နဲနဲလေးတော့လွဲနေတယ်…လွဲလွဲလေးတော့မကောင်းပါ

nicolus agralJuly 3, 20121min20915

ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျမယ်

မနေ ့က ဆရာဝန်တွေ အလုပ်ခေါ်တာ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်ဗျာ

အဲဒီမှာစတွေ ့တာပဲ  နဲနဲလေးတော့လွဲနေတာ

၁။ပြည်ထောင်စုရာထူးဝန်အဖွဲ ့ကခေါ်တာပါ

ကျွန်တော့အမြင်ကတော့ ဆရာဝန်တွေခေါ်တာ ခန် ့တာ ကျန်းမာရေးဝန်ကြီးဌာနကပဲလုပ်သင့်တယ်

ကျောင်းဆရာ/ကျူတာခေါ်တာ ပညာရေးဝန်ကြီးဌာနကပဲလုပ်သင့်တယ်

၂။စာမေးပွဲရေးဖြေ

မေးမှာက မြန်မာစာ/English/အထွေထွေဗဟုသုတ

မြန်မာစာ – စာစီစာကုံး၊ဘာသာပြန်၊အဓိပ်ပါယ်ဖွင့်၊သံခိပ် English လဲဒီလိုပဲ

အထွေထွေဗဟုသုတ – ပြည်တွင်းဗဟုသုတ(ဘယ်တံတား၊ဘယ်လမ်းကဖြင့် ဘယ်လောက်ရှည်၊ဘယ်တုန်းကဖွင့်၊ဘယ်သူကကဖွင့်…….။ ဘယ်ဝန်ကြီးက ဘာလုပ်)

ပြည်ပဗဟုသုတ၊ဘာသာရေး

အဲဒါတွေက ဆရာဝန်တွေနဲ ့ဘာဆိုင်လို ့တုံး

အံမယ်အံမယ် ရေးဖြေမှာ လိုအပ်တဲ့အရည်အချင်းပြည့်စုံမှ နှုတ်ဖြေထပ်ဖြေရမည်ဆိုပဲ

ဆရာဝန်ဖြစ်ဖို ့အရည်အချင်းတွေကအဲဒါတွေတဲ့လား အံရောအံရော

 

 

ဆေးကျောင်းခေါ်တုံးက ဆယ်တန်းအမှတ်အများဆုံးလူတွေကိုခေါ်တယ်ဗျာ

တကယ်ဆရာဝန်လုပ်ချင်သူတွေ၊ဝါသနာပါသူတွေ၊လူနာတွေအပေါ်တကယ့်စေတနာနဲ ့ကုပေးမဲ့သူတွေ အမှတ်မမှီလို ့ကတော့ဂျောင်းပဲ

တက်တဲ့လူတွေက ဆရာဝန်မလုပ်မဲ့သူနဲ ့၊နိုင်ငံခြားထွက်မဲ့သူနဲ ့၊ဆရာဝန်အလုပ်ကို တကဲ့စီးပွားရေးလုပ်ငန်းကြီးလို အားရပါးရငွေရှာမယ့်သူနဲ့

ကျွန်တော်သိတဲ့ဆရာဝန်ကြီးတယောက်ကပြောဖူးတယ်

မတတ်တာကသင်ပေးလို ့ရတယ်၊ Attitude ကပြင်ဖို ့ခက်တယ်တဲ့ဗျ

ဆေးကျောင်းခေါ်တဲ့စနစ်မှာတင် တကယ့်ဆရာဝန်လောင်းတွေတခါဆုံးရှံးရပြီ

 

 

ကဲအလုပ်ခေါ်တော့ရောဗျာ

၂၀၁၁ဘွဲ ့ရထိ ၁၅၀ဝတဲ့

၂၀၀၉ဘွဲ ့ရ လက်ကျန်က ၁၅၀ဝလောက်၊၂၀၁ဝက ၂၀၀ဝလောက်၊ ၂၀၁၁က ၂၀၀ဝလောက်၊ပေါင်း၅၅၀၀

ခေါ်မှာက ၁၅၀၀

ကျန်တဲ့၄၀၀ဝကဘာလုပ်ရမှာတုံး

နိုင်ငံခြားထွက်မယ် ၊ အခြားစီးပွားရေးလုပ်မယ် ၊GP ဖွင့်တော့ရော မြိ ု ့ကြိးတွေနဲ ့အနီးအနားတဝိုက်ပဲ

တကယ်လိုအပ်တဲ့ ကျေးလက်အစွန်အဖြားထိသွားမယ့်သူ ကျန်၄၀၀ဝမှာဘယ်လောက်ရှိမှာတုံး

ဒီမှာတခါ ဆရာဝန်ဖြစ်ပြီးသားတွေထပ်ဆုံးရှံးရပြီ

ကျေးလက်နေပြည်သူတွေတော့ အဟေးဟေး…. ဟေး……..

