စဉ်းစားပေးကြပါ။ စည်းလုံးကြပါ။

မြသဲ ( 17082011 )July 4, 20121min19131

အခုတလောတိုင်းပြည်ရေးနဲ့ပါတ်သက်ပြီး စိတ်မအေးစရာတွေတခုပြီးတခုပေါ်နေတာ စိတ်မသက်မသာခံစားနေ ရလို့ဒီပိုစ့်ကိုရေးလိုက်တာပါ။ အဓိက ကတော့ ရခိုင်လူမျိုးတွေကိုအဓိကထားပြီးပြောချင်တာပါ။ အသုံးချခံဖြစ်နေတယ်လို့ယူဆမိလို့ပါ။ ကျွန်မပါတ်ဝန်းကျင်မှာရခိုင်များပါတယ်။ များတာမှတော်တော်များပါတယ်။ ရိုဟင်ဂျာအ ရေးဆူပွက်နေစဉ်ကတဲက ရခိုင်တွေဆီကနေဒီစကားကိုကြားခဲ့ရတာပါ။ ပထမတော့ကျွန်မက ဒီစကားအပေါ် မှာသိပ်စိတ်မပူခဲ့ဘူး။ သွေးဆူတုန်း ခဏပေါ့လို့ထင်ခဲ့မိတာပါ။ ဒါပေမဲ့ အခုတလောမှာ ဒီစကားက ရခိုင်လူမျိုး တွေကြားထဲတော်တော်လေးကျယ်ပြန့်လာပြီး အမေစုကိုတောင်ရန်ရှာတော့ မယ့်အခြေ အနေဖြစ်လာလို့ ဒီပိုစ့် ကိုတင်လိုက်တာပါ။

“ ကျွန်မဒီစကားပြောလို့ ရခိုင်တွေကြိုက်ချင်မှကြိုက်မယ်။ တကယ်တော့ လူနဲစုကို လူများစုကအနိုင်ကျင့်နေ တယ် ”

လို့အမေစုကပြောတယ်ဆိုတဲ့စကားသံအပေါ်မှာ ရခိုင်လူမျိုးတွေတအားစိတ်ဆိုးနေတယ်ဆိုတဲ့စကား ကျွန်မကြားနေတာ တော်တော်ကြာပါပြီ။ မကြာခင် ဒီစကား ကပျောက်သွားမှာပဲလို့ထင်ခဲ့ပေမဲ့ အခုအဲဒီစကား ဟာ အမေစုနဲ့ ရခိုင်လူမျိုး၊ ရခိုင်လူမျိုးနဲ့ မြန်မာလူမျိုးကြား မီးပွားအကြီးကြီးဖြစ်လာပါပြီ။ အဲဒီတော့ ကျွန်မ တောင်းပန် ချင်တာက ဒီစကားကို အမေစုတကယ်ပြောခဲ့ပါသလား။ ဘယ်မှာရေးထားပါသလဲ။ ကျွန်မ အဲဒီ စကားကိုယနေ့ထိဘယ်နေရာမှာမှ မဖတ်ဖူးပါဘူး။ အမေစုကို မော်လဝီတွေ သွားတွေ့တုန်းကပြောတယ်လို့ သူတို့ကပြောပါတယ်။ အဲဒီပိုစ့်ကျွန်မလဲ မန်းဂေဇက်မှာတင်ဖူးပါတယ်။ အဲဒီစကားပါတာမတွေ့ပါဘူး။ တကယ် လို့အဲဒီအချိန်ကပြောခဲ့မယ်ဆိုရင်တောင် အမေစုဥရောပခရီးမှာ ပြောခဲ့တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်း သားမဟုတ်ပါဘူး ဆိုတဲ့စကားကိုကျတော့ရော ဘာလို့ထည့်မစဉ်းစားကြတာလဲ။ အဲဒီနိုင်ငံတကာမှာ တရားဝင် ပြောခဲ့တဲ့စကားကိုအသိအမှတ်မပြုပဲ လူတစုကိုပဲပြောခဲ့တဲ့ ပြောတာလဲဟုတ်ချင်မှဟုတ်မဲ့ စကားကိုကျတော့ အတည်ယူပြီး ဘာလို့ ဒေါသထွက်နေတာလဲ။ အမေစုက ရိုဟင်ဂျာတွေ ကိုမှလက်မခံတာ။ အဲဒီမတိုင်ခင် ကစကားဟာ ( အမေတကယ်ပြော မပြောလဲမသေချာပါဘူး ) ဘာကြောင့်ဒီလောက်ကြီး ကျယ်သွားပြီး အဲဒီနောက်က စကားကျတော့ ဘယ်ရောက်သွားပါသလဲ။ သေသေ ချာချာစဉ်းစားစေချင်ပါတယ်။ တဆင့် စကားတဆင့်နားကနေ ဘာလို့အဲလောက်ဒေါသတွေ ပေါက်ကွဲကုန်ကြ တာလဲ။ အမေစုပြော ခဲ့တယ်ဆိုရင် တောင် သူ့မှာ  အကြောင်းပြချက်ရှိရမယ်လို့ ဘာ့ကြောင့်မစဉ်းစားပေးကြတာလဲ။ အမေစုဟာ တိုင်းပြည် အတွက်သူဘယ်လောက်လုပ်ပေးခဲ့လဲ။ သူဘာတွေစွန့်လွှတ်အနစ်နာခံခဲ့လဲ။ အားလုံးသိပါရက်နဲ့ ဒီစကား လေးတခွန်းကြောင့် ဒီလောက်နာနာကျည်းကျည်းပြောနေကြတာ အမေစုကို ကျွန်မအရမ်းအားနာမိတယ်။ သူစွန့်လွှတ်မှု့တွေဟာ သူ့အမှား ( တခြား သူတွေ အထင် ) တခုကြောင့် သူလုပ်ခဲ့သမျှ သူပေးဆပ်ခဲ့သမျှ အားလုံးရေစုန်မျောရ တော့မှာလား။ သူဟာဘယ်တော့မှ ကျိုးကြောင်းဆင်ခြင်ညဏ်မဲ့စွာ မပြောခဲ့ မလုပ်ခဲ့တာ သက်သေ အထင်အရှားရှိပါလျှက် ကိုယ့်ဒေါသတခုထဲနဲ့ အကြားတခုထဲနဲ့ ကြားထဲက သွေးထိုးတာကို နားယောင်ကြမယ်ဆိုရင် ကျွန်မတို့ ဆုံးရှုံးမှု့ကြီးမားပြီး အရင်လိုဘဝပြန်ရောက်သွားနိုင်တယ်ဆိုတာ နားလည် သင့်ပါတယ်။ အခုချိန်ဟာ ကူးပြောင်းကာစအချိန်မို့ တောကြောင်တွေသောင်းကျန်းနေတာမို့ ကျွန်မတို့ဟာ အရင်ကထက်ပိုစည်းလုံးပြီး အမေစုကိုနောက်အနေအင်အားတွေပေးရမယ့်အချိန်မဟုတ်ပါလား။ ကျွန်မ တို့တတွေရန်တွေဖြစ်ပြီး အမေစုကိုတိုက်ခိုက်နေကြမယ် ဆိုရင်တော့ ကျွန်မတို့အလိုရှိတဲ့ အနာဂတ်ဟာ ဝေးကွာနေရင်းမှေးမှိန်သွားလိမ့်မယ်လို့ကျွန်မထင်ပါတယ်။ ကျွန်မတို့တွေအခုလိုဖြစ်နေမယ်ဆိုရင် နေရာ လိုချင်သူတွေ၊ နောက်ပြန်လှည့်လိုသူတွေ၊ အမေစုမလိုလားသူတွေရဲ့အကြိုက်ဖြစ်သွားမှာမို့ ရန်မဖြစ်ကြ ပဲ တစိတ်တဝမ်းထဲထားမယ်ဆိုရင် အရမ်းကောင်းမှာပဲလို့ ကျွန်မထင်ပါတယ်။ ထင်းစည်းဥပမာလိုပေါ့ရှင်။ အခုဟာ ကဒီရိုဟင်ဂျာအရေးမှာ အဓိကဆန့်ကျင်နေကြတာ ရခိုင်လူမျိုး နဲ့မြန်မာလူမျိုးပဲမို့ သူတို့နှစ်ယောက် ကို သွေးခွဲ နိုင်ခဲ့ရင် အမေစုလဲအင်အားနဲသွားမှာပေါ့။ အမေစုကိုရခိုင်လူမျိုးတမျိုးလုံးကဆန့်ကျင်ပြီဆိုရင် သူတို့ ဖြိုခွဲရတာ အင်မတန်မှလွယ်သွားတာပေါ့ရှင်။ အသာလေးတွန်းပြီးနေရာယူရုံပေါ့။ စီစဉ်သူတွေအကြိုက်ဖြစ်သွားမှာပေါ့ရှင်။ စဉ်းစားပေးကြပါ။  ရခိုင်မှတာဝန်ရှိသူများမှလဲ ဒီပြသနာကို ပြေလည်အောင်ဖြေ ရှင်းပေးစေချင်ပါတယ်။ မီးစလေးတစကနေ မီးအကြီး ကြီးဖြစ်လာမယ်ဆိုရင်တိုင်းပြည်ဟာလဲ ချောက်ထဲကိုပြန်ကျသွားမှာပါပဲ။ ဒါကြောင့်ပြသနာ ကို ပြေလည်အောင်ဖြေရှင်းစေချင်ပါတယ်။ သိပ်တတ်သိပ်နားလည်လို့တော့ရေးတာမဟုတ်ပေမဲ့ စိတ်မကောင်း လွန်းလို့ပါ။ ရင်ထဲမှာရှိတာရေးလိုက်တာပါ။ မှားတာရှိရင် လဲခွင့်လွှတ်စေချင်ပါတယ်။

