အချစ် ရဲ့…မြစ်မှာ…

ယစ်မူး ပြီး…ရူးသွားတဲ့….ကဗျာ

ကာရန် ပါချင်မှ..ပါမယ်

 

မူးမူး ရီရီ…ဆည်းဆာ မှာ

နေ၀င်ချိန် ရဲ့..အလှဘုရင်မကို

တောင်တန်း ပြာတွေက …ရိုသေခယ နေကြတယ်..

 

ရင်ဘတ်ခြင်း  ကြိုးညှိ  ရင်း…

စောင်းသံတွေ   ကျပျောက်

လွမ်းနေ သလောက်တော့…

ကဗျာတွေနဲ့ ….ရဲရဲတောက်

လောင်ကျွမ်း ပစ်လိုက်ချင်သေးတယ်…

 

နှင်းဆီ လိုလည်း..ရဲခဲ့ဘူးတယ်…

ဆူးမပါ ဘဲ..

စပါယ်လိုလည်း..ဖူးခဲ့ဘူးတယ်..

ရနံ့  မလှိုင်ဘဲ…

တစ်ကယ်တော့  ကောင်မလေးရေ….

ငါဟာ….ရေမစီးတဲ့မြစ်မှာ..

စင်းစင်းကြီး သေနေတဲ့….

ကဗျာ တစ်ပုဒ် ပဲ..ဖြစ်တယ်…။။။

 


About maung khinmin

maung khinmin has written 85 post in this Website..