နေ့လည် တစ်နာရီ ။ ၈-၇-၂၀၁၂ (တနင်္ဂနွေ နေ့)

ကထူးဆန္းJuly 4, 20121min39371

ရွာသှုားများ ခင်ဗျား ..

အူးပေ ရဲ့ ကောင်းမြတ်သော အတုခိုးလို့ မင်္ဂလာပါ လို့ နှုတ်ဆက်ပါရစေ ။
ကျွန်တော်တို့ သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်သွားရောက်ပေးရန် အချိန်နီးကပ်လာသည့် အတွက် ဒီနေ့ ရခိုင်သဟာယ အသင်းမှာ သွားရောက် စီစဉ်ခဲ့ပါသည် ။
မူလပထမ ရာထားသော အချိန် နံနက် တွင် ရခိုင်သဟာယ အသင်းမှ ဆယ်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများ အား ငွေကြေး ထောက်ပံ့ပေးပွဲ ရှိနေသည့် အတွက် မူလစိတ်ကူးထားသော အချိန်တွင် လက်ခံမည့် အသင်းလူကြီးများ မရှိသည့် အတွက် နေ့လည်မှ သာ ပေးအပ်ရန် စီစဉ်ခဲ့ ရပါသည် ။

ရွာသူသားများ ခင်ဗျား ..

ကျွန်တော်တို့ ယနေ့ (၄-၇-၂၀၁၂) နေ့လည် ၄ နာရီ အထိ ကောက်ခံရရှိငွေ စုစုပေါင်း ၃၈၃၁၈၀ဝ ကျပ် ( သုံးဆယ့်ရှစ်သိန်း သုံးသောင်း တစ်ထောင့်ရှစ်ရာကျပ်တိတိ) ရရှိခဲ့ပါသည် ။

တစ်လှုမှသည် နှစ်လှုသို့ တွင် ဝင်ရောက်ကောမန့် ပေးထားသည်များမှ
(၁) ပထမ ခေါင်းစဉ်အတိုင်းသာ လှုသင့်ပါသည် ဆိုလာသူ (၇) ဦး
(၂) အများသဘောပါ ဆိုလာသူကြားနေ ဟုယူဆမိသူ (၆) ဦး
(၃) ခွဲလှုနိုင်ပါသည်လို့ ပြောသူ (၁၈) ဦး
(၄) ဘယ်လိုသဘော ပြောမှန်း မှန်းဆလို့ မရသူ (၄) ဦး လို့ ကျွန်တော် ရီလို့ ရပါသည်။

ကျန် ဘယ်မှ မှတ်ချက်မပေးသော အလှုရှင်များကိုတော့ ကြားနေ အဖြစ်သတ်မှတ်လိုက်ပါ့မယ်။
ထို့ကြောင့် မလစ်တလစ်ဘယ်ရယ် ဒီမိုရွာမှာ ခွဲလှုနိုင်ပါသည်ဆိုသည်ဘက်သို့ မဲများနေသည့် အတွက် ကျွန်တော်တို့ခွဲလှုရန်ဆုံးဖြတ်လိုက်ပါသည်။

ယနေ့ နောက်ဆုံး ရရှိထားသည်မှာ ၃၈၃၁၈၀ဝ ကျပ် ( သုံးဆယ့်ရှစ်သိန်း သုံးသောင်း တစ်ထောင့်ရှစ်ရာကျပ်တိတိ)မှ ၃၂ သိန်းအား ရခိုင်သွေးချင်းတို့ အတွက် လှုဒါန်းပြီး ကျန် ၆၃၁၈၀ဝ ကျပ် ခြောက်သိန်းသုံးသောင်း တစ်ထောင့် ရှစ်ရာ နှင့် ထပ်မံ ရရှိခဲ့မည်ဆိုပါက ၎င်းတို့ကို ကချင်သွေးချင်း ပညာရေးအတွက် လှုဒါန်းပါမည်။
ထို့ကြောင့်ရရှိငွေ စုစုပေါင်း၏ ၈၃.၅% မှာ မှုလ ရည်ရွယ်ရင်းဖြစ်သော ရခိုင်သွေးချင်းတို့ထံ ရောက်ရှိမည်ဖြစ်ပြီး ကျန် ၁၆.၅ % မှာ ကချင်သွေးချင်းကလေးငယ်တို့ထံ ရောက်ရှိမည်ဖြစ်ပါသည် ။

ထို့ကြောင့် ရခိုင်သွေးချင်းတို့ အတွက် ခေါင်းစဉ်တပ်ပြီးသားဖြစ်သည့်အတွက် ၎င်းတစ်နေရာထဲသို့သာ လှုလိုသူများ၏ အလှုငွေများ အားလုံးလှုလိုသည့် နေရာသို့ ရောက်ရှိသည်ဟု ယူဆ နိုင်ပါသည် ။

