ကိုယ်ပို်င် Blogspot တစ်ခုတည်ဆောက်ရအောင်….

woo warrJuly 4, 20121min23313

ပထမဦးဆုံး www.blogger.com       ကိုသွားပါ။

ပြီးရင် ကိုယ့် Gmail account username နဲ့ password ကို ရိုက်ပါ။

Sign in ဝင်ပါ။ တက်လာတဲ့ page က Create a limited profile ကို နှိပ်ပါ။

Display Name ဆိုတဲ့ Textbox ပေါ်လာပါမယ်။ အဲဒီမှာ ကိ်ုယ်ကြိုက်တဲ့နာမည် ပေးပါ။

ပြီးရင် အောက်က Continue to Blogger ကိုနှိပ်ပါ။ Blogger Home Page တက်လာပါမယ်။ အဲဒီမှာ New Blog ဆိုတဲ့ Button ကို နှိပ်ပါ။

Box တစ်ခုတက်လာပါပြီ။Title မှာ Blog ခေါင်းစဉ်မှာ ပေါ်ချင်တဲ့ စာသားကိုရိုက်ပါမယ်။ Addressမှာလည်းကြိုက်တာပေးပါ။(ရှိပြီးသားဆိုရင်တော့မရပါဘူး)။Address မှာရိုက်လိုက်တဲ့နာမည်က ကိုယ့် Blog ရဲ.လိပ်စာဖြစ်သွားမှာပါ။ပြီးရင် Template ကို ရွေးပါ။ဒါကတော့ Blog အတွက် Design တွေပါ။အားလုံးပြီးရင်တော့ Create Blog! ကိုနှိပ်ပါ။

စောစောက Page ကိုပဲပြန်ရောက်သွားပါလိမ့်မယ်။အဲဒီမှာ Create New Post ကိုနှိပ်ပါမယ်..ခဲတံပုံလေးကိုပါ။

ပြီးရင် Dashboard အပိုင်းကိုရောက်သွားပါပြီ။

ခေါင်းစဉ်အတွက် Post Title ဆိုတဲ့ box မှာရေးပါ။Body ကတော့ အောက်ကလေးထောင့်ကွက်မှာရေးပါ။Body မှာမရေးခင်အပေါ်က html ဆိုတဲ့နေရာမှာနှိပ်လိုက်ပါ။post တင်တဲ့အခါပိုလွယ်ပါတယ်။

Pageရဲ.ညာဘက်ခြမ်းမှာ lables ဆိုတာရှိပါတယ် နှိပ်လို်က်ပါ။lables ကတော့ post တွေကို အမျိုးအစားခွဲတဲ့သဘောပါ။ဥပမာ..news တို့ photos တို့လိုပါ။lables မှာစာရိုက်ပြီးရင် done ကိုနှိပ်ရပါမယ်။ ပြီးရင်post တင်ချင်ရင် publish ကိုနှိပ်ပါ။မတင်ချင်သေးရင် save ကိုနှိပ်ပြီး မှတ်ထားနိုင်ပါတယ်။

Dashboard ကိုပြန်ရောက်သွားပါပြီ။ ကိုယ်တင်ထားတဲ့ post တွေကို edit လုပ်နိုင်ပါတယ်။

ကိုယ့် Blog ကိုပြန်ကြည့်ချင်ရင် view blog ကိုနှိပ်ပါ။ sign out လုပ်ချင်ရင်တော့ page ရဲ.ညာဘက်အပေါ်က ကိုယ့် nickname ကိုနှိပ်ပြီး sign out ကိုနှိပ်ပါ။

ရွာသူ ရွာသားများ ကျန်းမာ ချမ်းသာ ရွင်လန်း ဝမ်းမြောက် ပျော်ရွင် ကြည်နူး အိပ်ပျော် စားဝင် အဆင်ပြေ ချောမွေ့ နိုင်ကြပါစေ…… 😛 😀

13 comments

  • the best

    July 4, 2012 at 2:01 am

    နည်းပညာတွေ အသိပေးတာ အားလုံးအတွက် အကျိုးရှိတာကြောင့်
    ထပ်ပြီး ရေးတင်ပေးစေလိုပါတယ်။
    ကျေးဇူးတင်ပါတယ်။

  • tharli kar

    July 4, 2012 at 6:12 am

    ကျေးဇူးအထူးတင်စွာဖြင့် မှတ်သားသွားပါသည်။

  • etone

    July 4, 2012 at 10:22 am

    အားမှ ဝင်ကလိကြည့်ဦးမယ် ။
    နည်းလေးပြတဲ့ အတွက်ကျေးဇူးပါ … ဘလော့တွေထောင်တာက လွယ်ပေမယ့် … အမြဲတမ်း active ဖြစ်ဖို့က မလွယ်ဘူး …. အဲ့လို မဟုတ်လျှင် .. ဘလော့က လုပ်ထားတာပဲ ရှိတာ .. ကြာရင်မှေးမှိန်သွားရော … ။

  • lynn lynn

    July 4, 2012 at 10:30 am

    ဟုတ်ကဲ့ ကျေးဇူးပါ။ ဘလော့တစ်ခု လုပ်ကြည့်လိုက်ပါအုန်းမယ်။

    • lynn lynn

      July 4, 2012 at 10:50 am

      အခုပဲ လုပ်ကြည့်လိုက်တာ အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်။

  • မွန်မွန်

    July 4, 2012 at 11:11 am

    အောင်မြင်စွာပြီးဆုံးသွားပါကြောင်း…
    ကျေးဇူးအများကြီး တင်ပါတယ်ရှင်…

  • ညလေး

    July 4, 2012 at 11:58 am

    ဘလော့…..အသစ်လေး….
    ကျေးဇူးတင်ပါတယ်ဂျင့်…..

  • may flowers

    July 4, 2012 at 8:04 pm

    ကျေးဖူးပါ ခုတော့မအားလို့မလုပ်ဖြစ်သေးဘူး ဒီပိုစ့်လေးကို ကူးထားခွင့်ပြုပါနော်။

  • athwe lay

    October 20, 2012 at 3:45 pm

    ကျေးဇူးပါဗျာ ကျွန်တော်လုပ်ကြည့်တာအဆင်တော့ပြေပါတယ် ဒါပေမဲ့ backgroundပြောင်းနည်းလေးပါပြောပေးရင်တော့အတိုင်းမသိဝမ်းသာမိမယ်ထင်ပါတယ်

  • San Hla Gyi

    October 20, 2012 at 8:03 pm

    အတွေးအမြင်အသစ် တခုရတဲ့အတွက် ရေးသူကို ကျေးဇူးတင်ပါသည်။

  • yan shin

    October 20, 2012 at 9:08 pm

    နည်းပညာပေးဝေမှူ့ အတွက် ကျေးဇူးတင်ပါသည်။

  • မောင်ပေ

    October 20, 2012 at 9:56 pm

    ဟုတ်ကဲ့
    အခုဆိုရင် woo warr ရဲ ့ကောင်းမှုကြောင့်မို ့
    ကျန်းမာ ချမ်းသာ ရွင်လန်း ဝမ်းမြောက် ပျော်ရွင် ကြည်နူး အိပ်ပျော် စားဝင် အဆင်ပြေ ချောမွေ့ သွားပါပြီ
    ကျေးကျေးပါ

Leave a Reply