အိပ်မက်များအကြောင်း…..(၁)

aye.kkJuly 3, 20121min20811

အိပ်မက်ဟူသည်၊လူတိုင်းမက်ဖူးကြပါသည်။
အိပ်မက်မက်ရခြင်းမှာ…..လည်း၊မျောက်မျည်းသကဲ၊့သို့ရှိနေသောအခါ၌
အိပ်မက်မက်ကြောင်းကိုလူကြီးသူမများစွာတို့ကပြောပြထားဘူးသဖြင့်မှတ်သားထားမိခဲ့ပါသည်။
ကျွန်မငယ်ငယ်က၊အိပ်မက်များမက်တိုင်းလွန်စွာသိချင်လှပြီး၊အမြဲတန်းလည်းလူကြီးသူမများကိုမေးမြန်းတတ်ပါသည်။
ကျွန်မကိုယ်၌ကလည်း၊အိမ်မက်များအားလေ့လာစူးစမ်းရခြင်းအပေါ်၊လွန်စွာမှပင်ဝါသနာအထုံ၊ပါလာသည့်သူဖြစ်ပါသည်။
ကျွန်မဝါသနာပါသည်ကို၊သိထားသောမိတ်ဆွေတစ်ယောက်က၊မဟာသုပိနဒီပနီကျမ်း၊အိပ်မက်အကျယ်စာအုပ်အား၊လက်ဆောင်
အဖြစ်ပေးခဲ့ဘူးပါသည်။
ထိုကျမ်းစာအုပ်မှာ၊၁၉၁၄ခုနှစ်တွင်၊ရီဇစ္စတြီပြုလုပ်ပြီး၊ဆရာကြီးဦးဘေနှင့်ဦးယူတို့က၊ဗုဇွန်
ထောင်၊ဇေယျာပူရိန်စာပုံနှိပ်တိုက်တွင်၊ထုတ်ဝေခဲ့သောစာအုပ်ပင်ဖြစ်ပါသည်။
(ထိုခေတ်ကရေးသားထားသောအသုံးအနှုံးဖြစ်ပါသည်)

မဟာသုပိနဒီပနီကျမ်း၊အိပ်မက်အကျယ်၊စာမျက်နှာ(၃၃၇)၌ပါရှိသော၊ကြားရသည်မက်သော
အိပ်မက်များအား၊မူရင်းပါအတိုင်းပြန်လည်ဖော်ပြလိုက်ပါသည်။

“ကြားရသည်မက်သောအိပ်မက်များ”….

စည်ကြီး။ကြေးနင်း။မောင်းခွက်ခွင်းပတ်သာ။နရည်း။ခရာ။ခေါင်းလောင်းသံ။မိုးကြိုးသံ။
ှနှဲသံများကိုကြားရသည်မက်သော်မင်း၏အမတ်ဖြစ်အံ့။သတင်းကောင်းကြားရအံ့။ဝမ်းမြောက်ရအံ့။
ဥဩငှက်တွန်သံကြားရသည်မက်သော်၊ကောင်းသောနမိတ်တည်း။
သီချင်းသံကိုကြားရသည်မက်သော်။မိမိ၏အတွက်သတင်းကောင်းရောက်အံ့။
ဥဒေါင်းမြည်သံကြားရသည်မက်သော်၊နှလုံးသာယာအံ့။သာယာသောအသံကြားရသည်မက်သော်၊စိတ်ချမ်းသာလျှက်
သတင်းကောင်းကြားရအံ့။ပုဏ္ဏားရေသွန်း၍စကားပြောသံကြားရသည်မက်သော်၊ရန်သူလက်မှလွတ်အံ့။
အသင့်ဝမ်းတွင်းသို့ငါဝင်မည်ဆိုသံ၊ကြားရသည်မက်သော်၊မြတ်သောသားကိုဖွားရအံ့။
ရွှေဟင်းသာတရားဟောသံကြားရသည်မက်သော်၊စိတ်ချမ်းသာ၍ဘုန်းကျက်သရေတိုးပွားအံ့။
ရုပ်ပွားဆင်းတုတရားဟောသံကြားရသည်မက်သော်၊ကျောဇောအံ့။ခင်ပုတ်ငှက်မည်သံကိုကြားရသည်မက်သော်၊အနာ
အဖျားသင့်အံ့။နတ်တို့စကားပြောသံကြားရသည်မက်သော်၊တုန်လှုပ်ပျက်စီးအံ့။

ဤကားကြားရသည်မက်သောအိပ်မက်များတည်း။

ဂေဇက်ရွာမိတ်ဆွေများအားစေတနာဖြင့်၊ပြန်လည်မျှဝေလိုက်ခြင်းသာလျှင်ဖြစ်ပါသည်။။

11 comments

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 5:58 pm

    ဂျီးဒေါ်အေး..ခင်ညား..
    နောက်ထပ် အကြောင်းလေးတွေလဲ တင်ပေးပါဦး..
    ကျော် မနက် အိပ်ယာထခါနီးက ဂဏန်းတွေ ရွတ်နေတဲ့အသံ ကြားတယ်..
    ၂၄၈၉ ရှိုလားပဲ..မှတ်မိတော့ဘူး..
    အတိတ်ကောက်ပြီး နှစ်လုံးထီထိုးမလား စဉ်းစားတာ မေ့တွားလို ့မထိုးခဲ့ဘူး..ဟီး..ဟီး..ဂိန်..

