…..ပြတ်ချင်အုံးဟဲ့… (အရက်)….

tharli karJuly 9, 20121min23624

ကိုရဲစည်ရေ………………….

ခင်ဗျားကလည်း နာမည်တတ်တာမကြိုက်ဘူး…။ ကျုပ်ကလည်း တတ်ချင်နေတယ်..။

(နာမည်ကိုပြောတာ) နားလည်ပေးပေါ့ဗျာ…နော်……….။

တခြားမဟုတ်ပါဘူး…..။ အရက်ပြတ်ဖို့အရေးကို ခင်ဗျားက တစ်ကူးတကန့်တောင်းဆို

ထားတယ်မဟုတ်လား……………..။

ကျုပ်က တရားဟောဓမ္မကထိကတော့မဟုတ်ဘူး…..ဒါပေမယ့်…ခင်ဗျားကိုလည်း ပြတ်

ရာပြတ်ကြောင်း(အရက်) ဆွေးနွေးချင်စိတ်ကလည်းပေါက်မိတာမို့ ပြောတယ်လို့ပဲ

သဘောထားစေချင်တယ်ဗျာ………..။

အဲဒီတော့…..ပြောရရင်……………….

အရက်ဆိုတာ အင်မတန်မှကိုကောင်းပါတယ်ဆိုတာပါပဲ….။

နောက်တာမဟုတ်ပါဘူး…….တစ်ချို့တွေဟာနေ့စဉ်ရက်စက်သောက်နေသူတွေကို

ကြည့်ရင်…….နိုင်ငံရေး…စီးပွားရေး…လူမှုရေး….ကျမ်းမာရေး…. စတဲ့အရေးတွေကို

တောင် ဂရုမစိုက်နိုင်ပဲ……အသက်ပေး….ဘဝပေးပြီး……..သောက်နေကြတာကို

ခင်ဗျားလည်း အသိပါ။ အဲဒါ…အရက်ကောင်းလို့ဆိုတာ…..ဘယ်အရက်သမားကမှ

ငြင်းချက်ထုတ်မယ် မထင်ပါဘူး…။

အဲ……..ဒါကတော့….အသက်ပေးပြီး အရက်ကိုချစ်တဲ့သူတွေအတွက် ကျုပ်ဘက်က

ရေသားချက်…ပြောဆိုချက်ဖြစ်ပါတယ်။

သေသေခြာခြာကြည့်ရင်လည်း…..သောက်ထားပြီးလို့ မူးနေပြီဆိုရင်….ပါတ်ဝန်းကျင်ကို

မေ့….မိန်းမကိုမေ့….ကလေးကိုသတိမရ…..အဖေအမေဆိုတာမသိနိုင်လောက်အောင်

လည်း….စိတ်ကိုလွှတ်ထားလို့ရတာမို့………ပတ်ဝန်းကျင်းကြောင့်….မိန်းမကြောင့်……

ကလေးကြောင့်…အဖေကြောင့်…အမေကြောင့်….ဖြစ်လာ၊ ခံစားလာနိုင်မယ့်….အဖြစ်

(အပူ)တွေကို မေ့ထားနိုင်တယ်လေ…….။ မကောင်းဘူးလား….။ ဒီအချက်တွေကိုတော့

ခင်ဗျားဖြစ်ခဲ့ဘူးရင်ဖြစ်ခဲ့ဘူးပါလိမ့်မယ်…။ ဖြစ်ခဲ့ဘူးမှလည်း…ဖြစ်ခဲ့ဘူးမယ်ပေါ့ဗျာ…။