လွဲတော့လွဲနေတယ်  စနစ်လား ….လူလား

(ဒါနဲ ့စကားမစပ်ကျွန်တော့အဖေကပြောတယ် မင်းဆရာဝန်မဟုတ်ဘူး  MBBS ဘွဲ ့ရတဲ့

ဒီနှစ်သကြန်ပြီးကတဲက ဆရာဝန်အလုပ်မလုပ်တော့ပဲ အိမ်အလုပ်ဝင်လုပ်နေလို ့ ဘိုးတော်ခီးနေတာ

ဆရာဝန်အလုပ်ဆိုတာ အကျိုးအမြတ် အဓိကမထားရဘူးတဲ့လေ င်ငွေနည်းပေမဲ့သူကဇွတ်ကိုလုပ်ခိုင်းနေတယ်ဗျ)

 

(ကျွန်တော့ဖြ ုတ်ဦးနှောက် အမြင်သာဖြစ်ပါသည်။ညဏ်ကြီးရှင်များကတော့ ဘယ်လိုတွေးပြီးလုပ်သည်မသိ)

 

 

 

15 comments

  • ster

    July 3, 2012 at 9:07 pm

    အလုပ်ခေါ်တဲ. interview တွေ၊ ရေးဖြေ စာမေးပွဲတွေမှာ အလုပ်နဲ.သက်ဆိုင်တဲ.သူတွေက အလုပ်နဲ.ပတ်သက်တဲ. မေးခွန်းမျိုးတွေ အဓိက ထားမေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ ခေါ်ရမယ်.၊ ခေါ်သင်.တဲ.အရေအတွက်ကတော. အလုပ်ခေါ်တဲ.သူတွေ ပိုပြီး သိမှာပါ။

  • မောင်ပေ

    July 3, 2012 at 10:12 pm

    မြို ့ကြီးတွေမှာ ဆေးခန်းဖွင့်မယ်ဆိုရင်လဲ ၊ ဝင်ငွေကောင်းမယ်လို ့လုံးဝမသေချာပါဘူး ။ အခုဆိုရင် ဆေးခန်းတွေက မှိုလိုပေါနေတဲ့ဟာဘဲ ။ ဆရာဝန် ဆေးပေးခန်း သိပ်မရှိသေးတဲ့ ကျေးလက်မျိုးမှာဆိုရင်တော့ ၊ စေတနာလဲထား အာလကေလဲယူ မျိုး လုပ်သင့်တယ်လို ့မြင်မိပါတယ် ။

  • အရီးခင်လတ်

    July 4, 2012 at 4:45 am

    အမှန် တော့ နဲနဲ လေးလွဲ နေတာ မဟုတ်ပါ သားရေ။
    အများကြီး ကို အရာရာ မှာ လွဲ နေတာပါ။
    အချိန်ရ ရင် ဝင်ပြီး ထပ်ဆွေးနွေး ချင်ပါတယ်။

  • kai

    July 4, 2012 at 4:58 am

    ဒီလမန္တလေးဂေဇက်သတင်းစာထဲ..မြန်မာကျန်းမာရေးပြည်ထောင်စုဝန်ကြီးနဲ့.. အယ်လ်အေမြို့ခံမြန်မာဆရာဝန်တွေတွေ့ခဲ့ပြောခဲ့ကြတဲ့.. သတင်းပါတယ်.
    ပြန်တင်ပေးမယ်..
    သူတို့..
    .. တော်တော်လေးလုပ်နေကြပုံရပါတယ်..။

