တို့များလစာဘယ်တော့များမှတိုးမလဲ…..

snow whiteJuly 4, 20121min26347

စနိုးလစာထုတ်ရက်ရောက်မှာကြောက်တောင်  ကြောက်တယ် စနိုးတို့ဘဝကပိုက်ဆံလေး၇၀၀၀၀ဝ    ၈၀၀၀၀ဝ ရောက်ဖို့ကို  တစ်လလုံးအချိန်တွေ လုပ်အားတွေ ပေးကျရတယ်   ၅၀၀ဝတန်ထွက်လာတော့   လစာထည့်ပေးတဲ့ အိတ်လေးထဲ မှာ  ပိုက်ဆံကပါးပါးလေး  ပါလို့ပါမှန်းတော့မသိတော့ဘူး  ၅၀၀ဝတန်လေး  ၁၄ရွက်ဆိုတော့ ပါးပါးလေးဖြစ်နေတာပေါ့  အော်  င့ါလုပ်တဲ့တစ်လလုံးလစာက ၅၀၀ဝတန်လေး၁၄ရွက်ပါလားပေါ့   ခုတော့ ၁၀၀၀ဝတန်ထွက်လာပီ    လစာထုတ်ရက်ရောက်ရင်  ၁၀၀၀ဝတန်လေးရရွက်လေး ပေါ့နော် လစာကသာနည်းတာ   သုံးတာကျတော့မြန်သားနော်၃၀  ၃၁ ရက်လစာထုတ်တယ်      ၃ရက်နေ့လောက်ဆို ကုန်ပီ တစ်လလုံးအလုပ်ပြန်လုပ် လစာထုတ်ကုန်နေ ပီ   ပိုက်ဆံအရွက်ကြီးတွေ သာ ထွက်နေ တို့သူဌေးများဘယ်တော့များမှ လစာတိုးပေးမလဲ လေ စောင့်ရင်း အသက် တရက်ကြီးပြန်ပြီ…………………………

 

47 comments

  • mamanoyar

    July 4, 2012 at 1:44 pm

    တူတူပဲ စနိုးရေ
    လစာတိုးစေချင်ပါတယ်
    ဆုတောင်းပေးလိုက်ပါ၏

    • snow white

      July 4, 2012 at 3:55 pm

      အမှားကောင်းလေ
      လစာရတာ က၇၀၀၀ဝ ၈၀၀၀ဝ ရေးတာ
      မှားကောင်းအဲ့လောက်လစာရချင်သားအိပ်ငို်က်နေတာလေ အလုပ်အားတုံးလေးရေးလိုက်တာ ဟီးးးးးးးးးးးးးးးးးးအမှားကောင်းလေး အဲ့လစာလိုချင်နေတာ သူဌေးတာဒီ ရေးထားတဲ့စာလေးတွေ့သွားရင် တက်သေလောက်ပီ သူမပေးနိုင်လို့လေ ၅၀၀ဝတို့ဖို့တောင် ၃လကျော်သွားပီ ။။။။

    • snow white

      July 4, 2012 at 3:57 pm

      အမှားကောင်းလေ
      လစာရတာ က၇၀၀၀ဝ ၈၀၀၀ဝ ရေးတာ
      မှားကောင်းအဲ့လောက်လစာရချင်သားအိပ်ငို်က်နေတာလေ အလုပ်အားတုံးလေးရေးလိုက်တာ ဟီးးးးးးးးးးးးးးးးးးအမှားကောင်းလေး အဲ့လစာလိုချင်နေတာ သူဌေးတာဒီ ရေးထားတဲ့စာလေးတွေ့သွားရင် တက်သေလောက်ပီ သူမပေးနိုင်လို့လေ ၅၀၀ဝတို့ဖို့တောင် ၃လကျော်သွားပီ ။။။။ မှားတာလေးပြင်ဖတ်ပေးနော် ဟီးးးးးးးးးးးးးးးးးးးးးးးးး လစာက၇၀၀၀ဝ ၈၀၀၀ဝ သုညတစ်လုံးပိုသွားတာ သေချာစစ်ပါတယ် ရှမ်းတာတော့ပြောမနေနဲ့တော့ ပြန်ပြင်ဖတ်ပေးနော် အားလုံးကိုတောင်းပန်ပါတယ် သုညပိုပါသွားလို့။။

  • မောင်ပေ

    July 4, 2012 at 1:49 pm

    ဟင်းးးးးးး
    တန်အောင်လို ့တော့ ၁၅ကျပ် တော့ရအောင်ယူရမှာဘဲ

  • Khaing Khaing

    July 4, 2012 at 2:00 pm

    စနိုးရယ်တစ်လကို ငါးထောင်တန် ၁၄ ရွက်တောင်ရတာလား အခိုင်တို့လို ၂ရွက်ပဲရတယ်လူဒွေကျတော့ တစ်လလုံးကို ဘယ်လိုဖြတ်သန်းနေရမလဲကွယ် ……. အော်ဒါကလည်း ကိုယ့်ပညာကိုယ့်အရည်အချင်းပေါ် မူတည်တယ်လို့ပဲခေါ်မှာပေ့ါနော် ……….

