လတ်တလော ရိုက်ဖြစ်တာလေးတွေ

weiweiJuly 4, 20124min31824

မိုးရာသီရောက်လာပြီဆိုတော့ ခရီးသွားတာတွေ ရပ်နားပြီး အိမ်နဲ့ ရုံးနဲ့ ဈေးလောက်သာ သွားဖြစ်ပါတော့တယ်။ ဒါပေမယ့် ဝါသနာက ပါနေပြန်တော့ ပတ်ဝန်းကျင်မှာ မြင်တာလေးတွေကိုပဲ မရိုက်ရမနေနိုင်လို့ ရိုက်ဖြစ်ပြီး ပို့စ်တင်ချင်စိတ်လဲ ရှိနေတာနဲ့ပဲ ပို့စ်တစ်ခု တင်ဖြစ်သွားပါတယ် …
ဘာမှမထူးခြားတဲ့ ပုံလေးတွေမို့ သီးခံပြီးသာ ကြည့်ကြပါတော့လို့ ….

ပုံ (၁) အိမ်ရှေ့မှာ လေညင်းလာခံနေတဲ့ နွားတစ်ကောင်
ံပုံ (၂) မြက်ကောင်းကောင်းစားရလို့ ဝဖြိုးနေကြတယ်
ပုံ (၃) မြန်မာပြည်က အပျော်စီးသင်္ဘောတစ်စီး (Road to Mandalay)
ပုံ (၄) Road To Mandalay
ပုံ (၅) သောင်တူးရာတွင် အသုံးပြုသည့် ကိရိယာများ
ပုံ (၇) တိုက်ခန်းတစ်ခန်းရှေ့က ပန်းအိုး
ပုံ (၆) ကြက်ဆူသီး
ပုံ (၉) ဘောလုံးပန်းအဖူးလေး
ပုံ (၁၀) ဘောလုံးပန်းပွင့်နေပြီ
ပုံ (၁၁) အနီးကပ် ဘောလုံးပန်း
ပုံ (၈) နှင်းသီး
ပုံ (၁၂) နှင်းသီးအနု
ပုံ (၁၃) နှင်းသီး
ပုံ (၁၄) မြေကြီးပေါ်က ပန်းကလေး
ပုံ (၁၅) ရုံးရှေ့က အပင်ကပန်းလေးတွေ
ပုံ (၁၆)
ပုံ (၁၇) Junction Square အတွင်းပိုင်း
ပုံ (၁၈) ဘုရားစင်ပေါ်ကပန်း
ပုံ (၁၉) မြက်ပင်တွေကြားထဲက ပန်းလေးတစ်ပွင့်

24 comments

  • padonmar

    July 4, 2012 at 9:27 pm

    (1) မြန်မာနွား
    (၂) ဖရီရှန်နွား
    (၃)Road to Mandalay မြင်ဖူးချင်တာအတော်ပဲ။တော်တော်ကြီးတာပဲနော်။
    သူငယ်ချင်းက အဲဒီသင်္ဘောမှာ လုပ်တာလေ။
    (၇)ပတ္တမြားဂမုန်း
    (၈။၁၂။)နှင်းသီး အပင်ခုမှပဲတွေ့ဖူးတော့တယ်။အပင်ရရင်လိုချင်ပါတယ်
    ဒို့သဂျီးက နှင်းသီးတောင်မသိရှာဘူး။
    ဈေးသည်တုံးက အန်တီတင်တဲ့ပုံမှာ ဘာသီးလဲမေးရရှာတယ်။
    (၁၁)ပုဏ္ဍရိပ်
    (၁၆၊၁၇)ကိုယ့်ကိုကိုယ်သနားထှာ ၊တစ်ခါမှမရောက်ဖူးသေးဘူး။

