ရွာသားကြီးများကို ပိုစ့်တောင်းခြင်း

NAJAJuly 4, 20121min22337

အားလုံးပဲ မင်္ဂလာပါ…
ကျွန်တော်က မန်ဘာအသစ်တစ်ယောက်မဟုတ်ပေမဲ့ အားလုံးနဲ့လဲ အကျွမ်းတဝင်မရှိလှတဲ့
ကိုယ်ပျောက်ရွာသားတစ်ယောက်ပါ… ပို့စ်တင်လေ့မရှိသလို ကွန်းမန့်လဲ များများစားစားမပေးဖူးပါ..
သို့သော် ဒီထဲက ရွာသူရွာသားတွေ အကုန်ကို ကျွန်တော့်စိတ်ထဲ တော်တော်ရင်းနီးနေပါပြီ

ကျွန်တော် MG မှာဖတ်လာတာ နဲနဲတော့ကြာခဲ့ပြီထင်ပါတယ်..
တခြား သတင်းဝဘ်ဆိုက်တွေကိုလဲဖတ်ပေမဲ့ သုတ၊ရသ၊သတင်း အစုံရတဲ့ MG ကိုတော့
စွဲစွဲမြဲမြဲ နေ့စဉ်ဖတ်ဖြစ်ပါတယ်..

အခုကျွန်တော် ပိုစ့်တင်လိုက်တဲ့ကိစ္စကတော့ ဒီရက်ပိုင်း ဖတ်စရာ နဲနေသလိုခံစားရလို့ပါ
အရင်လောက် MG ကိုမဝေဆာဘူးထင်နေမိပါတယ်..
ကျွန်တော့်စိတ်ထင် ဖြစ်ကောင်းဖြစ်မှာပါ..

ကျွန်တော် စာဖတ်သူတစ်ယောက်သာဖြစ်တဲ့အတွက် ပုဂ္ဂလိကဆန်ဆန်ပဲ
ကျွန်တော် ကြိုက်တဲ့စာမျိုးနဲ့ စာရေးတဲ့လူတွေကို တောင်းဆိုပါရစေ..

ဦးလေးသစ်မင်းကိုလဲသတိရမိပါတယ်.. သူ့စာတွေမဖတ်ရတာ အတော်ကြာခဲ့ပါပြီ

ဂေဇက်ရဲ့ နှုးဘာဂိုဏ်းချုပ်ဆရာဂီ ကိုလဲ မားကတ်တင်းအကြောင်းပဲဖြစ်ဖြစ်.. ပညာရပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်
ဥပမာ.. ဒါ့ဆိုဒ်တော့ ဆမ်ဆောင်း ဘာညာပေါ့ဗျာ အဲသလိုမျိုးဖြစ်ဖြစ်လုပ်စေချင်ပါတယ်..

နောက်ပြီး ဆြာစံလှကြီးရဲ့ သမိုင်းတွေလဲဖတ်ချင်လှသဗျာ.. ဘာရေးရေး ဖတ်ကောင်းပါတယ်..
အဓိက ကတော့ ကမ္ဘာ့သမိုင်း မြန်မာသမိုင်း ခွဲသင် ခွဲဖတ်ခဲ့ရတော့ ယှဉ်ထိုးချက်ကလေးတွေနဲ့ဖတ်ရတာ
တော်တော် ပနံရပါတယ် ဒီမှာဘာဖြစ်နေချိန် ဟိုမှာ ဘယ်အဆင့်ရောက်နေပြီ.. စသဖြင့်ပေါ့လေ

ဦးကြောင်ကြီးရဲ့ အထေ့အသော့တွေနဲ့ satire တွေလဲဖတ်ချင်ပါတယ်..

အဘဖောတော့ စဉ်းစားခို်င်းစရာမတွေ့လို့လားမသိဘူး ပျောက်နေပါတယ်
ဒီတိုင်းလဲ ကြံဖန်စဉ်းစားခိုင်းပါဗျာလို့..
ပြီးတော့ ဟိုးအရင်လို ဩဇီ၊စသဖြင့် တိုးတက်ပြီးနိုင်ငံတွေနဲ့ မြန်မာနိုင်ငံနှိုင်းယှဉ်ချက်
ကွန်းမန့်ဖြစ်ဖြစ် ပို့စ်ဖြစ်ဖြစ် ဖတ်ရတာဟာ ကျွန်တော်တို့လို နွားခြေရာခွက်ထဲနေတဲ့လူတွေအတွက်တော့
အင်မတန် ဗဟုသုတဖြစ်စေပါတယ်လို့ ပြောချင်ပါတယ်..
အထူးတလည်လေးစာတာကိုလဲ ပြောဖို့လိုမယ်မထင်ပါဘူး