ဒီကြားထဲမှာ ကိုယ်ကမေ့ထားနိုင်ပေမယ့် မိဘဖြစ်သူ..မိန်းမဖြစ်သူတွေက…သားတွေ

သမီးတွေက ပြောပြကြ၊ ဆိုပြကြပြီဆိုလျှင်လည်း…..ကိုယ်သောက်ထားတဲ့  အရက်ရှိန်

နဲ့ ဟိန်းလိုက်ဟောက်လိုက်ရင်…….အားလုံးငြိမ်သွားတတ်ကြတာပဲ…..။ ပထမပိုင်းမှာ

တော့…. မိဘတွေနဲ့ မိန်းမက နဲနဲကလန်ချင်တတ်ကြသေးတာပေါ့…..။ နောက်ပိုင်းကြ

တော့ ကိုယ့်ကို လုံးဝကို စာရင်းထဲထည့်ပြီးတော့တောင်မှ မပြောကြတော့တာဆိုတော့

ကဲ…….ဘယ်လောက်အပူကင်းသလဲဗျာ…စဉ်းစားကြည့်စမ်းပါ။

ဒါကိုမှ….ခင်ဗျားက အရက်မကောင်းပါဘူးလို့….မပြောပေမယ့် အရက်ပြတ်ချင်နေပါ

တယ်ဆိ်ုပြီး…..ပြောလာတော့……ကျုပ်စဉ်းစားမိတယ်….။

တကယ်တော့….ခင်ဗျားက သူများတွေကမကောင်းဘူးပြောလို့ အရက်ပြတ်ချင်တာ

ဆိုရင်တော့အရူးပဲ……လို့ ပြောရမှာပါ။ သူများပြောလို့မကောင်းဘူးဆိုတာ ဘယ်မှာလာ

ဟုတ်နိုင်ပါ့မလဲဗျာ…နော့…။

အဲ…တကယ်လို့…..ခင်ဗျားကိုယ်တိုင်က မကောင်းဘူးလို့သဘောပေါက်သွားတာဆိုရင်

လည်း…..ခင်ဗျားအရက်မပြတ်သရွေ့ …..ခင်ဗျားသဘောပေါက်ချက်ဟာ…မသေခြာလို့

ပါပဲလို့….ပြောရမှာပါ။

တကယ်တမ်းအရက်သောက်တတ်သူတိုင်းဟာ….အရက်ကဘယ်လိုကောင်းတယ်ဆို

တာရယ်…..အရက်ဟာတကယ်မကောင်းဘူးဆိုတာရယ်ကို…..တကယ့်ကို မြင်အောင်

ကြည့်ရင်…တကယ်မြင်မှာပါ….။ ကောင်းတယ်…မကောင်းဘူးကိုပြောတာနော်….။

အဲဒီတော့…………….

ခင်ဗျားကတောင်းဆိုလို့ပြောရမယ်ဆိုရင်…..

အရက်ပြတ်ချင်တဲ့…ခင်ဗျားကိုယ်တိုင်က….အရက်ရဲ့…မကောင်းမှု အပြစ်တွေကို

ရှင်းလင်းအောင် မြင်ရမှာဖြစ်တယ်လေ…။

မသောက်တော့နဲ့ပေါ့ဗျာလို့…မဆိုလိုပါဘူး…..။

ဘုရားဟောတဲ့ ရာဟုလောဝါဠ သုတ်မှာပါသလိုပြောရရင်……

(ကာလသုံးပါးကို ဆင်ခြင်နည်းပေါ့……နော….။)

၁။   မသောက်ခင်မှာ…သောက်ပြီးတဲ့ အခြေအနေတွေရဲ့ ခင်ဗျားကိုယ်တိုင် မကောင်း

ဘူးလို့…ထင်ထားချက်တွေကို ပြန်ပြီးသေခြာအောင်…ကြည့်ရမှာပေါ့….။

၂။   သောက်နေတဲ့အချိန်မှာလည်း……ကိုယ့်ရဲ့တွေးခေါ်မှု….ကိုယ့်ရဲ့ပြောဆိုမှု…..

ကိုယ့်ရဲ့နေထိုင်မှုတွေထဲမှာ…..ခင်ဗျားကိုယ်တိုင် မကောင်းဘူးထင်ထားတာတွေကို..