    • weiwei

      July 4, 2012 at 9:38 pm

      နှင်းသီးပင်က အရမ်းကို စိုက်ရလွယ်ပါတယ် … အကြီးမြန်ပြီး အရိပ်ရတဲ့အပင်မို့လို့ နာဂစ်အပြီးမှာ ခြံအရိပ်ရအောင် အမြန်အစားထိုးစိုက်ထားခဲ့တာဖြစ်ပါတယ် ..
      အသီးသီးရင် ကြည့်လို့အရမ်းလှတယ် … ဒါပေမယ့် အရမ်းသီးလွန်းပြီး စားလို့သိပ်မကောင်းဘူး

      Road to Mandalay က မီတာ ၁၀ဝ ကျော်ပါတယ် … အဲဒီသင်္ဘောကိုတွေ့တဲ့အချိန်မှာ အန်တီ့ကို သတိရတာနဲ့ ဓါတ်ပုံရိုက်ခဲ့လိုက်တာ …

      • ကြောင်ဝတုတ်

        July 5, 2012 at 9:47 am

        Road to Mandalay နဲ့ ခရီးတစ်ခုခေါက်လောက်တော့သွားချင်သား…
        အရင်တုန်းက ရန်ကုန်နဲ့ ပုဂံပြေးတဲ့ ကျောက်မီးသွေးရထားကြီးကို စီးခဲ့ဖူးတယ်…
        အဲဒီလို ခရီးစဉ်တွေကို သဘောကျတယ်…
        ဈေးကြီးရင်တော့ ပိုက်ပိုက်စုဦးမယ်ကွယ်…

        ခင်မင်လျက်
        ကြောင်ဝတုတ်

  • MaMa

    July 5, 2012 at 7:58 am

    ဝေဝေရေ-
    ပုံအစုံ ရသအစုံပါပဲလား။
    ပုံလေးတွေက ဂွတ်ရှယ်ပဲနော်။
    ဒုတိယပုံထဲက နွားက နို့စားနွားဖြစ်မယ်။
    နို့မှုန့် ကြော်ငြာတွေမှာ တွေ့တွေ့နေလို့။
    Junction Square ကတော့ တကယ့်ကို လှပခန့်ငြားတယ်။
    တခါပဲရောက်ဖူးတော့ လေ့လာရေးအနေနဲ့ window shopping ပဲ လုပ်ခဲ့ရတယ်။
    တိုက်တိုက်ဆိုင်ဆိုင် နံပါတ် ၁၄ က ပန်းအဝါလေးကို ဝေဝေရိုက်ထားတဲ့ပုံက
    ပြီးခဲ့တဲ့ လတုန်းက ဘုန်းကြီးကျောင်းသွားတုန်းတွေ့လို့ ရိုက်ထားတဲ့ပုံနဲ့ တထပ်တည်းပဲ။ 🙂

  • surmi

    July 5, 2012 at 10:12 am

    ဓတ်ပုံဆိုတာ ရိုက်တတ်ဖို ့သာလိုရင်းဖြစ်ကြောင်းပြထားတာဘဲ ကောင်းပဗျာ။
    တစ်ခုတော ့မေးချင်သေးတယ် အခုသင်္ဘောနဲ ့ အရင်နန်းသီတာ သင်္ဘော ဘာကွာသလဲဆိုတာရယ်
    မိသားစု စီးသင် ့ မစီးသင် ့ ဆိုတာလေး
    အပန်းမကြီးရင်ပေါ ့လေ

    • weiwei

      July 5, 2012 at 1:21 pm

      ပိုက်ဆံတတ်နိုင်လို့ကတော့ စီးသင့်ပါတယ်
      မြန်မာပြည်မှာ အကောင်းဆုံး အပျော်စီးသင်္ဘောဖြစ်ပါတယ်

