မလိုချင်ဘူး…ဟဲ့…ပွိုင့်….ဒါပေမယ့်……..

tharli karJuly 4, 20121min21051

ဂေးဇက်တွင် ကိုရဲစည်မှကြီးမှူး၍ကျင်းပပေးမည့်…တစ်ပုဒ်လျှင်(၅ဝဝဝိ/)တန်..ဆင်းကဒ်…အဲလေ…

ရသစာပေဆောင်းပါးများကိုရေးကြဖို့ရန်တိုက်တွန်းနှိုးဆော်ထားပါသည်။ ကျေးဇူးတင်ရပေမည်….။

အဘယ်ကြောင့်ဆိုသော်မူလသတ်မှတ်ထားသော နှုန်းထားများမှာ… လုပ်စား…အဲ….( ကြိုးစား) ၍ပင်မကိုက်လှ..။

ကြည့်ပါဦး…..

manber စဝင်                                                                      =   (၄၀၀ဝိ/)ကျပ်

ဆောင်းပါး(သို့)တင်ချင်သလောက်တင်  (တစ်ပုဒ်)            =    (၃ဝိ/)ကျပ်

comment  တစ်ခါဝင် (“……… “ချလျှင်လည်းရသည်)   =     (၁ဝိ/)ကျပ်

ဆိုတော့……..

အခြေအနေပေးလို့…(ပိုက်ဆံပေးမည်ဟုဆို၍) ဝင်ရောက်ရေးမည်ဆိုပါလျှင်ပင်….

(၁၀၀၀၀ဝိ/) ရဖို့………ဆောင်းပါးပေါင်း…..(၃၀၀၀)ပုဒ်လောက်တော့….ဖျစ်ညစ်ကာ ကစ်ရပေမည်။

လိုတော့မလိုချင်ပါ….။ အသို့ဆိုပေမင့်  ကိုယ်ရေးထားသောစာကို ချီးမြှောက်မည်ဆိုတော့လည်း..ရချင်ပါသည်ပေါ့…။

ဒီကြားထဲ….ဆောင်းပါးတွေကို ခေါင်းကညစ်မထုတ်နိုင်…….တခြားနေရာသတင်းကို လှမ်းပြီးမချိတ်နိုင်ဖြစ်လို့

comment အနေနဲ့ ဝင်ကစ်ရင်လည်း……(၁၀ဝိ/) ရဖို့….သူများဆောင်းပါးတွေ…သတင်းတွေ..(၁၀) ခုမှာ…

“ဟုတ်ကဲ..မှတ်သွားပါတယ်”   “ယုံဘူးဗျို့……..”    “စွာလှချည်လား……..”     “ကြိုးစားထားဗျို့”    

“ေ-ွး……သူတောင်းစား..သွားသေ”     “ဟိ…ဟိ….ဗျဲ…..”   “တားတားက ဂျဂါးနပီဘူး…ထွင့်ယွှတ်ညော်….”

ဆိုပြီး……..ဝင်ဆွဲရမှာဆိုတော့……လိုင်းကောင်းရင်တော်သေးရဲ့ ………………………………….

ခုဟာ…ကွန်နရှင်ကလည်း…လေထက်မြန်တဲ့လှိုင်းကို လိပ်ကဲ့သို့နှေးအောင်လုပ်ထားသည့်…မြန်မာနိုင်ငံ….ဆိုလား

ကြားဖူးတယ်….။…….ဆိုတော့ဗျာ…….

သူကြီး kai တို့လို…ဒေါ်အိတုံတို့လို…..လက်ဆော့တဲ့ကိုပေါက်တို့လို….ကိုဘုန်းကျော်တို့လို…

ဟိုဓါ့ပုံနဲ့ လုပ်စားနေတဲ့သူတွေလို…….ကိုယ်က….မကျွမ်းကျင်တော့………

ဂေးဇက်မှာ…အရေးသွက်ရင်တော့…..ဒီဝါကျွတ်မှာလက်ထပ်မယ်လို့ကတိပေးထားတဲ့ရည်းစားကို

ဘယ်လိုအကြောင်းပြချက်နဲ့များ..စောင့်ထားခိုင်းရမလဲပေါ့….ဗျာ….။

တကယ်တော့ ကိုယ်ရဲ့ခေါင်းထဲကညှစ်အားတွေနဲ့ ရင်ဘတ်ထဲက အန်ထုတ်ရမယ့် ဇီဝဇိုးငှက်သိုက်လို အံဘတ်တွေကို