မကောင်းဘူးလို့…ထင်ထားချက်တွေကို မြင်အောင်ကြည့်ရမှာပေါ့……။

၃။  သောက်ပြီးတဲ့နောက်မှာလည်း…….ခင်ဗျားပြတ်ချင်လှပါချည်ရဲ့ဆိုတဲ့…အဲဒီ..

အရက်ရဲ့မကောင်းကျိုးဖြစ်တဲ့ အရက်သမားဘဝဖြစ်အင်တွေကို….ခင်ဗျားကိုယ်တိုင်

မြင်အောင်ကြည့်ရမှာပေါ့ဗျာ….။

အဲဒါကမှ….ခင်ဗျားကိုယ်တိုင်မြင်တဲ့…..တရားဖြစ်ပြီး…ခင်ဗျားကိုယ်တိုင်…အရက်

ပြတ်မှာပေါ့ဗျာ…။ ကျုပ်ဘက်ကပြောရရင်တော့..အရက်ရဲ့မကောင်းမှုကို တကယ်

တွေ့သွားတဲ့သူတိုင်းဟာ….ပထမမှာတော့…အဲဒီအရက်သောက်တယ်ဆိုတဲ့ ကာလသုံး

ပါးမှာငြီးငွေ့လာမယ်လို့ထင်ပါတယ်။ ပြီးရင်….တကယ်ပြတ်ချင်စိတ်ဖြစ်လာတာမို့…

ရှောင်နိုင်သမျှ…ဝေးလာမယ်ပေါ့….ဥပမာပေးရရင်……နေ့စဉ်မဟုတ်ပဲ….ရက်ခြားလာ

မယ်ပေါ့….။ နောက်ဆိုရင်…လခြား…အဲဒီကမှ…နှစ်ခြားပြီး…နောက်ဆုံးမှာ..သောက်ချင်

စိတ်မပေါ်ပဲ ဖြစ်သွားပြီး…ပြတ်သွားသူတစ်ယောက်အဖြစ်…ရောက်မယ်လို့..ယူဆမိပါ

တယ်….။

တကယ်တော့…အရက်ဟာမကောင်းပါဘူးဆိုပြီး…မကောင်းတာအမှန်ရဲ့ အခြေအနေ

ကို သုံးသပ်နိုင်သွားရင်တော့….အမြင်မှန်သွားပြီလို့ဆိုရမှာပေါ့ဗျာ…။ အမြင်မှန်ရင်တော့

အမှားမြင်ကြောင့်ဖြစ်ရတဲ့….ဘဝဖြစ်စဉ်တွေ အဆုံးသတ်နိုင်တာပေါ့ဗျာ….နော်….။

(မှတ်ချက်…….) အရက်၏မကောင်းချက်များကို ပြောလျှင်…..အရက်သမားများမှ…

မကန့်ကွက်နိုင်သော်လည်း….အရက်သမားအခွင့်အရေးဆုံးရှုံးနိုင်ပါသဖြင့်….မပြောပါ)

(….ဖတ်ရှုမိသူအပေါင်းမှ….. ဝင်ရောက်၍ဆွေးနွေး အရက်ပြတ်ရာပြတ်ကြောင်းကို

ဝင်ရောက် ဆွေးနွေးပေးပါရန်)

24 comments

  • minma haw

    July 10, 2012 at 12:04 am

    လက်မခံချင်ပေမယ့် ကြိုးစားရင်ရနိုင်သလိုပါ့ ကိုသာလိကာ ..???????????????????

  • minma haw

    July 10, 2012 at 12:12 am

    minma haw ခင်ဗျာ…..ကြိုးစားလိုက်စမ်းပါ…။
    ကျုပ်ကလည်း….ခင်ဗျားလက်ခံနိုင်ခြင်းထက်….
    ကိုယ်တတ်နိုင်သလောက်တင်ပြခြင်းပါ…………….