ခွဲလှုလို့ ရပါသည် ဆိုသော သူများ၏ အလှုငွေများသည် ရခိုင်သွေးချင်းနှင့် ကချင်သွေးချင်းများထံသို့ ရောက်ရှိသွားပါမည်။

မကျေနပ်သေးဘူး။ ကချင်သွေးချင်းကလေးငယ် ကျောင်းအတွက် အမိုးသာမက အကာရော အခင်းပါထပ်လှုချင်ပါသည် ဆိုပါက ဘိုကြီးဆယ်အိမ်ခေါင်း ရွှေတို်က်စိုးနှင့် ချောင်ယွန်မတ်တို့ ကောက်ခံပေးနိုင်မည်ဆိုပါက ဆက်လက် စုဆောင်းပေးပါမည် ။ နောင်သုံးလ လောက်မှ လုပ်ကြပါဆိုလျှင်လည်း ဆောင်ရွက်ပေးပါမည် ။

ထို့ကြောင့် ယခုလာမည့် တနင်္ဂနွေနေ့ ၈-၇-၂၀၁၂ တွင် အလှုငွေသွားရောက်ပေးအပ်နိုင်ရန်အတွက် လိုက်ပါလိုသူများ ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅
ကိုအမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅ တိုထံ ၆-၇-၂၀၁၂ ထက်နောက်မကျ
ဘဲ ဆက်သွယ် စေလိုပါသည် ။
စုရပ်အား

Morning Star လ္ဘက်ရည်ဆိုင်
ဦးချစ်မောင် အိမ်ယာ ။ ဦးချစ်မောင်လမ်း ။ တာမွေ အဝိုင်းအနီး ။
နေ့ ၈-၇-၂၀၁၂ တနင်္ဂနွေ နေ့လည် တစ်နာရီ လာရောက်စေလိုပါသည် ။
၎င်းလ္ဘက်ရည်ဆိုင်မှ ၁း၅ဝ နာရီတွင် လူဒါန်းမည့်

ရခိုင်သဟာယအသင်း (ရန်ကုန်)
အမှတ် (၄၈၁) ဒုထပ် -ကျိုက္ကဆံလမ်း
တာမွေ အခွန်လွတ်ဈေးအနီးး
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြိုနယ် .
ဖုံး . ဝ၁-၄၃၀၁၇၂

သို့ သွားရောက်၍ နေ့လည် ၂းဝဝ နာရီတွင် လှုဒါန်းမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျား။

ကျန် ငွေအား မန္တလေး သို့ ပြန်လွှဲ၍ မန္တလေး ရွာသူား တို့ အကူအညီဖြင့် လိုအပ်သော သွပ် ဝယ်ယူှု၍ ကိုထွန်းဝင်းလတ်ထံတင်ပို့လိုက်ပါမည်။ အသေးစိတ်အား ပြန်လည် အသိပေးပါမည် ။

ကျေးဇူးတင်ပါသည်ခင်ဗျား ။

71 comments

  • အရီးခင်လတ်

    July 8, 2012 at 6:24 am

    ကထူးဆန်း တို့ အလှူ အတွက် သွားဖို့ အဆင်သင့် ဖြစ်နေပြီပေါ့။
    နေ့လည်မှကို … တယ် ဝီရိယကောင်း သကိုး။
    လိုက်ချင်တယ်။
    လိုက်ချင်တယ်။
    လိုက်ချင်တယ်။
    လိုက်ချင်တယ်။
    အိ … အိ .. အိ … အိ… အိ 😥 😥

    ဒါ့ပုံ လေးတွေ များများ ရိုက်လာနော်။

  • htoosan

    July 8, 2012 at 7:40 am

    ချော့ကလက် လေးဘဲ မြုံ့ နေပေါ့ အရီးရယ် … 😀 😀

    • မောင်ပေ

      July 8, 2012 at 10:00 am

      ချောကလက်ကလဲ သူ့အရသာ သူ့အစွမ်းနဲ့ပေါ့
      ကျုပ်တို့ဆီမှာတော့ ထမင်းအစားများခဲ့ရင် ဖြစ်ဖြစ်.. အစာမကြေ ရင်ပြည့်ခဲ့ရင်ဖြစ်ဖြစ် ထန်းလျက်ခဲလေး ၂ခဲလောက်နဲ့ အဖန်ရေကြမ်း တစ်ခွက်နဲ့ဆို ဇိမ်ဘဲ။