ရောင်းတော့မစားချင်ပါဘူး…(မရလို့)။ ဒါပေမယ့်ဗျာ…..ဂေးဇးက်ရဲ့ ရွာအခြေအနေက အရမ်းကို လေဒီအင်ဂျန်းတဲ(လ်)မင်း

ဆန်တာမို့…..အံဘတ်ဒါနပြုတယ်လို့သဘောထားပြီး….ဝင်ရောက်ရေးပေးသွားမှာပါ..ပေါ့……ဗျာ….နော်……။

တစ်ခုတော့ တောင်းပန်ပါတယ်….ဂေးဇက်အက်(ဒ)မင်များခင်ဗျာ………

ဆိုင်မှာအင်တာသုံးခနဲ့ညီမျှတဲ့….ပွိုင့်အစီအစဉ်ကောင်းလေးများ ကို နိုင်ငံကောင်းစားရေး…..

လူသားထုတရပ်လုံး တိုးတက်စည်ပင်စေရေး…သံဃာထု…သီလရှင်ထုတရပ်လုံးအတွက်………

ရေးချက်နဲ့…ကလေးအတွက်ရည်ရွယ်ထားသူတွေအတွက်…အားလုံး…အားလုံးအတွက်…..

ပို၍……ပို၍……ပို၍……….စဉ်းစားပေးနိုင်ပါစေလို့……………..ဟစ်တိုင်တက်ရင်း………………………………..

51 comments

  • mamanoyar

    July 4, 2012 at 2:45 pm

    ဝင်ဖတ်ပြီး ရယ်သွားပါတယ်
    ရေးလည်းရေးတတ်တဲ့လူ

  • ဝမ်းတွင်းရူး

    July 4, 2012 at 2:47 pm

    ဟူးးးးးးးးးးအကို ဟစ်တိုင်ကလဲ အားလုံးကိုသိမ်းကျုံးဆော်ပလော်တီးနေပါရော့လား။ဂေဇက်
    ရွာက ဆရာကြီးတွေဆီက ကျနော်တို ့ဆိုသင်ယူနေရတာ အများကြီးပါဗျာ။

    • tharli kar

      July 4, 2012 at 2:57 pm

      ကျုပ်လဲ သင်ယူနေပါတယ်။ ဂေးဇက်မှာ ယူစရာတွေအများကြီးပါ…
      ကောင်းတာသိတော့…ဆောင်ပေါ့…..။
      မကောင်းတာတော့ မသိချင်သေးဘူးဗျာ…
      ပယ်ရမှာကြောက်လို့……အင့်……။

  • Khaing Khaing

    July 4, 2012 at 2:56 pm

    ရေးချက်နဲ့ကလေးအတွက် ဆိုတာလေးကိုတော့ စိတ်ဝင်စားတယ် …… အခုဂေဇက်မှာရေးနေတာလေးတွေ မန့်နေတာလေးတွေက ဒီဇင်ဘာရောက်ရင် ပွိုင် ၁သိန်းရရခဲ့ရင် သမီးလေးမွေးနေ့မှာ လက်ဆောင်လေး ပေးချင်လို့ကြိုးစားနေပါတယ်ဆိုတာလေးပါ …….

    • tharli kar

      July 4, 2012 at 2:59 pm

      ရှိရမယ်လေ…Khaing Khaing ရဲ့…။ အားတင်းထား…။
      ဂေးဇက်အက်(ဒ)မင်တွေမှာ….
      ဂျိပ်….အဲ….စိတ်ကောင်းရှိပါတယ်….ငှဲ..ငှဲ…..