  • kai

    July 10, 2012 at 1:16 am

    အရက်ကိုသောက်တာမှာ.. ရည်ရွယ်ချက်ကိုက မတူတာမို့.. ပြောစရာသိပ်မရှိ..
    ကျုပ်အပါအဝင်.. အနောက်နိုင်ငံက လူတော်တော်များများက.. အရက်ကို ပျော်လို့သောက်ကြသဗျ…

    စိတ်ညစ်ရင်.. မတည်မငြိမ်ဖြစ်ရင်.. သောကတွေဖြစ်ရင်.. ဆေးသောက်ရပါတယ်ခင်ဗျ..
    ဒါမှမဟုတ်.. စိတ်ပညာဆရာဝန်တွေဆီ.. ဘုန်းကြီးတွေဆီ..ပညာရျင်တွေဆီမှာ.. အကြံညဏ်ယူ.. ဝန်ခံဖြေရှင်းလုပ်ရပါတယ်ခင်ဗျ…

    ဘာပဲဖြစ်ဖြစ်… မြန်မာတွေ.. ဘာကြောင့်.. လူသူကင်းဝေးရာပြေး.. ဝိပဿနာကြတယ်ဆိုတဲ့.. အစွန်းအစလေး ဖမ်းမိသွားပါတယ်..

    သာဓု..

    • Inz@ghi

      July 10, 2012 at 6:54 am

      ဂျော်နီလမ်းလျောက် ငမဲတူ ၂ထပ်ကွမ်း ကို ပျော်လို့ သောက်သပေါ့နော်….
      အဟိ….
      :mrgreen:
      ကျုပ် …အရက်ဖြတ်တော့မယ် သဂျီး..
      အိုဘယ့် ရယ်မီလေးရယ်မှ မာတင်လိုက်တိုင်း…
      ဟိုမေးစေ့အကွဲလေးပဲ မျက်စိထဲ မြင်မြင်နေလို့..
      အဟိ….

    • tharli kar

      July 10, 2012 at 10:53 am

      သူကြီးရေ……အာရုံရှောင်တဲ့ပညာဟာ တကယ်ဆိုရင် ကောင်းသလိုပါပဲခင်ဗျ………..
      ခုတစ်လော ကြားဖူးတာလေးရှိတယ်…။ သိပ္ပံပညာရှင်တစ်ချို့ရဲ့တွေ့ရှိချက်ပေါ့……
      လူ့ရဲ့ဦးနှောက်ပိုင်းဆိုင်ရာမှာ…ဒေါသထွက်စရာကိုဖြစ်စေတဲ့အကန့်ကို တွေ့ရှိပြီးသကာလ
      အဲဒီဒေါသထွက်စရာရဲ့ အပိုင်းကဏ္ဍကို ပိတ်ထားလိုက်မယ်ဆိုရင်…ဒေါသထွက်လို့မရတော့
      ဘူးတဲ့…။ တကယ်လို့ ကိုယ့်ကိုစော်ကားမော်ကားလုပ်လို့ မကျေနပ်ရင် အဲဒီ ပုဂ္ဂိုလ်တွေဆီ
      သွားပြီး….ဒေါသထွက်စရာအကန့်ကို cut out လုပ်လိုက်ရင်….ဒေါသထွက်လို့မရဘူးဆိုတော့
      ကောင်းတာပေါ့နော်…ရိပ်သာသွားစရာမလိုတော့ဘူးပေါ့……..ကိုးကားရမယ့်
      သာဓကကိုတော့…မသိဘူးခင်ဗျ…သူကြီးသိရင်…ညွှန်းပါဦး…………နော့….

      • kai

        July 10, 2012 at 2:18 pm

        ဒေါသလောက်တင်.. ဘယ်ကမလည်း..
        ကိုယ်မလိုချင်တာလေး.. ရွေးပြီး..ဦးနှောက်ထဲကဖျောက်လို့ရတဲ့..ဆေးပေါ်နေပါပြီ..
        ဆိုတော့..
        ..
        အာဟိ..