31 comments

  • weiwei

    July 4, 2012 at 11:15 am

    ကျွန်မ သူငယ်ချင်းတွေထဲမှာ ရခိုင်လူမျိုးတွေရှိပါတယ် .. သူတို့တွေလဲ ရိုဟင်ဂျာအရေးမှာ တော်တော်လေး စိတ်ခံစားချက်ပြင်းထန်ကြတာ တွေ့ရပါတယ် … ကျွန်မတို့ကတော့ ခဏစိတ်ဝင်စားပြီး ပြန်သွေးအေးသွားပေမယ့် သူတို့တွေက အဲဒီလိုမလုပ်နိုင်ကြပါဘူး … ဒီကိစ္စက အများထင်ထားတာထက်ပိုပြီး နက်နဲတဲ့ကိစ္စတစ်ခုဖြစ်နေတယ်လို့ ပြောကြတယ် … သူတို့တွေ စိတ်ထဲမှာ ရခိုင်အရေးကို ရခိုင်တွေကပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေကြတယ် … ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလို့ မရနိုင်တော့ဘူးလို့ သူတို့တွေက ထင်နေကြတယ် … ကျွန်မကတော့ သူတို့တွေ ပြောကြတဲ့ စကားသံတွေနဲ့တင် ခေါင်းမူးမွန်းလို့ နားချဖို့နေနေသာသာ အသံတိတ်ပဲ နေနေရပါတော့တယ် ..

    • TNA

      July 4, 2012 at 11:39 am

      ဟုတ်တယ်အမဝေရေ။ သူတို့ ရဲ့ စိတ်ခံစားမှု့ကတော့အမြင်ဆုံးရောက်နေကြတယ်ပြောရမယ်။ သူတို့ရခိုင်တာဝန်ရှိသူတွေ ဩဇာရှိသူတွေကလိမ်မာပါးနပ်စွာဖြေရှင်းမှ အဆင်ပြေနိုင်မှာပါ။ အမေစုပြောတယ်လို့သူတို့စွပ်စွဲနေတဲ့စကားဟာ အမှန်ဟုတ်မဟုတ်သူတို့ မစဉ်းစားကြတော့ ပါဘူး။ ဒေါသတွေနဲ့ ဖြေရှင်းဖို့ပဲကြိုးစားနေကြတယ်။ မှားကုန်တော့မယ်လို့တော့မြင်နေပါတယ်။

  • etone

    July 4, 2012 at 11:30 am

    အစ်မသဲရေ ..
    ရခိုင်ပဲဖြစ်ဖြစ် ၊ မြန်မာပဲဖြစ်ဖြစ် …. ဒီအချိန်မှာ လက်တွေ့နဲ့ ကောလဟာတွေကို ချင့်ချိန်ပြီး ဝေဖန်ပိုင်းခြားဖို့တော့လိုလိမ့်မယ် ။ စကားက ကားသလို တဆင့်စကား တဆင့်နားကြားရပြီး ရမ်းယုံလိုက်တာမျိုးက စုံလုံးကန်းနေတဲ့ လူတွေလိုပါပဲ ။

    ဒီလိုစကားမျိုး အမေစုကပြောခဲ့တာလား သေချာစမ်းစစ်သင့်ပါတယ် ။
    ဒီစကားမျိုး တကယ်ပြောခဲ့တယ်ဆိုလျှှင် သူ့အရှေ့က စကားနဲ့ အနောက်က စကားကရော ဘယ်လို ဆက်စပ်မှုရှိသလဲ ပြန်တွေးရပါလိမ့်မယ် ။ ဒီစကားမပြောခင် ဘာတွေပြောခဲ့သေးလဲ ဆိုတာမျိုးပါ ။ လူအများစုဆိုတာက … ရခိုင်မှာ ကုလားတွေများနေတာကိုပဲ ပြောချင်တာများလားလို့သံသယဝင်မိပါတယ် ။