  • Mon Kit

    July 4, 2012 at 2:59 pm

    (ဂေးဇးက်ရဲ့ ရွာအခြေအနေက အရမ်းကို လေဒီအင်ဂျန်းတဲ(လ်)မင်း

    ဆန်တာမို့…..အံဘတ်ဒါနပြုတယ်လို့သဘောထားပြီး….ဝင်ရောက်ရေးပေးသွားမှာပါ..ပေါ့……ဗျာ….နော်…။)
    ဆိုတော့ကာ…
    စာရေးသူရဲ့ ကောင်းမွန်မှန်ကန်တဲ့ သဘောထားလေးကို အသိအမှတ်ပြု ဖတ်ရင်း အားပေးသွားပါတယ်…

    • tharli kar

      July 4, 2012 at 3:03 pm

      Mon Kit လဲ…ဒါနပြုအုံးနော်….
      မအန်တတ်ရင်ပြော…ကိုကြောင်ကြီးတို့အဖွဲ့..စိ…အဲ…ရှိတယ်….
      ခုတော့အေးလို့လားမသိဘူး…အထက်တက်ကပ်နေတယ်ထင်ပါရဲ့..။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 4, 2012 at 3:22 pm

    မလိုချင်ဘူးဆိုပြီး….ရေးထားလိုက်တာ…
    ကောင်းတယ်နော်….
    မိုက်လေး..လည်းဖတ်ကြည့်သွားပါတယ်…
    မန့်လေး..လည်းပေးခဲ့တယ်….
    ဝင်ဖတ်ကြည့်တာလေးနဲ့…တန်အောင်လို့..
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • tharli kar

      July 4, 2012 at 3:37 pm

      ခပ်မိုက်မိုက် ကောင်မလေး ကိုလည်း…ရှဲ…..ရှဲ…..(ကျေးှဇူးတင်ပါသည်)
      ငှဲငှဲ…………ဘာရမလဲ…
      ဋာဗဲတွ…….ထုမှ….ထွန်နချယ်ဗဲ…ရဒေးဒယ်….အီ………..
      တော်ပီ….
      ကွန်နရှင်မကောင်းပဲစောင့်နေရတာ………..။

  • King of Secrets (Bo Min)

    July 4, 2012 at 3:31 pm

    အော်၊ သူကြီးဘက်ကလည်း ကိုယ်ချင်းစာကြည့်ဦးလေဗျာ။ ရေးတဲ့လူဦးရေက နည်းတာဟုတ်ဖူး၊ ထပ်တိုးပေးလိုက်ရင် သူကြီး မွဲ ဖို.ဘဲရှိတယ်။ ဒါပေမဲ့ အခု လူအသစ်တွေကို ၅၀၀ဝ စပေးနေပြီလေ။ ကျွန်တော်ဆို စဖွင့်တုန်းက ၅၀၀ဝ ရတာ။

    • tharli kar

      July 4, 2012 at 3:46 pm

      အော်……လျှို့ဝှက်ချက်များစွာရဲ့ ဘုရင်ကြီးရယ်……………
      ဆရာက အားပေးတာလား…အားလျော့အောင်လုပ်တာလား…….
      ခင်ဗျားက (၁၀၀၀)ပိုရတယ်ဆိုပြီး..ဝမ်းမြောက်နေတယ်ပေါ့လေ…….
      နိုင်ငံခြားမှာ..ပြိုင်စံရှားတဲ့အတွေ့အကြုံတွေကိုရင်ဝယ်ပိုက်ပြီး
      ” သူများမနိုင်မနင်းတွေကို….ရှင်းပေးမယ်ဟဲ့…” ဆိုတဲ့စိတ်က
      သူကြီးရင်မှာ ဝပ်ကိန်းညွှတ်တွားပြီးသားပါ…
      (မဖားချင်သော်လည်း…ယားမိပါသည် kai သူကြီး)
      သူသာငတ်ချင်ငတ်ပါစေ….တဲ့…..လို့……………ကြားဖူးသလားလို့….ငှဲ့
      (မှတ်ချက်)
      (၈ဝိ/)တိတိ သိမ်းပိုက်မိပြီးဖြစ်ပါကြောင်း…….ရယ်လို့…….

  • ကိုရင်မောင်

    July 4, 2012 at 3:54 pm

    ဒို့အရေးဒို့အရေး
    များများရရေး…ဒို့အရေး
    ၁ဝယူပြီးဖတ်ရှု့သွားပါကြောင်း….