  • မောင်ပေ

    July 3, 2012 at 10:17 pm

    အခုလို ဝေမျှပေးတဲ့အတွက်
    နောက်ကြ အိပ်မက်မက်ခဲ့လို ့ရှိရင်
    မှတ်မိတယ် ဆိုရင်
    ဒေါ်အေးကေ ပို ့စ်နဲ ့လာတိုက်ပြီးှ
    ကြည့်လို ့ရတော့မှာပါ ခင်ဗျား။

  • MaMa

    July 3, 2012 at 11:30 pm

    ကိုယ့်နာမည်ကို ခေါ်သံကြားရတယ် လို့ အိမ်မက် မက်ရင်ကော ဘယ်လို ယူဆရမလဲ သိချင်ပါတယ်။
    ဒီပိုစ့်လည်း Bookmark လုပ်ပြီး သိမ်းထားမှ။
    အလွတ်မကျက်နိုင်တော့ နောင် အိမ်မက် မက်ရင် ပြန်ရှာလို့ရအောင်။ 😀

    • aye.kk

      July 4, 2012 at 7:06 am

      မမရေ..
      ကိုယ့်နာမည်ခေါ်သံကြားရလျှင်တော့…
      မကောင်းပါ။စိတ်မှတုန်လှုပ်ခြောက်ခြားစရာ
      သတင်းစကားမျိုးကြားသိရတတ်ပါသည်။။

  • pooch

    July 4, 2012 at 1:03 am

    ဆောင်းတွင်းအိမ်မက် ဂယောက်ဂယက်လို့တော့ ကြားဖူးတယ် အန်တီအေးရေ။
    ဆက်ရန်တွေမျှော်နေပါတယ်။

    အိမ်မက်နဲ့ မတူတဲ့နောက်ခံစားချက်တခုက မြို့တခုကို အခုမှ စရောက်ဖူးပေမဲ့ ကိုယ်နဲ့ သိကျွမ်းနေသလိုမျိုး ခံစားရတာမျိုးကတော့ ခဏခဏဖြစ်ဖူးတယ်။

  • aye.kk

    July 4, 2012 at 7:12 am

    pooch,ရေ…
    အိပ်မက်,မက်ရတဲ့အကြောင်းရင်းများ..
    အချက်အလက်တွေရှိပါတယ်။
    အိပ်မက်များအကြောင်းမှာဖော်ပြပေးသွားမှာပါ ။

  • ဦးဦးပါလေရာ

    July 4, 2012 at 7:51 am

    အိပ်မက်က
    မက်တဲ့အချိန်နဲ့ အခြေအနေနဲ့လဲ ကြည့်ပြီး ကောက်ချက်ချရတယ်လို့ ကြားဖူးတယ်..။
    မကြာခင်မှာဖြစ်မယ့် အကြောင်းအရာအတွက် အတိတ်နိမိတ်အနေနဲ့မက်မယ်ဆိုရင်
    မနက်အာရုံတက်ချိန် (ညဉ့်ရဲ့ တတိယ ယံ) မှာမက်တတ်တယ်လို့ဆိုတာပဲ…။

    • aye.kk

      July 4, 2012 at 11:08 am

      မနက်လင်းအားခါနီးမက်က…
      ချက်ခြင်းအကျိုးပေးပါသည်။
      အကျိုးအပြစ်(၃)ရက်အတွင်းခံစားသိမြင်ရပါသည်။
      ညဉ့်သန်းခေါင်ယံမက်က၊အကျိုးအပြစ်(၆)လခန် ့ကြာမြင့်တတ်ပါသည်။

  • kyi phyu

    July 4, 2012 at 10:42 am

    သေဆုံးပြီးတဲ့သူတွေကို
    အိပ်မက်မက်ရင်ရော…
    အန်တီအေး

    • aye.kk

      July 4, 2012 at 11:36 am

      အိတုံရေ..
      အန်တီသိထားတဲ့အရ..
      ပြောပြရမယ်ဆိုရင်…
      သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မြင်မက်ရင်…
      စကားဟောင်းပေါ်ပေါက်ခါ၊စကားများငြင်းခုံရတဲ့ကိစ္စ
      ပေါ်ပေါက်လာတတ်စေပါတယ်ကွယ်။
      သတိထားသင့်ပါတယ်လို ့ပြောပြလိုက်ပါရစေနော်။

  • etone

    July 4, 2012 at 10:53 am

    အန်တီအေးရေ .. အိမ်မက်က တစ်ခါတစ်လေ … မက်နေတုန်းသာ သတိရတတ်ပြီး ..
    နိုးတဲ့ အခါ … လုံးဝကို ပြန်စဉ်းစားမရတာမျိုးဖြစ်တတ်တယ် ။ ….
    တစ်ချို့ကလည်း အိပ်မက်မက်လျှင် … အချိန်ပေါ် မူတည်ပြီး နောင်ဖြစ်လာမှာ ဟုတ်မဟုတ် ၊ အိပ်မက် မှန်မမှန် ၊ နိမိတ်ကောင်းမကောင်း ယူဆကြတာ ဖတ်ဖူးတယ် … ။ ဖတ်သာ ဖတ်ခဲ့ဖူးတာ မှတ်သား ထားတာမဟုတ်တော့ သေချာမမှတ်မိတော့ဘူး .. ဘယ်အချိန်ကနေ ဘယ်အချိန်မက်တဲ့ အိပ်မက်ကမှ အမှန်ဆိုလား… တခြား အချိန်ဆို ပြောင်း ပြန်အယူဆိုလား … အဲ့ဒီလိုမျိုးပြောတာကြားခဲ့ဖူးတယ် … ။

Leave a Reply