    • Novy

      July 4, 2012 at 2:21 pm

      ခိုင်ခိုင်ရတဲ့ 2ရွက်က 100 တန်မဟုတ်လား
      သိနေတယ်လေ 🙂

      • Khaing Khaing

        July 4, 2012 at 2:28 pm

        မဟုတ်ရပါဘူး မမနိုဗွီရယ် …. တစ်ရာတန်တောင် မြန်မာငွေဖြစ်ရင်မှန်မှာပါ ….. မှန်တာပြောရင် သိန်း ၁၅၀ဝ ဆုကို ဆယ်လဆက်တိုက်ပေါက်ရပါစေ။

        • etone

          July 4, 2012 at 4:18 pm

          ဒါဆို ချက်လက်မှတ်ပဲဖြစ်ရမယ် ..ဟုတ်တယ် မို့လား မမခိုင် ။ 😀

        • htoosan

          July 4, 2012 at 4:31 pm

          မမှန်လို့ မပေါက်တာနေမှာ….

  • ပစ်စလက်ခတ် မျက်ရည်

    July 4, 2012 at 2:12 pm

    ခေတ်ကို က အတိုခေတ် ဖြစ်နေတော့ပါလားဗျာ …
    ရှည်ရှည်ရေးပါဗျ…

    ဇဂါးမစပ် ..
    ပို့စ်ပါ အကြောင်းအရာ ပြောရရင် …
    ခု ၁သောင်းတန် ထွက်ပြီလေ …
    ၁၄ရွက် ထူတယ် ထင်ရင် ရရွက် ပြောင်းကိုင် ပေါ့ …
    အဲ … အွန်လိုင်းဘန့်ကင်း ဖွံ့ဖြိုးလာလို့ကတော့ ..
    ရရွက်တောင် ကိုင်ရမယ် မမှတ်နဲ့ …

    လခထုတ်ရက် မနက် ဝဝးဝဝ နာရီ ဆိုတာနဲ့…
    ကိုယ့် အကောင့်ထဲ ကို ကန်ပနီအကောင့်ကနေ တခါတည်း
    မန်းနီး ထွမ်စဖာ …ပီးသား ….
    စိတ်ပါရင် မအိပ်ဘဲ အွန်လိုင်းကနေ ဘဏ်အကောင့်ကို လော့ဂင်ဝင်
    အက်ဖ်ဖိုက် ထိုင်နှိပ်ပီး စောင့်ကြည့်လို့ရသေးရဲ့…

    အဲ … သုံးတော့လည်း ..ကတ်ရှ်ကတ် နဲ့ …ဂျိ ကနဲ ဂျိကနဲ ဖြတ်ပီး
    သုံးနိုင်ရဲ့ …အိတ်ထဲမှာ အအေးသောက်ဖို့အတွက် အကြွေဇိ ..လောက်ပဲ
    ဆောင်ရတဲ့ ခေတ် ဖြစ်လာစေချင်ပါဘီ ဗျာ..
    (တကယ်ဖြစ်စေချင်တာပါ… မြန်မြန်ဆန်ဆန်)

    ကဲကဲတော်သေးဘီ…
    ကျုပ်ကွန်းမန့်တောင် ညည်းပိုစ့်ထက် ရှည်သွားဘီ…

    • snow white

      July 4, 2012 at 4:04 pm

      စိတ်ကြီးဘဲ ရေးချင်တာပေါ့လို့” ပစ်စလက်ခတ် မျက်ရည်” တို့လိုစနိုးတို့က ဆရာကြီးမှမဟုတ်တာ စနိုးတက်သလောက်မက်သလောက်လေးနဲ့ ရေးတာပါ သူကြီးတောင်ပို့စ်တို့လို့ လာမပြောသေးဘူး ဆရာကြီးက စပီ သူကျတော့ အားနေငိုဖို့လောက်ခဲစဉ်းစားနေပြီးတော့ သူများကိုအပြစ်ပြောတဲ့သူတွေကို မုန်းတယ် သိပါတယ် ပစ်စလက်ခတ်မျက်ရည်လောက်မတော်ပါဘူးပညာလေးတွေသင်ပေးလေ ပညာကျတော့ လျှိုနေပြီးတော့ စနိုးက ပို့စ်တိုတာဘဲ ရှိတယ် အဲ့လိုပြောကြေးဆို ဘာမှ လည်းမရေးဘဲ နဲ့ အဖြူဘဲ မြင်ရတာဆိုဘယ်လိုပြောအုံးမလဲမသိဘူး။