  • manawphyulay

    July 4, 2012 at 4:08 pm

    သူပြောမှ ရေးမယ့် လက်တောင် တုံ့ခနဲ့ဆိုသလို ရပ်သွားပါရဲ့… တစ်နေ့ တစ်နေ့ ၁ဝ ကျပ် ၁၅ ကျပ်ရဖို့ ကွန်နက်ရှင်ကို ထိုင်ရှိခိုးနေရတဲ့ကြားထဲမှာ ဒီလိုလေး ပေးမယ်ဆိုတော့လည်း မစားရဝခမန်းဆိုသလို မျှော်လင့်ချက် ရောင်နီတော့ သန်းလာတာပေါ့ရှင် ဟုတ်ဘူးလား

    • tharli kar

      July 4, 2012 at 4:25 pm

      ုဒီလိုနဲ့………ဝုတ်ကဲ့…ဝုတ်ကဲ့…ဝုတ်ကဲ့ပါ…။

  • etone

    July 4, 2012 at 4:11 pm

    အောင်မလေး သာလိကာရဲ့ စွပ်စွပ်စွဲစွဲတော် …တခါလေးပဲ .. လုပ်စားမိပါတယ် ..ဟိုပုံနဲ့ လုပ်စားနေသတဲ့တဲ့ … ။ အပြောခံရတာနဲ့တန်အောင် .. ဖေ့စ်ဘွခ်တနေကုန်ဖွင့်ပြီး .. အချိုးမကျတဲ့ပုံတွေ တနေ့ပို့စ်တပုဒ်နှုန်းပြပြီး လုပ်စားပလိုက်ရမလား … ပြော .. ဟဲဟဲ 😆

    • tharli kar

      July 4, 2012 at 4:32 pm

      ချောရီး..ဒေါ်ဒေါ်အိ…….
      စာကြောင်း…ဆက်သွားလို့ပါဂျာ..။
      ဒေါ်ဒေါ်အိတို့ရဲ့ ရေးအားနဲ့..ဝင်ငွေကိုကြည့်ပြီးအားရ…အဲ…မနာလိုမိလို့…
      အာ…ဝမ်းသာလို့ …အကောင်းညွှန်းတာပါဗျ…။
      သာလိကာဆိုတာ…နာမည်ဆိုးပေမယ့်…
      တကယ်တော့…စကားနဲ..ရန်စဲသမားပါ….နော်….ရွှမ်….။

      • etone

        July 4, 2012 at 4:43 pm

        အဟိ ……… ဝင်ငွေကို ကြွားရလျှင် …. ဒီတစ်ခါရလျှင် နှစ်ခါရှိပြီ ကွ .. ခွိခွိ … မနာလိုဖစ်စမ်းဘာ ..ဖစ်စမ်းဘာ … :mrgreen:

        အရင်က ပို့စ်တပုဒ် သုံးရာရတယ် ..ကော့မန့် တစ်ခု ငါးဆယ်ရတယ်… မနာလို ဖစ်စမ်းဘာ ..ဖစ်စမ်းဘာ.. ဟိဟိ 😛

        • ပစ်စလက်ခတ် မျက်ရည်

          July 4, 2012 at 5:40 pm

          ဖြစ်တယ်အေ့ဖြစ်တယ်
          အဟောသိကံဖြစ်မယ့် ကျုပ်လက်ရှိပွိုင့် ၄၂၀၀ဝ အတွက်

          ဟင့်ဟင့်.

  • နွယ်ပင်

    July 4, 2012 at 4:17 pm

    သဂျီးဆီက ပိုက်ဆံ ဒီတစ်သက်မရတော့လည်း ကလေးတွေ အမွေပေးခဲ့လို့ရတာပေါ့ ….. 😛

  • စိန်ဗိုက်ဗိုက်

    July 4, 2012 at 4:18 pm

    လူတစ်ရာ ဝါးတစ်ရာ ရှိုတလို…
    ရတာတော့ တစ်လုံး ပေးရတာ တစ်ရာ ရှိုပြီး နားလည်မိပါတယ်..
    များများရားချင်ရင် များများအကြံအဖန်လုပ်တတ်ဖို ့လိုသပေါ့..
    ပြောရင်းရှိုရင်း ရှငါးကျပ် ရားသွားပြန်ဘီ..
    ဂိန်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 4, 2012 at 4:30 pm