    ကောလဟာလကား ၊ အမှန်လား မသိတဲ့ စကားတစ်ခွန်းနဲ့ ထိပါးလာတာကိုတောင် စော်ကားတယ်ထင်ပြီး ဒီလောက် နာတတ်ကြလျှင် ၊ ကာယကံနဲ့ မီးရှို့ လူသတ်ခဲ့တာတွေကို ပိုပြီးတော့တောင် ရွံ ့မုန်း နာကျည်းစိတ်မဖြစ်သင့်ဘူးလား ။ မခံမရပ်နိုင်မဖြစ်သင့်ဘူးလား ။ ဒီလို မခံမရပ်နိုင်ဖြစ်လို့ မီးပြန်ရှို့ရမယ်လို့ မဆိုလိုပါဘူး … ဖြစ်သင့်တာကို စဉ်းစားတတ်ဖို့ပါ ။ အဖက်ဖက်က အဆင်မပြေမှူတွေရှိနေချိန်မှာ နွားကွဲလျှင် ကျားဆွဲမယ်ဆိုတဲ့ စကားကို အသိဉာဏ်နဲ့ ယှဉ်ပြီး ဒီအချိန်မှာ သူမီးရှို့လို့ ကိုယ်ပြန်ရှို့မယ်ဆိုတာထက် … နာကျည်းစိတ်နဲ့ လုပ်သင့်တာက ကိုယ့်လူမျိုးတွေ ပြန်လည်ထူထောင်ရေး ၊ တိုးတက်ရေးအတွက်ပါ ။ ရန်ကိုရန်ချင်း တုံ့ပြန်ဖို့ အားသုံးမယ့်အစား … ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အင်တိုက်အားတိုက် တတ်နိုင်တဲ့ဘက်က ပါဝင်သင့်တာမျိုးကို ဆိုလိုပါတယ် ။ မလိုလားအပ်တဲ့နေရာမှာ ဒေါသတွေထွက်ပြီး အားမကုန်ပါစေနဲ့ ၊ အမှန်ကို မြင်နိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ရပါတယ် အစ်မရေ ။ 🙄

    • TNA

      July 4, 2012 at 11:41 am

      ဟုတ်ပါတယ်တုန်တုန်ရေ။ အမလဲ ဒီလိုပဲဖြစ်စေချင်လို့ ဒီပိုစ့်ကလေးကိုစွန့်စားပြီးတင်လိုက်တာပါ။ ရခိုင်တွေရဲ့ဒေါသဟာ အခုအချိန်မှာ အမြင့်ဆုံးကိုရောက်နေတာမို့ ပေါက်ကွဲထွက်သွားမှာစိုးမိပါ တယ်။ မြန်မာနိုင်ငံပြောင်းလဲဖို့က အမေစုလိုအပ်နေပါသေးတယ်။ ဒီအချက်ကိုအားလုံးအလေး ထားစေချင်ပါတယ်။

      • jeams hlaing

        July 4, 2012 at 4:58 pm

        အမပြောတာလုံးဝမှန်ပါတယ်..ရခိုင်တွေအဲလိုမျိုးဖြစ်နေကြတာ ကုလားတွေကိုဒေါသစိတ်ကြောင့် မှန်ကန်စွာဆုံးဖြတ်ချင့်ချိန်နိုင်တဲ့ စွမ်းအားမရှိတော့တဲ့အကြောင်းပါ။ သူတို.တွေကို နားလည်ပေးကြပါလို.ရခိုင်သားတယောက်အနေနဲ. ရခိုင်တိုင်းရင်းသားများကိုယ်စား တောင်းပန်အပ်ပါတယ်။ ရခိုင်တိုင်းရင်းသားများလည်း အခြေအနေကိုသုံးသပ်ပြီး ဒီအချိန်မှာ တိုင်းရင်းသားအချင်းချင်းစည်းလုံးမှု ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိသင့်တဲ့အချိန်ရောက်ပါပြီ။ နွားကွဲရင် ကျားဆွဲတယ် ဆိုတဲ့ စကားပုံကိုသတိရကြပါ။

  • htoosan

    July 4, 2012 at 11:52 am

    ဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရှင်းမှ ရတော့မယ့် အနေအထားဖြစ်သွားပြီ။ 🙄

    • TNA

      July 4, 2012 at 12:03 pm

      အမေစုကတော့ဖြေရှင်းမှာမဟုတ်ပါဘူး။ သူ့ကိုယ်သူယုံကြည်ချက်အပြည့်နဲ့ လုပ်နေသူတွေ ကဒီလိုသံသယတွေကိုဖြေရှင်းလေ့မရှိပါဘူး။ ကြားထဲကတာဝန်ရှိသူ တွေကသာလိမ်မာ ပါးနပ်စွာနဲ့ဖြေရှင်းပေးကြရမှာပါ။ နောက်ပြီး အမှောင့်ပယောဂပါနေတာသေချာနေတာမို့ ရခိုင်တွေပေါက်ကွဲတိုင်း မြန်မာလူမျိုးတွေလိုက်မပေါက်ကွဲစေချင်ပါဘူး။ ရခို်င်လူမျိုးတွေ အေးဆေးပြီး အမှန်ကိုမြင်လာတဲ့အချိန်အထိ အချိန်တခုပေးပြီး စိတ်ရှည် ရှည်စောင့်စေချင်ပါတယ်။ နှစ်ဘက်ထိပ်တိုက်တွေ့ရင်တော့ ကျွန်မတို့လမ်းဟာ ပိတ်သွား မှာသေချာလို့ပါပဲ။ ကျွန်မတို့ကိုရန်တိုက်ပေးသူတွေ ရဲ့ရည်ရွယ်ချက်ကလဲ ဒါပါပဲ။

  • kai

    July 4, 2012 at 1:16 pm

    ကျုပ်က.. နကိုကတည်းက.. ရခိုင်ပြည်နယ်လို့ကို.. မသုံးခဲ့တာ..
    မြန်မာပြည်ရဲ့..အနောက်ဖက်ကမ်းရိုးတန်းဒေသ..
    (ပြောရရင်.. မြန်မာပြည်ထောင်စုပြည်နယ်တွေကို.. မျိုးနွယ်စုနာမယ်တွေနဲ့.. ခွဲခြားထားတာ.. ပြည်ထောင်စုစည်းလုံးမှုအတွက် မကောင်းဘူး..(စကားချပ်))

    ဆိုတော့..
    အင်မတန်ရှုပ်ထွေးတဲ့.. ပြဿနာတွေရှိတယ်..
    ဒါပေမဲ့.. အခြေခံကတော့တခုထဲပဲ..
    အဲဒီဒေသက.. တနှစ်၅ဘီလီယန်ဒေါ်လာမက.. ငွေရှာနိုင်တဲ့ဒေသဖြစ်လာတယ်..
    ဒီအပေါ်.. ဆိုင်ရာ..ဆိုင်ရာတွေက.. ခေါင်းစဉ်တွေတပ်ပြီး.. . ကိုယ့်အပိုင်လိုချင်လာတယ်..
    ဒါမျိုးက.. ကမ္ဘာမှာရှိတဲ့.. မတည်မငြိမ်ဖြစ်တဲ့ဒေသတွေတိုင်းရဲ့.. အဓိကနဲ့အခြေခံအကြောင်းရင်းတရားတခုပဲ..

