အိပ် မက် အ ကြောင်း….(၄)

aye.kkJuly 4, 20121min944

ဝါ သ နာ အ ရ ၊ အိပ် မက် များ အ ကြောင်း ကို ၊ စိတ် ဝင် စား ပါ သည် ။

အိပ် မက် ၏ အ တိတ် န မိတ် များ အား ၊ ကောက် ယူ ရ သည် ကို ငယ် စဉ် က လေး ဘ ဝ ၊ အ ရွယ် ထဲ က ပင် လေ့ လာ လိုက် စား ခဲ့ ပါ သည် ။ ယ ခု စာ ဖတ် သူ တို ့အား ၊ ကျွန် မ ဖတ် ထား ဘူး သည့် ၊ မ ဟာ သု ပိ န ဒီ ပ နီ ကျမ်း ၊ အိပ် မက် အ ကျယ် ၊ စာ မျက် နှာ (၁၅၂-၁၅၄)ထိ တွင် ပါ ရှိ သော ၊ စ လေ င ခွေး အိပ် မက် တော် အ ကြောင်း အား ၊ အောက် ပါ အ တိုင်း ဖော် ပြ လိုက် ပါ သည်။

“စ လေ င ခွေး အိပ် မက် တော် အ ကြောင်း”

ပု ဂံ ပြည် သ ဃ် ရာဇ် မင်း ။ ခ-ဆ-ပဉ္စာ-ကျိန်း ငါး ရာ ခြောံ ဆယ် ကို ဖြို ကြွင်း ပ သျှု ဆိ ဒ္ဒ ရ မု နိ ကျိန်း သ က္က ရာဇ် နှစ် ရာ ခြောက် ဆဲ့ ရှစ် ခု နှစ်။ ပု ဂံ ပြည် မှာ ၊ မင်း ဖြစ် တော် မူ သော စ လေ င ခွေး အိပ် မက်
အ ကြောင်း ကား ဤ သို ့တည်း ။

စ လေ အ ရပ် နှိုက် ၊ ငါ့ ခွေး မိ ဘ တို ့ သည် မ ကုန် ၍ ၊ င ခွေး ကို ။ သူ ကြွယ် တ ယောက် အိမ် မှာ ရောင်း လေ ၏ ။ ထို င ခွေး ဝါ သ နာ ကား။ ကွမ်း ပန်း ဘ ယောင်း လိမ်း စ ရာ နံ ့သာ ကို ချစ် ၏ ။ ဝတ် ကောင်း စား ကောင်း ကို ချစ် ၏ ။ တ နေ ့သုံး ခါ ဆံ ကို အ မှန် ဘီး သော ဟူ ၏ ။

တ ရံ ရော အ ခါ ၊ အ ရှင် သူ ကြွယ် သည်-င ခွေး ကို လှေ ထိုး ထဲ့ လေ ၏ ။ ပု ဂံ သို ့မ ရောံ ခင် ညည့် တွင် င ခွေး သည်။ ချက် က အူ ထွက် ၍ ပု ဂံ မြို့ ကို ပတ် လျှက် နေ သည် ဟု အိပ် မက် မြင် မက် လေ ၏ ။ မိုး သောက် လျှင် ၊ လှေ ထိုး ၍ ဆန် ခဲ့ ၏။ လှေ ထိုး ရာ ဝယ် ၊ မ နော လင် ပန်း ကို ထိုး မိ ၍၊ ထိုး ဝါး ငြိ ၍ ပါ လာ ၏။ င ခွေး လည်း မ နော လင် ပန်း ပါ လာ သော အံ ကြောင်း ကို သိ လျှင် ။ ငါ့ အိပ် မက် ဖြစ် ခဲ လှ သည်။ သည် မ နော လင် ပန်း နှင့် ကြေ လေ တော့ မည် ဟူ ၍၊ မ နော လင် ပန်း ကို ထိုး ချ ခဲ့ လေ ၏။