  • TNA

    July 4, 2012 at 9:02 am

    လွဲတာမှ မြန်မာပြည်ပညာရေးကြီးတခုလုံးလွဲနေတာ ဆယ်စုနှစ် နှစ်ခုတောင်ကျော်ခဲ့ပြီပေါ့။

  • awra-cho

    July 4, 2012 at 9:42 am

    ဝန်ကြီးတွေက လုပ်နေပြီလို့ ယူဆရပြီ။ ခက်တာက အောက်ခြေ နဲ့ မဆက်စပ်မိဘုူးဖြစ်နေတာပဲ။ ညွှန်ချုပ်တွေက အရင်လိုပဲ ဘာမှမလုပ်ရဲ မကိုင်ရဲ (မလုပ်တတ်တာလဲဖြစ်မှာ) ကြောက်နေတုံးပဲ။ ဝန်ကြီးမပြောရင် ဘာမှမလုပ်။ ဆေ့ဖ်ဆိုဒ် တွေယူ။ ဘာမှန်းကိုမသိ တော့ပါဘူး။ ဘာတွေကို ဘယ်လိုလုပ်နေလဲ မသိ။ အကုန် လဲပြစ် မှ ကောင်းမှာလားလဲ မသိ။ တေတာပဲ ကောင်းပါတယ်အေ။

  • mamanoyar

    July 4, 2012 at 10:07 am

    မှန်ပါတယ် ဆရာဝန်အလုပ်ခေါ်တာ
    ကျန်းမာရေးဝန်ကြီးဌာနကပဲ လုပ်သင့်ပါတယ်။

  • မမ အညာသူ

    July 4, 2012 at 10:08 am

    တို့မြန်မာနိုင်ငံမှာနှလုံးလှဆရာဝန်တွေအများကြီးလိုအပ်ပါတယ်
    တကယ်ကိုမဖွံ့ဖြိုးတဲ့ဒေသတွေမှာဆရာဝန်တွေအလွန်ပဲရှားပါလွန်းလှပါတယ်
    ငွေကျေးကိုအဓိကမထားပဲ လူနာတွေအပေါ်စေသနာထားပြီကုသနိုင်ကျပါစေ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 10:54 am

    နည်းနည်းလေးလွဲတာမှ မဟုတ်တာ…
    အများကြီးကို လွဲနေတာလေ…
    မြို့ကြီး ပြကြီးတွေမှာ…..
    ဆေးပေးဆေးခန်းတွေ သိပ်များနေပေမယ့်….
    ကျေးလက်ဒေသ ရွာတွေမှာ…..
    ပေါပေါများများ မရှိတာသေချာပါတယ်…
    ညာ ..ပြောသလိုပေါ့နော်….
    ငွေကြေးကို မဓိကမထား….
    စေတနာ မေတ္တာတွေသာ အလေးထားမယ်ဆိုရင်….
    တူညီတဲ့တုန့်ပြန်မှုတွေ ရလာမှာအမှန်ဖြစ်သလို…
    ကုသိုလ်လည်းရပါတယ်ဗျာ….
    ဆရာဝန်တွေ ဘယ်လောက်ပေါပေါ….
    လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိနေပါတယ်လို့…
    ပြောချင်ပါတယ်ရှင်….။။။။။။။

    • Foreign Resident

      July 4, 2012 at 12:18 pm

      ” ငွေကြေးကို အဓိကမထား….
      စေတနာ မေတ္တာတွေသာ အလေးထားမယ်ဆိုရင်….
      တူညီတဲ့တုန့်ပြန်မှုတွေ ရလာမှာအမှန်ဖြစ်သလို…
      ကုသိုလ်လည်းရပါတယ်ဗျာ ”

      တူညီတဲ့တုန့်ပြန်မှု ???
      ကုသိုလ် လည်းရ ???
      တူညီတဲ့တုန့်ပြန်မှု နှင့် ကုသိုလ် ကိုသိပ်မရှင်းလို့ပါ ။
      အဲဒါတွေ နှင့် ထမင်း ဝယ်စားလို့ ရလားဟင် ။

      အမှန်တော့ ဆရာဝန် ဖြစ်မှ ပြည်သူကို အကျိုးပြုနိုင်တာ မဟုတ်ပါ ။
      တောသူတောင်သား ပြည်သူတွေကို တကယ်အကျိုးပြုချင်ရင် ၊
      ကျောင်း ဆရာမ သွားလုပ်လဲ ရတာပါပဲ ။

      သွားကြမှာလားဟင် ။ သာဓု ခေါ်ချင်လို့ပါ ။

  • nicolus agral

    July 4, 2012 at 11:03 am

    sterရေ
    အလုပ်ခေါ်တာကို ကိုယ့်ဝန်ကြီးဌာနကပဲခေါ်တာမျိုးဖြစ်စေချင်တယ်
    စာမေးပွဲကို ဆိုင်ရာဘာသာရပ်ပဲမေးစေချင်တယ်
    မဆလတုံးကလား နဝတတုံးကလား မသိတဲ့ ဒီစနစ်ကြီးကိုပြင်စေချင်တယ်