        The Forgetting Pill Erases Painful Memories Forever
        Jeffrey Mitchell, a volunteer firefighter in the suburbs of Baltimore, came across the accident by chance: A car had smashed into a pickup truck loaded with metal pipes. Mitchell tried to help, but he saw at once that he was too late.

        The car had rear-ended the truck at high speed, sending a pipe through the windshield and into the chest of the passenger—a young bride returning home from her wedding. There was blood everywhere, staining her white dress crimson.

        Mitchell couldn’t get the dead woman out of his mind; the tableau was stuck before his eyes. He tried to tough it out, but after months of suffering, he couldn’t take it anymore. He finally told his brother, a fellow firefighter, about it.
        http://www.wired.com/magazine/2012/02/ff_forgettingpill/

        • tharli kar

          July 10, 2012 at 3:43 pm

          အီ…..အဲလိုလား………..
          သာသာ့ကို….ပွိုင့်မလိုချင်တဲ့စိတ်ပေါ်အောင်…..
          လုပ်ပေးလို့ရပြီပေါ့နော်..တဂျီး………။
          ကောင်မလေးတွေမြင်ရင် ငန်းချင်စိတ်…..
          ကိုယ့်ထက်သာတဲ့သူတွေမြင်ရင်…ရမ်းချင်စိတ်…..
          ကိုယ့်ထက်နိမ့်ကျသူကို…အဖက်မတန်လုပ်ချင်တဲ့စိတ်……
          တန်းတူသူနဲ့တွေ့ရင်..ခြေထိုးခံချင်တဲ့စိတ်……..
          အဲ့ဒီလို…………………
          အထူးကောင်းမွန်တဲ့ စိတ်မျိုးတွေ….သာသာ့ရင်မှာ…တော်တော်ကိန်းနေတာခင်ဗျ…..။
          ခုတော့………..
          တဂျီးပြောချက်ကြောင့်……
          ” ဒိုးရတော့မယ်…..မကောင်းစိတ်ရယ်……….နှုတ်ဆက်ခဲ့ပါတယ်…….
          ဒိုးရတော့မယ်…..ကောင်းစိတ်ရယ်…..နှုတ်ဆက်သွားမှာကွယ်…..
          ………….ကိုယ်တကယ်…ရမ်းချင်တုန်း…တဂျီးရယ်…… ……………………..”

  • ဇောက် ထိုး

    July 10, 2012 at 7:28 am

    အရက်ရဲ့ အကောင်းအဆိုး ဆိုတာရှိမယ်။ အနည်းအများဆိုတာလဲ ရှီတယ်။
    အရက်ပြတ်ဖို့ရာကတော့… အရက်ကြောင့်ဖြစ်တဲ့ ဒုက္ခကိုမြင်အောင်ကြည့်ဖို့ပါပဲ။
    တရားသဘောအရပြောရမယ်ဆိုရင်တော့ …. ဒုက္ခကိုသိဖို့ရာ တခုတည်းသော အရေးအကြီးဆုံးပဲ။ ဒုက္ခကိုသိလိုက်တာနဲ့ ဒုက္ခကိုဖြစ်စေတတ်တဲ့ အကြောင်းတရားကို ပယ်လိုက်မှာပဲတဲ့။ သာမန်သိရုံတော့ မဟုတ်နိုင်ဘူး။

    ဒါကြီးဟာ အဆိပ်ရေတွေ။ သောက်ရင် မချိမဆန့်ခံစားရမှာ။ ပြီးတော့ သေမှာ။ သေချာပေါက်ကိုသေမှာ။ အဲဒီလိုသိနေတဲ့သူ ဟာ ….မသေချင်တဲ့သူဟာ…. အဲဒီအဆိပ်ခွက်ကို သောက်ခိုင်းရင် သောက်မယ်မထင်ပါဘူး။ အဲဒီလိုပဲထင်မြင်မိပါကြောင်း

    • tharli kar

      July 10, 2012 at 10:57 am

      ဦးဇင်းဇောက်ဖျ…..
      အဝိဇ္ဇာပစ္စယာ..သင်္ခါရနဲ့….လုပ်စမ်းပါဦး……..