    အဟမ်း…
    ဒါကို.. မြန်မာအစိုးရရယ်..။ ဘင်္ဂလားဒေရှ့်ရယ်..။ အိနိ္ဒယရယ်.။ ချိုင်းနားရယ်..။ နောက်ကနေကတော့.. အမေရိကားရယ်.။ ဥရောပရယ်.။ ရေနံထုတ်နိုင်ငံများရယ်.. ကစားကြတယ်..
    ကြားထဲက.. ဘုမသိဘမသိနဲ့.. ဆွဲပါဖြစ်သွားတာက..
    ရခိုင်တိုင်းရင်းသားတချို့တတွေနဲ့.. ဘင်္ဂလီတွေ..
    ချပေးတဲ့.. စည်းချက်အတိုင်းလိုက်ကကြတာက.. မြန်မာ(မျိုးချစ်စိတ်)အစွန်းရောက်တွေ..

    ကြားမညပ်ကြပါစေနဲ့.. အမြင်ကျယ်ပါ..
    အင်မတန်အန္တရာယ်များသွားနိုင်ပါတယ်..။

    တိုင်းပြည်အပေါ်စေတနာရှိတာသိသာတဲ့..ကမ္ဘာတန်းအဆင့်တွေးခေါ်နိုင်စွမ်းရှိတဲ့.. သတင်းအချက်အလက်အစုံရှိတဲ့.. ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုနောက်လိုက်ကြပါ..။

    ….ဒီလောက်ပဲ.. :mrgreen:

    • htoosan

      July 5, 2012 at 6:39 am

      တပ်ကို ဘယ်သူ အကြံပေးတာလဲ အခုမှ ပေါ်ပြီ..
      အနောက်ပိုင်းတိုင်း ၊ အလယ်ပိုင်းတိုင်း ၊ အနောက်မြောက်တိုင်း စသဖြင့် ဖြစ်နေတာ တရားခံ သူကြီးကို …
      တံဆိပ်ကပ်လိုက်ပြန်ပြီ ….. :mrgreen:

  • မောင်ပေ

    July 4, 2012 at 1:26 pm

    အမသဲရေ..
    မည်သို ့မည်ပုံ ဖြစ်သင့်တယ်ဆိုတာ ကို မီးမောင်းထိုးပြပေးတဲ့အတွက် ဝမ်းသာမိပါတယ် ။
    အမေစု ရဲ ့သဘောထားအမှန်ကို သိတဲ့လူတိုင်းကတော့ ၊ အခုဖြစ်နေတဲ့ လှည့်ကွက်ကို ရှင်းရှင်းလင်းလင်းမြင်ကြရပါတယ် ။ အသိ ဗဟုသုတ မပြည့်ဝသေးတဲ့လူတွေသာ သို ့လော သို ့လော ဖြစ်ကုန်ကြတာပါ ။ အဲဒီလို လူတွေအတွက် အမသဲတို ့လို ၊ အခြေအနေအမှန်ကို ပြောပြပေးမယ့် လူတွေ အများကြီး ပေါ်ထွန်းလာပါစေဗျား။

  • ahnyartamar

    July 4, 2012 at 1:43 pm

    “ ကျွန်မဒီစကားပြောလို့ ရခိုင်တွေကြိုက်ချင်မှကြိုက်မယ်။ တကယ်တော့ လူနဲစုကို လူများစုကအနိုင်ကျင့်နေတယ် ”
    အဲဒီလိုပြောတာတော့ မဖတ်ဖူးပါဘူး ဒီလိုပြောတာတော့ ဖတ်ဖူးတယ်။

    ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်… အဲ့ဒါတော့ ကျမသတိပေးပါရစေ… ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်… ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိ်ုတော့ ကျမပြောရမယ်… လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်…
    ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်… ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်…လုပ်ပေးနိုင်တာကို လုပ်ပေးမယ်… ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်…
    (ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)

    http://www.thithtoolwin.com/2012/06/blog-post_2025.html
    အဲဒီ link မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။

    • TNA

      July 4, 2012 at 2:27 pm

      အဲဒီစကားကို ပြန်ပြီးလိုသလိုဆွဲပြောတာကို သေသေချာချာမစုံစမ်းပဲ အရမ်းဒေါသထွက်နေတာ ကိုး။ အမှန်ကိုမြင်နိုင်ကြပါစေ။

    • နွေဦး

      July 4, 2012 at 2:44 pm

      အေးဗျာ ..ဒါဆို ရှင်းရှင်းလင်းလင်းမြင်ကြ ဘို့ ကောင်းပါပြီ..။

  • ဝမ်းတွင်းရူး

    July 4, 2012 at 2:57 pm

    တွေးတိုင်း စိတ်မကောင်းမောတယ်ဗျာ။
    တကယ့်ကို မျက်ကန်းမျိုးချစ်တွေဘဲ။

  • may flowers

    July 4, 2012 at 3:06 pm

    မသဲနုအေးဆုတောင်းသလိုပဲ မေဖလားဝါးလဲဆုတောင်းပါတယ် အမှန်အတိုင်းမြင်နိုင်ကြပါစေလို့..။

  • တညင်သား

    July 4, 2012 at 4:16 pm

    လုံခြုံရေး အရပါ စီစီတီဗီ တွေများမျာတပ်ဖို့ လိုပြီ.. တစ်ခါ အန်တီပဒုမ္မာ ပြောဘူးတယ်ထင်မိပါတယ်…….

  • တညင်သား

    July 4, 2012 at 4:20 pm

    ဘာလဲဗျ ကြည်နူးရင်တုန် မြတ်ရွှေတဂုံ ပိုစ့်ကို မန်းလိုက်တာ ဘယ်ရောက်လာလဲမသိ တောင်းပန်ပါသည်

  • Wow

    July 4, 2012 at 4:24 pm

    ရင်မောတယ်ရခိုင်ရယ် အခုတောင် အနေအထိုင်မတတ်လို့ နစ်နာခဲ့ရပြီ…
    တစ်ခါ တောကြောင်တွေရဲ့ လှည့်ကွက်ထဲဝင်ပြီး ဒေါ်စုကို တိုက်ခိုက်ကြရင်တော့ ရှေ့ရေးမကောင်းနိုင်ပါ….

  • Wow

    July 4, 2012 at 4:28 pm

    လူ့အသက်တွေရင်းပြီး ငတေမာ ထောင်ခြောက်ဆင်သူများကိုတော့… ပြောချင်တာက လုပ်လိုက်စမ်းဘာာာာ….
    ကိုယ့်အလှဲ့ကျ သွေးမနဲကြေး….
    မြန်မာမှာကောကမ္ဘာမှာပါ “ငတေ” တွေဟာ ဇတ်သိမ်းမကောင်းတတ်ပါဘူးလို့…..

