ဇီယာဆန်နှင့်ဆန်ကွဲဈေးများအလွန်အမင်းတက်..

shwe tallatrJuly 3, 20121min1224

ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီးတွေတွင် ဇီယာ(ဝါ)နှံကားဆန်နှင့်ဆန်ကွဲများဈေးအလွန်တက်သွားသောကြောင့်
အခြေခံလူတန်းစားများနှင့်တောင်သူလယ်သမားများမှာ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေရပါသည်။ဧရာဝတီတိုင်း
ဒေသကြီးမှာဆိုလျှင် ဘဲမွေးကာအသက်မွေးဝမ်းကျောင်းလုပ်သူများမှာယ္ခင်ဈေးနှုန်း(၈၀၀ဝ ကျပ်မှယ္ခု၁၁၀၀ဝကျပ်ဈေးဝယ်
ယူရသောကြောင့်၊ ဘဲဥရောင်းရငွေနဲ့ချိန်လျှင်ဘယ်လိုမှမကိုက်ညီသောကြောင့်) မော်လမြိုင်ကျွန်းမြို့နယ်ရှောက်ချောင်းကျေးရွာနေ မသင်းသင်းတို.မိသားစုမှအလုပ်လုပ်ရတာအဆင်မပြေကြောင်းညဉ်းထွား
သွားပါသည်။ထို.ပြင်လယ်သမားများကလည်း၎င်းတို.နှံစပါးဈေးရောင်းချတုန်းက(၂၈၀၀၀၀)နှစ်သိန်းရှစ်သောင်းသာရရှိကာ
ယ္ခုအခါတွင်(၃၆၀၀၀၀)သုံးသိန်းခြောက်သောင်းဈေးဖြစ်နေပါသောကြောင့် ယ္ခုအခါလယ်သမားလက်ထဲမှာစပါးမရှိပဲပြန်ဝယ်စားရသောအခါဈေးများကြီးမြင့်နေသောကြောင့်အခက်အခဲနဲ့ရင်ဆိုင်နေရပါ

သည်။စက်ရုံအလုပ်ရုံအခြေခံလုပ်သားများမှာလည်း နှံကားဆန်ဈေးကြီးနေပါသဖြင့်ဝယ်စားရန်အခက်အခဲရှိနေပါသည်

သို့ပါသောကြောင့်မြန်မာပြည်မှစာနယ်ဇင်းမီဒီယာများနှင့်အစိုးရအဖွဲ.အစည်းများကြည့်မနေကျပါရန် တိုင်းပြည်အကျိုးမျှော်နှိုးဆော်လိုက်ရပါသည်ခင်ဗျား။ (အရေးအသားအထာမကျရင် သည်းခံပေးပါရန်)

4 comments

  • the best

    July 3, 2012 at 10:50 am

    ဒီလိုဖြစ်လာတာဘာကြောင့်လဲ။
    အမေရိကန် ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းမှာ တစ် ဒေါ်လာ ၈၁၂ ကျပ်ဝန်းကျင်မှ တစ်ဒေါ်လာကျပ် ၉၀ဝ ဝန်းကျင်အထိမြင့် တက်သွားခဲ့ပြီး မြန်မာငွေတန်ဖိုးမှာ ၁ဝ ရာခိုင်နှုန်းဝန်းကျင် ထိုးကျခဲ့လို ့ပဲ။

    ဘာကြောင့်ထိုးကျရသလဲ။
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ကျွန်တော် က မြန်မာငွေမာနေတာ သိပ်မကြိုက်ဘူး။ ကြိုးစားနေပါတယ်။ အစီအစဉ်လေး တစ်ခုရှိပါတယ်။ အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ပြုပြင်ပြောင်းလဲ သွားအောင်လုပ်ဖို့၊ ပျော့သွားအောင်လုပ်ဖို့ အစီအမံရှိကြောင်း ဖြည့်စွက်ပြောကြား လိုပါတယ်”ဟု ဇွန်လ ၃ ရက်က ပြောကြားခဲ့မှုကို်နေ ပြည်တွင်း သတင်းဂျာနယ်များတွင်လည်း ဖော်ပြခဲ့ကြသည်။