      • ပစ်စလက်ခတ် မျက်ရည်

        July 4, 2012 at 10:04 pm

        ကျုပ် ဘာဆြာဂျီးမှ မဟုတ်သလို ..
        ဘာပညာ မှလည်း လျှိုဇယာ မရှိဘူး …
        ပိုစ့်ဘေးမှာ တင်ရှိတဲ့ ဟောဒါလေးတွေ ဖတ်စေချင်ရဲ့ဗျာ..

        http://myanmargazette.net/writing-guidelines

        http://myanmargazette.net/103358/computers-technology

        ဇဂါးမစပ်ပါ …

        Moe Z says:
        ညီမလေးရေ ( ၂၂ နှစ်ဆိုလို့ပါနော်) ..
        အပေါ်ဆုံးစာကြောင်းက ဒူးထောက်လို့ရေးတာထင်တယ်
        Zawgyi Font နဲ့ရေးတာပဲဆိုရင်
        -ု (တစ်ချောင်းငင်)၊ န တို့မှာ -့ (အောက်ကမြစ်) ထည့်ချင်ရင်
        shift key နဲ့ Y key ကိုတွဲနှိပ်ပေးနော်..

        သကြားလုုံးကြော် says: (Edit)
        အခုုမှပဲ Shift+Y နှိပ်ရနယ်မှန်းသိတော့တယ်။
        ကိုုယ့် အောက်ကမြစ်တွေ ကြည့်မကောင်းတာ ဘယ်သူ့မေးရမှန်းမသိဖြစ်နေတာ အတော်ပဲ။

        သများမောင်လေး …မိုးဇက် တော့ စိတ်ထိခိယက်တော့မှာပဲ….
        ကျေးဇူးတင်ဇဂါးကျ တော့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးပီး ..
        ဟောဒီပိုစ့်
        http://myanmargazette.net/135681/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
        မှာလည်း မလိုက်နာ သလို

        ယခုပိုစ့်မှာလည်း ထိုနည်းလည်းကောင်း……

        ဘာမှမဟုတ်ပါဘူး ..ပညာရှိုတယ် တို့ …
        သင်ပေးပါလား တို့ …ပြောထားလို့ …
        သင်တဲ့လူက သင်ပေးတာလေးကျတော့ လိုက်လုပ်သလား ..ကြည့်ကြည့်တာပါ…

        သများ မောင်လေး မိုးဂုတ်… (ဂုတ်နဲ့ဇက် ဘာမှမကွာဘူး)
        စိတ်ထိခိယက်သွားရင်… သများ ရရက်တိုင်တိုင် မီးဒုတ် ကိုင်ပီး …စန္ဒာ ပြပါမယ်…

        နောက်တာပါဗျာ ..
        အားလုံးက ခင်တတ်ကြပါတယ်..
        အမ်ပီတီ … မြန်မာ ပက်ကျိ တက္ကနစ်ရှင်တွေရဲ့ ကော်နက်ရှင် ကြားကအန်တုပီး
        ကောမန့်တွေ အများကြီး ဝိုင်းပေးထားကြတဲ့
        ရွာသူားတွေ ကို အမှန်တကယ် ခင်မင်တယ်ဆိုရင် …ပိုစ့် ကို ရှည်ရှည်ရေးစေချင်ကြောင်း ရယ်ပါ…

        တော်သေးဘီ
        ခင်တဲ့
        ဂီ

        • မောင်ပေ

          July 5, 2012 at 2:06 am

          Snow white ရေ
          ဂေဇက်နာမည်ကြီးခဲ့တာ ဘာမဟုတ်တဲ့ အကြောင်းအရာ တစ်လုံးစ နှစ်လုံးစကြောင့် လို့ မင်းထင်နေရင်…..
          အချိန်မှီ ပြင်လိုက်ပါနော

  • မဂွတ် ထော်

    July 4, 2012 at 2:15 pm

    ဒို့လဲ အလိုပါပဲတိုးမလားတိုးမလားစောင့်ရတာ
    မော …ဟီး အဆဖော်ရသွားပီ

  • may flowers

    July 4, 2012 at 2:20 pm

    အော်..စနိုးရယ် လစာ ရသိန်း ၈သိန်းရတဲ့စနိုးကပြောနေတော့ နာတို့ သောင်းဂဏန်း

    ရတဲ့လူတွေတော့ပြောတော့ဘူး………ပြောတော့ဘူး။

  • blackchaw

    July 4, 2012 at 2:32 pm

    ဒေါ်စနိုး ရေ့။
    ကျွန်တော်တို့ ရွာသူရွာသားတွေကိုလည်း အားနာပါဦးဗျ…။
    စာလေး ရှစ်ကြောင်းလောက်ရေးပြီး ပို့စ်တစ်ပုဒ်တင်တယ်ဆိုကတည်းက
    ကျန်တဲ့ လူတွေကို ဂရုမစိုက်တဲ့ သဘောဖြစ်နေပြီဗျာ…။
    ဒီလောက်လေးနဲ့ တော့ ပို့စ်မတင်ဖို့
    မုန်းချင်လည်း မုန်းဗျာ..။
    ပြောပါရစေ။

