ဒုတိယသမ္မတရွေးချယ်တော့မယ်ဆိုပါလား …..
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် အနားယူတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက် အခုတစ်ခါ ဒုတိယသမ္မတ ရွေးချယ်တော့မယ်ဆိုတဲ့ သတင်းကြားရပြန်ပါပြီ။ ဒုတိယသမ္မတ အသစ်က ဘယ်သူဖြစ်လာမှာလဲ ? ပြည်သူတွေကတော့ မျှော်လင့်နေကြပါပြီ ။ အခု ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကို 2012 ခုနှစ် ဂျွန်လ တစ်ရက်နေ့ နေ့စွဲနဲ့ သမ္မတက နုတ်ထွက်ခွင့်ပြုလိုက်ပါပြီ ။ သူ့နေရာမှာ ဖြစ်လာမယ့်သူကလဲ တပ်မတော်ကိုယ်စားလှယ်ပဲဖြစ်ရမယ်တဲ့ ။ ဒီနေရာမှာ နည်းနည်းတော့ပြောစရာရှိလာပါတယ် ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ အစိုးရသစ်ရဲ့ အရေးကြီးတာဝန်ထမ်းဆောင်သူတွေကို ကြယ်ပွင့်တွေအောက်က ရုန်းထွက်နိုင်သူတွေပိုဖြစ်စေချင်ကြမှာပါပဲ။ ဆိုးဝါးလှတဲ့စနစ်ကြိးတစ်ခုကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ဘာတွေကြုံရဦးမှာပါလဲ ။ အစိုးရသစ်ရဲ့ 1 နှစ်တာသက်တမ်းအတွင်း တည်ငြိမ်မှုမရှိသေးပါဘူး။ အပြောင်းအလဲတွေများစွာနဲ့ အကောင်းဘက်ကိုဦးတည်နေတယ်လို့ပဲ ထင်မြင်မိပါတယ်။ ဒုတိယသမ္မတအသစ်ဖြစ်လာမယ့်သူက ပြည်သူတွေဘက်ကရပ်တည်ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်က ရုန်းထွက်ပြီး ပြည်သူအတွက် နိုင်ငံအတွက် အကောင်းဆုံးလူတစ်ယောက် ထိုက်တန်တဲ့ရာထူးမှာရပ်တည်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့။
အကိုရေ ဖွဲ့ စည်းပုံဥပဒေကို မဖတ်ဖူးလို့ ပြောနေပုံလို့ မြင်မိတယ်။
ဖွဲ့ စည်းပုံအရ စစ်တပ်က စစ်သားဘဲဖြစ်ရမယ်ဗျာ။ဘယ်လိုလုပ်ကြယ်ပွင့်နဲ့ 
လွတ်ပေါ့မလဲဗျာ။စဉ်းစားပြီး တိကျအောင်ပြောပါဗျာ။နော့။ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဠ ဦးတင်အေးဖြစ်လာမယ်တယ်။
Was this answer helpful?
LikeDislikeတပ်မတော်သားကိုယ်စားလှယ်ဖြစ်တဲ့အတွက်
လက်ရှိတပ်မတော်မှာစစ်မှုထမ်းနေသူထဲကရွေးမဲ့သဘောပါ
ဦးရွှေမန်း၊ ဦးတင်အေး၊ ဦးဌေးဦးအစရှိသူတွေက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေမို့
မဖြစ်နိုင်ပါ။
Was this answer helpful?
LikeDislikeကျွန်တော်ပြောတာကအဲလိုမဟုတ်ဘူးဗျ ။ ကြယ်ပွင်နဲ့လွတ်တယ်ဆိုတာ စစ်သားဖြစ်ခြင်းမဖြစ်ခြင်းကိုပြောတာမဟုတ်ပါဘူး ။ အကို နည်းနည်းလေးသဘောပေါက်လွဲသွားတာပါ ။ ကြယ်ပွင့်ဆိုတာ အာဏာရာထူး တစ်ခုပါ ။ တစ်ချိန်တုန်းက ရာထူးအာဏာတွေကို လွှင့်ပစ်ခဲ့ပြီး ပြည်သူအတွက် အကောင်းဆုံးလုပ်ဆောင်မယ့်လူတစ်ယောက်ဆိုတဲ့သဘောကို ပြောတာပါခင်ဗျာ ။
Was this answer helpful?
