ဂင်းနက်စ်ဘွဲ့ယူမယ့် မြန်မာပြည်က အပုဆုံးလူသား

klnJune 29, 20101min681

ကမာ္ဘ့အရပ်ပုဆုံးလူသား ဖြစ်နိုင်ခြေရှိသည့် အသက်(၁၁)နှစ်အရွယ် မောင်ဗလကြီး(ခ) ဇော်ဗလအောင်ကို ဇွန် ၂၂ရက်က ကရဝိတ်ခန်းမတွင် ပရိသတ်နှင့် တွေ့ဆုံပြသခဲ့သည်။ ဗလကြီးကို မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး အရပ် ၂၅လက်မသာရှိသည်။ ယင်းမောင်ဗလကြီး(ခ) ဇော်ဗလအောင်အား စာရေးဆရာသတင်းထောက်ခင် (သို့မဟုတ်) နတ်မျက်စိမှ အဆိုပါဒေသများတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မောင်ဗလကြီး(ခ)ဇော်ဗလအောင်အား ကမာ္ဘ့အရပ်အပုဆုံးလူသားအဖြစ် အသိအမှတ်ပြုနို်င်ရန်အတွက် ဂင်းနက်စ်အဖွဲ့ရုံးသို့ ကိုယ်ရေးအချက်အလက်များအား ဇွန်လဆန်းတွင် ပေးပို့တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “ အခုဗလကြီး အသက်က ၁၁နှစ်ပဲရှိပါသေးတယ်။ ဂင်းနက်စ်က ၁၄၊ ၁၅နှစ်ဆိုရင် အသိအမှတ်ပြုနိုင်မှာဖြစ်ပြီး အဲဒီအချိန်အထိ စောင့်ကြည့်နေရဦးမှာဖြစ်ပါတယ် ” ဟု သတင်းထောက်ခင်က ပြောသည်။ ဂင်းနက်စ်စံချိန်ဝင်တစ်ယောက်ဖြစ်နိုင်သည့် ဗလကြီး(ခ)ဇော်ဗလအောင်အား ၁၃၆၁ ခုနှစ် တပေါင်းလဆန်း ၆ရက်တွင် အဘဦးဝင်းလွင်၊ အမိဒေါ်ခင်လှတို့မှ ကျောက်ပန်းတောင်းမြို့၊ ထန်းပေါက်ကုန်းကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းများအနက် ဒုတိယမြောက်သားဦးရတနာ တစ်ယောက်ဖြစ်ကြောင်း သိရသည်။ ဗလကြီးအား မွေးဖွားစဉ်တွင် ထူးခြားမှုအဖြစ် အမိဝမ်းအတွင်းမှ လိမ္မော်သီးအရွယ်ရှိ လေပူဖောင်းအလုံးထဲတွင်ရှိခဲ့ပြီး ခွဲစိတ်ပြီးသည့်အခါ လက်ခလယ်အရွယ်ရှိ ဗလကြီးအား မွေးဖွားနိုင်ခဲ့ကြောင်း သိရကာ နို့ရည်များအား ဂွမ်းစဖြင့်စွတ်ကာ တိုက်ကျွေးမွေးမြူခဲ့ရသည်။ မွေးချင်းလေးဦးအနက် ဒုတိယမြောက်သားဖြစ်သည့် ဗလကြီးသည် အရပ် ၂၅လက်မ၊ ကိုယ်အလေးချိန်မှာ ၁ဝပေါင်ရှိကြောင်း သိရသည်။ ကမာ္ဘပေါ်တွင် အရပ်အပုဆုံးလူသား တရုတ်နိုင်ငံမှ Pingping သည် ယခုနှစ် မတ်လ ၁၆ရက်တွင် အသက်၂၁နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ Pingping မရှိတော့သည့်နောက်ပိုင်း Pingping ထက် အရပ် ၄လက်မခန့် နိမ့်သော ဗလကြီးက ကမာ္ဘပေါ်တွင် အရပ်အပုဆုံးလူသားအဖြစ် ပေါ်ထွက်လာမည်လား။ ယခုလောလောဆယ်တွင်တော့ ဗလကြီးမှာ မြန်မာနိုင်ငံ၏ အရပ်အပုဆုံးလူသားတစ်ဦးဖြစ်နေကြောင်း သိရသည်။

One comment

  • etone

    July 2, 2010 at 2:52 am

    ကောင်းတယ် မြန်မာနိုင်ငံကဘယ်သူမှစံချိန်မတင်နိုင်ဘူး ။

Leave a Reply