    ကိုပေရေ
    ဆေးကျောင်းသား၅၀%အထက်က ငွေတတ်နိုင်သူတွေများတယ်ဗျ
    ငွေတတ်နိုင်သူတွေပဲ ကျူရှင်ကောင်းတွေတက် အမှက်ကောင်းရ ဆေးကျောင်းတက်
    အဲတော့ အများစုကနယ်မသွားချင်ဘူး
    မြိ ု ့ပေါ်မှာပဲ အခြားဝင်ငွေကောင်းတယ့်အလုပ်တွေလုပ်
    human resource တွေ internal drainage နဲ ့ဆုံးရှံးရော
    အခု ချင်းပြည်နယ်က ဆေးကျောင်းသားတွေခေါ်တဲ့စနစ်ကို ကြိ ုဆိုပါတယ်

    အရီးခင်လတ်ရေ
    ဝင်ဆွေးနွေးပါဦး
    ကျွန်တော်က လူငယ်ဆိုတော့ အတွေးအခေါ်က နုတယ်
    လူကြီးသူမတွေကတော့ လူ ့လောကအတွေ ့အကြံ ုများတော့ ပိုပြီးမှန်မှန်ကန်ကန်တွေးနိုင်တယ်လေ

    သူကြီးရေ
    သိတာလေးတွေဝေမျှပေးပါဦးခင်ဗျ
    ဒီမှာက သတင်းအမှောင်ချတာ ထုံးစံတခုလိုပဲ
    အခုမ တော်သေးတယ် media တွေတိုးတက်လာလို ့
    အရင်ကဆို မျက်စိရှိပေမဲ့ မမြင်ရ နားရှိပေမဲ့ မကြားရ လူဖြစ်ကိုရှုံးရော

    TNAရေ
    လွဲတာမှ အလွဲကြီးကိုလွဲတာ
    system failure ကိုဖြစ်ရောပဲ

    awra-choရေ
    ထောက်ခံပါတယ်
    ဝန်ကြီးနှင့်အထက်မှာ အပြောင်းအလဲတွေမြင်ရပေမဲ့
    ကျန်တဲ့အောက်ခြေမှာ မပြောင်းလဲသေးပါ(လင်းလင်းသီချင်းလိုပဲ အရင်အတိုင်းပဲ)
    ရူပဗေဒသဘောတရားအရတော့ အားစိုက်မှုရှိပေမဲ့ အရွေ ့မရှိရင် အလုပ်လို ့မခေါ်ပါဘူး
    work is done ပါ

    mamanoyarရေ
    you ပြောသလိုဖြစ်လိုက်ချင်စမ်းပါဘိ

    ((မမ အညာသူ says:

    တို့မြန်မာနိုင်ငံမှာနှလုံးလှဆရာဝန်တွေအများကြီးလိုအပ်ပါတယ်
    တကယ်ကိုမဖွံ့ဖြိုးတဲ့ဒေသတွေမှာဆရာဝန်တွေအလွန်ပဲရှားပါလွန်းလှပါတယ်
    ငွေကျေးကိုအဓိကမထားပဲ လူနာတွေအပေါ်စေသနာထားပြီကုသနိုင်ကျပါစေ))
    ဆေးကျောင်းခေါ်ကတဲက တကယ်ဆေးကုမယ့် စေတနာဆရာဝန်လောင်းတွေပဲခေါ်သင့်ပါတယ်
    အမှတ်နဲ ့မရွေးသင့်ဘူး

    ( ကိုသစ်မင်း style ကိုကြိ ုက်လို ့ ၊ကိုသစ်မင်းကို လွမ်းတယ်ဗျာ ၊စာအရေးအသား၊အတွေးအခေါ်good တယ်ဗျာ)

  • Foreign Resident

    July 4, 2012 at 12:37 pm

    Comment တွေကို ဖတ်ကြည့်တာ ၊
    နဲနဲလေးတော့လွဲနေတယ် မဟုတ်ပါ ။
    အများကြီး ကို လွဲ နေတာပါ ။

    ” ငွေကြေးကို အဓိကမထား….
    စေတနာ မေတ္တာတွေသာ အလေးထားမယ်ဆိုရင် ”