  • နှင်းဆီ ငုံ

    July 4, 2012 at 5:03 pm

    မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ တခြားတိုင်းရင်းသားတွေနဲ့ယှဉ်ရင် ရခိုင်လူမျိုးတွေက စိတ်ဓာတ်ပိုထက်ကြတယ်လို့ထင်တယ် ဘာကိုပဲလုပ်လုပ် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် အင်တိုက်အားတိုက်ကြိုးစားကြတယ် မှန်ကန်တဲ့စိတ်ထက်သန်မှုမျိုးဖြစ်ကြပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ မသဲနုအေးရယ်…

  • snow white

    July 4, 2012 at 5:17 pm

    အရမ်းကောင်းတဲ့ပို့လေးတစ်ခုပါဘဲ ။

  • ဝမ်းတွင်းရူး

    July 4, 2012 at 6:21 pm

    စဉ်းစားမိတယ် အကွက်ချစီမံတာ သိပ်တော်တဲ့ တောကြောင်
    လှည့်ကွက်နော်။အားလုံး သတိရှိကြပါ။

    • etone

      July 5, 2012 at 8:54 am

      ကိုသန်းထွဋ်ဦးရေ … ကြောင်ကြောင် အော် မနေနဲ့ …….. ရွာထဲမှာ ကြောင်တွေအများကြီးရှိတယ် ထွက်ကိုက်လိမ့်မယ် … ။ ရွာကလည်းတောဆိုတော့ .. ရွာကြောင်လည်း … တောကြောင်ပဲလို့ ယူဆပါ .. ဟိဟိ :mrgreen:

  • ဝေးလွင့်တိမ်

    July 4, 2012 at 8:14 pm

    ကျွန်တော် ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ အမှန်ဆုံး ဝန်ခံပြမယ် ။ တစ်ကယ်တော့ ကျွန်တော်တို့ အရမ်းကြောက်နေကြတယ်။ ကျွန်တော်တို့ လူမျိုးလေ းပျောက်သွားမှာကို ကျွန်တော်တို့အရမ်းကြောက်နေကြတယ်။ ကျွန်တော်တို့ဘယ်သူ့ကိုမှမယုံရဲဖြစ်နေတယ်။ကျွန်တော်တို့ဘက်လဲ ကိုယ်ချင်းစာကြည့်ပါ ။ ခုလောလောဆယ်မှာ ကျွန်တော်တို့ပြည်နယ်က တန်ဖိုးရှိနေပါတယ် ။ အဲဒါကို ဟိုဘက်နိုင်ငံကလဲ လိုချင်နေတယ် ။ အမှန်ပြောတာပါ ။ တစ်နေ့တစ်နေ့ကို ရိုဟင်ဂျာ အယောက် 20 နဲ့ 30 ကြား ရခိုင်ပြည်ထဲကို နည်းအမျိုးမျိုးနဲ့စိမ့်ဝင်နေတယ် ။

    • TNA

      July 4, 2012 at 9:15 pm

      အိုကေ ကိုဝေးလွင့်တိမ်ကျွန်မပြောပြမယ်။ စိတ်မဆိုးပဲ အထင်မလွဲပဲဖတ်ပေးပါ။ ရခိုင်တွေ အခုပြောနေတဲ့ စကားရှိတယ်။ အနောက်ဖက်တံခါးကိုငါတို့ကာကွယ်နေတာ တဲ့။ မှန်ခဲ့ပါတယ်။ ဒါကတချိန်ကပါ။ စစ်အစိုး ရလက်ထက်ကပါ။ ရိုဟင်ဂျာတွေကိုပါးရိုက်၊ သတ် ကြိုက်တာ လုပ်ဘယ်သူမှမသိဘူး။ နိုင်ငံတကာကလဲ သိလဲဝင်စွက်ဖက်လို့မရဘူး။ အခုဟာက အရင်က နဲ့မတူတော့ဘူး။ ဒီမိုကရေစီအစိုးရဆိုတာ သူတပါး ရဲ့ အသား ကိုလက်ဖျားလေး နဲ့တောင်တို့ လို့မရတော့ဘူး။ ဒီအခြေအနေကိုသဘောပေါက်ဖို့လိုလိမ့်မယ်။ ရိုဟင် ဂျာတွေကို အမေစုပြော သလို တရားဥပဒေနဲ့ပဲထိန်းချုပ်လို့ရတော့မယ်။ ရှင်းရှင်းပြောရရင် ရခိုင်တွေအရင်က ရိုဟင်ဂျာတွေကိုဘယ်လိုကိုင်တွယ်ခဲ့လဲသိပါတယ်။ အဲလိုကိုင်တွယ်လို့လဲ သူတို့က အခုအချိန်မှာအော်စရာ ဖြစ်နေတာကိုသဘောပေါက် ဖို့လိုပါတယ်။ ကိုဝေးလွင့်တိမ်ပြောသလို ရိုဟင်ဂျာတွေတစိမ့်စိမ့် ဝင်နေတာ ကိုတားနိုင်တာအမေစုပဲ ရှိတယ်ဆိုတာ ဘာလို့သဘော မပေါက်ကြတာလဲ။ နိုင်ငံခြားခရီးစဉ်မှာ အမေစု တစာစာအော်နေတဲ့ တရားဥပဒေစိုးမိုးရ မယ်ဆိုတာ ဒီရိုဟင်ဂျာတွေကိုထိန်းချုပ် ဖို့ဆိုတာ သဘောမပေါက် သေးသမျှတော့ ဒီရိုဟင်ဂျာတွေရဲ့လှည့်ကွက်ထဲဝင်နေအုံးမှာပဲ။ အမေစုကိုတိုက်ခိုက်လို့ဘာ အကျိုးမှ မရှိဘူးဆိုတာ နှောင်းမှနောင်တမရစေချင်ပါဘူး။ အရင်လို ပစ်သတ် ရိုက်သတ်လုပ်လို့ ကတော့ သေချာတယ် ရိုဟင်ဂျာကိုရခိုင်မှာနေ ရာပေးလိုက်ရတော့မှာမို့ လိမ်မာပါးနပ်စွာဖြေ ရှင်းဖို့လုပ်နေတာကိုစိတ်ရှည်ပေးစေချင်ပါ တယ်။ ဒေါသနဲ့ဖြေရှင်းမယ်ဆို ရင်တော့ နှစ်လမ်း ပဲရှိတယ်။ မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးအောက်ပြန်သွားမလား၊ ရိုဟင်ဂျာကိုလက်ခံမလား။ စဉ်းစားပါ။ စိတ်ရှည်ပါ။ စည်းလုံးပါ။ ရန်များနေလို့အကျိုးမရှိနိုင်ပါဘူး။ အခုချိန်မှာ ရွေးဖို့လမ်း ရှိပါသေးတယ်။ ရှင်တို့ရဲ့ဒေါသ ထက် နိုင်ငံတကာလက်ခံနိုင်လောက်တဲ့ဖြေရှင်းနည်းနဲ့ ကျွန်မတို့ ရိုဟင်ဂျာတွေကိုအနိုင် ရဖို့ပိုအရေး မကြီးဘူးလား။ ရှင်တို့ ရခိုင် တွေရိုဟင်ဂျာကို လက် ခံရမှာစိတ်ပူသလို ကျွန်မတို့တွေလဲထပ် တူထပ် မျှပူတယ်ဆိုတာမမေ့စေချင်ပါဘူး။ အမေ ကိုတိုက်ခို်က်မဲ့အစား ရိုဟင်ဂျာ တွေဝင်လာတာတားဆီးပေးဖို့ အမေ့ကိုခွန် အားတွေပေးဖို့ ကျွန်မတို့တွေစည်း လုံးကြပါစို့လားရှင်။