  • အရက်က သူ့ဘာသာသူနေတာပါဗျာ။
    သောက်တဲ့လူအပေါ်မူတည်သွားတာပါ။

    အရက်ပြတ်ဘို့ဆိုတာကာ ဘာမှမလိုဘူး။
    ကိုယ့်အတွင်းစိတ်က မသောက်ချင်ဘူးလို့ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်ရင်ရပြီ။
    အကောင်းဆုံးကတော့ လူတွေပါးစပ်က အမြုပ်ထွက်မတတ်ပြောတတ်ကြတဲ့
    အလယ်အလတ်လမ်းစဉ်လေ…………………………….
    မုန်းဘို့လဲမလို သလို
    ချစ်ဘို့လဲမလိုဘူး အသင့်အတင့်ပေါ့နော်

    • tharli kar

      July 10, 2012 at 11:08 am

      မှန်ပါတယ်ကိုပေါက်ရေ…..
      အရက်ဟာ…သူ့ဟာသူနေတယ်ဆိုတာကို လက်ခံပါတယ်
      ဒီလိုပါပဲ…..လူတွေလည်း သူ့ဟာနဲ့သူနေတာပဲလေ….
      အဲ…ဆက်ဆံတော့မယ်ဆိုရင်တော့……ဂရုစိုက်ပေတော့………..။
      အရက်ပဲဖြစ်ဖြစ်…လူပဲဖြစ်ဖြစ်…ဘုန်းကြီးပဲဖြစ်ဖြစ်…မယ်သီလပဲဖြစ်ဖြစ်……..
      ဆရာဝန်ပဲဖြစ်ဖြစ်…ကျောင်းဆရာပဲဖြစ်ဖြစ်….နိုင်ငံခေါင်းဆောင်ပဲဖြစ်ဖြစ်…
      နောက်လိုက်ပဲဖြစ်ဖြစ်….ဘုရက်ပဲဖြစ်ဖြစ်..မိဖုရားပဲဖြစ်ဖြစ်…သူဌေးပဲဖြစ်ဖြစ်…
      သူတောင်းစားပဲဖြစ်ဖြစ်…..စဏ္ဍာလပဲဖြစ်ဖြစ်..မသာရှင်ပဲဖြစ်ဖြစ်….
      ..မိမိနဲ့တစ်ပါးသူ…မိမိနဲ့…အရက်…မိမိနဲ့ပါတ်ဝန်းကျင်….
      မိမိနဲ့…အရက်..ဘိန်းဘင်းကစော်၊ လှော်စာအရက်…………………
      စတာတွေကို ဆက်ဆံမယ်ဆိုရင်တော့……..သတိမထားရင်…အရက်ထက်ဆိုးတဲ့
      ဘဝတွေဖြစ်တတ်တယ်ဆိုတာ….ယောက်ကျား၊ မိန်းမ၊ မယ်သီလနဲ့၊ ဘုန်းကြီး၊
      နိုင်ငံဝန်ထမ်းတွေပါမကျန်……သိထားသင့်သပါ့…လို့ယူဆမိတယ်…ပေ့ါ..ဗျာ….နော့..။

  • မောင်ပေ

    July 10, 2012 at 9:35 am

    အရက်တဲ့
    အရက်ဆိုဘဲ
    အရက်ဆိုတာ
    အရက်သောက်ရင်လဲသေမယ်
    အရက်မသောက်လဲသေမှာဘဲ
    အီခရီး ဝေးလား
    ပုံ
    အရက်ကို ရံဖန်ရံခါသောက်သူ
    သောက်ပြီးရင် ဘယ်သူ့မှဒုတ်ခမပေးသူ
    မောင်ပေ

