မှတ်သားစရာ သတ်ပုံကဗျာ

lynn lynnJuly 4, 20121min16812

မမှားစေလို သတ်ပုံကို ရွတ်ဆို မှတ်သားလိုက်နာမည်

– ဂ ငယ်သံပါ ကရုဏာ ကကြီး နဲ့ပဲ ရေးရသည်။

– သစ်ပင် ချုံနွယ်၊ ချင့်ချိန်တွယ်၊ ချီးကျူးကိုလည်း ပင့်ရသည်။

– စောင်ခြုံကွေးတယ်၊ ခြယ်မှုန်းတယ်၊ ခြယ်လှယ်ကိုလည်း ရစ်ရသည်။

– င ရရစ်မှာ ဟထိုးမပါ၊ ရန်ငြိုးတစ်ချောင်းငင် ရေးရသည်။

– မကြာမီမှာ ဟထိုးမပါ၊ မှီခိုမှာတော့ ရေးရသည်။

– မ ရရစ်မှာ ဟထိုးမပါ၊ မျှားကို မြားလို့ ရေးရသည်။

– လေပြည်ညင်းမှာ ဟထိုးမပါ ပြေကို ပြည်လို့ ရေးရသည်။

– ညည်းညူ ညည်းတွား အရေးအသား ညများနဲ့ပဲ ရေးရသည်။

– ယောက်ျား ရေးရာ ငသတ်မပါ ကကြီးမှာပဲ အသတ်တင်သည်။

– ပစ်လွှတ်၊ ပစ်ခွာ၊ အမှိုက်ပစ်ရာ၊ ရ ရစ်မပါဘဲ ရေးရသည်။

– ဟထိုး ဘယ်မှာ တစ်ချောင်းငင်ညာ လှည့်ကာဆွဲလို့ ရေးရသည်။

– အဆို အမှာ နောက်ဝှိက်မှာ အဆံနဲ့လည်း ရေးရသည်။

– ရ ဆို အဆံနဲ့ပဲ ရစ်ကာဆွဲ ရနှင့် ရ (ခုနှစ်) ကွဲရမည်။

– ‘မ’ ပါလျှင် ဘဲ၊ မပါပဲ၊ ပဲနှင့်ဘဲတို့ ကွဲပြားသည်။

– လူအချင်းချင်း ချစ်ခင်ခြင်း၊ ချင်းနှင့်ခြင်း တို့ ကွဲပြားသည်။

– တောတောင် စိမ်းလန်း၊ စိတ်စွဲလမ်း၊ စိမ်းလန်း စွဲလမ်း ကွဲပြားသည်။

– တသတ် ကသတ်၊ ထိုနှစ်ရပ်၊ ပညာတတ်မှာ ရောတတ်သည်။

– အပေါ်ကိုတက်၊ တတ်မြောက်လျက်၊ တက်နှင့် တတ်တို့ ကွဲပါသည်။

– ဒေါသ သိမ်းဆည်း၊ အမျက်မကြီး၊ သည်းခံကိုလည်း ‘ည’ သတ်သည်။

– င ရရစ်မှာ ကြော်ငြာလာ၊ ညနဲ့ရေးတော့ သတင်းကြေညာ။

– ကျေးငှက်တွန်ကျူး၊ ယပင့်ကျူး၊ လွန်ကြူးကိုတော့ ရရစ်သည်။

– အကျိူးရလာဒ် ‘ဒ’ ဒွေးသတ်၊ ဆုလာဘ်ကိုတော့ ‘ဘ’ သတ်သည်။

– ဂဏန်းရေတွက် ‘စ’ သတ်ထည့် တစ် နှစ် တ လည်း ကွဲပါသည်။

– ရေးတော့အမှန် ဖတ်အသံ မြန်မာမှန်က သိရမည်။

12 comments

  • mamanoyar

    July 4, 2012 at 11:37 am

    အခုလို သတ်ပုံကဗျာလေးအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်
    ကူးပြီး ညကျက်လိုက်ပါဦးမယ်နော်

  • maung khinmin

    July 4, 2012 at 11:48 am

    အလွန်တန်ဖိုး ရှိပါ၏…..ကျေးဇူးအထူးတင်ပါ၏

  • မွန်မွန်

    July 4, 2012 at 11:55 am

    သတ်ပုံအဖွဲ့က လက်မတစ်ချောင်းထောင်ပြီး ဂုဏ်ပြုပါတယ်ရှင်… 🙂
    ဒီကဗျာလေးနဲ့ဆို တော်ရုံတန်ရုံသတ်ပုံမမှားတော့ဘူးပေါ့..။
    တကယ့်အဖိုးတန် ကဗျာလေးပါ…

  • aye.kk

    July 4, 2012 at 12:27 pm

    lynn lynn,….
    သတ်ပုံကဗျာလေးအတွက်
    ကျေးဇူးပါပဲကွယ်။။

  • မဂွတ် ထော်

    July 4, 2012 at 12:51 pm

    ကျေးဇူးတင်ပါတယ် မသိတာတွေ
    ကိုဝေမျှပေးတဲ့တွက်
    နောက်လဲဒါထက် ဗဟုသုတရမဲ့ဟာလေးတွေ
    တင်ပေးပါအုံးနော်..

  • မမ အညာသူ

    July 4, 2012 at 1:21 pm

    တကယ်ကို
    ကျေးဇူးတင်ပါတယ်
    မှတ်သားသွားပါတယ်နော်

  • မောင်ပေ

    July 4, 2012 at 1:56 pm

    အသက်ကကြီးပြီဆိုတော့… ကျက်ရင် မေ့သွားနိုင်လို ့
    ကူးသွားပါတယ်နော
    ကျုပ်တို ့ဒီမှာ စာရေးတိုင်း ထုတ်ကြည့်ပြီး သတ်ပုံအမှားအမှန် စစ်လို ့ရပြီပေါ့ဗျာ
    ကျေးကျေးပါနော

  • may flowers

    July 4, 2012 at 3:12 pm

    မှတ်သားစရာ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ လိုက်အောင် မှတ်သားစရာမို့ မှတ်သားသွားပါတယ် လင်းလင်းရေ..

    ကျေးဇူးပါ။

  • shwe kyi

    July 4, 2012 at 4:26 pm

    ဖတ်ရှုမှတ်သားသွားပါတယ် အစ်မရေ။

  • kyeemite

    July 4, 2012 at 4:56 pm

    ဒီလိုလူတကာအတွက် မှတ်သားလောက်တဲ့
    ဗဟုသုတ..အထူးသဖြင့် လူတိုင်မှားနေကြတဲ့
    မြန်မာသတ်ပုံနဲ့ပါတ်သက်တဲ့ လင်္ကာလေးကို
    ဂေဇက်မှာတင်ပေးတာ ကျေးဇူးပါဗျာ…လင်းလင်းရေ..
    နာမည်နဲ့လိုက်အောင် သူများတွေကိုအလင်းတွေဆက်ပေးနိုင်ပါစေ..
    ခင်တဲ့…
    ကြီးမိုက်။

  • snow white

    July 4, 2012 at 6:53 pm

    တကယ့်တန်ဖိုးရှိတဲ့ကဗျာလေးဘဲ ကျက်မှတ်ထားသင့်တယ် ကျေးဇူးပါနော်။

Leave a Reply