    • snow white

      July 4, 2012 at 4:22 pm

      အဲ့လိုလည်းမဟုတ်ပါဘူး မုန်းတာတော့မမုန်းချင်ပါဘူး စာလေး ရှစ်ကြောင်း လောက်ရေးပြီးပို့တင်တာလည်းမဟုတ်ဘူး မေးပြီးတော့ မှ ရေးတာ သတ်မှတ်ထားလို့လား စာလေးနည်းနည်းနဲ့ပို့စ်မတင်ရဘူးလို့သတ်မှတ်ထားရင်လည်း နောက်မတင်တော့ ဘူးမန်ဘာစဝင်ထဲ က မသတ်မှတ်ထားဘူးထင်လို့ ရေးတင်တာ မကြိုက်ရင်လည်း ကွန့်မတ်လာမပေးလည်းဖြစ်တယ် အမြင်ဗဟုသုတ ဖလှယ်ရတယ်သတင်းလေးတွေဖတ်ရတယ်ဆိုလို့သာမန်းဂေဇက်မှာစနိုးတို့ပျော်နေတာ စာလေး ရှစ်ကြောင်းလောက်နဲ့ လည်း အမြင်တူ အကျိုးတူသူတွေနဲ့လည်းပြောလို့ရလို့ ဒီစာလေးကိုတင်တာပါ ကို blackchaw တို့လို့လည်း မတော်ပါဘူး အသိဉာဏ်ချင်ဖလှယ်တဲ့သဘောပါဘဲ ။။

  • စိန်ဗိုက်ဗိုက်

    July 4, 2012 at 2:37 pm

    ဖလား..ဖလား….ဖလား..
    ပိုက်ဆံလေး၇၀၀၀၀ဝ ၈၀၀၀၀ဝ ရောက်ဖို့ကို တစ်လလုံးအချိန်တွေ လုပ်အားတွေ ပေးကျရတယ် ရှိုဘဲ
    ခုနစ်သိန်း ရှစ်သိန်း…..
    များတို ့ ရ သောင်း ၈ သောင်းတောာင် အနိုင်နိုင်

  • TNA

    July 4, 2012 at 2:49 pm

    လစာမှာသုညတလုံးပိုတာလား ၅၀၀ဝ တန်အရေအတွက်မှာ သုညတလုံးလိုတာလားဟင်။ နဲနဲပဲကွာနေတယ်။ ခြောက်သိန်းနဲ့ သုံးသောင်းလေးပါ။

  • ahnyartamar

    July 4, 2012 at 3:14 pm

    စနိုးလစာထုတ်ရက်ရောက်မှာကြောက်တောင် ကြောက်တယ် စနိုးတို့ဘဝကပိုက်ဆံလေး၇၀၀၀၀ဝ ၈၀၀၀၀ဝ ရောက်ဖို့ကို တစ်လလုံးအချိန်တွေ လုပ်အားတွေ ပေးကျရတယ် ၅၀၀ဝတန်ထွက်လာတော့ လစာထည့်ပေးတဲ့ အိတ်လေးထဲ မှာ ပိုက်ဆံကပါးပါးလေး ပါလို့ပါမှန်းတော့မသိတော့ဘူး ၅၀၀ဝတန်လေး ၁၄ရွက်ဆိုတော့ ပါးပါးလေးဖြစ်နေတာပေါ့ အော် င့ါလုပ်တဲ့တစ်လလုံးလစာက ၅၀၀ဝတန်လေး၁၄ရွက်ပါလားပေါ့

    တခုခုတော့များနေပြီ၊ ကိုယ့် post ကိုသေချာပြန်စစ်ပါအုံး snow white ရေ…………

    • etone

      July 4, 2012 at 3:17 pm

      အီ … ကို အညာတမာပြောမှ သတိထားမိတော့တယ် … သုညတွေကို မရေမိလိုက်ဘူး ..ကိုယ့်ဘာသာဖတ်တော့ … ခုနှစ်သောင်းရှစ်သောင်းဆိုပြီး ကျော်ဖတ်သွားမိတယ် … ။ တယ်လျှင်တဲ့ မျက်စိ … ။

