မြင်ကောင်းလား ?

etoneJuly 4, 20121min38967

 

 

 

 

ဖေ့စ်ဘွခ်ပေါ်မှာတွေ့တဲ့ အိန်အိန်းနဲ့ မော်ဒယ်မလေးတွေရဲ့  Sexy ပုံတွေပါ ။

ခေတ်ရေစီးကြောင်း ဘယ်လိုပဲပြောင်းပြောင်းပါ  မောင်နှမ ၊ သားမိ ကြည့်လို့ သင့်တော်တဲ့ ပုံမျိုးတော့ဖြစ်သင့်ပါတယ် ။

အခုတော့ဖြင့် မြင်ကောင်းလား လို့ မေးရတော့မလိုပါပဲ ။

အရင်ကတည်းက အခွေတွေထွက်ခဲ့ဖူးတဲ့ အိန်အိန်းရဲ့ အနုပညာလှုပ်ရှားမှူတွေကို သဘောကျပါတယ် ၊ ခေတ်မှီအကမျိုးစုံလည်း အကလည်းကောင်း ၊ အဆိုလည်းကောင်းပေမယ့် အခုလို ပုံမျိုးထုတ်ပြီး ပရိတ်သတ်ရှေ့ချပြတာတော့ …………. မနှစ်သက်ပါဘူး ။

ဓါတ်ပုံဆရာရဲ့ idea လား ၊ သရုပ်ဆောင်တွေရဲ့ idea လား မဝေခွဲတတ်ပေမယ့် ဒီလိုပုံမျိုးရိုက်ပြခြင်းအားဖြင့် ပရိတ်သတ်ကို အဖော်ချွတ်ကြိုက်တဲ့ လူတွေဆိုတဲ့အမြင်နဲ့ ပါးပါးလေးစော်ကားလိုက်သလိုပါပဲ ။ ဒီလိုပုံမျိုးကို ပရိတ်သတ်တယောက်အနေနဲ့  ရှုံ့ချပါတယ် ။

 

 

67 comments

  • AKKO

    July 4, 2012 at 7:46 pm

    ဒီပုံတွေကြည့်ပြီး သမီးမိန်းကလေးမွေးရမှာတောင် ကြောက်လာပြီ။
    ကိုယ့်သမီးလေးကို မရိုက်ရက် မဆူရက်ထားရင်း ၊ အခုလိုတွေဖြစ်လာလျှင်ရင်ကျိုးရချည်ရဲ့ ။
    sexyပြတာတော့ပြပါ အရမ်း အိုဗာဖြစ်သွားလျှင် မြင်ရတာတောင် အော်ဂလီဆန်သွားတတ်တယ် ။

  • အလင်းဆက်

    July 4, 2012 at 8:26 pm

    ဟင့်အင်း…မြင်လို့မကောင်းဘူး။

    တကယ်လို့ ကောင်မလေး တွေ ချည်းပဲ..ပုံဆိုရင် နည်းနည်း ကောင်းမယ်..ထင်တယ် ။ အဟ်ိ

  • KoNyeinChan

    July 4, 2012 at 10:32 pm

    ဒေါ်တုံတုံ မသိသယောင်နဲ ့နှပ်ကြောင်းပေးထားလို ့ လင့်ခ်ပေးလိုက်တာပါ..
    http://www.youtube.com/watch?v=2cm1gmahMis
    ကြည့်ပြီးသူတွေ မှတ်ချက်ကတော့ အပြာကားရိုက်နေတယ်နဲ ့တူတယ်တဲ့

    • etone

      July 5, 2012 at 8:39 am

      ကိုငြိမ်းချမ်းရေ … လင့်ပေးတဲ့အတွက်ကျေးဇူးပါ …
      မသိချင်ယောင်ဆောင်တာ မဟုတ်ပါဘူး …. တကယ်ကို မသိလို့ပါ … အဟိ 😆

  • နွေဦး

    July 4, 2012 at 11:24 pm

    အားပေးကြတယ် ..ရွာထဲက လူကုန်ဘဲ ထင်ပါရဲ့ ဝင်ပြီး မန့်ထားကြတာ..
    အိန်အိန်း ကို အခြောက်ထင်နေတာ…
    အဲ..ကြည့်ဖူးသူတိုင်းလဲ အခြောက်လို့မြင်မှာ…
    ဒါကို သူက မခြောက်တဲ့ အကြောင်း ပြတာလား…
    ဒါဆို သူက အခြောက်ထက် ပိုဆိုးတဲ့ စိတ္တဇ တဏှာရူးပေါ့…ဆိုးပါ့ကွာ…..။