    အတီဘောက်နဲ့ဟောက်ကျိမယ် ကွိကွိ
    ပွိုင့်တွေကိုတော့ ကိုယ့်စည်းစိမ်ကြီးနဲ့ တွက်ပြီး ဒီပွိုင့်လောက်ကတော့ အရေးမလုပ်ပါဘူးလို့ ပြောတာဟာ
    အလွန်မိုက်ရိုင်းတဲ့ စကားတွေဖြစ်တယ်လို့ သုံးသပ်ပါတယ် ( ဒါဂ ကိုယ့်ဘာသာ အဓိပ္ပါယ်ပြန်ဒါ )
    ကိုယ်ရေးတဲ့စာတွေဟာ သိပ်တန်ဘိုးရှိတယ် လို့ထင်ရင် ရနိုင်တဲ့ဈေးကွက်ထဲကို ပို့ကြည့်ပေါ့
    ( ဂျာနယ်တွေ စာစောင်တွေ )
    အရဂါးနောက်ဒါ

    • စိန်ဗိုက်ဗိုက်

      July 4, 2012 at 4:38 pm

      အမှန်ဆုံးပဲ ရှရာ ရှောင့်လန်တို
      ဂိန်..ဂိန်..

    • tharli kar

      July 4, 2012 at 4:41 pm

      ကိုဂျော့်ပုံကြည့်ပြီး….အဲ…အားပေးချက်ကိုကြည့်ပြီး…
      ဘယ်ဂျာနယ်မှ…မပို့တာကပိုကောင်းမယ်နဲ့တူတယ်…..
      နဂိုကမှ..တန်ဖိုးမဲ့နေတဲ့ကြားထဲကမှ…တန်ဖိုးမရှိတော့မှာဆိုးတယ်…
      ကျေးဇူးပါဗျာ….ဟောက်တတ်တဲ့သဘာဝကိုပေါ့….။

    • San Hla Gyi

      July 4, 2012 at 9:05 pm

      အေးပေါ့ဗျ ကိုမိုက်ကယ်ဂျော်နီအောင်ဘု
      ခင်ဗျားလို ဆဲနေတတ်တဲ့သူလောက်တော့ ဘယ်သူက စာကောင်းတွေ ရေးတတ်ပါ့မလဲဗျ။ နောက်တာ မဟုတ်ဘူး။ အတည်ပြောတာ။

  • kyeemite

    July 4, 2012 at 4:32 pm

    အော်..ဘာများလဲလို့…ပွိုင့်မလိုချင်ဘူးပြောပီး..ပွိုင့်တိုးတောင်းနေတာကိုး..ဒွတ်ခ..

    • tharli kar

      July 4, 2012 at 10:41 pm

      kyeemite ခင်ဗျ….ပွိုင့်တိုးတောင်းတာ…..ဒွတ်ခ….ချိုရော့…..
      ပွိုင့်လျော့ခိုင်းရင်တော့…..တုခ…ပေါ့နော်….
      နေပေ့စေ….လုံးဝပဲ….လျော့ခိုင်းမယ့်ကိစ္စဆိုရင်လား……
      သတ်လိုရင်သတ်ပါစေတော့……..မလျော့သောပွိုင့်တွေဆိုတာ……သီတာရေစင်ပမာ…..
      တသွင်သွင်စီးကျလေ…………လေ………….လေ……………………..

  • snow white

    July 4, 2012 at 4:34 pm

    တစ်သိန်းကတော့ပြည့်မယ်မထင် ဒါပေမယ့်ဝါသနာတူလေးတွေ စာချစ်လေးအနုပညာချစ်လေးတွေ အများကြီး ဂေဇက်ထဲမှာရှိနေတော့ ပျော်သားသတင်းထူးလည်းကြားရတယ် မင်းသားမင်းသမီးတွေ ဘယ်လိုဝတ်စားထားတယ် ဘယ်လို ဘယ်သူနဲ့တွဲနေတယ်ဆိုတာကစသိရတယ် ဂေဇက်ရွာဒီထက်မက တိုးတက်ပါစေ။။။။

    • htoosan

      July 4, 2012 at 4:48 pm

      အဟိ.. အဆူလဲ ခံရတယ်ပြောဦးလေ စနိုးရဲ့ ။ စာရှည်ရှည် မရေးလို့ဆိုပြီး ။။ 😀

      သူကြီးဆီက ရဖို့နေနေသာသာ သူကြီးကိုတောင်ပြန်လှုနေရဦးမှာ ကိုသာလိကာ ။။ အာမီတွေ ဝင်ရောက်တိုက်ခိုက်ခံနေရလို့ ဆိုဒ်လေး ပျက်မသွားအောင် သူကြီး ဘက်အပ်ဆာဗာဘိုးနဲ့ အခု ကွန်မန့် တစ်ခါပေး ၁၅ ကျပ်ကနေ ၅ ကျပ် ပြန်လျှော့မသွားရင်ဘဲ ကံကောင်း ..
      ဆာဗာ တိုက်ခိုက်ခံရလို့ဆိုပြီး အားလုံး တစ်ကပြန်စမယ် ဆို ဒုက္ခ … 😀