      • snow white

        July 4, 2012 at 4:06 pm

        သုညပိုသွားလို့ပါ တောင်းပန်ပါတယ် နော် ပြင်ဖတ်ပေးကျပါ ယတြာတော့ကျေကုန်ပါပီ ။

  • etone

    July 4, 2012 at 3:14 pm

    စနိုးရယ် … ရောင့်ရဲ တင်းတိမ်တတ်မှုလေး အခုချိန်မှာ မွေးမြူလိုက်ပါလို့ … အကြံပေးရင်း .. အားပေးလိုက်ချင်ပါတယ် … ။
    သူများ အလုပ်လုပ်နေရသရွှေ့တော့ ဒီလိုမျိုး စိတ်ကူးရှိတာ … ကိုယ်ချင်းလည်း စာပါတယ် ။
    ဒါပေမယ့်လည်း …. ကိုယ့်အတွက် အလုပ်တစ်နေရာ ရှိတာကိုပဲ ကြံဖန်ပြီး ဝမ်းသာလိုက်ပါ ။ သူများတွေ လစာဒီလောက်လည်းမရပဲ တနေကိုယ် မတ်တပ်ရပ်နေရတယ် .. မနက်ကိုး ညကိုး ရပ်နေရတယ် … အထက်လူကြီးက ပရက်ရှာပေးတဲ့အခါ ပြန်လည်ချေပ ဆွေးနွေးခွင့်မရှိပဲ … မဟုတ်လည်း ငုံ ့ခံ ၊ ဟုတ်လည်း ငုံ ့ခံ ကြရတယ် ။ အလုပ်နဲ့ မဆိုင်တဲ့ ပါဆယ်လ်နယ်ကိစ္စတွေခိုင်းတာ အထိပါလုပ်ရတယ် ။
    ကိုယ်လုပ်တဲ့ အလုပ်က အဲ့ဒီလိုမဟုတ်ပဲ ၊ ထိုင်ခုံလည်း သတ်သတ်မှတ်မှတ်ရှိတယ် ၊ အင်တာနက်နဲ့လည်း ထိတွေ့ခွင့်ရတယ် ၊ မိုးလုံလေလုံမှာ အလုပ်လုပ်ခွင့်ရှိတယ် ဆိုလျှင်ပဲ … ကိုယ်က အတော်ကံကောင်းနေပြီလို့ … ရှာကြံပြီး တွေးပျော်လိုက်ပါနော် … ။

    အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ … အဲ့ဒီကိစ္စလေးက အမြဲရှိတယ် … အလုပ်ရှင်ကတော့ နည်းနည်းပဲ ပေးပြီး ခိုင်းလို့ ရသမျှ ခိုင်းချင်တယ် ၊ အလုပ်သမား ကလည်း နည်းနည်းပဲ လုပ်ရရ၊ များများပဲ လုပ်ရရ လစာ ပိုလို့ ရသမျှ လိုချင်တယ် … ကိုယ်လည်း အတူတူပါပဲ .. ထိုင်နေရင်းတောင် လစာပိုတိုးလိုချင်တာ သဘာဝပါ ။ ဒါပေမယ့်လည်း အလုပ်ရှင်က ကျေနပ်လို့ ပေးမှ ရမှာ မဟုတ်လား … ကိုယ့်ဘက်က တဆာဆာ တောင်းနေတာတောင် ရချင်မှ ရတာမျိုးမို့ .. သူပေးချင်လာအောင် … ကိုယ့် ကိုယ်ကို အရေးပါပြီး အသုံးဝင်တဲ့ လူတစ်ယောက်ဖြစ်အောင် မြင့်တင်ဖို့လိုပါတယ် ။ ဒါမှသာ လုပ်ငန်းအတွက် ကိုယ်ကမရှိမဖြစ်ဆိုတဲ့အနေထားမျိုးဖြစ်လာပြီး .. ကိုယ်လိုသလောက် တောင်းနိုင် ဈေးကိုင်နိုင်မှာလို့ မြင်မိပါတယ် …

    အဟိ .. ချွန်ပေးတာမဟုတ်ဘူးနော် … နားလည် လက်ခံထားတာ .. အဲ့လိုမျိုးဖြစ်နေလို့ … ဟိဟိ 😀

  • King of Secrets (Bo Min)

    July 4, 2012 at 3:33 pm

    အသုံးနဲ. အဖြုန်း ခွဲခြားထားမှပေါ့၊ ၇၀၀၀ဝ က အသုံးမြ်းတောင် ၁ ပတ်ကျော် ခံပါတယ်ဗျာ

  • နှင်းဆီ ငုံ

    July 4, 2012 at 3:36 pm

    နေ့တိုင်း နေ့တိုင်း လစာမဟုတ်ပဲ နေ့စာထုတ်ထုတ်ပေးနေရင် ကောင်းမယ်နော် စနိုး …. ဟိ ပြောကြည့်တာပါ ရမလားလို့

  • manawphyulay

    July 4, 2012 at 3:42 pm

    ဒါကြောင့် ပြောတယ်။ တစ်ဝက်စားပြီး တစ်ဝက်ကို စုပါလို့လေ.. မနော ရေးထားတာ မဖတ်ဖူးထင်တယ်။ ကိုယ်ရဲ့ ကိုယ်ပိုင်ငွေများကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာလေ… အဲလို ကျင့်ကြည့်ပေါ့ စနိုးလေးရယ် ဟုတ်ဘူးလား။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 3:44 pm