    • tharli kar

      July 10, 2012 at 11:12 am

      ကိုပေသည်….
      အရက်သောက်တတ်သည်ဖြစ်သည်ဟု ယုံကြည်၏……….
      ဆက်သောက်…ဆက်သောက်..ဆက်သောက်…….ဟု အကြံပြုချင်ပါသည်…။
      ကိုယ့်ကိုယ်ကို ဒုတ်ခဖြစ်ပါလိမ့်မည်…..ဟီ…ဟီ………………

  • Mical David ko Jar Yit

    July 10, 2012 at 9:55 am

    ဘိန်း ဘင်း ကဇော် လှော်စာ အရက် ဖြတ်ရခက်
    ချင့်ချိန်၍သာ သုံးရမှာ
    အားလုံး အသိပါ

  • mamanoyar

    July 10, 2012 at 10:05 am

    အရက်သောက်ရင် ဒုက္ခအားလုံးကို မေ့နိုင်တယ်ဆိုပေမယ့်
    အမူးပြေရင် ဒီကိစ္စက ပြီးသွားတာမှမဟုတ်တာ
    ဒီတော့ အရက်မသောက်တာပဲကောင်းမှာပေါ့
    အရက် ပြတ်နိုင်ကြပါစေ

    • tharli kar

      July 10, 2012 at 10:44 am

      အရက်သောက်ရင်…အားလုံးကိုမေ့တယ်ဆိုပေမယ့် အမူးပြောရင်တော့ဒီကိစ္စဟာ
      ပြီးသွားတာမှမဟုတ်တာဆိုတာကို….အကြွင်းမဲ့လက်ခံပါတယ်ခင်ဗျ…..
      အသို့ဆိုပေမင့်…တဒင်္ဂတော့ အပူကနေလွတ်မြောက်သွားတာပဲလေ….
      အာရုံရှောင်တဲ့ပညာပေါ့ဗျာ…ဥပမာပေးရရင် တော်တော်များများ ရိပ်သာတွေမှာ
      တွေ့ရတတ်ပါတယ်။ မယုံရင်သောက်ကြည့်….မယုံရင် ရိပ်သာသွားကြည့်……..
      တူတူလိုပဲခင်ဗျ……

  • myanmarcitizen

    July 10, 2012 at 1:49 pm

    ကျွန်တော်ကတော့ ၂ မျိုးပဲ။ တွေ့ရင်သောက်တယ်။ မတွေ့ရင်လိုက်ရှာပြီးသောက်တယ် 🙂

  • Thu Wai

    July 10, 2012 at 2:27 pm

    ကိုသာလိကာ ဧ။် စာကိုဖတ်လျှင်ဖတ်ချင်းပင် လေချင်တက်လာရျ် ယခုပင် ဆိုင်ထဲသို့ဆင်းသွားပါဂျောင်း
    လောလောဆယ် ဘီယာ သုံးလေးခွက်လောက် နှင့်အာသာသွားဖြေပြီးလျှင် ပြန်တက်လာမည်ဖြစ်ပါကြောင်း
    ကျွန်တော် သည် အရက်ကို မည်သည့်အကြောင်းကြောင်းမျှ ပုတ်ခတ်စော်ကားမည့်သူ မဟုတ်ပါဂျောင်း။

  • mayjuly

    July 10, 2012 at 3:54 pm

    စိတ်ညစ်လို့သောက်တဲ့အရက်..

    ပျော်လို့သောက်တဲ့အရက်..

    အောင်မြင်မှုအတွက် ဂုဏ်ယူပီးသောက်တဲ့အရက်..

    ဆေးဖြစ်ဝါးဖြစ်အတွက် သောက်တဲ့အရက်..

