ရုံးဌာနတစ်ခုမှ မန်နေဂျာက စာအုပ်ဘီဒိုထဲက လုပ်ငန်းဖိုင်တစ်ခုကို မနေ့ကမှအလုပ်ဝင်လာတဲ့ ၀န်ထမ်းအသစ်ကိုယူခိုင်းတာ့၊ အဲဒီဝန်ထမ်းယူလာတဲ့ဖိုင်က ဖိုင်အမည်တူပေမဲ့ ပြီးခဲ့တဲ့လရဲ့ဖိုင် ဖြစ်နေလို့ လက်ရှိလရဲ့ဖိုင်ကို မယူလာရကောင်းလားဆိုပြီး ရစရာမရှိအောင် ဆူပူကြိမ်းမောင်းပြုခဲ့လို့ အဲဒီဝန်ထမ်းအသစ်မိန်ခလေးက ရှက်လည်းရှက်၊သူလက်တွဲလုပ်ရမဲ့ မန်နေဂျာနဲ့အဆင်ပြေပါ့မလားတွေးပြီး နောက်နေ့အလုပ်မလာတော့တာတွေ့ဖူးပါတယ်။ (တကယ်ဆို ဖိုင်ထားသိုပုံတွေ၊ ဘယ်လိုစာရွက်စာတမ်းသိမ်းပုံတွေ နားလည်အောင်အရင် သင်ပေးပြောပေးခြင်းဖြင့် ၀န်ထမ်းသစ်ကိုလက်တွဲခေါ်သင့်တာပါ။တစ်ချို့က ၀န်ထမ်းသစ်ဆိုပညာပြချင်ကြတာ ပါဝါပြချင်ကြတာလဲ လောကကြီးမှာရှိတာကိုး)

ကျောင်းတွေစဖွင့်လို့ တစ်ပတ်လောက်ဘဲစာသင်ရသေးတယ် သူငယ်တန်းကျောင်းသား ကလေး တစ်ယောက်ကို  က ခ ဂ ဃ င ဆိုခိုင်းတာ ဆိုတဲ့ကလေးတစ်ယောက်က ဂ ကိုမေ့နေပြီး က ခ ဃ င ဘဲ အထပ်ထပ်ဆိုနေလို့ မေ့ရမလားဆိုပြီး ကြိမ်းလုံးနဲ့ အဲဒီကျောင်းသားကလေးကို ရိုက်ပြီးဆုံးမတော့ နောက်နေ့ကျောင်းသွားဖို့အမေက အိပ်ယာကနိုးတာကို ကလေးက ကျောင်းမတက်ချင်ဖူးလို့ အတင်းအကြပ်ငြင်းနေတာကိုလည်း တွေ့ဖူးပါတယ်။

ကုန်စိမ်းနဲ့ဟင်းသီးဟင်ရွက်ရောင်းတဲ့ကလေးမလေးက ၀ယ်သူတွေက များပြားစွာစည်နေပြီး ရောင်းသူတစ်ယောက်ထဲလက်မလည်တဲ့အချိန်မှာ ကစွန်းရွက်နဲ့ချဉ်ပေါင်ရွက်မှားကမ်းပေး မိလို့ဈေးဝယ်သူက နှိမ့်ချပြောဆိုနေလိုက်တာကိုလည်း တွေ့ဖူးပါတယ်။

လမ်းဘေးလည်းမချမလွတ်မကင်း ရပ်ထားတဲ့ဆိုက်ကားကို လမ်းဘေးချပေးဖို့ လမ်းတောင်းရင်း ဟွန်တီးမိတဲ့ကားမောင်းသူကို ဘာလဲညာလဲနဲ့ ရိုက်မယ်တကဲကဲလုပ်လို့ ဘေးကသူတွေ ၀ိုင်ဆွဲဖြန်ဖြေခဲ့တာကိုလဲ တွေ့ဖူးပါတယ်။

ဘဏ်တစ်ခုမှာ ငွေတွေများလို့ စက်နဲ့ရေတွက်ပြီး ငွေတန်ဖိုးအရွက်မှားပါမှာကြောက်လို့ စိစစ်တဲ့ဝန်တဲ့ဝန်ထမ်းကို သူမယုံရကောင်းလားနဲ့ကြာလို့ ပြောဆိုနေတဲ့ သူဌေးတစ်ယောက် ကိုလည်းဘဏ်ငွေထူတ်ဖို့စောင်ရင်း တွေ့ခဲ့ဖူးပါတယ်။

လူလောကရဲ့ လူသက်တမ်းကိုကြည့်ရင် နှစ်၂၀၀ထက်ပိုနေရတဲ့သူမရှိပါဘူး၊ အဲဒီလို ရခဲလှတဲ့လူလောကမှာ တစ်ချို့တွေဟာ သူတပါးအမှားကို ပြုပြင်ပြောင်းလဲစေတဲ့ နားလည်အောင် ရှင်းပြပြောဆို(သို့မဟုတ်)သွန်သင်ပေးဖို့ထက် ဆူဖို့၊ ဆဲဖို့၊ အပြစ်ပြောဟောက်ဖို့လောက် လုပ်ဆောင်နေကြတာတွေ၊ သူတပါးအပြစ်ကို ပုံကြီးချဲ့ပြီး အမှု့တစ်ခုကျူးလွန်နေသယောင် လုပ်နေကြတာတွေကိုတွေးမိပြီး အမှားသည်းခံပေး၍ ပြုပြင်ပြောင်းလဲရေးကို နားလည်အောင်ရှင်းပြလမ်းညွန်ပေးကြရင် ချစ်ခင်မှု့တွေ အဓွန့်ရှည်လို့ ပျော်ရွှင်ဖွယ်ရာဝန်းကျင် ဖြစ်လိမ့်မယ်လို့ယူဆမိပါတယ်။

ဒါကြောင့် အမှား သည်းခံပါလို့ တိုက်တွန်းပေးကြပါဗျာ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..