ပု ဂံ သို ့ရောက် သော် င ခွေး သည် မင်း ၏ ဆ ရာ ဖြစ် သော ပု ရော ဟိတ် အိမ်သို ့သွား လေ ၏။ ပုဏ္ဏား မ ရှိ ခိုက် ဖြစ် ၍ ။ ပုဏ္ဏေး မ ကို အ ကြောင်း ပြန် လေ ၏။ ပုဏ္ဏေးမ လည်း ၊ ဘုန်း ကြီး မည်။ အ သက် ရှည် မည် ဟု သာ ဆို လိုက် ၏။ င ခွေး လည်း မှတ် မှတ် ရ ရ မ တတ် ပါ သော ကြောင့် ဆင်း ၍ သွား လေ ၏။ ထို ခ ဏ ၌ ပုဏ္ဏား လာ ၍။ ငါ မ ရှိ သည် နောက် ၊ အ ဘယ် သူ လာ သ နည်း ဟု မ ယား ကို မေး၏။ မ ယား လည်း၊ လု လင် တ ယောံ အိပ် မက် ကို ပြန် သော ကြောင့်။ ငါ သည် ကဲ့ သို ့ဘတ် ပေ သည် ဟု ပြော ၏။ လင် ပုဏ္ဏား လည်း အိပ် မက် ကို ကြား သော်။ ယား ဆံ ထုံး ကို လှီး ၍ ၊ အောက် သို ့ပစ် လိုက် လေ ၏။ ပစ် လိုက် သော ခ ဏ ၌။ ဆံ ထုံး ကို မိုး ကြိုး ပစ် လေ ၏။
ပုဏ္ဏား လည်း အိပ် မက် ပြန် လာ သူ ကို အ လျှင် လိုက် ၍ ခေါ် ရ လေ ၏။ ရောံ လာ လျှင်၊ အ မောင် ကား။ အ ဘယ် ရပ် ၌ နေ သ နည်း။ အ မောင် ကား။ အ ဘယ် သူ ၏ အ မျိုး အ နွှယ် နည်း။ အ မောင် မက် သော အိပ် မက် သည် ကား။ အ လွန် ဖြစ် ခဲ လှ သည်။ သီ တင်း သီ လ ကို လည်း ဆောက် တည် ပါ လေ။ မ ကြာ မ တင်၊ ပု ဂံ ပြည် ကို အ စိုး ရ သော မင်း ဖြစ် လ တံ့။ အ မောင် မင်း ဖြစ် သော အ ခါ ၊ ငါ့ ကို မ မေ့ ပါ စေ နှင့် ဟု ဆို လိုက် ၏။ င ခွေး လည်း ကုန် စည် အ ရောင်း အ ဝယ် ပြီး လျှင်။ စ လေသို ့စုန် လေ ၏။ အ ရှင် သူ ကြွယ် လည်း င ခွေး ကို လွန် စွာ ညှင်း ပန်း လျက် ။ ပူ ပြင်း စွာ စေ ပါး လေ ၏။

တ ရံ ရော အ ခါ။ င ခွေး သည် မ ခံ နိုင် ၍။ ထွက် သွား ပြီး လျှင်။ တန် နက် မင်း မှာ ဝင် ၍ ခ စား လေ ၏။ မင်း ကြီး လည်း လု လင် ၏ အ သွင် အ ပြင် ကို မြင် သော်၊ သ နား တော် မူ သည် ဖြစ် ၍ မြင်း ခံ ခန် ့တော် မူ ၏။