  • Wow

    July 4, 2012 at 4:42 pm

    “ဟုတ်ကဲ..မှတ်သွားပါတယ်” “ယုံဘူးဗျို့……..” “စွာလှချည်လား……..” “ကြိုးစားထားဗျို့”

    “ေ-ွး……သူတောင်းစား..သွားသေ” “ဟိ…ဟိ….ဗျဲ…..” “တားတားက ဂျဂါးနပီဘူး…ထွင့်ယွှတ်ညော်….”
    —————————
    အဲလို ပွိုင့်ရယုံလေးတော့ တစ်ခါမှမရေးဘူးပါဘူးလို့ …. ဟီး…ဟီး မရေးဘူးဂျောင်းပြောပြဒါပါ….
    လာထား….. 😛

    • tharli kar

      July 4, 2012 at 10:00 pm

      Wow ခင်ဗျာ…..
      ကျုပ်က အရှက်မရှိပဲနဲ့…ကိုယ်တိုင်မင့်တတ်တဲ့အကျင့်ကိုပြောပြီး…
      ငွေရပေါက်ကိုပြောပြတာပါ……ဒဃျီးကိုတော့ တနားပါဒယ်…..
      မလိုချင်ပါဘူးဗျာ…ဒါပေမယ့်…………………..

  • နှင်းဆီ ငုံ

    July 4, 2012 at 5:27 pm

    ငုံလည်း 10 လေးတော့ ယူသွားအုံးမှ … ဟိဟိ

  • ရဲစည်

    July 4, 2012 at 6:27 pm

    ကောင်းပါပေ့ အာစိရယ်
    ခင်ညား ဆိုလိုချက်တွေ ထိရောက်ပါပေ့
    ဒါပေမဲ့ဂျာ ပြောချင်တာ ပြောပါ ကျုပ်ကို ဂေါင်းဇင်တပ်ပီး ဆွဲမထည့်ပါနဲ့ 🙁

    နောက်တချက်က ခင်ညားပြောတဲ့ ဘုရားဟော တရားတွေကိုဗျာ ကျုပ်ဖတ်ရင်းနဲ့ ကိလေသာကုန်ပီး တခုခု ရသွားအောင် ဘာရသ မြောက်မြောက် မြောက်တာ တခုခုနဲ့ ရေးပေးပါလားဂျာ 😀
    ကျုပ်လဲ အရက်သမား ဘဝက ကျွတ်ချင်နေပီ…………

    • pooch

      July 4, 2012 at 6:45 pm

      ကိုရဲစည် ရှင်ဆုပေးမယ်ဆိုတာ တရုတ်ငွေ ၅ထောင်လား ဟင်င်င်င်င်……
      တရုတ်ငွေဆိုရင်တော့ တနေ့ ကို ၂ ပုဒ်နှုန်းနဲ့ပို့မယ် စိတ်ကူးတယ် :mrgreen:
      နောက်တာ…

    • tharli kar

      July 4, 2012 at 9:32 pm

      ကိုရဲစည်…..ရေ…………
      အကိုးအကားမပါရင် အဖိုးအဖွားဆိုတာတောင်မယုံကြတာနဲ့
      ချာ့နာမည်တပ်လိုက်ရတာပါခင်ည…..
      ပြောင်မြောက်တဲ့တရားဆိုတာကလည်း….သူများပြောပြီးသားတွေလိုက်မခိုးချယုံတမယ်
      ကြိုးစားထားရတာ……..ဆိုတော့လေ……..
      စိတ်ချပါ…..မသေသရွေ့…အဲ…ချောရီး…..
      လက်မပြတ်သရွေ့…….အင်တာနက်သုံးခရှိသရွေ့မှာ….
      သုံးစားလို့ရသလောက် အသိဉာဏ်လေးနဲ့…….
      ခင်ညားပြတ်ရာပြတ်ကြောင်း…..(အရက်) ကိုဟောပြောညွှန်ကြားပြသပါမည်ဆိုသည့်အကြောင်း…..။

