နောက်ပြောင်စရာတွေတော့ ဖြစ်ကုန်ပြီ..

Ko out of...July 4, 20121min869

(၁) တခါက ကလေးတစ်ယောက် သူ့ဦးလေးနှင့် ရပ်ကွက်တွင်း လမ်းလျှောက်ထွက်ရာ…

အိမ်တစ်အိမ်၏ အိမ်ရှေ့ အရောက်…တံခါးပေါက်ဝတွင် ” ငါသည်သေရတော့မည် အချိန်ပိုင်းသာလိုတော့သည်” ဆိုသည့် စာသားကို တွေ့ရတော့ ကလေးက ရှုးရှုး တိုးတိုးပြောဦးလေး ဟိုဘက်အိမ်မှာ အချိန်ပိုင်း အတွင်းမှာသေတော့မည့်
လူရှိနေတယ် လို့ပြောသတဲ့?..

(၂) နောက်တခုကျတော့ ….

တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရည်းစားနဲ့ ချိန်းတာ ပူးပူးကပ်ကပ်နဲ့ မြူးတူးနေခိုက် လူတွေကြည့်နေကြရာ လူငယ်တွေချောင်းကြည့်နေတုံး အသက်နည်းနည်းကြီး အဖိုးကြီး
တစ်ယောက်လည်း သူတို့ဘာများ ကြည့်ပါလိမ့် ဆိုပြီး မသိမသာ ဝင်ကြည့်ရာ…
သူမြေးမလေးဖြစ်နေ၏..ဒီလိုနဲ့ အိမ်ပြန်တော. သူ့မိဘကို ပြောပြလိုက်လေသည်..

ညနေ သူ့မြေး ပြန်လာတော့ သူ့မိဘကဆူပူ ကြိမ်းမောင်းပါလေရော..ထိုအခါ သူ့အဖိုးက မနေသာ တော့သဖြင့်ဝင်ရောက်ပြီးဖြန်ဖြေပေးရလေ၏.. ထိုအခါ သူ့မြေးက
အဖိုးတို့ အမေတို့ ညညဆွေးနွေးနေကြတဲ့ တရားကျတော့ မိန်းမ ယောင်္ကျားဆိုတာမရှိဘူး ” ထိတာကရုပ် သိတာက နာမ်ဆို” အခုက သမီးတို့က ပူးပူးကပ်ကပ်ထိနေကြတယ် ဆိုတာ ရုပ်နာမ်ဓါတ်ပရမတ် တွေဘဲလေ လို့ပြောလိုက်သတဲ့?….

(၃) နောက် ဆင်းရဲ့သားလူငယ် တစ်ဦးကျတော …

စတိုးဆိုင်တဆိုင်က စားစရာပစ္စည်းများကို ခိုးယူကာ သူ့အမေ မသိအောင် တိုးတိုးတိတ်တိတ် အိမ်နောက်ဖေးတွင် ပုန်းဝှက်နေခိုက် သူ့အမေ ရုတ်တရက်ရောက်လာ
သဖြင့်..ဘာဖြစ်လို့ သူများပစ္စည်း ခိုးတာလည်း ပိုင်ရှင်ကိုပြန်ပေးလိုက် လို့ပြောလိုက်တယ်..
ထိုအခါ သူ့သားလေးက မသိဘူးလေ အမေတို့ကဘဲ သူများပစ္စည်းခိုးရင် ဒီဘဝမှာ သူများ ဖမ်းလို့ မိရင်ဝဋ်ခံရမယ်…ဒီဘဝမှာ မခံရရင်လည်း နောက်ဘဝမှာ ပြန်ခံရမယ်..အခုတော့ ဘယ်သူမှ သားခိုးတာ မသိဘူး..ဖမ်းလို့လည်း မမိတော့..သားမခံရဘူးလေ အမေ
ခံရရင်လည်း နောက်ဘဝမှ ဆိုတော့ နောက်ဘဝမှ သားသား ခံလိုက်တော့မယ် အမေ.
အခုတော့ မေမေသိတဲ့ အတိုင်းဘဲ အိမ်မှာစားစရာ မရှိတော့ဘူးလို့ ပြောလိုက်သတဲ့…