  • Ma Ei

    July 5, 2012 at 10:21 am

    ဝေဝေရေ…
    7…ပတ္တမြားဂမုန်း…အိမ်မှာပွင့်နေလို့ Post တစ်ခုရေးနေတယ်…
    ပြီးမှတင်လိုက်မယ်နော်….
    9/10/11…ဘောလုံးပန်း (မအူပွင့်) သူလဲတော်တော်လှတယ်…
    8/12/13…နှင်းသီး လေးတွေလဲလှတယ်နော်…
    မွှေးလဲ တစ်အားမွှေးတာ…
    အပင်ဘေးကဖြတ်မိတာမွှေးနေလို့ ကြည့်မိတော့
    နှင်းသီးတွေတွေ့တာ အများကြီးသီးတတ်တယ်…
    စိုက်ချင်လိုက်တာ…

  • mamanoyar

    July 5, 2012 at 10:38 am

    နှင်းသီးဆိုတာကို မမြင်ဖူးဘူး
    အခုမှမြင်ဖူးတယ်
    နှင်းသီးက စားလို့ရလား

    • ko win

      July 5, 2012 at 2:49 pm

      ဟုတ်ကဲ့…နှင်းသီးက စားလို့ရပါတယ်။ ကောင်း/မကောင်းဆိုတာကတော့ ကြိုက်/မကြိုက်ဆိုတဲ့ အပေါ်မှာ မူတည်မှာပေါ့နော။
      နှင်းသီးပင်တွေ ဘယ်နေရာမှာပေါပေါရှိသလဲမသိပေမယ့် မရမ်းကုန်းမြို့နယ်ထဲက မေခလမ်းမှာတော့ တော်တော်များများရှိပါတယ်။

  • blackchaw

    July 5, 2012 at 10:39 am

    Road to Mandalay ကြီးနဲ့ ခရီးထွက်ခြင်စိတ်တောင်ပေါက်သွားပါတယ်ဗျာ။
    အဲဒါကြီးစီးရင် ဘယ်လောက် ကုန်သလဲ ဆိုတာလေး လည်း သိချင်ပါတယ်။
    🙂

    • weiwei

      July 5, 2012 at 1:06 pm

      အဲဒါကြီးက ဒေါ်လှနဲ့ စီးရတာ
      မန်းလေး ပုဂံ ခရီးစဉ်ကို အစိမ်းထောင်ကျော်တယ်လို့ အကြမ်းမျဉ်းသိထားတယ်
      ဈေးအတိအကျ စုံစမ်းကြည့်ပေးမယ်

      • သကြားလုုံးကြော်

        July 5, 2012 at 3:15 pm

        မြတ်စွာဘုုရား ဈေးကြီးလှချည်လား။ တစ်ညအိပ်ကိုုလား။ ဘယ်လိုုလူမျိုးတွေများ စီးပါလိမ့် သိချင်သား။

  • snow white

    July 5, 2012 at 11:18 am

    နံပတ်၅ပုံကတကယ် ကိုခုမှသိတာပါ ကျေးဇူးနော် သောက်တူးတာလည်း ကိရိယာတွေရှိတာဘဲနော် ခုမှသိတော့တယ် သူဘာသာအလိုလိုဖြစ်တယ်ထင်တာ weiwei ခုပုံတင်မှဘဲသိတော့ တယ် ။။။။

  • Crystalline

    July 5, 2012 at 11:20 am

    မမဝေက ဓာတ်ပုံဖက်ကိုပိုအားသန်နေပြီးထင်တယ်နော့.. ဟင်းလေးတွေလည်းချက်ကျွေးပါအုန်း..