  • the best

    July 5, 2012 at 10:13 am

    ဒါက အရောင်းမြှင့်တင်နည်းတစ်မျိုးပါ။
    ဒါမျိုးတွေလိုက်ဝယ်တဲ့သူတွေအတွက် sexy လမ်းညွှန်ပေါ့။

    အဆင့်မရှိတော့ အရှက်မရှိတာပါ။
    အရှက်မရှိတော့ အကြောက်မရှိဘူးလေ။
    ဒီလိုမှ လုပ်မစားရင် သူတို ့ဘဝရပ်တည်ဖို ့မလွယ်ဘူးထင်တာပဲ။
    လုပ်ငန်းသဘောအရ ဒီလိုပြမှ ဝယ်သူလာမှာလေ။

    ဒီလိုဈေးကွက်က တော်တော်ကျယ်ပြန် ့နေတာပဲ။
    ဒီလိုနည်းနဲ ့ နာမည်ကြီးပြီး နိုင်ငံကျော်တွေဖြစ်သွားတဲ့သူတွေကို
    နမူနာအနေနဲ ့ပြစရာ အများကြီးရှိနေတာကြောင့်
    အလားအလာကောင်းတဲ့ဈေးကွက်ဖြစ်လို ့ဒီလောက်အထိရင်းတာပေါ့။

    နောင်ဆိုရင် ဒီထက်ပိုများလာဖို ့ပဲရှိတယ်။
    နိုင်ငံစီပွါးရေးအခြေအနေကိုက ဒီလို အခြေအနေရောက်အောင်တွန်းပို ့နေတာပဲ။

    နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေ အောင်မြင်ဖို ့ဒီလိုဈေးကွက်တစ်ခုဖွံ ့ဖြိုးအောင်လုပ်ရမယ်လေ။

    ငွေလဲနှုန်းမြှင့်၊ ကုန်ဈေးနှုန်းတက်အောင်လုပ် ပြည်သူတွေ စားဝတ်နေရေးအခက်တွေ ့မှ
    ဒီဈေးကွက်အတွက် ကုန်စည်တွေရလာမှာလေ။
    ဒေါ်လာဈေးနဲ ့တွက်ရင် ဒီလိုကုန်စည်တွေက သူတို ့ဆီမှာထက် အများကြီးသက်သာအောင်ဖန်တီးဖို ့
    နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေ စွဲဆောင်ဖို ့ မြန်မာငွေတန်ဖိုးကျအောင်တာပဲ။

    ပြီးရင်ပြောအုံးမယ်။

    “ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် အလုပ်အကိုင်များဖန်တီးပေးနေတာလို ့။”

    မြန်မာအမျိုးသမီးတွေ သတိရှိစေချင်ပါတယ်။
    ယုတ်မာသူတွေ ဖန်တီးတဲ့ အကြံအစည်တွေကို သတိထားပါ။
    ကိုယ်ကျိုးရှာ အတ္တ စီးပွါးရေးစနစ်ရဲ့ ကြေးကျွန် မဖြစ်ပါစေနဲ ့။

    • etone

      July 5, 2012 at 10:51 am

      the bestရေ စေတနာတွေရော ၊ ဂရုဏာတွေရောပေါင်းစပ်ပြီးရေးထားတဲ့ ကော့မန့်မို့ နှစ်သက်မိပါတယ် ။ ကျေးဇူးလည်းတင်ပါတယ် ။

      ဒီလို ဈေးကွက်တော်တော်ကျယ်ပြန့်လာတာပဲဆိုတဲ့စကားကတော့ .. သွေးထွက်အောင်ကို မှန်နေပါတယ် ။ အခုဆို လူကြားသူကြားထဲမှာ တန်းဝင်ကြေးစားလား ၊ မော်ဒယ်လား ၊ စပွန်ဆာလား အရပ်သူလားတောင် ခွဲမရနိုင်အောင်ပါပဲ … ။ ကြေးစားဆိုလည်း အရင်ကလို သိသိ သာသာကြီးတွေမဟုတ်တော့ပဲ .. အရပ်သူလိုပဲ ..လူတွေကြားမှာ ဝင်ထွက်သွားလာနေတာပဲဆိုတော့ .. လူမသိ သူမသိ လုပ်စားသူတွေလည်း ပေါလာတာပေါ့လေ … ။ ဆင်းရဲတွင်းနက်တော့လည်း … ဒီနည်းနဲ့ ရုန်းထွက်သူတွေလည်း ရှိပါတယ် … ။ ဒါပေမယ့်… အများစုက … ငွေကြေးအရ ဒီလိုင်းရောက်ပါတယ်ပြောပြီး …လက်ထဲ စုမိဆောင်းမိမလုပ်ကြဘူး.. စုမိတဲ့ လူကလည်း ဒီလောကထဲက ရုန်းထွက်ပြီး တခြား အလုပ်ပြောင်းလုပ်ဖို့ .. စိတ်ကူးမရှိတော့သလိုပါပဲ … ။