9 comments

  • water-melon

    July 4, 2012 at 6:54 pm

    ဟဲဟဲ ရုပ်နာမ်သဘောတွေတဲ့လား
    တချက်ပြုံးလို့ တရက်အသက်ရှည်သွားပါတယ်
    ရှဲရှဲ

  • ko win

    July 4, 2012 at 7:02 pm

    အင်း..ဒါကတော့ လက်တွေ့ကျတဲ့ တရားတစ်ခုပေဘဲ။ ထိတာကရုပ်၊ သိတာကနာမ်။ ဟေ…ဟေ့

  • ဝမ်းတွင်းရူး

    July 4, 2012 at 7:08 pm

    ညနေ သူ့မြေး ပြန်လာတော့ သူ့မိဘကဆူပူ ကြိမ်းမောင်းပါလေရော..ထိုအခါ သူ့အဖိုးက မနေသာ တော့သဖြင့်ဝင်ရောက်ပြီးဖြန်ဖြေပေးရလေ၏.. ထိုအခါ သူ့မြေးက
    အဖိုးတို့ အမေတို့ ညညဆွေးနွေးနေကြတဲ့ တရားကျတော့ မိန်းမ ယောင်္ကျားဆိုတာမရှိဘူး ” ထိတာကရုပ် သိတာက နာမ်ဆို” အခုက သမီးတို့က ပူးပူးကပ်ကပ်ထိနေကြတယ် ဆိုတာ ရုပ်နာမ်ဓါတ်ပရမတ် တွေဘဲလေ လို့ပြောလိုက်သတဲ့?….
    —————ကောင်းပါပေ့ ကိုအောက်အော့ဖ်ရေ

  • ဝေးလွင့်တိမ်

    July 4, 2012 at 7:17 pm

    ကြိုက်ပါ၏။

  • ဘဲဥ

    July 5, 2012 at 9:29 am

    အော် ………….. အနိစ္စ အနိစ္စ
    အပုပ်ကောင်တွေ ရုပ်ဆောင်နေဂျဘေဒါဘဲ…..
    အင်း.. အင်း…. မပုပ်ခင် လုပ်ချင်တာလုပ်ထားအုံးမှပါလေ…… 😆

  • ရွှေရည်နိုင်

    July 5, 2012 at 11:36 am

    အားပေးသွားပါတယ်။

  • laypai

    July 5, 2012 at 12:22 pm

    ကို အောက် အော့ဖ် ရေ၊
    တရား သဘော အရ သတိချပ် ဖို့ ရေးထား တဲ့ စာ ပြောကြား ကြတဲ့ စကားတွေကို ကလေး အတွေး နဲ့ တွေး ပြီး ရေးတာ ဆို တော့ လဲ မပြော လို ပါဘူး။
    ခလေး ဆို တာ ယျေဘုယျ အားဖြင့် လူ ကြီးလောက် မသိတာ ဘယ်သူမှ ငြင်း မရပါဘူးနော်။

    ( နောက်ပြောင်စရာတွေတော့ ဖြစ်ကုန်ပြီ..) တဲ့ ခေါင်းစဉ် လေး လေ။
    မှန်ပါတယ် ခုခေတ် လူငယ် တော်တော်များများ နောက်ပြောင်ရုံ တင် မက ရှေ့လဲ မလုံ တော့ ဘူး ဆိုတာ
    ကိုအောက် အော့ဖ် လည်း သတိထားမိမှာ ပေါ့။

  • snow white

    July 5, 2012 at 12:57 pm

    ပြုံးရုံပြုံးတာမဟုတ်ဘူး ရင်ထဲကပါ ရယ်သွားလေ ရဲ့ ဆက်လက်ရေးသားဖော်ပြနိုင်ပါစေ။။။

  • me dain

    July 7, 2012 at 7:45 am

    ကျွန်တော်ကြားတာကျတော့ သွေးတိုးရောဂါသယ် တစ်ယောက်ဗျာ ဝက်သား အဆီ အစိမ့် မတည့်ဘူး ဆိုတာ လည်းသူနေတယ်…ရိပ်သာကအပြန် ရုပ်တွေဆို တာ ပထဝီ၊အာပေါ၊ဝါယော၊တေဇော၊ ဝဏ၊ရသ၊ဩဇာ စသည်ဖြင့် သူလည်းသိရော…ဝက်သားလည်း ဓါတ်ဘဲဆိုပြီး အမှတ်နဲ့စားတော့ သွေးတိုး
    ဖြစ်ပြီး သေပါလေရော…

Leave a Reply