စဉ်စား စရာလေးများ(၇)…

Ko out of...July 3, 20121min672

(၁) လူသည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော သတ္တဝါဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ဖို့အတွက် လှုပ်ရှားရန်မှာ လူ့တာဝန်ဖြစ်သည်။ (ယန်းပေါဆက်)

(၂) အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကာလမျိုးမှာ လေ့လာဆည်းပူးနေသူတွေသာ အနာဂတ်ကို အမွေဆက်ခံ နိုင်လိမ့်မယ်။ (ဟားရစ် ဟောဖာ)

(၃) တချို့စာအုပ်တွေဟာ မြည်းကြည့်ဖို့ဘဲ လိုပါတယ်။ တချို့ကတော့ မျိုချရတယ်။
ကျေညက်အောင် ဝါးဖို့က နည်းနည်း ဘဲရှိပါတယ်။ ( ဘေကွန်)

(၄) ခင်ဗျား အနေနဲ့ အတိတ်ကို ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ ဒါပေမဲ့ အနာဂတ်ကို ပုံဖေါ်
ကြည့်ဖို့တော့ လိုလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် အနာဂတ်ဟာ အတိတ်ထက် ပိုကောင်းချင်မှ
ကောင်းပါ လိမ့်မယ်။ ( အက်ဒီဝပ်ဒီဘိုးနိုး)

(၅) ကူးပြောင်းရေး အဆင့်မှာ လူနာဟာကုထုံး နှစ်ခုလုံးကို ရနေတာမို့ ဆေးနှစ်မျိုးကြား
ဖြစ်လာနိုင်တဲ့ ဓါတ်ပြုမှုတွေကို အလေးအနက် ဆင်ခြင်ရပါမယ်။ ဒီအပိုင်းမှာ အားနည်းရင်
လူနာတွေ ဒုက္ခရောက်သွား နိုင်တယ်။

(၆) အချက် အလက်တွေ အထောက်အထားတွေ မရှင်းလင်း သေးတဲ့ အချိန်မှာ ကျွန်တော့်
စိတ်ကို ဖွင့်ထားပါတယ်။ (ဂျွန်မေးနတ်ကိန်း)

(၇) အရာရာကို သတ်မှတ်ပြဋ္ဌာန်းပြီးပြီ ဆိုတော့ လွတ်လပ်တဲ့ ဆန္ဒ (free will)
အတွက်နေရာ မရှိတော့ဘူး။ အသစ်တီထွင်မှု (Innovation)တို့၊ ဖန်တီးကြံဆမှု (creati
vity) တို့အတွက်လဲ တံခါးပိတ်ပြီပေါ့။ သတ်မှတ်ပြဋ္ဌာန်း ပြီးဝါဒ (determinism) ဟာ
ရှေးဟောင်းအယူအဆ တခုဖြစ်ပါတယ်။ ဖန်ဆင်းရှင် နတ်ဘုရားဝါဒတွေနဲ့ အပြိုင်လို့ဆိုနိုင်
ပါလိမ့်မယ်။ ဖန်ဆင်းရှင် တစ်ဦးဦးက အရာအားလုံးကို ဖန်ဆင်းခဲ့တာမို့ အားလုံးဟာ သတ်မှတ်ပြဋ္ဌာန်း ပြီးဖြစ်နေပြီ ..ဖန်ဆင်းရှင်ရဲ့ အလိုကျသာ ဖြစ်ရမှာမို့ လူသားရဲ့ လှုပ်ရှား
အားထုတ်နိုင်တဲ့ ခွင်ဟာ ဘာမှမရှိ နိုင်တော့ဘူးဆိုတဲ့ သဘောရောက်နေပါတယ်..

ထို့ အတူဘဲ….
မမြင်ရသော အတိတ်ဘဝကံက ပြစ်ချလိုက်လို့ ဒီဘဝမှာ လူတွေ သတ္တဝါ အမျိုးမျိုးတွေ
ဖြစ်လာရတယ် ဆိုတဲ့ သဘောတရားဟာလည်း သတ်မှတ်ပြဋ္ဌာန်းပြီး ဝါဒဖြစ်နေတဲ့ အတွက်
လူတွေရဲ့ လှုပ်ဆောင်ချက် အခန်းကဏ္ဍပျောက်နေတာ တွေ့ရပါတယ်….သူကလည်း အရာရာ ကို အတိတ်ဘဝက ကိုလုပ်တဲ့ ကံအတိုင်း ဒီဘဝမှာ ပြန်ခံရတယ် ဆိုတော့..
ဘာမှလုပ်လို့မရတဲ့ သဘော တက်ရောက်နေပါတယ်..