    ဟုတ်ယ်နော်…
    စနိုးပြောတာလည်း မှန်လိုက်တာ…
    သုံးလိုက်တော့ ဘယ်လိုကုန်သွားမှန်းသိဘူး..
    ဟီးးးးးးးးးးးးးးးး
    လစာကလည်းတိုးသေးဘူး…..
    ဘယ်တော့များမှ တိုးမလဲသိဘူးနော်….
    အစကတော့ June လပေါ့နော်…
    နောက်ကျတော့ တစ်ခါ..July ပေါ့နော်…
    အင်းးးးးးးးးးးဒါလဲတိုးသေးဘူးဆိုရင်တော့….
    ဂွမ်းးးးးးးးးးပါပြီ….:'(

  • the best

    July 4, 2012 at 3:52 pm

    အခုအချိန်မှာ လစာတိုးပေးပါဆိုတာထက် ကုန်ဈေးနှုန်းမတက်အောင်ပဲဆုတောင်းရဲတော့တယ်။

    လစာတိုးလို ့ သူဌေးတွေက နိုင်ငံတော်ကိုတင်ပြရင်
    နိုင်ငံတော်က လုပ်ငန်းရှင်တွေ အကာအကွယ်ပေးဖို ့
    ငွေလဲနှုန်းမြင့်လိုက်ရင် ကုန်ဈေးနှုန်းက ထပ်တက်ရင် ပိုဆိုးနေမယ်။

    လုပ်ငန်းရှင်တွေ အကာအကွယ်ပေးမှ သူတို ့အတွက် အဆင်ပြေမှာလေ။

    ဆန္ဒလည်း မပြရဲတော့ပါဘူး။

    ဟိုတစ်လောက ဆန္ဒပြလို ့လစာတိုးပေးလိုက်ရလို ့လုပ်ငန်းရှင်တွေ အကာအကွယ်ပေးဖို ့
    ငွေလဲနှုန်းဆွဲတင်ပေးလိုက်တာ နိုင်ငံခြားငွေကိုင်တဲ့ လုပ်ငန်းရှင်တွေ
    ပိုလို ့တောင်အမြတ် ထွက်သွားတယ်။

    မြန်မာငွေနဲ ့လစာရတဲ့ ဝန်ထမ်းတွေတိုးထားတာနဲ ့မကာမိအောင်
    ငွေလဲနှုန်းဆွဲတင်ပေးပြီး ကုန်ဈေးနှုန်တက်အောင် ပညာပေးလိုက်ပြီလေ။
    အခုအီဆိမ့်နေအောင်ခံရပြီ။

    လုပ်ငန်းရှင်တွေက တောင် နောက်ထပ်ပြအုံးလေ
    တို ့အဘက တို ့အတွက် ငွေလဲနှုန်းဆွဲတင်ပေးဖို ့အဆင်သင့်ပဲတဲ့။

  • Mon Kit

    July 4, 2012 at 4:01 pm

    အော်ရယ်… ရေးထားတာ ရသိန်း.. ၈သိန်း..ကို တစ်လလစာဆိုတော့ ပြူးသွားတာဘဲ.. မျက်လုံးလေ..
    ဒီလောက်များထာကိုပေါ့… ဆက်ဖတ်လိုက်ကာမှ သုည တစ်လုံးလျော့ပီး ရသောင်း ဆိုဒါ အဖြေပေါ်တော့ဒယ်…
    ဟူးးးးးးးးးး…. မောထှာ
    တူတူပါဘဲ ကလေးမရယ်…
    မွန်ကစ်တို့လဲ လစာတို့မဲ့လ ကိုမျှော်နေမိဒါ….

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 4, 2012 at 4:03 pm

    အဲလိုလုပ်ပါ မစနိုးရယ် …. 7 သိန်း နဲ့ 8 သိန်း ကို ညည်းနေရတယ်လို့ ….

  • kyeemite

    July 4, 2012 at 4:39 pm

    ရဲဘော်ဘလက်ပေါက်ကွဲနေပါလား..
    ဒါဆိုသေချာတယ်..ညနေငါနဲ့ဆုံဖြစ်ပီ..
    လက်ကျန်လေးယူလာနော်ကိုဘလက်..