LikeDislikeအိုကေ ကောင်းပါတယ်။သဘောတူပါ၏။ဆက်လက်၍ ရွာထဲမှ ဆရာသမားများ အကြံဥာဏ်ကို စောင့်ဖတ်လိုက်အုံး
မမ။ခုတော့. လစ်ပီ. ဟီးးးးးးးးဟီးးးးးးးးးး
Was this answer helpful?
LikeDislike၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။
စစ်သားဖြစ်ရမယ်လို့တိုက်ရိုက်သတ်မှတ်ထားချက်မရှိပေမဲ့ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ စကားနဲ့ထိန်းထားပါသည်။
Was this answer helpful?
LikeDislikenominated ရာထူးအဖြစ် သမ္မတနဲ့ဒုသမ္မတရာထူးတွေကို ရွေးချယ်ခန့်အပ်ခြင်းဟာ (၂၀၀၈)ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကြီးများထဲကအားနည်းချက်တခုပါဘဲ။ အများပြည်သူကတိုက်ရိုက် (သို့) သွယ်ဝိုက်သောနည်းအားဖြင့်ရွေးကောက်ခြင်းမပြုသရွေ့၊ အဲ့ဒီရာထူးကိုရယူသူတွေဟာ လူထုကိုကိုယ်စားပြုတယ်လို့ပြောရခက်ပါတယ်။ လက်ရှိအခြေခံဥပဒေမှာ သမ္မတရွေးချယ်ရေးအဖွဲ့ကနေရွေးကောက်တာကို elected ဆိုတဲ့စကားနဲ့ ရောချလို့မရပါဘူး။
အဲ့ဒီရာထူးတွေရယူကြမဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကအစ၊ မိသားစုရေး၊ စိတ်နေသဘောထား၊ ဘာကိုခုံမင်နှစ်သက်လဲ၊ ဘာပြစ်ချက်တွေရှိလဲ နဲ့ ကိုယ်ပိုင်ဓနဥစ္စာအားလုံးကို တိုင်းပြည်ကို တရားဝင်ကြိုတင်တင်ပြထုတ်ပြန်ကြဘို့လိုပါတယ်။ ကိုယ်တိုင်းပြည့်ကိုအုပ်ချုပ်မဲ့လူရဲ့ အတွင်းရေးကိစ္စကအစ လူထုကသိခွင့်ရှိတာ၊ သဘာဝကျပြီး၊ နိုင်ငံသားတိုင်းရဲ့အခွင့်အရေးတရပ်ပါဗျာတို့…..။
Was this answer helpful?
LikeDislikeနှုတ်ထွက်ခွင့်ပြုတာပဲ ကောင်းတယ်။ tv မှာ ကြည်.ရတာမျက်နှာကြောတင်းကြီးနဲ့ ကျက်သရေမရှိဘူး၊ နောက်တက်မဲ့သူက ဦးရွှေမန်းလို့ ကြားပါတယ်၊
Was this answer helpful?
LikeDislikeဟုတ်တယ်ဗျ နောက်တက်မယ့်သူက ဦးရွှေမန်း၊
ဦးရွှေမန်းရဲ့ နေရာမှာ အမေစုကို တင်ပေးဖို့ ကြားတယ်ဗျ
Was this answer helpful?
LikeDislikeနောက်ထပ်ကြားသိရတာက ဦးတင်အေး နဲ့ ဦးဌေးဦး 2 ယောက်ထဲက 1 ယောက်ရွေးမှာတဲ့။
Was this answer helpful?
LikeDislikeဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း
Was this answer helpful?
LikeDislikeဘယ်သူဖြစ်ဖြစ် ဘယ်သူတက်တက် ကိုယ့်ဝမ်းစာကိုယ်ရှာစားရအုံးမှာပါဘဲ …
Was this answer helpful?
LikeDislike