  • woo warr

    July 4, 2012 at 6:54 pm

    ဆက်လုပ်ပါဗျို့…မှန်ပါတယ်ဗျိူ့……ထောက်ခံပါတယ်…သဘောတူပါတယ်…

  • water-melon

    July 4, 2012 at 6:59 pm

    ..ဟစ်တိုင်ကြီးမရှိတော့ဘူး
    ဈေးကောင်းရလို့ တလုပ်ပြည်ကိုပို့လိုက်ပြီ

    • tharli kar

      July 4, 2012 at 9:39 pm

      တစ်ဒင်္ဂနိဗ္ဗာန်ကိုအာရုံပြုနိုင်ဖို့အတွက်…..
      အပေါ့အပါးလေးစွန့်ရင်း…….
      အွန်လိုင်းတက်ချိန်ကိုကြည့်ရင်း…
      သက်ပြင်းနဲ့အတူ….တင်ပါးကြားက လေပြေထုတ်ရင်း…..
      သယ်ရင်းတစ်ယောက်ဆီ…..ငွေစ၊ ကြေးစ..လှည့်ဆွဲရင်း…..
      ကိုယ့်ပိုင်အံဘတ်ကို ခေတ္တကျောခိုင်းမိတာကို….ဂျိတ်ချိုးတွားယားညင်…..
      တရုပ်တန်းတောင်လှည့်မကြည့်ရဲတာကို….တကူးတကန့် တရုပ်ပြည်ပို့လိုက်တယ်ဆိုတော့….
      ဒင်းခရု……ဗဲထီးအမတ် ပါဂျာ……။

  • ဝမ်းတွင်းရူး

    July 4, 2012 at 7:06 pm

    အရင်က ပို ့စ်တစ်ခု=၃၀၀
    ကွန်မန် ့တစ်ခု=၅ဝကျပ်
    အားပါးပါး မရခဲ့ဖူးဘူးဗျာ။

  • may flowers

    July 4, 2012 at 7:52 pm

    ဖြောင်း….ဖြောင်း…ဖြောင်းးးးးးးးးးးးးးးးးး(လက်ခုတ်တီးပြီး အားပေးတာ…)

    ကဲ…ကဲ..ပြောနေတာကြာတယ်…ခုလက်ငင်းရတဲ့ မန့်ခ ၁၅ ကျပ်ပဲယူသွားတော့မယ်။

  • nature

    July 4, 2012 at 7:58 pm

    မလိုချင်ဘူး…ဟဲ့…ပွိုင့်… ဆိုလို့ လွှင့်ပစ်တယ်ထင်ပြီး လာကောက်တာ 😛

  • Mလုလင်

    July 4, 2012 at 8:00 pm

    ဆိုတော့ member က ၉၀၀ဝ ကျော်၊ ပိုင့် တိုးပေးလိုက်လို့ .. ၁ သိန်း နီးလာလို့ ဆိုပါတော့ member အယောက် ၁၀ဝ … အဲ .. နဲနဲ များသွားပြီ .. member 10 ယောက် ထား .. တပြိုင်တည်း နီးပါး (တစ်လ ကွာ နှစ်လ ကွာ) ပြည့်ပြီ ဆိုပါတော့ .. ကဲ …..

    မှတ်ချက်။ ။ သူကြီး သည် ခွန်ဆာ မဟုတ်ပါ။

    • mayjuly

      July 5, 2012 at 1:12 pm

      သူကြီးပါဆို ခွန်ဆာမဟုတ်တာ သေချာပါတယ်ဗျ …

      ဆိုတော့ သူကြီး အခု လို လှူနေတဲ့အတွက်ကြောင့် ကုန်မသွားတဲ့အပြင် ..

      နောက်ထပ် နောက်ထပ် တိုးပွား မှာ အသေချာမို့ …

      ပွိုင့် များများ လှူနိုင်ပါစေလို့….