သဂျီးရဲ့ ဒေါ်ခင်မမမျိုးအခန်းဆက်လိုဟာမျိုးကလဲ.. တော်တော်ကို တို့လို့တန်းလန်းဖြစ်တာကလားဗျာ..
အဲဒိတော့ သဂျီးကိုယ်တိုင်ဖြစ်ဖြစ် ဒီထဲက တခြားတစ်ဦးတစ်ယောက်ဖြစ်ဖြစ်.. ဖတ်လို့ကောင်းမယ့်
အပိုင်းတိုတွေခွဲတင်လဲ မငြီးငွေ့စေတဲ့ ဖီလားဒယ်ဖီယာလို ဝတ္ထုမျိုးတွေကို ပုံမှန် အခန်းဆက် ဘာသာပြန်တင်ပေးနိုင်တဲ့လူရှိရင်
သိပ်ကောင်းမယ်လို့ စဉ်းစားမိပါတယ်…

အရီးလတ် လို ဦးဦးပါလေရာလို ကွန်းမန့်ရေးကောင်းတဲ့လူတွေဆီက ပို့်စ်တွေဖတ်ရဖို့လဲ မျှော်လင့်ပါတယ်

လေးပေါက်ရဲ့ ဓါတ်ပုံတွေကိုလဲ ကွန်းမန့်သာဝင်မပေးဖြစ်တာပါ အမြဲကြည့်ဖြစ်ပါတယ်..
လေးပေါက်ရဲ့ အထုပ္ပတ္တိလို့ဆိုရမလား မပြောတတ်ဘူး ဘဝနဲ့ယှဉ်တဲ့ အတွေ့အကြုံတွေပါတဲ့ ပိုစ့်မျိုးဟာ
ကျွန်တော်တို့လို အပျံသင်ခါစတွေအတွက်တော့ လေ့လာစရာတွေအများကြီးပါ…

ဘာသာရေးနဲ့ပတ်သက်ရင်လဲ မိုးပြာဖြစ်ဖြစ်၊ အစ္စလမ်ဖြစ်ဖြစ်.. ခရစ်ယာန်ဖြစ်ဖြစ်
အယူအဆ သဘောတရားတွေကို ရေးကြ တွေးကြ ဆွေးနွေးကြစေလိုပါကြောင်း…
ကျွန်တော်မြင်မိတာတော့ ဘာသာရေးနဲ့ပတ်သတ်လို့ ရေးမိပြီး အခြေအတင်ဆွေးနွေးပြီး
နင်ပဲငဆ ဝိုင်းတုတ်ခံရပြီးရင် အဲဒိလူတွေပျောက်ပျောက်သွားတတ်လု့ိပါ..
ကျွန်တော်တို့အားလုံး သူများဘာပြောပြော လက်မခံချင်လက်မခံလို့ရပေမဲ့
ပြောနေတဲ့ ပါးစပ်ပိတ်သွားအောင်တော့ မလုပ်သင့်ဘူးမလားဗျာ..
ကျွန်တော်တို့ပဲ ရှုထောင့်အသစ်တွေဆုံးရှုံးရတယ်ထင်ပါတယ်..
“သင့်အယူအဆကို လက်မခံပေမဲ့ သင့်ရဲ့လွတ်လပ်စွာ
ထုပ်ဖော်ခွင့်ကိုတော့ အသက်ပေးကာကွယ်ပါမည်” ဆိုသလိုပေါ့ဗျာ