တန် နက် မင်း လည်း-မောင်း မ ငယ် တ ယောက် နှင့်-မြင်း တင်း ကုတ် သို ့နေ ့ည မ ပြတ် လာ တော် မူ ၏။ တ နေ ့သ ၌ တန် နက် မင်း သည် မြင်း ခံ ကို ခေါ် တော် မူ ၍၊ ဤ သို ့မိန် ့တော် မူ ၏။ အ ချင်း မြင်း ခံ။ ထို မြင်း ချေး ကို ဝေး စွာ သော တွင်း နှိုက် ထည့် ပြီး မှ။ သွေ ့ရာ က စ ၍ မီး ထဉ့်၊ နောက် ထဉ့် သော မြင်း ချေး လဉ်း မီး ၏ အ ရှိန် ဖြင့် သွေ ့နှင့် ၍ လောင် နှင့် စေ ဟူ ၍ မိန် ့တော် မူ ၏။ မြင်း ခံ တော် လည်း မင်း ကြီး ဆို တိုင်း ပြု လေ ၏။ အ ခါ တ ပါး သော နေ့ ၌-မင်း ကြီး နှင့် ပါ လာ သော မောင်း မ ငယ် နှင့် မြင်း ခံ စ ကား ဝင် ၍ ။ မင်း ကြီး ကို မြင်း ချေး တွင်း ဝယ် တွန်း ချ ဘိ ၏။ မြင်း ခံ လည်း မိ ဘု ရား မောင်း မ တို ့ကို အ လို သို့ ပါ အောင် ခြိမ်း ခြောက် ၍ မင်း ပြု လေ ၏။

င ခွေး ကား၊ ဘု ရား ရှင် လက် ထက် ။ ဘု ရား ရှင် ကို နေ မ ပူ စေ ရ အောင်၊ အင် ဘက် သုံး ချပ် ကာ ၍ ပေး သော တောင် စောင့် ဘီ လူး ကို။ ဤ ပြည် တွင်၊ မင်း သုံး ကြိမ် ဖြစ် လ တံ့ ဟူ ၍ ဗျာ ဒိတ် ရ သော သူ ဖြစ် ၍။ ဘုန်း တန် ခိုး အာ နု ဘော် ကြီး ၏။ ဘီ လူး အ ဖြစ် မှ စု တေ လာ သ သူ ဖြစ် ၍ လည်း အ မျက် စောင်း မာန် ကြီး ၏။ အ စား ကြူး ၏၊ မူး မတ် ဗိုလ် ပါ တို ့လည်း ကြောက် ရွံ ့ခြင်း ပြင်း ကုန် သည် ဖြစ် ၍ ခ စား ရ လေ ကုန် ၏။

ထို မင်း ကား စ လေ အ ရပ် နှိုက် ၊ သ ခင် အိမ် တွင် စေ ပါ ခံ နေ ရ စဉ်။ သ ခင် ဖြစ် သူ ညှင်း ပန်း ဘူး သည် ကို အ ငြိုး ထား ၍ ၊ မင်း ဖြစ် လျှင် သ ခင် ကို သတ် လေ သည်။ သ ခင် နှင့် အ သွင် အ ပြင် တူ သ သူ တို ့ကို လည်း ဘမ်း ၍ ရ လျှင်။ ရေ ကန် ဝယ် ချ စေ ပြီး သော်။ ဝက် ဟူ ၍ ဆင် ထက် က လှံ နှင့် ထိုး သော ဟူ ၏။ ယ ခု လော က မှာ လည်း ထို အ ကြောင်း ကို ထောက် ၍။ မိ မိ ထံ စေ ပါ ခံ ရ သော သူ ကို ပင် ဖြစ် စေ။ ငါ သ ခင် ။ ငါ အ ရှင် ။ ငါ ပြု ပိုင် သူ ။ ငါ ပြော နိုင် သော အ ရာ ဟု ။ ပ မာ မ ထား ။ မ လေး မ စား ။ တ ရား အ တိုင်း ထက် လွန် ၍။ သူ တ ဘက် သား ၊ ငြီး တွား ငြို ငြင်။ ပင် ပန်း ကျဉ်း မြောင်း အောင် မ ပြု ရာ။ ဘုန်း ကြီး ဘုန်း မဲ့။ သ တ္တ ဝါ တို ့၏ ကံ အ လှည့် ကို မ သိ နိုင်။ ဤ သူ ကား ဘုန်း ကြီး မည်။ ဤ သူ ကား ဘုန်း ငယ် မည် စ သည် မျိုး အား ဖြင့် သော် ၎င်း။ စည်း စိမ် အ ဝှန် အ ဝှာ အား ဖြင့် သော် ၎င်း။ ပိုင်း ခြား ခြင်း ငှာ တတ် ကောင်း သည် မ ဟုတ်။ ထို ့ကြောင့် ခပ် သိမ်း သော သူ တိုင်း ပင်။ သ တိ ပြု ထိုက် လှ အပ် သည်။ ထို စ လေ င ခွေး ကား။ နန်း စည်း စိမ် နှစ် ဆဲ့ ငါး နှစ် တိုင် တိုင် စိုး စံ ရ ၏။