      • Wow

        July 5, 2012 at 11:47 am

        သဲနု ရေ ပြောရရင်တော့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းတာ နာသကွယ် ဆိုသလိုဖြစ်နေမှာစိုးလို့ပါ။ အရင် ဗူးသီးတောင်မောင်းတောမှာ ဘာတွေဖြစ်ခဲ့လဲသိကြပါတယ်။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အင်အားနဲ့ အနိုင်ယူတာဟာ ခဏတာပဲရပါတယ်။ အင်အားနဲ့ ဖိထားတိုင်းသာ နိုင်ကြေးဆိုရင် ဒိုင်နိုဆောတွေ ကမ္ဘာကို စိုးမိုးနေပြီပေါ့။

        တရားသောနည်းနဲ့ ဥပဒေအတိုင်း အနိုင်ယူဖို့က ဒေါ်စု မရှိလို့မဖြစ်ပါဘူး။ အခုရခိုင်မှာ INGO တွေဆီက အကူအညီဆို လက်မခံဘူးဆိုပြီးပြောနေကြပါတယ်…. အင်း… ခက်တယ်

    • Oo Oo

      July 4, 2012 at 11:41 pm

      ဝေးလွင့်တိမ်ရေ…
      “ကျွန်တော်တို့အရမ်းကြောက်နေကြတယ်။ ကျွန်တော်တို့ဘယ်သူ့ကိုမှမယုံရဲဖြစ်နေတယ်။ကျွန်တော်တို့ဘက်လဲ ကိုယ်ချင်းစာကြည့်ပါ ။”
      ရခိုင်တွေစိုးရိမ်သလို ကျနော်အပါအဝင် မြန်မာပြည်ကြီးကိုချစ်တဲ့ မြန်မာပြည်သားအားလုံးကလည်း
      စိုးရိမ်နေကြတာပါ။ ကျနော်တို့အားလုုံးရဲ့ဘဝတွေဟာ ဥပဒေကဲ့သို့အာဏာတည်စေတဲ့ အမိန့် တွေရဲ့အောက်မှာ
      ဘဝ လုံခြုံမှုအကာအကွယ်မဲ့စွာ ကြီးပြင်းခဲ့ကြရတာပါ..အဖက်ဖက်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လူ့ဘဝရဲ့နေ့ရက်တွေ
      ကို စိုးရိမ်စိတ်ကြောက်စိတ်တွေနဲ့ဖြတ်သန်းနေကြရတဲ့ သနားစရာလူသားတွေအဖြစ်ကိုရောက်နေတာကြာခဲ့ပါပြီ။
      ဒီလိုဖြစ်ခဲ့ရတာကလည်း..ကျနော်တို့ရဲ့ဘဝတွေကို လုံခြုံမှု အကာအကွယ်ပေးနိုင်မယ့် ကောင်းမွန်တဲ့ စနစ်
      ကောင်းမွန်တဲ့ ဥပဒေ မရှိခဲ့လို့/မကျင့်သုံးနိုင်ခဲ့လို့ပါပဲ..အမှန်ပြောရရင် အာဏာရှင်စနစ်ရဲ့ “ဥပဒေကဲ့သို့အာဏာတည်စေ”
      ဆိုတဲ့ ဘာမှန်းမသိတဲ့အမိန့်အောက်မှာ ပြားပြားဝပ်ပြီး အပိုးကျိုးခဲ့ရလို့ လူလုံးမလှ ဖြစ်ခဲ့ရတဲ့
      ကျနော်တို့တတွေဟာ ဥပဒေ က အကာအကွယ်ပေးတဲ့
      ှလုံခြုံတဲ့အေးမြမှု ဆိုတာ ချိုနဲ့လား လို့ မေးရမလိုပါပဲ.. ကောင်းမွန်တဲ့စနစ်နဲ့ ဥပဒေရဲ့တန်ဖိုးကို မခံစားဖူးတော့လည်း
      ကောင်းမွန်တဲ့စနစ်နဲ့ ကောင်းမွန်တဲ့ဥပဒေ အရေးပါပုံကို သိပ်နားမလည်ဘူးပေါ့။ ဒါတွေကို ကျနော်တို့ကသိပ်နားမလည်ခဲ့ပေမယ့်
      အမေစုက နားလည်နေလို့ .. လက်ရှိပြဋ္ဌါန်းထားတဲ့ အခြေခံ ဥပဒေတွေထဲက ပြည်သူ့အတွက်ဘာကောင်းကျိုးမှမပြုတဲ့ (မလိမ့်တပတ်လုပ်နိုင်တဲ့) ဥပဒေတွေကိုပြင်ဆင် ပြီး ကောင်းမွန်ပြီးစနစ်ကျတဲ့ ဥပဒေတွေနဲ့ အစားထိုးပြဋ္ဌါန်းနိုင်ဖို့အပြင်း
      အထန်ကြိုးစားအားထုတ်နေတယ်ဆိုတာ တိုင်ရင်းသား ပြည်သူအားလုံးအတွက်ပါ…သူ့အတွက်လုပ်နေတာမဟုတ်ပါဘူး
      တကယ်တော့ အမေစုဟာ.. တိုင်းရင်းသားပြည်သူတွေဆုံးရှုံးနေတဲ့ ခံစားပိုင်ခွင့်တွေ ရရှိစေဖို့နဲ့ ဥပဒေရဲ့အကာအကွယ်
      အောက်မှာ ပြည်သူအားလုံး စိုးရိမ်ကြောက်ရွံ့မှုကင်းကင်းနဲ့ လုံခြုံအေးချမ်းစွာနေနိုင်ဖို့အရေး ကို သူ့ရဲ့ဘဝနဲ့ရင်းပြီး
      တွေကြုံလာတဲ့ဒုက္ခတွေကို ကြံကြံခံရင်ဆိုင်ကျော်ဖြတ်နေတဲ့ အမျိုးသမီးသူရဲကောင်း တစ်ဦးပါပဲ။
      ဒုက္ခပင်လယ်ထဲနစ်နေတဲ့မြန်မာပြည်ကြီးကို ကယ်တင်နိုင်တာ လက်ရှိအချိန်မှာ သူတစ်ယောက်ပဲရှိတာမို့..
      မကူညီရင်နေပါ.. မနှောက်ယှက်ပါနဲ့..ကိုယ်တိုင်ရေးပါကိုယ့်သမိုင်းကို..ရာဇဝင်လူဆိူးတော့မဖြစ်စေနဲ့ လို့ပဲပြောချင်ပါတယ်