      ခုတော့ သူကြီးလှူတဲ့ ပွိုင့်လေး ယူ သွားဘီ … 😛

  • MaMa

    July 4, 2012 at 8:18 pm

    သာလိကာ ဆိုတဲ့အတိုင်းပဲ ပြောသွားလိုက်တာများ……. 😀

  • မောင်ပေ

    July 4, 2012 at 9:06 pm

    ဆွဲသာဆွဲ မင်း ဂရုမစိုက်နဲ ့… ခင်မောင် ခင်မောင်

    • tharli kar

      July 4, 2012 at 9:51 pm

      ကိုပေခင်ဗျ…….
      မြှောက်ပေးတာလားခင်ဗျ….
      ခင်မောင်ဆိုတာကလည်း….
      ရွာထဲက ကိုရင်မောင်နဲ့များ…ပတ်သက်နေမလား…
      ပို့စ်ကိုကြည့်ရင်….ဆွသလိုလို…စောင်းသလိုလိုထင်ရပေမယ့်…
      သာလိကာရင်မှာ….အားလုံးကိုပျော်စေချင်တာပါခင်ဗျ…..
      အဲဒါကိုက အားနည်းချက်ဖြစ်နေပြန်ရင်လည်း….
      မြွေမသေ၊ တုတ်မကျိုးလေးတော့ “သာသာ့”ကို နားလည်းပေးပါနော်…။
      နောက်ဆုံးတော့….မလွယ်မှန်းသိပေမယ့် (ပွိုင့်ကိစ္စအဖွ)…
      ကွန်မင့်ထိုင်ရေးရင်း….အိပ်ရေးပျက်ရသူက….”သာသာ”လေးပါဗျာ……ဟင့်…။

  • နွေဦး

    July 4, 2012 at 11:07 pm

    ဖတ်သွားပါတယ်………………………………………..= ၁၀
    အားပေးသွားတယ်နော်……………………………….. =၁၀
    ုဒီလိုနဲ့………ဝုတ်ကဲ့…ဝုတ်ကဲ့…ဝုတ်ကဲ့ပါ………………=၁၀
    ကဲ..ရပြီ 10………………………………………………=၁၀
    ငုံလည်း 10 လေးတော့ ယူသွားအုံးမှ … ဟိဟိ………..=၁၀
    “ဟုတ်ကဲ..မှတ်သွားပါတယ်” ………………………….=၁၀
    “ယုံဘူးဗျို့……..” ……………………………………=၁၀
    “စွာလှချည်လား……..” ……………………………..=၁၀
    “ကြိုးစားထားဗျို့” …………………………………….=၁၀
    “ေ-ွး……သူတောင်းစား..သွားသေ” ………………….=၁၀
    “ဟိ…ဟိ….ဗျဲ…..” ……………………………………=၁၀
    “တားတားက ဂျဂါးနပီဘူး…ထွင့်ယွှတ်ညော်….”……….=၁၀
    __________
    စုစုပေါင်း = ၁၀၀
    သဂျီး ကျုပ် အများကြီးရေးတာ….ပေး….၁၀ဝ /

  • minma haw

    July 5, 2012 at 9:52 am

    စ..ဝင်ကြည့်လိုက်ပြီဗျို့
    (၁ဝိ)လာထား….ဟား….ဟား….ဟား……

  • Novy

    July 5, 2012 at 11:45 am

    အော်.. ပွိုင့်.ပွိုင့် စားရပြန်တော့လည်း မဝ
    မစားရပြန်တော့လည်း မဝ
    ပွိုင့်နေကြာစိကို ပြောပါတယ်

    သူကြီးရဲ့ပွိုင့်ကတော့ သူကြီးကတော်လက်ထဲမှာပေါ့

  • Ma Ei

    July 5, 2012 at 3:42 pm

    ပွိုင့် တွေက တစ်သိန်းမပြည့်မချင်း ပန်းချီကားထဲကမုန့်လိုဘဲ
    မုန့်တော့မုန့် ဒါပေမဲ့ စားလို့မရဘူးလေ…
    တစ်သိန်းပြည့်ဘို့ကလဲ…စဉ်းစားလို့တောင်မရ…
    ကိုယ့်ကိုယ်ကိုယ်လဲ မသေချာ ခေတ်ကာလ ကလဲ ဘာမှန်းမသိ…
    သူကြီး ပေးချင်သလောက်ပေးပါစေဟယ်……

  • tharli kar

    July 9, 2012 at 10:45 pm

    သူကြီးပေးသမျှ….
    ကိုယ်လေလက်ခံယူမယ်….
    သူကြီးပေးသမျှ….
    ကိုယ်လေနားလည်ပါတယ်….
    သူကြီးမပေးသမျှ….
    ကိုယ်လေတောင်းနေပါမယ်…………..

Leave a Reply