    ဘာဖြစ်နေပြီလဲ။
    “ကျွန်မတို့အခုမှ လစာလေးတိုး၊ အပိုစားရိတ်ကလေး နှစ်သောင်းသုံးသောင်းရတာ နှစ်လသုံးလပဲ ရှိပါသေးတယ်။ အပိုရတာတောင် အိမ်စားရိတ် ကာမိဖို့ ရဲရဲတင်းတင်း ဈေးမသွားရဲသေးဘူး ထပ်ပြီးတော့ ဈေးသာတက်ရင်တော့ ဘယ်လောက်တိုးပေးတိုးပေး ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲလို့ ပြောချင်တယ်။ ကျပ်တစ်သောင်းတန် ထွက်တုန်းကတောင် မီးဖိုချောင်က ဘယ်ပစ္စည်းဈေးထပ်တက်မလဲ ရင်တမမ ဖြစ်နေရတာ”ဟု လှိုင်မြို့နယ်မှ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပြခဲ့သည်။

    “ကျွန်တော်တို့က ကုမ္ပဏီဝန် ထမ်းပါ၊ တစ်ရက်ကို အိမ်စားရိတ် ၁၅၀ဝ ပဲ ပေးနိုင်တယ် မိသားစု ၃ ဦး အတွက်။ ကားခက တစ်လကို ကျပ် ၆၀၀ဝ ကနေ ၁၀၀၀ဝ လောက်ကုန်တယ်။ ရတဲ့လခက တစ်လ ၆၀၀၀ဝ ရတယ်။ ကုန်ပြီ။ အပိုမရှိဘူး။ ကျွန် တော်အကြောက်ဆုံးက မီးဖိုချောင် စားရိတ်တက်မှာကိုပဲ။ အမြဲတမ်းကြုံ ရတယ် ငွေအသစ်ထွက်ရင်၊ လစာတိုးရင်၊ ဒေါ်လာဈေးတက်ရင် ကျွန်တော် အကြောက်ဆုံး မီးဖိုချောင်စားရိတ် တက်တော့တာပဲ။ ကြည့်လည်းလုပ်ကြပါဦးလို့”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

    “နိုင်ငံခြားငွေလဲနှုန်း တက်လာရင် ပို့ကုန်သမားတွေဘက်က တောင်သူတွေ၊ မွေးမြူသူတွေကို ဈေးနှုန်းပိုပေးနိုင်တာပေါ့။ ” ဆိုပြီးအကြောင်းပြ တယ်။
    အခုတော့ နိုင်ငံခြားငွေ ကိုင်တဲ့ လူနည်းစုတွေအတွက် အ ခြေခံလူတန်စားတွေစတေးခံရပြီ။

    အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းကို ယာဉ်အိုယာဉ်ဟောင်းအပ်သလို လုပ်နေတာလား။
    ယာဉ်အိုယာဉ်ဟောင်းအပ်တာတွေ ကအခြေခံလူတန်စားတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ ့ မခံရပေမဲ့
    အခုကိစ္စက အခြေခံလူတန်စားတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ ့ခံရပြီ။
    “နိုင်ငံခြားငွေလဲနှုန်း တက်လာရင် ပို့ကုန်သမားတွေဘက်က ပိုရတဲ့အမြတ်တွေ
    တောင်သူတွေ၊ မွေးမြူသူတွေကို ခွဲပေးပါ့မလား။”
    ကိုယ်ကျိုးရှာလို ့ကောင်းအောင် အကြောင်းပြနေတာသက်သက်ပါ။