  • Crystalline

    July 5, 2012 at 11:21 am

    မမဝေက ဓာတ်ပုံဖက်ကိုပိုအားသန်နေပြီးထင်တယ်နော့.. ဟင်းလေးတွေလည်းပြကျွေးပါအုန်း… 🙂

    • weiwei

      July 5, 2012 at 1:36 pm

      ဟင်းချက်နည်းတွေလဲ တင်အုန်းမှာ
      ဟင်းချက်တာကို ပိုပြီးဝါသနာပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 1:34 pm

    ပုံလေးတွေမိုက်ပါတယ်…
    ဘောလုံးပန်းလေးလည်း သဘောကျတယ်…
    ဘုရားပန်းလေးလည်း မနေရဘူးနော်…
    အကုန်ရိုက်တာပဲ….ဟီးးးးးးးးးး
    လှပါတယ်….
    သဘာဝလေးတွေပဲ…………..။

  • kyeemite

    July 5, 2012 at 2:32 pm

    မဝေ ရိုက်ချက်တွေ တယ်လှပါလား..
    ဂျမ်းရှင်းစကွဲ ပုံက နိုင်ငံခြားကပုံလိုဘဲနော်..
    အောက်ဆုံးပုံလေးကိုကြည့်ပီးတော့….
    စိတ်ထဲ တခုခု ခံစားမိတယ်ဗျာ…အညတြ လို့ပြောမလား….

  • etone

    July 5, 2012 at 3:11 pm

    မဝေရေ ….
    မြို့လည်ခေါင်မှာ နွားတွေရောက်နေတာ … ခိုင်းနွားတော့ဟုတ်ဟန်မတူဘူးနော် … ။ နို့စားနွားပဲ ဖြစ်ပါစေ 🙄

    ဂျန်းရှင်းစကွဲက ညအမှောင်နဲ့ဆို အတော်လှတယ်နော် …

    • weiwei

      July 5, 2012 at 10:37 pm

      နွားတွေက မြို့လယ်ခေါင်မှာ မဟုတ်ပါဘူး …. အမက ပိတ်ရက်ဆိုရင် တောမှာပြန်နေတယ်လေ … အဲဒီကောင်တွေက တောကကောင်တွေ … အများကြီးရှိတယ် … အများကြီးတင်လိုက်ရင် နွားပို့စ်ဖြစ်သွားမှာစိုးလို့ … 😛

  • mayjuly

    July 5, 2012 at 3:11 pm

    နှင်းသီးလေးလဲ စားချင်တယ်..
    အပျော်စီးသင်္ဘောလည်းစီးချင်တယ် …
    ပန်းလေးတွေလဲ လှပါတယ်…
    junction square ကတော့ ရောက်ဖူးသေးပါဘူး..
    (ဟိဟိ အဲလိုခေတ်မှီတာလေ..)

  • pooch

    July 5, 2012 at 11:34 pm

    မဝေ လက်ရည်တွေ တက်လာတယ်။ အားပေးပါတယ်။ အားတဲ့ အချိန်လေးတွေ ဝါသနာပါရာ လုပ်နေရတော့ ပျင်းချိန်မရှိတော့သလို လူလည်း စိတ်အပန်းပြေနေမှာပေါ့။ ပိတ်ရက်တွေ တောဘက်သွားနေဖြစ်တယ် ဆိုရင် နောက်လည်း ဒီလို လှတာလေးတွေ များများကြည့်ရတော့မယ် ထင်တယ်။ တောသဘာဝလေးတွေ တင်ပါအုန်း။

    သဘောင်္ခရီးကတော့ သူများစီးပွားဒုတ်နဲ့ ထိုးသလိုဖြစ်မှာစိုးလို့ မပြောတော့ပါဘူး။ အတွေ့ကြုံသစ်တွေ ရမယ် ထင်ပါတယ်။

    ပုံတွေ အားလုံးလှတယ် ။ စိတ်ထဲ အကြိုက်ဆုံးကတော့ နံပါတ် ၁ရ ဂျန်းရှင်းအတွင်းပိုင်း ရိုက်ထားတာလေးပါ။ အားလုံးထဲမှာ ကွဲထွက်နေလို့။
    နောက် ပါစင်နယ် ဖီလင် ပါးပါးလေးလည်း ရှိလို့ 😀 ( တိုက်ဆိုင်တာပါ )

Leave a Reply