1 အိမ်ထဲမှာရှိတဲ့ ပန်းခြံကလေး

2 လမ်းနံဘေးမှချထားတဲ့ကျောက်တုံး

3 လမ်းနံဘေးနားကကျောက်တုံးကြီး ပါဘဲ ဒါကတော့ရောင်းဘို့

5 ရောင်းရန်

6 ပြုပြင်ထားတဲ့ဘွန်ဇိုင်းပန်းခြံကလေး

7 လုုလင်ကြိုက်တဲ့ဘွန်ဇိုင်း

8ဘွန်ဇိုင်းနဲ့ညအလှ

9 ဘောလုံးပန်းလေး

10 ဆူးများတဲ့ပန်းလေးပါ………………

11 အထိ်န်းအမှတ်ကျောက်တုံး

12 စိမ်းလန်းသော တောအုပ်ကလေးနဲ့တူတဲ့လမ်း

13 ပန်းချိကားလေးလို

14 အိမ်ထဲမှာစိုက်ထားတဲ့ဘွန်ဇိုင်း

 

 

 

 

16 တံတားနံဘေးက ဘွန်ဇိုင်းပင်လေးတွေ

17 လမ်းလည်ကျွန်းမှာ စိုက်ထားတဲ့သစ်ပင်တွေ

 

18 ရွေလီတံတားထိပ်က ကျောက်ဆောင်

19 ပန်းခင်းစိမ်းစိမ်းလေး

“ကျောက်တုံးနဲ့သစ်ပင်ချစ်ခင်တဲ့လူမျုးိ”

 

 

2010 ခုနှစ်မှာသူတို့ဆီရောက်တော့  လမ်းဘေးပလက်ဖောင်းမှာ သစ်ပင်တွေစိုက်နေတာတွေ့ရပါတယ်။

သစ်ပင်စိုက်တယ်ဆိုတာ ကျနော်တို့ဆီကလိုသစ်ပင်ပေါက်စနလေးကို စိုက်တာမဟုတ်ပါဘူး။

အရွယ်ရောက်ပြီးသားအပင်ကြီးတွေကို ယူလာပြီးစို်က်တာပါ။

ပိန္နဲပင်လေးတစ်ပင်ဆိုရင် အသီးကင်းလေးတောင်ပါလိုက်သေး။

နုတ်လာတဲ့အပင်ဘေးမှာရှိတဲ့မြေကြီးကိုလဲတူးယူလာပါတယ်.။

နောက်တော့အပင်ချစိုက်ပြီး အပင်ကို အဝတ်နက်ကြီးနဲ့ပါတ်ပေးထားခဲ့ပါတယ်။

2012 နောက်တစ်ခေါက်အရောက်မှာတော့ 2010တုံးကအပင်တွေအားလုံးရှင်သန်လို့

အသီးအပွင့်တွေနဲ့မြိုင်ဆိုင်။

(ကျနော်တို့မန်းလေးမှာတော့ ကျွဲဆည်ကန်ဆိုင်ကယ်လမ်းမှာစိုက်ထားတဲ့အပင်တွေက

အပင်ခြောက်တွေဖြစ်လို့သေကုန်တောမြင်ရတော့ ဘာကွာသလဲလို့စဉ်းစားမိပါတယ်)

 

သူတို့ဆီမှာ နေရာအတော်များများမှာသစ်ပင်တွေနဲ့စိမ်းစို။

သစ်ပင်တွေကိုလဲဂရုစို်က်ကြပါတယ်။

နောက်လမ်းတိုင်းမှာလဲ ပလက်ဖောင်းမှာ သစ်ပင်တွေကအစီအရီ။.

လမ်းကြားမှာဆိုရင် အပင်တွေယှက်နေပုံက မျက်စေ့အေးစရာ။

လမ်းမတန်းမှာတော့ ပန်းခြံကလေးတွေအပင်ပုလေးတွေရှိပြန်ပါတယ်။

နောက်နေရာအနှံ့တွေ့ရတာကတော့ ကျောက်တုံးတွေကို အထိန်းအမှတ်အဖြစ်စိုက်ထားတာပါ။

သေချာတာတစ်ခုတော့ သူတို့လူမျုးိက သစ်ပင်ကိုချစ်ပါတယ်.။

သစ်ပင်စိုက်ရင်း ရာသီဥတုကိုသူတို့ဆီအပါခေါ်ထားလိုက်တော့သာယာတယ်လို့

ဆိုနိုင်ပါတယ်။

သူတို့က ဆိုင်းဘုတ်မထောင်ဘဲ လက်တွေ့ချစ်ပြတတ်ကြတာကိုတော့ အတုယူစရာ။

 

 

ကိုပေါက်လမ်းသလားနေသည်

(5-7-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။