Buddha ဘုရားကတော့ အဲဒီ အမြင်နှစ်ခုနဲ့ မတူတဲ့ သဘောတရားကနေ ဖေါက်ထွက်ပြီး
အလယ်လမ်း ကိုပြသွားတယ်၊ မိမိကိုယ်တိုင်မြင်နိုင်တဲ့ ဒိဋ္ဌဓမ္မတရား ၊ မိမိကိုယ်မိမိ အာကိုးတဲ့ ” အတ္တဟိ အတ္တနော နာထော”ဆိုတဲ့ သဘောတရားကို လမ်းညွှန်သွားတာ တွေ့ရတယ်…

(၈) စာအုပ်အားလုံးကို အမျိုးအစားခွဲ လိုက်ရင် နှစ်မျိုးဘဲရှိတယ်။ တစ်မျိုးက အခုလောလောဆယ် ဖတ်ရမည့် စာအုပ်။ နောက်တစ်မျိုးက ရေရှည် ဖတ်ရမည့် စာအုပ်
ခေတ် တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။(ရပ်စကင်- အင်္ဂလိပ် စာပေအနုပညာ ဝေဖန်ရေး ဆရာ)

(၉) ကတ်သလစ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံအတော်များများက အမျိုးသမီးတွေဟာလည်း
ပဋိသနတားဆေးတွေ သုံးနေကြတာဘဲ။ ဒါဟာ ကက်သလစ်ဘာသာနဲ့တော့ ဘယ်ညီမလဲ?
ဒါပေမဲ့ ဘာတတ်နိုင်မလဲ မိဘဆိုတာ မွေးလာတဲ့ သားသမီးတွေရဲ့ စားဝတ်နေရေးသာမက
ပညာရေးကိုပါ တာဝန်ယူကြရမှာကိုး။ကတ်သလစ်မှ မဟုတ်ပါဘူး…

– လူ့အဖြစ်ရခဲတယ် “မနုသဿဘာဝေါ ဒုလ္လဘော ” ဆိုပြီး လက်ခံ ထားတဲ့ အယူအဆဟာလည်း ကနေ့ လူတွေ ကမ္ဘာမှာ လူဦးရေတိုးပွါးနှုန်းကို ကြည့်ပြီး ရခဲတယ်ဆိုတာ ဘာကိုရခဲတယ်လို့ပြောတာလဲ?..ဆိုတဲ့ မေးခွန်းကို လူတွေ အတော်များများ
မေးနေကြပြီ?..ဘုရားဟောတဲ့ လူ့အဖြစ်ရခဲတယ်ဆိုတာ လူဦးရေ အရေအတွက် မဟုတ်
ဘဲ.. လူတွေများပြီး လူ့စိတ်မရှိတော့တဲ့ အဖြစ်ကို လူအဖြစ်ရခဲတယ် လို့ပြောတာလား?..
ဆိုတာ ဆန်းစစ်ဖို့ လိုနေပြီ?….

2 comments

  • ကိုငြိမ်းအေး

    July 3, 2012 at 10:51 pm

    “မနုသဿဘာဝေါ ဒုလ္လဘော ” ဆိုတဲ့ ဗုဒ္ဓဟောကြားချက်ကို ပညာရှင်အသီးသီးက ကိုယ့်အမြင် ဒဿနအလိုက် ရှုထောင့်အမျိုးမျိုးနဲ့ ဖွင့်ဆိုနားလည်ပေးထားကြပါတယ်။

    သတ္တလောကမှာ လူတစ်ယောက်ဖြစ်ဖို့ဆိုတာ အမိဝမ်းခေါင်းထဲကနေပြီး လူကြီးဖြစ်လို့ သေဆုံးသွားတဲ့အထိ ရှင်သန်ရတဲ့ဖြစ်စဉ်ဟာ အလွန်ကို ခဲခဲရင်းရင်း ရှင်သန်ခဲ့ရခြင်း ဖြစ်ပါတယ်။
    လူတစ်ယောက် ရှင်သန်နေရတာဟာ တကယ်တွေးကြည့်ရင် မတော်တဆရှင် ရှင်သန်နေရတယ်လို့ ဆိုရမလိုတောင် ပြောလို့ရပါတယ်။

    ဒီမတော်တဆ ရှင်သန်ခွင့်ရနေတဲ့ ” ဒုလ္လဘ” အချိန်ကာလမှာ လူဟာ ငြိမ်းချမ်းအေးဆေးစွာနေခွင့် ရဖို့ကတော့ “အတိဒုလ္လဘံ” ဆိုတဲ့ အလွန်ရခဲ့တဲ့ အခွင့်အရေးတစ်ခုပါပဲ။

  • ဝမ်းတွင်းရူး

    July 4, 2012 at 6:46 pm

    Buddha ဘုရားကတော့ အဲဒီ အမြင်နှစ်ခုနဲ့ မတူတဲ့ သဘောတရားကနေ ဖေါက်ထွက်ပြီး
    အလယ်လမ်း ကိုပြသွားတယ်၊ မိမိကိုယ်တိုင်မြင်နိုင်တဲ့ ဒိဋ္ဌဓမ္မတရား ၊ မိမိကိုယ်မိမိ အာကိုးတဲ့
    ” အတ္တဟိ အတ္တနော နာထော”ဆိုတဲ့ သဘောတရားကို လမ်းညွှန်သွားတာ တွေ့ရတယ်…

Leave a Reply