    သောက်လဲသောက်နိုင်တဲ့အရက်…

    ဘယ်တော့မှ မပြတ် …

    မူးချင်လို့ သောက်တဲ့အရက် …

    တကယ့်အရက် ..

    သေကာမှ ပြတ်..ပြတ်..ပြတ်…. အဟတ် ဟတ် …. 😛

    (တကယ်တော့ အရက် ပြတ်တယ်ဆိုတာ စိတ်က သာ လျှင် အဓိကလို့ မြင်မိပါတယ်)
    ဂယ်တော့သိဘူးးး. ဝင်ပွားကြည့်တာ … 😀

  • ho leo

    July 10, 2012 at 4:00 pm

    အရက်မသောက်ကြဘူးဆိုရင် အရက်ထုတ်တဲ့စက်ရုံတွေ၊ ကုမ္မဏီတွေမွဲကုန်မှာပေါ့။
    ဒါကြောင့်သူတို့ ကလည်း ကျေးဇူးတုံပြန်သောအားဖြင့်လည်း ကားတွေ၊ ဖုန်းတွေ နဲ့အမျိုးမျိုး ဆွယ်နေတာပေါ့။ အားပေးလိုက်ကြပါလို့………

  • Nyein Nyein

    July 10, 2012 at 4:14 pm

    အရက်သောက်ရင် အားလုံးကိုမေ့တယ်ဆိုတာ တကယ်မေ့တာလား။ မေ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယုံခိုင်းတာလား။ အဲဒီ့နှစ်ခုကို တကယ်မရှင်းပါ။ အရက်မူးတဲ့ ပမာဏတော့ ကွာမယ်လို့ယူဆပါတယ်။ အရမ်းကိုမူးပြီး မှောက်နေတဲ့လူဆိုရင်တော့ အားလုံးမေ့တာဖြစ်နိုင်ပေမယ့် မမှောက်သေးသ၍ကတော့ မေ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ အဲဒီ့တော့ ခဏတာစိတ်ညစ်စရာတွေကို မေ့ချင်ရင်တော့ လူမှန်းမသိ၊ သူမှန်းမသိ၊ လုံးဝမှောက်တဲ့အထိသောက်ပါမှဖြစ်မယ်လို့ထင်ပါတယ်။
    အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာလောက်ရင်ဆိုင်နေရတဲ့လူဘဝ၊ လူ့လောကမှာ စိတ်ညစ်စရာကြုံတိုင်း ခဏတာမေ့ပျောက်ချင်လို့ အရက်သောက်မယ်ဆိုရင်တော့ (အပေါ်မှာပြောတဲ့အတိုင်းသောက်မယ်ဆိုရင်တော့) ထနိုင်စရာမရှိတော့ဘူးထင်တယ်နော်။
    ဒါကြောင့် အရက်သောက်ရင် အားလုံးကို တကယ်မေ့၊ မမေ့ ပြောပြကြပါဦး။ သိချင်လို့ပါ။

  • နှင်းဆီ ငုံ

    July 10, 2012 at 4:31 pm

    အရက်သောက်ပြီးရင် ဘာမှမသိတော့ဘူး ၊ ကိုယ်ဘာလုပ်လို့ လုပ်မိမှန်းမသိဘူး ဆိုပေမယ့် အီအီးကျွေးရင် မစားဘူး ဆိုတဲ့စကားက ဘာကိုပြောချင်တာလဲဟင်၊ အရက်သောက်တဲ့သူတွေဆီက ကြားဖူးတဲ့စကားပါ၊ အသိဉာဏ်လွတ်သလား မလွတ်သလား ကိုကိုယမကာတို့ အမှန်အတိုင်းဖြေပေးပါလား … ဟီးး သိချင်ရုံသက်သက်ပါနော် …

  • cum min

    July 10, 2012 at 4:35 pm

    ဖြတ်ချင်အုံးဟဲ့…..ဒန့်..ဒန့်..ဒန်….

Leave a Reply