အိပ် မက် များ အ ကြောင်း … (၂)

aye.kkJuly 3, 20121min904

စိတ် ဝင် စား ဘွယ် ရာ ကောင်း သော ၊ အိပ် မက် များ အား….
ကျွန် မ မှ ဂေ ဇက် ရွာ မိတ် ဆွေ များ အား ၊ စေ တ နာ ထား ခါ ၊ ရေး သား ဖော် ပြ လိုက် ခြင်း သာ လျှင် ဖြစ် ပါ သည်။

“တ စီး ရှင် သီ ဟ သူ မင်း ကြီး အိပ် မက် အ ကြောင်း”

ပုပ္ပါးစောရဟန်းဖြိုကြွင်း၊သက္ကရာဇ်(၆၇၄)ခြောက်ရာခုနှစ်ဆယ့်လေးခု-တပေါင်းလဆန်း ၁၅

ရက်ဗုဒ္ဓဟူးနေ့တွင်။

နန်းမြို့ကျူံး။ရွှေဂူဘုရားအတွင်း၊ရွှေကျောင်း။ထောက်ရှည်ကန်။ကန်လှသည် ခုနှစ်ဌာနတို့ကို

တပြိုင်နက်ထည်း ၊ တည်တော်မူသောဝိဇယပူရပင်းယပဋ္ဌမမြို့တည်။ နန်းတည်-

သီဟသူမင်းကြီးသည်။ တရံရောအခါ။

အိပ်မက်မြင်မက်တော်မူသည်ကား။လက်ညိုးတော်ကို-မသန့်စင်ထိမြင်မက်တော်မူသည်။

ဥဗျိုင်းတစ်ကောင်ကိုစွန်ချီ၍၊ရင်ခွင်တော်တွင်ချလာသည် မက်တော်မူသည်။

ပင်းယမြို့ကိုတည်၍နှစ်နှစ်ရှိသောအခါ။

စမုံမြစ်ဝယ်ဆင်ဖြူမတစ်စီးမျှောလာသည်ကိုမြင်ကြောင်းနှင့်။

မင်းချင်းတယောက်လျှောက်လာ၏။

သီဟသူလည်းမျှောလာသောဆင်ဖြူကောင်ကို။ငမွဲဥယျာဉ်နှိုက်ဆယ်၍ထားစေပြီးသော်။

ပညာရှိတို့ကိုတိုင်ပင်တော်မူ၏။

ပညာရှိတို့လည်း။သည်ဆင်ဖြူမကိုညှပ်လုပ်၍စက်ဖြင့်ထူပြီးသော်။ ရတနာကတင်၍

စီးတော်မူသင့်သည် ဟူ၍လျှောက်ကြ၏။ သီဟသူမင်းကြီးလည်း။ ငါအိပ်မက်

မြင်မက်တော်မူသည် ကား။ ဤအကြောင်းပင် ဖြစ်တော့သည် ဟူ၍။ဆင်ဖြူမကောင်ကို

စက်ဖြင့်ထူပြီးသော်။ ရတနာက-တင်၍စီးတော်မူ၏။ ယင်းတွင်မှ-

တစီးရှင်သီဟသူမင်းကြီးဟုတွင်၏။

မဟာသုပိနဒီပနီကျမ်း၊အိပ်မက်အကျယ်တွင်ပါရှိသော မူရင်းကျမ်း၊စာမျက်နှာ(၁၅၅-၁၅၆)

မှကူးယူဖော်ပြပါသည်။။

4 comments

  • မောင်ပေ

    July 4, 2012 at 9:57 am

    စိတ်ဝင်စားစရာ အကြောင်းတွေကို ပြန်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ

  • မဂွတ် ထော်

    July 4, 2012 at 10:24 am

    ဖတ်သွားတယ်နော် ကျေးဇူးတင်ပါတယ် မသိတာကိုသိရလို့

  • etone

    July 4, 2012 at 10:59 am

    အရင်ခေတ်က အိပ်မက်တွေက … မက်တဲ့ လူ အကုန်မှတ်မိနေပြီး ၊ တချို့ဟာတွေက ရှေ့ပြေးနိမိတ်တွေလို ယူဆလို့ ရပုံပါပဲ ။ ဒီခေတ်မှာတော့ သီလမြဲတဲ့ လူနည်းသွားလို့လား မသိဘူး …အိပ်မက်တွေလည်း ဗြောက်သောက်မက်တတ်ကြတယ် ။

Leave a Reply