အရီးလတ်လိုပဲ စကားအတင်းစပ်ပြီး ကရင်စည် ကိုပြောချင်ပါတယ်..
ကျွန်တော် အဘမင်းသိင်္ခရဲ့ ဝတ္ထုတွေအကုန် တစ်အုပ်မကျန်ဖတ်ဖူးခဲ့ပါတယ်
အဘမင်းသိင်္ခကိုလဲ အင်မတန်လေးစားပါတယ်
သူ့ဝထ္ထုတွေကြောင့် ယောကျင်္ားဆိုတာရဲ့ အဓိပ္ပာယ်ကို နားလည်မိပါတယ်…
မဟာပုရိသအဖြစ်ခံယူချင်တဲ့လူတွေအတွက်တော့ စံပြနမူနာကောင်းတွေပါပဲ
သူနဲ့ မသေခင်တော့ သွားတွေ့မိအောင်တွေ့ဖို့စိတ်ကူးခဲ့ပါတယ်..
စိတ်ကူးဆဲမှာပဲ သူဆုံးပါးသွားတဲ့အတွက် အင်မတန်ဝမ်းနဲ့ခဲ့ရပါတယ်
ကရင်စည်ကို ကိုလဲ အခါအားလျော်စွာ အဘမင်းသိင်္ခနဲ့ပတ်သက်တဲ့ ပို့စ်တွေရေးပေးဖို့တောင်းဆိုချင်တာပါ
ဥပမာ သူ့ဝတ္ထုတွေမှာ ပါတတ်တဲ့ ကျင့်စဉ်တွေ( Crystal Gazing တို့လိုပေါ့ဗျာ)
ဟာ တစ်ကယ်ရော စွမ်းလား သူကိုယ်တိုင်ရော ဘယ်လောက်ထိပေါက်ရောက်အောင်မြင်တယ်
ဆိုတာမျိုးတွေပေါ့ ပြီးတော့ အဘမင်းသိင်္ခရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဘဝအချိုးအကွေ့တွေပါ
ဖတ်ချင်ပါတယ်…

အမအိတုန်ရဲ့ awareness ပို့စ်တွေကိုလဲ ဆက်လက်အားပေးနေပါတယ်

(သူများတွေ အားတာ၊ မအားတာ ပိုက်ဆံရတာ၊မရတာတွေ မတွေးတော့ပါဘူးနော
ဒီထဲကလူတွေအကုန်ဟာ ဝါသနာ အရင်းတည်တဲ့လူတွေပဲလို့ယုံလို့ ရဲရဲတောင်းလိုက်ပါတယ်)

ဒါတွေက လောလောလတ်လတ် ကျွန်တော် ဓါတ်စာကျနေတာတွေကိုသာ တောင်းဆိုခြင်းဖြစ်ပါကြောင်း..
ကျန်တဲ့ ရွာသူရွာသားတွေရဲ့ ပိုစ့်တွေကိုလဲ ဖတ်ရှုနေပါကြောင်း ပြောရင်း အားလုံးကို
မင်္ဂလာညချမ်းပါလို့ နှုတ်ဆက်ပါတယ်ဗျာ..

37 comments

  • ကိုရင်မောင်

    July 4, 2012 at 11:50 pm

    ကိုယ်ပျောက်ရွာသားကိုယ်ထင်ပြလာပြီ……
    ကြိုဆိုပါတယ်….NAJA ရေ
    ပို့စ်တွေတင်တော့ဗျို့
    စောင့်မျော်အားပေးပါ့မယ်……

    • NAJA

      July 5, 2012 at 12:00 am

      ပညာဝမ်းစာနဲပါသေးတယ် .. ကိုရင်မောင်ခင်ဗျား..
      ကျွန်တော်နဲ့အတူပဲ ကူတောင်းပေးစေလိုပါကြောင်း… 😀

  • ကိုရင်မောင်

    July 5, 2012 at 12:09 am

    ကိုသစ်မင်းကြီး ပျောက်နေတာအတော်ကြာလှပြီဗျာ…
    သူ့ပို့စ်တွေရဲ့အတွေးအခေါ်တွေကမြင့်လွန်လို့
    မန်းရမှာလက်တွန့်ပေမဲ့ တောင်းတမိတာကတော့အမှန်ပါ…

  • the best

    July 5, 2012 at 12:37 am

    “ရွာသားကြီးများကို ပိုစ့်တောင်းခြင်း” ဆိိုတော့
    ရွာသားလေးတွေ၊ ရွာသူကြီးတွေ၊ ရွာသူလေးတွေရဲ့ ပိုစ့်တွေ မလိုချင်တဲ့ သဘောလား။

    NAJA ကို ရွာသားကြီးတွေ၊ ရွာသားလေးတွေ၊ ရွာသူကြီးတွေ၊ နဲ ့ရွာသူလေးတွေ
    အားလုံးက NAJA ရဲ့ ပိုစ့်တွေကို အရမ်းမျှော်လင့်နေကြမှာပါ။