    ငွေကြေးကို အဓိကမထား ဘဲ ၊
    ဘယ် policy မှ ရေရှည် မ အောင်မြင်နိုင်ပါ ။

    ဒီ ကျန်းမာရေး ကိစ္စ ကိုယ်နှိုက်က ငွေ မရှိလို့ ၊
    တိုင်းပြည်မွဲလို့ ပေါ်လာတာပါ ။

    တိုင်းပြည် ချမ်းသာလိုု့ကတော့ ၊
    အင်္ဂလန်က တော်ဝင်ဘွဲ့ရ ( Fellowship ) ၊
    သမားတော် အဖြူ ( ဘို ) တွေကို တောင် ၊
    မြန်မာစကား တတ်ကျွမ်းမှု ( IELTS Individual 7 ရမှ လိုပဲ ) စစ်ပြီး ၊
    ဆိပ်ကြီး ခနောင်တို မှာ ဆေးလာကုခိုင်းလို့ ရတယ် ။

    အဲဒီတော့ ငွေကြေးကို အဓိကမထားပဲ ဆိုတဲ့ အတွေးအခေါ် အစား ၊
    ငွေကြေးကို အဓိကထားပြီး ၊ တိုင်ပြည် ချမ်းသာအောင် အရင်လုပ်ကြပါအုန်းကွယ် ။

  • MaMa

    July 4, 2012 at 3:31 pm

    (မတတ်တာကသင်ပေးလို ့ရတယ်၊ Attitude ကပြင်ဖို ့ခက်တယ်တဲ့ဗျ)
    ပညာရှိစကား မှတ်သားလောက်ပါပေတယ်။
    တခါက ဆေးကျောင်းတက်နေတဲ့ ကလေးတစ်ယောက်နဲ့ စကားပြောဖူးတယ်။
    အဲဒီကလေးက ဆေးကျောင်းမှာတောင် စာတော်တဲ့အထဲပါတယ်လို့ သူ့မိဘအသိုင်းအဝိုင်းက ပြောသံကြားဖူးတယ်။
    စကားပြောကြည့်တဲ့အခါကျတော့ သူ့ရည်မှန်းချက်က MBBS နဲ့တင် မရပ်ပဲ အထူးကု ဖြစ်ချင်တာဆိုပဲ။
    ရည်ရွယ်ချက်ကြီးမားပါပေတယ်လု့ိ ချီးကျူးမိတော့မလို့
    အထူးကု ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ကြီးမားပါပေတယ်။
    အထူးကု ဆေးခန်းကြီးတွေမှာ ထိုင်လို့ကတော့ ငွေကို သဲ့ယူသလို ရလို့ ဆိုပဲ။ 🙁

  • nicolus agral

    July 4, 2012 at 7:22 pm

    ” ငွေကြေးကို အဓိကမထား….
    စေတနာ မေတ္တာတွေသာ အလေးထားမယ်ဆိုရင် ”

    ရုပ်ပိုင်းဆိုင်ရာဦးစားပေး
    ဈေးကွက်စီးပွားရေးခေတ်မှာတော့မလွယ်ပါဘူးဗျာ
    စေတနာဆရာဝန်ကနဲနဲပဲရှိနိုင်ပါမယ်
    မရှိတာတော့မဟုတ်ဘူး
    ကိုယ့်ကျိုး လူနာအကျိုး ၅၀-၅ဝ စဉ်းစားပေးမဲ့သူများလာရင်ကိုမဆိုးပါဘူး

    အစိုးရရဲ ့ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုကတော့
    WHO အဆင့်နောက်ဆုံးကရေရင်ဒုတိယ
    our civilian pay 100% for health care

  • ဝမ်းတွင်းရူး

    July 4, 2012 at 7:30 pm

    ကိုယ့် ကျောင်း အကြောင်းကိုယ်တိုင်ပိုသိပါတယ်။
    မကွေးဆေးတက္ကသိုလ်ကို ၂၀၀-၀၁မှာ စတင်ဖွင့်
    လှစ်ခဲ့ပါတယ်။တနှစ်ကို ပျမ်းမျှ (၅၀၀)နှုန်းကျောင်းသား
    ခေါ်ယူထားတာမှာ ကျောင်းဆင်း၊ဘွဲ ့ရတွေထဲမှာ
    တကယ်ကို အပတ်တကုတ်သင်ကြားခဲ့ပြီး တတ်ကျွမ်းသူ
    တစ်နှစ်ဆင်းတိုင်း(၅၀)ဦးထက်မပိုပါ။ကျန်တာ ဖွဲ၊ဇကွဲ
    ပါဘဲ။

Leave a Reply