ခဏ ခဏ  ကျပျောက်တတ်တဲ့….ကိုယ်ကျင့်

အသိခေါက်ခက်…အ၀င်နက်လို့ …

မချစ်မှစ်သက်တော့တဲ့…အတိတ်ခါးကို

စဉ်းစားမိတိုင်း…

စိတ်သွားတိုင်း….ကိုယ်မပါတော့….၊

 

အဲလိုနဲ့ ….

ခြစားနေတဲ့..အိမ်ထဲ

လိမ်ဖယ် လိမ်ဖယ်နဲ့ …

ငါ့မျက်လုံးတွေ…တိမ်ကွယ်ခဲ့တာ  ပ….၊

 

စိန်မခေါ် ရဲဘူး..

အလိမ်  ပေါ်မှာ စိုးတယ်

ရှေ့ဆက်ပြီး…အစာအိမ် ကို

ရွှေရည်စိမ်…အတုတွေနဲ့ လည်း…

မထုံ မွှမ်းချင်တော့….

ကိုယ့်အညစ်အကြေး  ကိုယ်ပြန်စစ်ဆေးပြီး..

ငါ……သူတို့ နဲ့ 

တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊

 

တွေးလိုက်တိုင်း…..

ရင့်မှည့်လွယ်လွန်းစွာနဲ့ …ကိုယ့်နောင်တ ကိုယ်

ပြန်ပြန် မြိုချ နေမိတယ်…

ထာဝရ မဟုတ်တဲ့….ဈာပန ပွဲတွေကနေ

သံဝေဂ ကို….ထမ်းခေါ်ခဲ့ဘူးတယ်….

လမ်းပေါ်က ဘ၀ဆက်ထုံး တွေကို

ပလက်ဖောင်း…ခေါင်းအုံးရင်း

ရိုးသားခြင်းကို ထောင်ဖမ်း ရဦးမယ်လေ…၊

 

မှောင်နေ ခဲ့ဘူးတယ်….

သန်းခေါင် ထက်နက်တဲ့…ညတွေထဲ

ယောင်နေခဲ့  ဘူးတယ်…

စုတ်ပြတ် နေတဲ့..ဒဏ်ရာများစွာ နဲ့ ….

သူမတူအောင်  ချွန်ထွက်မလာဘဲ…

နွံ မှာနစ်မြဲ…

တစ်ကယ်ဆို…..ငါ ဟာ

ငါအစစ် မှ….ဟုတ်ပါရဲ့လားလို့ …

သံသယ ထောင်ထဲ…ငါ့ကိုယ် ငါ

စွဲချက်တင် ပြီး….

ငါ့ ကိုယ် ငါ   ဘဲ..

အမိန့် ချ လိုက် တယ်..။။။

About maung khinmin

maung khinmin has written 85 post in this Website..