  • myanmarcitizen

    July 4, 2012 at 4:46 pm

    လစာလေး ၇၀၀၀၀၀၊ ၈၀၀၀၀ဝ ကိုရဖို့ လို့ပြောတော့ မျက်လုံးတောင်ပြူးသွားတယ်။ နောက် အောက်က comment ကိုဖတ်မိမှာပဲ သေချာသိသွားတယ် သုည တစ်လုံးပိုသွားတယ်ဆိုတာ။

  • မွန်မွန်

    July 4, 2012 at 5:44 pm

    တစ်ခါသား..လစာထုတ်တော့ စာအိတ်လေးက ပါးပါးလေး…
    ထင်လိုက်မိတာက..ငါးထောင်တန်ဖြစ်ချင်ဖြစ်၊ မဟုတ်ရင်တော့ ဒေါ်လှနဲ့များ ပြောင်းပေးလေသလားပေါ့.. 😛
    ဖွင့်ကြည့်လိုက်တော့ လခက ဆယ်ပုံတစ်ပုံပဲ ဖြစ်နေတယ်… ဒုက္ခပါပဲပေါ့..
    ရှင်းတမ်းစာရွက်ကို ကြည့်လိုက်တော့လည်း မှန်ပါတယ်…
    နောက်မှ ဘယ်ဟုတ်မလဲ..အလယ်မှာ 1 နှစ်လုံးထပ်နေတာကို တစ်လုံးတည်းလို့မြင်ပြီး လျော့ပေးထားတာ… တနင်္ဂနွေနေ့ကြီးဆိုတော့ လစာပေးတဲ့အစ်မကလည်း ရုံးမလာဘူး… နောက်မှ ပြောပြလိုက်တော့ ပြန်ရတယ်.. တကယ့်အမှတ်တရပဲ…

    စိတ်မညစ်ပါနဲ့ စနိုးရယ်… ကျားကြီးတော့ ခြေရာကြီးတဲ့.. လစာတိုးလာလည်း ပြန်ကုန်တာနဲ့ မကာမိပါဘူး။ ဘယ်လောက်တိုးတိုး မပိုတာက မပိုတာပဲ…။ 🙂

    • pan pan

      July 5, 2012 at 12:03 pm

      ကျားကြီးတော့ ခြေရာကြီးတဲ့.. လစာတိုးလာလည်း ပြန်ကုန်တာနဲ့ မကာမိပါဘူး။ ဘယ်လောက်တိုးတိုး မပိုတာက မပိုတာပဲ…။

      ဟုတ်တယ်ဟုတ်တယ်
      အဲ့ဒါဟုတ်တယ်

  • ko win

    July 4, 2012 at 6:54 pm

    ၇၀၀၀၀/၈၀၀၀ဝဆိုတဲ့ လုပ်ခလစာနဲ့ တစ်လ/တစ်လကို လှည့်ပတ်သုံးစွဲနေနိုင်တာ ကျွန်တော် မစနိုးကိုချီးကျူးတယ်ဗျ။ ကျွန်တော်အခုထွက်လာခဲ့တဲ့အလုပ်မှာ တစ်သိန်းရတာတောင်အဆင်မပြေဘူး။ အဲဂလိုအဆင်မပြေလို့ လစာတိုးတောင်းတယ်။ မရဘူး။ ခုတော့ လွယ်အိတ်တစ်လုံး ထီးတစ်လက်နဲ့ အလုပ်ပတ်ရှာနေရလေရဲ့။ …ဟဲ….ဟဲ

  • Mလုလင်

    July 4, 2012 at 8:33 pm

    လစာ လဲ တစ်ပြား မှ မရ၊ အလုပ်ချိန် ကလဲ အကန့်အသတ် မရှိ … တဲ့အလုပ်မျိုးကို အိမ်အလုပ် လို့ ခေါ်တယ်ဗျာ …. ကိုယ့်လစာ နဲ့ ကိုယ် သုံးနိုင်၊ သုံးတတ် တာနဲ့ တင် အားရကျေနပ် မိပါတယ်ဗျာ … အခု နည်းနေပေမယ့် နောင် များအောင် သူဋ္ဌေး ပေးတာ မျှော်နေမယ့် အစားကိုယ့် ဘာသာ ကို လုပ် ယူလိုက်မယ် ဆိိုရင် … အဲ့ဒါလေးပါ .. အားတဲ့အချိန် မှာ မွန်းမံ သင်တန်း လေးတွေ တက်ပြီး ဒီထက် တစ်ဆင့် .. နောက် တစ်ဆင့် .. အဆင့်ဆင့် မြင့်အောင် ကြိုးစားကြည့်ကြမယ်ဗျာ။
    ကိုယ်ချင်းစာတဲ့
    Mလုလင်

