှိပ်ပြီး post များရေးလို.ရပါပြီ။

မိမိ Blog ကို ပြန်ကြည့်လိုလျှင် localhost/wordpress လို.ရိုက်ပါ။Dashboard ကိုသွားလိုလျှင် localhost/wordpress/wp-admin လို.ရိုက်ပါ။

Online ပေါ်ကို တင်လိုလျှင် အောက်ပါ site များတွင် စမ်းကြည့်နိုင်ပါတယ်။free hosting site တွေပါ။

www.freehostingcloud.com

www.000webhost.com

မရှင်းလင်းလျှင် jjlay091@gmail.com ကို mail ပို.၍ မေးမြန်းနိုင်ပါသည်။

 

7 comments

  • flamingo

    July 3, 2012 at 9:43 am

    ကို woo warr ရေ…

    ကျေးဇူးပြုပြီးပုုုံနဲ့ပြပေးပါလား…ကွန်ပြူတာအခြေခံအားနည်းလို့ပါ..ပြီးတော့အကျိုး
    သက်ရောက်မှုကိုလဲပြောပြပေးပါအုံး….
    ကျေးဇူးတင်ပါတယ်…

  • မမ အညာသူ

    July 3, 2012 at 1:11 pm

    ခုလိုရှင်းပြပေးတာကျေးဇူးပါနော်
    စမ်းကြည့်လိုက်အုံးမယ်

  • snow white

    July 3, 2012 at 3:54 pm

    ပုံလေးနဲ့ရှင်းပြပေးရင်ပိုကောင်းပါတယ် စနိုးလည်းကွန်ပျူတာအားနည်းလို့ပါ နော် ။ဆက်လက်စောင့်နေမယ် ပြန်ရေးပေးပါနော် ။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 4:16 pm

    ကျေးဇူးပါနော်….
    နောက်ထပ် လည်းအခုလို …
    မသိတာလေးတွေ ရှိမယ်ဆိုရင်လည်း…
    ရှင်းပြပေးစေချင်ပါတယ်….။

  • zmin naing

    July 3, 2012 at 10:20 pm

    ကျေးဇူးတင်တယ်ကွာ ဘယ်လိုလုပ်ရမှန်း မသိနေတာ
    ဒါထက်ပိုရှင်းအောင်ရေးပေးပါလား
    အခုမှ စသင်တာမို ့ပါ
    ရွာကရောက်ခဲ့တာမကြာသေးလို ့
    ကျေးဇူး။

Leave a Reply