    ရွာစည်အောင် မြိုင်မြိုင်ဆိုင်ဆိုင်လေး ပါဝင်ပေတော့ NAJA ရေ။

    MG ကို ဝေဆာ အောင်၊ နေဂျာ ရေ၊ တာဝန်ကျေပါစေ။

    • NAJA

      July 5, 2012 at 1:08 am

      ရွာသူရွာသား..ကြီးငယ် မရွေးရဲ့ပို့်စ်တွေ ဖတ်ချင်လိုချင်ပါတယ်ဗျာ..
      မလိုချင်တဲ့သဘောမဟုတ်ရပါဘူး.. လောလောလတ်လတ် ကျွန်တော်ဓါတ်စာကျသမျှလို့ပြောပါတယ်..
      ရေးဖို့တော့မလွယ်လှပါဘူးဗျာ.. တတ်နိုင်သမျှကြိုးစားပါမယ်
      သူများကိုတောင်းမိမှ.. ကိုယ်တိုင်အချွန်နဲ့ အမခံနေရပြီကော… !!
      😀

  • ချမ်းချမ်း (ရွာသူလေး)

    July 5, 2012 at 2:24 am

    ရွာသားကြီးများကိုပဲ ပိုစ့်တွေတောင်းတာဆိုတော့ ဆို ့ရွာသူတွေ ရေးစေရာလိုတာ့ဘူး…
    လက်ညောင်းသက်သာတယ်….အဟိ..

    • NAJA

      July 5, 2012 at 8:31 am

      လူ လို့ဆိုလိုက်ရင် ကျား၊မ ခြုံပြောသလိုပဲ..
      ရွာသားကြီးများ လို့ဆိုလိုတာဟာလဲ MG ရဲ့ပုံရိပ်ကို ဖော်ခဲ့ကြပြီးသော
      ကျား၊မ မရွေး ရွာသူရွာသား ဟောင်းများကိုဆိုလိုခြင်းပါ..
      အသစ် တွေကတော့ ဘာရေးတတ်မှန်းမသိသေးတော့ မတောင်းနို်င်သေးဘူးခင်ဗျ..
      အမ ချမ်းချမ်းရဲ့ မိန်းကလေးတွေအတွက်ဆောင်ရန် ရှောင်ရန်ပိုစ့်တွေ ကိုလဲ အားပေးလျှက်ပါခင်ဗျာ..

  • Foreign Resident

    July 5, 2012 at 5:20 am

    ” အဘဖောတော့ စဉ်းစားခို်င်းစရာမတွေ့လို့လားမသိဘူး
    ပျောက်နေပါတယ် ၊ ဒီတိုင်းလဲ ကြံဖန်စဉ်းစားခိုင်းပါဗျာလို့ ”

    ကို NAJA ရေ
    ဒီရက်ပိုင်းတွေမှာက
    ၁ ။ သင်္ဘောက ဆင်းတော့ Change of Command အတွက်ပြင်ရ ။
    ၂ ။ သင်္ဘောက ဆင်းခါနီး အရေးကြီး Certificate တစ်ခု Renewal Survey လုပ်ရ ။
    ၃ ။ ရန်ကုန်ပြန်ရောက်တော့လည်း MG ရွာသူားတွေနှင့် တွေ့ဆုံပွဲ လုပ်ဖြစ် ။
    ၄ ။ ဩဇီ အိမ်ပြန် ၁၂ နာရီလောက် လေယာဉ် စီးရ ။
    ( ကြုံတုန်း ကြွားလိုက်ဦးမယ် Airbus A-380 ကြီးနှင့် )
    ၅ ။ ဩဇီ က Lap Top နှင့် ရန်ကုန် က Lap Top က Screen Size မတူလို့ Burglish ရိုက်ရတာ အသားမကျ ။
    ၆ ။ Europe Tour အတွက် ရှန်ဂျန်း Visa နှင့် UK Visa လဲ မတင်ရသေး ။
    ရ ။ မေါင်ဂီ တို့ကို အားကျလို့ DSLR ကင်မရာ D5100 လဲသွားရှာရအုန်းမယ် ။
    ၈ ။ Mobile ကလည်း မသုံးတာ ၆ လ ကျော်သွားလို့ သေသွားပြီ ။ ပြန်ရှင်ရအုန်းမယ် ။
    ၉ ။ ဩဇီမှာ ဆောင်းတွင်း ဆိုတော့ အေးနေပြီး စာရိုက်ရတာ အဆင်မပြေ ။
    ( မိန်းမ နှင့်တော့ အဆင်ပြေပါတယ် ၊ ဟီဟိ )

    အဲဒါတွေကြောင့် မရေးနိုင်သေးတာ ပါကွယ် ။
    ကိုအောင်ပုကလည်း အဘကို ဟိုဖက် Post မှာ ၊
    ရေးဖို့ ချွန်တွန်းလေး တွန်းထားပါတယ် ။
    ရေးပါ့မယ်ကွယ် ။ ခဏ တော့ စောင့်ပါအုန်း ။

    • NAJA

      July 5, 2012 at 9:01 am

      စောင့်နေပါတယ်.. အဘဖော ခင်ဗျာ

  • Ko out of...