    • အရီးခင်လတ်

      July 9, 2012 at 4:00 am

      ကျုပ်ကတော့
      ချောကလက်လဲ မကြိုက်၊ ထန်းလျက် လဲ မကြိုက်။
      ငပိ လဲ မကြိုက်၊ ချိစ်လဲ မကြိုက်။ 😛

  • htoosan

    July 8, 2012 at 12:17 pm

    ပြောပြလိုက်စမ်းပါ ကိုပေရယ် … ကိုရင်ဝတ်တုန်းကလည်း ညနေ ဆို ထညက်လေးနှစ်ခဲနဲ့ အဖန်ရေကြမ်းလေးနဲ့ ဆာလောင်မှု့ ကို ယုံကြည်မှု့ ကုသိုလ်ရေး အတွက် အံတု နိုုင်ခဲ့ကြတယ် ဆိုတာ… :mrgreen:

    • မစ္စတာ တောက်တဲ့

      July 8, 2012 at 12:26 pm

      ဟေ့လူဂျီး ..
      သွားဖို့ အချိန်နီးနေပြီနော် … 😀
      ဒီအလှူမှာ မပါဝင်နိုင်ခဲ့ပေမယ့်
      ပါဝင် လှူဒါန်းကြသူတွေကို သာဓု ခေါ်ပါတယ်ခင်ဗျာ …

    • Moe Z

      July 8, 2012 at 4:28 pm

      အဟိ…. ချစ်သူများနေ့ထန်းညက်ခဲထုတ်ရောင်းမှာလားဟင်င်.. :mrgreen:

  • ညလေး

    July 8, 2012 at 4:37 pm

    အလှူကကိုကိုမမများ….ညလေးတို.အတွက်
    ရွှာပြန်လက်ဆောင်….ချောက်ကလက်လေးတွေ..ဝယ်ခဲ.ပါနော်…..
    အရသာကဘိုလည်းတိချင်လို.ဗျ….

  • htoosan

    July 8, 2012 at 8:24 pm

    နောက်ဆုံးပန်းဝင် မီးရှုးတိုင်ကို ဦးဦးပါလေရာကို လွှဲအပ်ပြီး ကျွန်တော် လူဇိုး ကထူဆန်း အလှုမှာ ကိုယ်တိုင်လက်ရောက် သွားရောက်ပါဝင်လှုဒါန်းခြင်း တော့ မရှိခဲ့ပါဘူး။
    စုစုပေါင်း ၄၂၆၁၈၀ဝ လေးဆယ့်နှစ်သိန်း ခြောက်သောင်း တစ်ထောင့်ရှစ်ရာ ကောက်ခံရရှိခဲ့ပြီး ၃၂ သုံးဆယ့်နှစ်သိန်းတိတိ ကို ရခိုင်သဟာယ အသင်းတို့ ဦးဦးပါလေရာ တို့ဦးဆောင်၍ သွားရောက်လှုဒါန်းခဲ့ပါသည် ။
    ကျန် ၁၀၆၁၈၀ဝ ကျပ် တစ်ဆယ်သိန်း ခြောက်သောင်းတစ်ထောင့် ရှစ်ရာ အား ကိုထွန်းဝင်းလတ် အားဆက်သွယ်၍ ကချင်ပြည်နယ် မော်လူးဒေသ ရွာစာသင်ကျောင်းသို့ လှုဒါန်းသွားပါမည် ။
    ကျွန်တော် မသွားရောက်ခဲ့လို့ ဓါတ်ပုံများ မတင်ပေးနိုင်တာ ခွင့်လွှတ်ပါ ။ အခြားသူများတင်ပေးတာကို ကျွန်တော်လည်း စောင့်မျှော်ကြည့်ရှုနေပါသည်ခင်ဗျာ။

  • MaMa

    July 8, 2012 at 9:27 pm

    ကိုထူးဆန်းရေ-
    ခေါင်းဆောင်က ခေါင်းရှောင်တာတော့ မကောင်းဘူးပေ့ါနော်။ 🙁

  • htoosan

    July 8, 2012 at 10:16 pm

    ကျွန်တော်တို့ ကခေါင်းဆောင်မရှိဘူးလေ အန်တီမမရဲ့ .. အဟဲ ..လက်ဆင့်ကမ်းလုပ်ကြတာလေ..
    တော်ကြာ ကျွန်တော့် ကိုတွေ့သွားလို့ နောက်အလှုတွေကြ လှုချင်စိတ်ကုန်ခမ်းသွားကြရင်ဘယ်လိုလုပ်မလဲ။ ကိုရွှေတိုက် ကိုအမတ်မင်းတို့လို ချစ်စရာ မကောင်းဘူး အန်တီမမ ရဲ့ .. 😀 😀

Leave a Reply