    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဇွန်လ ၃ဝ ရက်နေ့တွင် ပြုလုပ်သည့် အသင်း အဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်ပွဲတွင် “အချုပ်ပြောရရင်တော့ ဒီနေ့ဆွေးနွေး တင်ပြချက်တွေ အကုန်လုံးကိုရရမယ်လို့ ကျွန်တော် ကတိမပေးနိုင်ပါဘူး။ ကျွန်တော် ကတိပေးနိုင်တာက ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို တော့ ကတိပေးနိုင်ပါတယ်။ ”လို ့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ နိုင်ငံသားများ၊ တိုင်းရင်းသား အလုပ်သမားများ၊ အခြေခံလူတန်းစားများ နဲ ့ စားသုံးသူများအတွက် အကာအကွယ်ပေးမယ့် ဥပဒေပေါ်ထွက်လာရေးကို ကော ကတိပေးနိုင်မလား။”လို ့ ရိုသေလေးစားစွာ မေးချင်ပါတယ်ခင်ဗျား။

  • may flowers

    July 3, 2012 at 1:23 pm

    သဂျီးစကားခဏငှားသုံးလိုက်မယ် ..ဒါ….စနစ်ကြောင့်…စနစ်ကြောင့်..။

  • the best

    July 3, 2012 at 6:02 pm

    လက်ရှိနိုင်ငံခြားငွေ တန်ဖိုးမြင့်တက်မှုမှာ သာမန်အကြောင်းရင်းထက် ပိုနိုင်ကြောင်းကိုလည်း AGD (အာရှစိမ်းလန်းဖွံ့ဖြိုးမှု ဘဏ်လီမိတက်) ဖေ့စ်ဘုတ်တွင် ‘မြန်မာငွေတန်ဖိုး ရုတ်တရက်ကျဆင်းခြင်းသည် မည်သည့်အကြောင်းရင်းမျှ ရှာမတွေ့ဟု ဈေးကွက်လေ့လာသူများ ထံမှသိရှိရပါတယ်။ တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်မှ ၎င်းတို့၏ အကျိုးစီးပွားအတွက် ဒေါ်လာဈေးများတက်ရန် ကြံစည်ခြင်းဖြစ်နိုင်ကြောင်းလည်း တချို့က သုံးသပ်ကြပါတယ်။ (ဥပမာ-နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု ငွေကြေး အများအပြားရရန် ရှိသောသူများမှ ၎င်းတို့ငွေများ ဝင်မလာခင် ဈေးတက်ရန် ဈေးကွက်အတွင်း တမင် အတင်းလိုက်ဝယ်ခြင်း) ယင်း အတွက် အထူးသတိထားကြပါရန် သတင်းပေးအပ်ပါတယ်’ဟူ၍ သတိပေး ဖော်ပြထားသည်ကို တွေ့ရသည်။

    ဒီလောက်သတ္တိကောင်းကောင်းနဲ ့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွါးကို
    လက်ဝါးကြီးအုပ်နိုင်တဲ့ တစ်စုံတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်ကို
    ဆက်ပြီးလက်ဝါးကြီးအုပ်ခွင့်ပေးမှသာ တိုင်းပြည်စီးပွါးရေး လုပ်လို ့ရမှာတဲ့လား။

    အခြေခံလူတန်စားတွေရဲ့ မျက်ရည်တွေနဲ ့ ရေအားလျှပ်စစ်ထုတ်ဖို ့စီမံကိန်းစတင်နေပြီလား။

  • shwe tallatr

    July 4, 2012 at 10:54 pm

    the best ပြောတာမှန်ပါတယ်ဗျာ တောင်သူလယ်သမားများနှင့်အခြေခံအလုပ်သမားများ၏စားဝတ်နေရေး
    ကိုအကာအကွယ်ပေးမည့်ဥပဒေများပေါ်ပေါက်လာမှပြည်သူများဖက်က ရွှေရင်အေးရမည်မဟုတ်လား။
    ဒါ့ကြောင့်လွှတ်တော်ထဲကိုအမေစု မင်္ဂလာအပေါင်းနဲ့ခ ညောင်းစွာဆော်ဩောရင်းပြည်သူတွေအတွက်
    ကောင်းမြတ်လှတဲ့ဥပဒေသတွေတင်ပြဖော်ထုတ်နိုင်ပါစေလို့ဆုတောင်းလိုက်ရပါသည်ခင်ဗျာ။

Leave a Reply