    July 5, 2012 at 6:11 am

    NAJA ရေးတဲ့ အရေးအသားဖြစ်တဲ့…
    “သင့်အယူအဆကို လက်မခံပေမဲ့ သင့်ရဲ့လွတ်လပ်စွာ
    ထုတ်ဖော်ခွင့်ကိုတော့ အသက်ပေးကာကွယ်ပါမည်” ဆိုတာကို မြင်ရတော့ ဝမ်းသာကြိုဆိုမိပါတယ်…
    အသက်ပေး ကာကွယ်ဖို့ တောင်မလိုပါဘူးဗျာ..ဒီလို နားလည်တာကိုဘဲ …ဟုတ်လှပါပြီ..
    တချို့က ဆဲတာတွေ၊ ဒီလိုစာမျိုးမရေးသင့်ဘူး ဆိုတာတွေဟာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကိုချိုးဖေါက်ရာ
    ရောက်ပါတယ်…

    NAJA ရေ ပိုစ့် ပြန်တင်တော့ဗျာ..အားပေးနေပါတယ်..

    • NAJA

      July 5, 2012 at 8:48 am

      “I do not agree with what you say, but I will defend to the death your right to say it.” ဆိုတာ
      ပြင်သစ်စာရေးဆရာကြီး Voltaire က လွန်ခဲ့တဲ့
      နှစ်ပေါင်း သုံးရာလောက်ကနေပြောခဲ့တဲ့ စကားပါ.. Ko out of.. ရေ

  • htoosan

    July 5, 2012 at 6:22 am

    ဖြိုး ကိုကော သတိမရဘူးလား ဟင် … 😀
    လောလောလတ်လတ် ဦးကြောင် ပျောက်ချက်သားကောင်းနေတယ် ။
    အခုလို ဒုသမ္မတ ရွေးမဲ့ ဆိုတဲ့ အခါ ဦးကြောင်ရဲ့ အထေ့အငေါ့တွေ ဖတ်ချင်နေတယ်..

    • NAJA

      July 5, 2012 at 9:22 am

      ဖြိုးကိုလဲသတိရပါတယ်.. ဖြိုးနဲ့ဦးကြောင်ကြီး ဇာတ်လမ်းတွေကိုလဲ သတိတရရှိဆဲပါ.. 😀

  • ဇောက် ထိုး

    July 5, 2012 at 6:45 am

    ဘာသာရေးနဲ့ပတ်သက်ရင်လဲ မိုးပြာဖြစ်ဖြစ်၊ အစ္စလမ်ဖြစ်ဖြစ်.. ခရစ်ယာန်ဖြစ်ဖြစ်
    အယူအဆ သဘောတရားတွေကို ရေးကြ တွေးကြ ဆွေးနွေးကြစေလိုပါကြောင်း…
    ကျွန်တော်မြင်မိတာတော့ ဘာသာရေးနဲ့ပတ်သတ်လို့ ရေးမိပြီး အခြေအတင်ဆွေးနွေးပြီး
    နင်ပဲငဆ ဝိုင်းတုတ်ခံရပြီးရင် အဲဒိလူတွေပျောက်ပျောက်သွားတတ်လု့ိပါ..
    ကျွန်တော်တို့အားလုံး သူများဘာပြောပြော လက်မခံချင်လက်မခံလို့ရပေမဲ့
    ပြောနေတဲ့ ပါးစပ်ပိတ်သွားအောင်တော့ မလုပ်သင့်ဘူးမလားဗျာ..
    ကျွန်တော်တို့ပဲ ရှုထောင့်အသစ်တွေဆုံးရှုံးရတယ်ထင်ပါတယ်..
    “သင့်အယူအဆကို လက်မခံပေမဲ့ သင့်ရဲ့လွတ်လပ်စွာ
    ထုပ်ဖော်ခွင့်ကိုတော့ အသက်ပေးကာကွယ်ပါမည်” ဆိုသလိုပေါ့ဗျာ
    ဒီစကား ရွေချပြီး ပြတိုက်မှာ ပြထားချင်တယ်။

    • NAJA

      July 5, 2012 at 9:36 am

      ဖီလိုဆိုဖာကြီး Voltaire ပြောခဲ့တာပဲခင်ဗျာ.. ရွှေချထားသင့်ပါတယ်.. 🙂

  • