(၁) တခါက ကလေးတစ်ယောက် သူ့ဦးလေးနှင့် ရပ်ကွက်တွင်း လမ်းလျှောက်ထွက်ရာ…

အိမ်တစ်အိမ်၏ အိမ်ရှေ့ အရောက်…တံခါးပေါက်ဝတွင် ” ငါသည်သေရတော့မည် အချိန်ပိုင်းသာလိုတော့သည်” ဆိုသည့် စာသားကို တွေ့ရတော့ ကလေးက ရှုးရှုး တိုးတိုးပြောဦးလေး ဟိုဘက်အိမ်မှာ အချိန်ပိုင်း အတွင်းမှာသေတော့မည့်
လူရှိနေတယ် လို့ပြောသတဲ့?..

(၂) နောက်တခုကျတော့ ….

တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရည်းစားနဲ့ ချိန်းတာ ပူးပူးကပ်ကပ်နဲ့ မြူးတူးနေခိုက် လူတွေကြည့်နေကြရာ လူငယ်တွေချောင်းကြည့်နေတုံး အသက်နည်းနည်းကြီး အဖိုးကြီး
တစ်ယောက်လည်း သူတို့ဘာများ ကြည့်ပါလိမ့် ဆိုပြီး မသိမသာ ၀င်ကြည့်ရာ…
သူမြေးမလေးဖြစ်နေ၏..ဒီလိုနဲ့ အိမ်ပြန်တော. သူ့မိဘကို ပြောပြလိုက်လေသည်..

ညနေ သူ့မြေး ပြန်လာတော့ သူ့မိဘကဆူပူ ကြိမ်းမောင်းပါလေရော..ထိုအခါ သူ့အဖိုးက မနေသာ တော့သဖြင့်ဝင်ရောက်ပြီးဖြန်ဖြေပေးရလေ၏.. ထိုအခါ သူ့မြေးက
အဖိုးတို့ အမေတို့ ညညဆွေးနွေးနေကြတဲ့ တရားကျတော့ မိန်းမ ယောင်္ကျားဆိုတာမရှိဘူး ” ထိတာကရုပ် သိတာက နာမ်ဆို” အခုက သမီးတို့က ပူးပူးကပ်ကပ်ထိနေကြတယ် ဆိုတာ ရုပ်နာမ်ဓါတ်ပရမတ် တွေဘဲလေ လို့ပြောလိုက်သတဲ့?….

(၃) နောက် ဆင်းရဲ့သားလူငယ် တစ်ဦးကျတော …

စတိုးဆိုင်တဆိုင်က စားစရာပစ္စည်းများကို ခိုးယူကာ သူ့အမေ မသိအောင် တိုးတိုးတိတ်တိတ် အိမ်နောက်ဖေးတွင် ပုန်းဝှက်နေခိုက် သူ့အမေ ရုတ်တရက်ရောက်လာ
သဖြင့်..ဘာဖြစ်လို့ သူများပစ္စည်း ခိုးတာလည်း ပိုင်ရှင်ကိုပြန်ပေးလိုက် လို့ပြောလိုက်တယ်..
ထိုအခါ သူ့သားလေးက မသိဘူးလေ အမေတို့ကဘဲ သူများပစ္စည်းခိုးရင် ဒီဘ၀မှာ သူများ ဖမ်းလို့ မိရင်ဝဋ်ခံရမယ်…ဒီဘ၀မှာ မခံရရင်လည်း နောက်ဘ၀မှာ ပြန်ခံရမယ်..အခုတော့ ဘယ်သူမှ သားခိုးတာ မသိဘူး..ဖမ်းလို့လည်း မမိတော့..သားမခံရဘူးလေ အမေ
ခံရရင်လည်း နောက်ဘ၀မှ ဆိုတော့ နောက်ဘ၀မှ သားသား ခံလိုက်တော့မယ် အမေ.
အခုတော့ မေမေသိတဲ့ အတိုင်းဘဲ အိမ်မှာစားစရာ မရှိတော့ဘူးလို့ ပြောလိုက်သတဲ့…

About Ko out of...

Ko out of... has written 91 post in this Website..