  • thar ag

    July 4, 2012 at 10:40 pm

    ကုန်ဈေးနှုနိးတွေကလစာ တိုးသလို လိုက်တိုးလာတော့ ဘယ်လို လုပ်ရမလဲ

  • ရဲစည်

    July 4, 2012 at 11:16 pm

    လစာတိုးလို့ကတော့
    ဒို့ကတော့ တိုးဖို့ အဆင်သင့်ဘဲ
    သွပ်…သွပ်

  • သားငယ်

    July 5, 2012 at 3:14 am

    လစာ မတိုး ရင် နေပါစေဗျာ ရတာလေးနဲ ့သုံး လို ့လောက် တာ ဘဲ ဖြစ်ချင်ပါတယ်ဗျာ..အခုတော့
    သုံးလို ့ကုန်ရမှာ နဲ ့ရတဲ ့ပိုက်ဆံက မလောက် ဘူး ဖြစ်ဖြစ်နေတာ… စရိတ်စကတွေက ဈေးကြီးလွန်းလှ
    ပါတယ် ဗျာ ..ပုံမှန်ဝန်ထမ်း တစ်ယောက် ရတဲ ့လစာက ၇၀၀၀ဝ / ၈၀၀၀ဝ အဲ ့ဒါတောင် လစာကောင်းတဲ့
    အလုပ် လို ့ပြောလို ့ရနေပြီ..အဲ ဒါပေမယ့် အလုပ်ကို အသွား အပြန်ကားခတင် တစ်လကို အသွား ၂၀ဝ အပြန် ၂၀ဝ ဆိုရင်ဘဲ ၁၂၀၀ဝ ကုန်ပေ့ါ .. ကျန်တာလေး က ဖိနပ်လေးက လည်း ပါးပေ့ါ .မိုးတွင်းဆိုတော့
    ထီးလေးကလည်း နွမ်း..အဝတ်အစား မဝယ်ဖြစ်တာကလည်း ခြောက်လလောက်ရှိပေါ့ ..လိုတာလေးတွေ
    ကလည်း နွေ..မိုး ..ဆောင်း မရိုး နိုင်အောင်ပါဘဲ..အင်းဒါတောင် နေစရာ အခန်းလေးနဲ ့စားဖို ့လေးက
    ခြစ်ခြစ်ကုတ်ကုတ် လေး နဲ ့ဖြစ်နေသေးလို ့…ကွိ.

  • ရှင်းသန့် နွယ်

    July 5, 2012 at 10:13 am

    ဘဝတူတွေပါပဲစနိုးရယ်
    လစာတိုးရင် တိုးရင်ဆိုတဲ့မျှော်လင့်ချက်လေးတွေနဲ့လေ

  • eipu

    July 5, 2012 at 11:39 am

    အားတင်းထား စနိုးရေ…
    ဝန်ထမ်းတွေရဲ့ အနည်းဆုံးအခကြေးငွေကို ဥပဒေကြမ်း လုပ်နေပြီဆိုတော့ မျှော်လင့်ချက်ရောင်နီလေး သန်းနေပြီနော်…..

  • pan pan

    July 5, 2012 at 12:01 pm

    ဟင့်
    ငိုချင်လာဘီ..အစ်..အစ်..အီး 😥
    လစာ..လစာ..

    ကလိုင်ခေါက်လိုက်ဦးမယ်
    ကျမတို့ရုံးမှာတော့ ၆လတခါ အရည်အချင်းကြည့်တယ်
    ရုံးနောက်ကျ၊ ခွင့်ရက်များလား
    ဒီနှစ် bussiness goalကိုလုပ်မယ်ဆိုပြီး ဘယ်လောက်လုပ်နိုင်လဲရယ်
    ပြီးတော့ အရည်အချင်းဘယ်လောက်လယ်ဗယ်တက်လဲတို့
    တက်ရင်လည်း နှေးလွန်းလား ဘယ်လိုလဲတို့
    ကွန်မျုနီကေးရှင်းစကေး၊ ဘာစကေးညာစကေး
    စသဖြင့် ဘာညာသရကာတွေပေ့ါ
    ပြောရင်ပြီးမှာ မဟုတ် (မှတ်မိတော့လို့…ဟိ)
    အဲ့လာတွေကြည့်ပြီး တိုးမတိုးဆုံးဖြတ်တယ်
    အဟဲ…ရာထူးတိုးရင်လည်း အဲ့လိုပဲ
    ရာထူးတိုးရင် လစာတိုးဘီလေ..ဟိ

    • Inz@ghi

      July 5, 2012 at 12:04 pm

      အေးဗျာ ..တော်တော်ဆိုးတဲ့လူဒွေ …
      သူတို့ကို ဘယ်အရူးက ကြပ်ကြပ်ပေးနေသလဲ မသိ…
      ချဉ်ပါအိ..
      :mrgreen:

      • pan pan

        July 5, 2012 at 12:09 pm

        သူတို့ကလည်း အမြဲတမ်းအတက်ပဲလိုချင်နေတာ
        ဘယ်ထိတက်ရမယ်မသိ
        အင်း…မဆုံးသောတက်ခြင်း
        မြစ်ကိုအလျားလိုက်ကူးသလိုပဲ (မြန်မာပြည်သိန်းတန်၏ ရွှေသုန္နရီဗွီစီဒီသီချင်းထဲမှာ နေအောင်ပြောတဲ့ စကားလေး) ဟိ

    • pan pan

      July 5, 2012 at 12:05 pm

      အဲ့…ထည့်မန့်မယ်
      တိုးတောင်းတာဟုတ်ဘူးနော်
      တိုးပေးတာ

Leave a Reply