Facebook ပေါ်မှ ဟာသ ၁ ခု

King of Secrets (Bo Min)July 4, 20121min36918

၁။

””မေ့တတ်လိုက်ပုံများ””

စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်မ

ျား
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…” ဟဲ့..ယောကျင်္ား ဒါကဘယ်တုန်း ”
ယောကျင်္ား… ” ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ”
မိန်းမ…” ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို ”
ယောကျင်္ား…” အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်..”

18 comments

  • blackchaw

    July 4, 2012 at 12:43 pm

    အသာလုပ်ကြပါဗျာ။
    ရွာထဲမှာ မနက်ခင်း ပို့စ် တင်ရင် နေ့လယ်ခင်းလောက်ပျောက်ပျောက်သွားတတ်တာကြောင့်
    တောင်းပန်ပါရစေ ဦးလေးရေ…။
    ဒီလောက်လေးနဲ့တော့ ပို့စ်တစ်ပုဒ်တင်ပြီး ရှားရှားပါးပါး နေရာလေးတွေကို မယူကြဖို့
    လေးလေးစားစား တိုက်တွန်းပါတယ်ဗျာ…။
    မေ့တတ်တဲ့ ယောက်ျား အကြောင်းကလည်း ဖတ်ဘူးပြီးသားပေမယ့်
    အားနာပါးနာ ရယ်သွားတယ်ဆိုတဲ့ အကြောင်း…။
    :mrgreen:
    အော် အနိစ္စ အနိစ္စ အနိစ္စ…
    အမြဲမရှိပါတကား…။

    • ပစ်စလက်ခတ် မျက်ရည်

      July 4, 2012 at 12:50 pm

      စောစောက ချက်မှာ ပြောသွားတာလေးတွေ နဲ့ ဆက်စပ်တွေးရင်း…
      သများပါ ရောပီး စိတ်ထိခိယက်သွားဘာဘီ …ဘဘဘလက်ရယ်…

      ရှိုက်သံများ…

      • မောင်ပေ

        July 4, 2012 at 12:59 pm

        မော်ဒရေတာကိုကိုတို ့ရေ
        အဲဒါ စောင်းနေကြတာလို ့ထင်ပါရဲ ့ဗျာ…
        သဂျီးကလဲ မကိုင်ဘူးဆိုတော့..
        စည်းကမ်းလေးတွေ ကြပ်မတ်ပေးကြပါဦး

    • King of Secrets (Bo Min)

      July 4, 2012 at 3:26 pm

      အများကြီးတင်မှာပါ၊ ကွန်ပျူတာ အချိန်ပြည့်သွားလို. ဒါလေးဘဲ Share လိုက်ရတယ်၊ Sorry

  • မဂွတ် ထော်

    July 4, 2012 at 12:53 pm

    ေိ…ေိ…ေိ

  • mamanoyar

    July 4, 2012 at 12:55 pm

    အင်း ပြုံးသွားတယ်နော်

  • blackchaw

    July 4, 2012 at 3:44 pm

    ပို့်တင်သူ ညီလေးရေ…။
    ဒီရွာထဲက ရွာသူရွာသားတော်တော် များများ
    Facebook သုံးကြပါတယ်…။
    Facebook ပေါ်က ဟာသတော်တော် များများကိုလည်း ဖတ်ဘူးကြပါတယ် ညီလေးရေ။
    တတ်နိုင်ရင် အသိအမြင် တိုးတက်စေမယ့် ရှားပါး အကြောင်းအရာတွေကလွဲရင်
    ဟာသတွေလောက်နဲ့တော့ ဒီရွာထဲ ယူမတင်စေချင်ပါဘူးဗျာ…။
    လေးလေးစားစား တောင်းဆိုတာပါ။
    ကျေးဇူးပါဗျာ။

    • King of Secrets (Bo Min)

      July 4, 2012 at 3:46 pm

      ကျွန်တင်တဲ့ အခြား အကြောင်းအရာတွေအကုန်ကောင်းတယ်လို.ထင်တာဘဲ၊ ဒီတစ်ခု နဲနဲ ပေါသွားတယ်၊ ဟီး

      • ပစ်စလက်ခတ် မျက်ရည်

        July 4, 2012 at 10:09 pm

        ပိုစ့်ရဲ့ ညာဘက်ဘေးမှာတင်

        Do & Don’t (Rules)

        ရှိတာမို့ …ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်..

        4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
        5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

        8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။

        12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။

        ဆိုတာလေး quote လုပ်ချင်ပါတယ်…

  • snow white

    July 4, 2012 at 4:39 pm

    ဗိုလ်မင်း ငါ့လည်း ပြောခံရတယ် ငါ့တို့လည်းကြိုးစားတင်ကျမယ်နော် နင်ကတော်တယ် နောက်လည်းဆက်ရေးပါအုံး ကြိုးစားနော် ဂေဇက်ထဲက မထွက်ဘူး ပျော်လို့ ။

  • may flowers

    July 4, 2012 at 7:58 pm

    ထွက်နဲ့ ထွက်နဲ့ တို့လဲထွက်ဘူး…ကိုယ်တိုင်ရေးရတာ…ခေါင်းစားပြီး…ဝိုင်းပြောနေကြတော့ကာ..ခု

    ဘယ်ပိုစ့်လေး ကော်ပီကူးတင်ရင်ကောင်းမလဲ လိုက်ကြည့်လိုက်ဦးမယ်…ဟိ။

    • မောင်ပေ

      July 4, 2012 at 9:55 pm

      ဒီကလူတွေကို စာသိပ်မဖတ်ဘူး ထင်ရင်
      လုပ်ကြည့်လေ….

  • may flowers

    July 4, 2012 at 11:24 pm

    ဟယ်…………နောက်ပြီးမန့်လို့တောင်မရတော့ပါလား……………..အမှားပါသွားရင် ဆောတီး..ဆောတီး

    နောက်ဆို ………သတိထားမှ (ဒီနေ့တွတ်ပီကံမကောင်းပါလားနော်)။

  • the best

    July 5, 2012 at 12:58 am

    King of Secrets (Bo Min) ရဲ့ “Facebook ပေါ်မှ ဟာသ ၁ ခု” က မရယ်(ရီ) ရဘူး။
    Comment တွေဖတ်ရတာက ပို ရယ်(ရီ) ရတယ်။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 10:35 am

    တကယ်ပါပဲနော်…
    ရှင်…ရူးနေပြီ…
    အမေ့ကောင်းလေးပဲ….။

  • ရှင်းသန့် နွယ်

    July 5, 2012 at 10:47 am

    ဖတ်သွားပါတယ်နော်…

  • ငပွကြီး

    July 5, 2012 at 11:22 am

    -ေိ…ေိ…ေိ
    -အင်း ပြုံးသွားတယ်နော်
    -ဖတ်သွားပါတယ်နော်…
    -အင်းးးးးး ကိုကိုပေ တို့ ကိုကိုဘလက် တို့ပြောမယ်ဆိုလဲ ပြောချင်စရာပါဘဲ….
    ခံစားရတယ်…

Leave a Reply