      မိန်းမကောင်းလား ၊ ပျက်ဆီးနေတဲ့ မိန်းမလား ၊ ဘာလား ညာလား မခွဲတတ်တဲ့ ယနေ့ခေတ် လူငယ်တွေကြားထဲ .. ကြေးစား မိန်းမပျက်မဟုတ်တဲ့ မိန်းမတွေပါးစပ်ဖျားက ထွက်ထွက်နေတဲ့ စကားတစ်ခွန်းရှိတယ် ..ကျွန်မ အရှက်မရှိဘူးတဲ့လေ … ။ မိန်းမတစ်ယောက်ပါးစပ်က ဒါမျိုး ထုတ်ပြောတာ ကြားကြားချင်း အံ့ဩမိပေမယ့် … အဲ့လို စကားတွေပြောသူ များလာတဲ့အခါ ..ဒီစကားက အံ့ဩစရာမကောင်းတော့သလိုပါပဲ …. ။ အဲ့ဒီအကြောင်းလေး ပို့စ်တင်မလို့ ရေးနေတာ .. ဖီးလ်မပါသေးလို့ .. ရေးလိုက်ရပ်လိုက်နဲ့ မပြီးသေးဘူး … မိန်းမတွေကြားက ဗန်းစကားများလားရယ်လို ့တောင် ထင်မှတ်မိပါတယ် … ။ 🙁

      • the best

        July 5, 2012 at 1:13 pm

        မြန်မာတွေကို အမျိုးဖျက်တဲ့သူတွေ နဲ ့ပတ်သက်ပြီးမခံချင်စိတ်နဲ ့ရေးလိုက်ပါ။ ့
        ဖီးလ် ကအလိုလိုလိုက်လာလိမ့်မယ်။ စမ်းကြည့်လိုက်။
        အားပေးဖို ့စောင့်နေမယ်။

        • etone

          July 5, 2012 at 1:28 pm

          ဟုတ်ကဲ့ .. အဲ့ဒီလို mood မျိုး သွင်းနေတုန်း .. အရှိန်မရသေးလို့ .. ဟီးဟီး … ။
          မကြာခင်တော့ တင်ပါဦးမယ် … မိန်းမတွေ လေဆိုတိုင်း ပါးစပ်က လျှောက်ပြောနေကြတာတွေကိုပါ … ။

  • snow white

    July 8, 2012 at 7:06 pm

    မြင်ကောင်းမမြင်ကောင်း ပြသူကပြ ကြည့်သူကကြည့် အဆင်ကိုပြေ၏….

  • ကြောင်လေး

    July 8, 2012 at 7:35 pm

    ကြောင်လေးတို့ငယ်ငယ်ကမိန်းပျက်ဘဝနဲ့လုပ်ကိုင်စားရတဲ့သူတွေဟာ မြို့ထဲရွာထဲ ရဲရဲမသွားရဲကြပါ၊ သူတိုု့ကိုယ်သူတို့ သိမ်ငယ်နေကြတာပါ။ အခုကောင်မလေးတွေကတော့အေးဆေးပဲလူတောထဲခပ်တည်တည်သွားလာပြီးပျော်လို့ရွှင်လို့၊ သူတို့ဘဝကိုသူတို့ ဘယ်လိုမှကိုမခံစားရသလိုပါပဲ၊
    ဒီအကြောင်းဇာတ်လမ်းလေးတစ်ပုဒ်ထပ်ရေးဖို့ စဉ်းစားထားတာ အိတုန်လိုပဲ ဖီးလ် မဝင်သေးလို့ စ တည် လို့မရသေးဘူးဖြစ်နေတယ်။

Leave a Reply