  • အရီးခင်လတ်

    July 4, 2012 at 9:22 pm

    ညကျပြန်လာမယ် သဲနု ရေ။
    အခုတော့ လက်မ ပေးသွားတယ်။
    မောင်ဗိုက် မမြင်စေနဲ့။ 🙂

  • အရီးခင်လတ်

    July 5, 2012 at 5:08 am

    သဲနု ရေ
    ပြောတာတွေ အားလုံး ကို သဘောကျပါတယ်။
    “စဉ်းစားပါ။ စည်းလုံးပါ။” ဆိုတာ ဒီအချိန်မှာ တကဲ့ ကို အရေးကြီး တဲ့ စကားဖြစ်နေပါပြီ။

    ဝေးလွင့်တိမ် ကိုလဲ တစ်ခုပြောချင်ပါတယ်။
    မင်းရဲ့ Post မှာ ကွန်မန့် ပေးတာ က မင်း ကို ကြည့်ရတာ
    တစ်ခြားသူတွေလို တဖြုတ်ထ ဝင်လာ၊ သွေးထိုးပေးသွား၊ ကိုယ်တင်ချင်တာတွေတင် ပြီးတော့ ပျောက်သွား၊ ဆိုသလို မဟုတ်ဘဲ သူများ Post တွေ မှာပါ မင်းရဲ့ မှတ်ချက်လေးတွေ ကို တွေ့ရလို့ မင်း စိတ်ထဲမှာ တကယ် ခံစားရတာကို တင်နေတာ လို့ တွေး မိလို့ အရီး အနေနဲ့ ဝင်ပြီး မှတ်ချက်ပေး တာပါ။
    ဒီလို မျိုး မှ အပြန်အလှန် ဆွေးနွေးခွင့် မရရင် နားလည်မှု တွေ မှားပြီး လမ်းလွဲ ကုန်မှာ စိုးလို့ပါ။ အရီးလဲ တတ်သိလို့ ပြောတာ မဟုတ်ပါဘူး။
    ဒါပေမဲ့ အရီးမှားပြောလဲ ဒီရွာထဲ မှာ ထောက်ပြ အမှားပြင်ပေးမဲ့ သူတွေ နဲ့မို့ သူတို့ ပါ ဝိုင်းလိုက် ကြရင် အမှန်လမ်း ဆိုတာ ကို မြင်နိုင်ကြမှာပါ။

    အခု သဲနု Post မှာ မင်း မှတ်ချက် လေး ကို အရီး နဲနဲ ဝင်ဆွေးနွေး မယ်နော်။
    ပြန်ဆွေးနွေး ဖို့လဲ တိုက်တွန်းပါတယ်။

    { ကျွန်တော်တို့ လူမျိုးလေး ပျောက်သွားမှာကို ကျွန်တော်တို့အရမ်းကြောက်နေကြတယ်။ } ဆိုတာလေးပါ။
    ထပ်ပြောမယ်နော်။ အရီးပြောတာ မှား နိုင်တယ်။
    နောက်တစ်ချက်က လဲ အရီး က မင်း ရဲ့ အခြေအနေ နဲ့ နေရာ ကို အတိအကျ မခံစားနိုင်လို့ လဲ ဖြစ်မယ်။
    ဒါပေမဲ့ အရီး ပြောတာလေး ကို စဉ်းစားကြည့်ပါ။
    မင်းကို ပြောတယ် လို့ မတွေး ဘဲ စဉ်းစားနော်။
    လူမျိုး ပျောက်တယ် ဆိုတာ ကိုယ့်လူမျိုး နဲ့ တစ်ခြားလူမျိုး စပ်ရင်း၊ စပ်ရင်း လူမျိုး အစစ် ပျောက်သွားတာကို ဆိုလိုချင်တာ မဟုတ်လား။
    ဥပမာ – ရှမ်း လူမျိုး ဆိုပါစို့။ (အရီး အဖိုးတို့ ဘက်က ရှမ်း ဆိုတော့ အရီး က ရှမ်းစပ်ပေါ့- အစစ် မဟုတ်တော့ပါ 😉 )
    ရှမ်းလူမျိုး ပျောက် မှာစိုးလို့ ရှမ်း ကို ရှမ်း ကဘဲ ယူရမယ် ဆိုရင် ဒီအတိုင်း တော့ အမိန့်ချ လို့ မရဘူး။
    ကိုယ့် ဒေသ ထဲ ကို ဘယ်လူမျိုးခြားမှ မဝင်ရ။
    ကိုယ့်လူမျိုး ကလဲ ဘယ်ဒေသ မှ မသွားရ။ လို့ တားမြစ် ကာကွယ် မှ ရမှာ။

    မဟုတ် လို့ ကတော့ တစ်မြို့တစ်ရွာ မှာ ကျောင်းတက် ရင်း စုစည်း လာမိ တဲ့ လူမျိုးစုံ ကို မပေါင်းမသင်း ဘဲ၊ မခင် မမင်ဘဲ၊ မချစ် မနှစ်သက်ဘဲ နေနိုင်ပါ့မလား။
    လူဆိုတာ က ကိုယ် နဲ့ စကားပြောတူ ရင် အလိုလို ရင်းနှီး သွားတာ ကလား။
    အဲဒီကမှ စိတ်သဘောချင်းတူ လို့ ကတော့ ဘဝ ဖော် ဖြစ်ဖို့ အတော်နီးသွားပြီ။
    အဲဒီအချိန်မှာ လူမျိုး မတူ ဆိုတာ ကို ဘယ်သူမှ စဉ်းစားမှာ မဟုတ်တော့ဘူး၊
    သဘောကတော့ နီးစပ်မှု ကနေ စိတ်ချင်းညီဖို့၊ တူဖို့ ဖြစ်လာတာပေါ့။

    ဒီတော့ ကိုယ့်ဒေသ ကလွဲလို့ ဘယ်မှမသွားရ၊ တစ်ခြား လူမျိုး တွေ နဲ့ မပေါင်းရတော့ လုပ်လို့ မရဘူး။
    လုပ်လို့ ရတာကတော့ ကိုယ့်လူမျိုး ရဲ့ စိတ်ထဲ ကို ကိုယ့်စရိုက်၊ ယဉ်ကျေးမှု တွေ ဖြစ်နိုင်သ၍ သွင်းပေးဖို့ဘဲ။

    ဒီမှာ အဓမ္မနည်း နဲ့ သွင်း လို့ ရတယ်။
    အဓမ္မနည်း ဆိုတာက အသွင်းခံ ရသူ ရဲ့ ဦးနှောက် ကိုဆေး ပြီး ကိုယ်လိုချင်တာ ကလွဲလို့ တစ်ခြားဘာမှအဝင်မခံ/ ဘာမှထည့်မပေးတာပေါ့။
    အဲဒီလို နည်း ကို သုံး ရင်တော့ ကိုယ့်လူမျိုးမှ၊ ကိုယ့်ဘာသာမှ တစ်ခါထဲ အစွန်းရောက် သွားတာပါဘဲ။
    ဒီနည်း က အင်မတန်စွမ်းပါတယ်။
    ကိုယ် က လွဲ လို့ ဘာကိုမှ ဂရု မစိုက်တတ်တော့ဘူး။
    အဲဒီ နောက်မှာတော့ သူတို့ ဟာ ငါ ဆိုတာ ကလွဲ လို့ တစ်ခြားလူသား တွေ ကို စာနာ စိတ်၊ ထောက်ထားစိတ် မရှိနိုင်တော့ပါ။
    သူများ တွေ နဲ့ နေထိုင် ဆက်ဆံရာမှာ လဲ အဆင်မပြေ တော့ဘူး။