ဤ သို ့င ခွေး မင်း ဖြစ် တော် မူ မည် အ ချိန် နည်း တွင်။ ထို သို ့ ဖြစ် ရ အံ့ သော အ ကြောင်း နှင့် လျှော် သော န မိတ် အိပ် မက် များ ကို မြင် မက် ရ သည်။ မြင် မက် သည် အ တိုင်း လည်း ၊ မင်း အ ဖြစ် သို ့ရောက် လေ သည်။ ဤ သည် ကို ထောက် ၍ ။ ယ ခု လော က မှာ လည်း ။ မင်း သူ ဌေး သူ ဆင်း ရဲ အ မျိုး အ စား အ လိုက် ။ ဘုန်း ကြက် သ ရေ။ ဖြီး ထွေ ရ တ နာ ။ ဆိုက် လာ တော့ မည် ဖြစ် လျှင် ။ ထို ဖြစ် ရ အံ့ သော အ ခြေ နှင့် လျှော် သော န မိတ် အိပ် မက် ကောင်း များ ကို မြင် မက် တတ် ကြောင်း။ မြင် မက် သည် အ တိုင်း လည်း အ မှန် ဖြစ် သား ရာ သ တည်း ။

ထို အိပ် မက် များ မှာ စိတ် ဝင် စား ဘွယ် ရာ ဖြစ် ၍ ၊ ဂေ ဇက် ရွာ စာ ပေ မိတ် ဆွေ များ အား ၊ သိ ရှိ နိုင် ပါ ရန် မူ ရင်း ကျမ်း ပါ အ တိုင်း မှ ပြန် လည် ကူး ယူ ဖော် ပြ ခြင်း သာ လျှင် ဖြစ် ပါ သည် ။။

4 comments

  • ko ko

    July 4, 2012 at 4:23 pm

    အိမ်မက်တွေဟာ လူ ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ… ခုလို ထူးခြားတဲ ့အိမ်မက်မျိုးဟာ လူ ့ဘဝ တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်ပါတယ်..ဒါကြောင့် အိမ်မက်များကို ပေါ့ပေါ့တန်တန် သဘောမထားကြပါနဲ ့..ခုလို အိမ်မက် များ အကြောင်း ကို ဗဟုသုတ အဖြစ် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ….

  • ကြောင်ကြီး

    August 27, 2012 at 7:37 am

    ငကြောင် မင်းဖြစ်ရင် ကြေးမုံဂျီးကိုဖမ်းပီး ဧရာဝတီမြစ်ကို အလျားလိုက် ကူးခိုင်းမယ်၊ သဂျီးကို နေ့ညမပျက် ပိဋကတ်သုံးပုံ အလွတ်ကျက်ခိုင်းမယ်၊ ပုရှ်လေးကို အထက်မြန်မာပြည် မဟေသီခန့်မယ်၊ မိုးစက်လေးကို အောက်မြန်မာပြည်ဒေဝီ အရာပေးမယ်၊ စီတုံးဆိုတဲ့ သတ္တဝါကို အယောင်ဆောင်မှုနဲ့ ဖမ်းချုပ်အရေးယူမယ်……။

  • ကြောင်လေး

    August 27, 2012 at 11:57 am

    အမအေးကေကေရဲ့စာလေးဖတ်မိပြီး ပို့တစ်ခု ရေးတင်ဖြစ်လိုက်ပါသည်။ အမအား နောက်ပြောင်လိုခြင်းမဟုတ်ပဲ စာဖတ်သူများ ပြုံးပျော်စေခြင်းငှာ ရူးကြောင်ကြောင်ရေးသားလိုက်ကြောင်း တောင်းပန်အပ်တယ်ခင်ဗျာ။

Leave a Reply