    ကိုယ့် လူမျိုး၊ ဓလေ့ထုံးစံ၊ ဘာသာ ကို လေးစားရပါမယ်။
    ကိုယ့် ရဲ့ မူလဇစ်မြစ် ကိုး။
    ဒါပေမဲ့ ကိုယ့်ဒေသ က နေ ထွက် ပြီး တစ်ခြား မှာ ရေကြည်ရာ၊ မြက်နုရာ ရှာ နေချင် ခဲ့ရင် ကတော့ တစ်ခြား လူမျိုး ဓလေ့ထုံးစံ၊ ဘာသာ အကြောင်း တွေကို လဲ လေးစား တတ်ရ မယ်။ ကိုယ့် ဘက် နဲ့ သူ့ဘက် ကို မျှတွေး တတ်အောင်သင်ရမယ်။
    အဲဒီလို အခြေအနေမှာ ငါ့လူမျိုး ဆိုတဲ့ အစွဲ ထက် လူသားချင်း ဆိုတာ က ပိုရှေ့တန်း ရောက် လာမယ်။
    မဟုတ်ရင် အဆင်ပြေမှာ မဟုတ်တော့ဘူး။
    မဟုတ်ရင် နွားခြေရာခွက် ကျဉ်းကျဉ်း လေး မှာဘဲနေပြီး ဘယ်မှ မထွက် ဘဲ နေမှ ရမယ်။

    ဒီနေ့ ကမ္ဘာကြီးမှာ အားလုံး ဟာ ပြောင်းလဲ နေတာ သတိပြုရမှာ။
    ကမ္ဘာကြီးမှာ သူ့ဒေသ ကိုယ်ဝင်၊ ကိုယ့်ဒေသ သူဝင် တွေ ပိုပြီး ဖြစ်လာ မှာပါဘဲ။
    ဒီအတိုင်း ဆို သိပ်မကြာတဲ့ ကာလ မှာဘဲ လူမျိုးရော တွေက ပိုပြီး များလာမှာ။
    ဒါဟာ တားမရဘူး။

    ထားပါတော့။
    ဒါက လူမျိုးရော တာ ကို ဆွေးနွေးတာပါ။

    ရိုဟင်ဂျာ အရေးမှာတော့ အရီး လဲ သူတို့ ကို သနားတာက သနားတာ တပိုင်း၊ ကိုယ့်မြေ ကိုယ့် ရေ ကို လာနေချင်တဲ့ သူ တွေ ကို တော့ ကိုယ်နဲ့ ပုံစံ တူရာ လူ ဘဲ ဖြစ်စေချင် တယ်။ ဦးနှောက်ဆေး ခံထားရသူတွေ မဖြစ်စေချင်ဘူး။
    ဒီအတွက် ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ကိုယ့်မြေ ကိုယ့်လူမျိုး ကို တရားသဖြင့် နည်းနဲ့ ကာကွယ်ရမှာဘဲ။
    ဒါပေမဲ့ “သက်ဆိုင်ရာ တာဝန်ရှိသူ” ဆိုတဲ့ အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် မပါသေးဘူး။
    သူမှာ လုပ်ပိုင်ခွင့် အာဏာ ဘာမှ မရှိဘူး။
    အခု မှ သူစလုပ်ဖို့ ကြိုးစား နေဆဲဘဲ။
    သူဘာမှ လုပ်ပေးလို့ မရတာ က တဖက်သတ် စွတ်စွဲချက်တွေ နဲ့ အစွန်းရောက် စွပ်စွဲ နေရင် ကိုယ်ကိုယ်တိုင် လဲ ကိုယ်မလိုချင်တဲ့ ဦးနှောက်ဆေး ခံထားရသူ ဖြစ်နေပြီ လားလို့ သတိထားလိုက်ရမှာ။

    ဒီတော့ သဲနု ခေါင်းစဉ်လိုဘဲ။
    စဉ်းစားပါ။ စည်းလုံးပါ။ လို့ ဘဲ ပြောချင်ပါတယ်။

    ဝေးလွင့်တိမ် နားလည်ဖို့ ကို တကယ်ဘဲ မျှော်လင့်နေပါတယ်။
    ပြန်ဆွေးနွေး ဖို့ ကိုလဲ ဖိတ်ခေါ်ပါတယ်။ 🙂

    • TNA

      July 5, 2012 at 8:00 am

      ဟုတ်ပါတယ် ကိုဝေးလွင့်တိမ်ရေ။ အရီးလတ်ပြောသလို ကျွန်မတို့ နားလည်မှု့လွဲ မှားနေကြ တာလေး တွေကိုအပြန်အလှန်ဆွေးနွေးရင်းနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ကြရအောင် လား။ ရခိုင်တွေကိုယ်စားပြုပြီး အမှန်တရားဘာလဲ ဘယ်လိုလဲဆိုတာ ဆွေးနွေး ကြရအောင်လား။ ကျွန်မတို့လိုလားချက်က တခုထဲတူညီနေကြပေမဲ့ နားလည်မှု့လွဲနေတဲ့အခါကျ တော့ဆောင် ရွက် မှု့တွေက တလမ်းစီဖြစ်နေရင် တယောက်နဲ့တယောက်အထောက်အကူမဖြစ်ပဲကျရှုံးသွားနိုင်လို့ပါ။ အရေးကြီးနေတဲ့အချိန်မို့ပါ။

  • ကြည်ဆောင်း

    July 5, 2012 at 10:25 am

    {တိုင်းပြည်အပေါ်စေတနာရှိတာသိသာတဲ့..ကမ္ဘာတန်းအဆင့်တွေးခေါ်နိုင်စွမ်းရှိတဲ့.. သတင်းအချက်အလက်အစုံရှိတဲ့.. ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုနောက်လိုက်ကြပါ..။}
    သူကြီးပြောခဲ့သလိုဘဲ အမေစုခေါင်းဆောင်မှု နောက်ကိုလိုက်ဖို့စဉ်းစားကြပါ…
    ကွဲသွားမဲ့နွားတွေကို ဆွဲချင်တဲ့ကျားတွေ အဆင်သင့်စောင့်နေတယ်ဆိုတာလဲ စဉ်းစားကြဖို့မမေ့ကြပါနဲ့လို့
    စေတနာသတိပေးရင်း …..
    သူများတို့လဲ နွားတွေဖြစ်ကုန်ကြပါပြီလို့ :mrgreen:

Leave a Reply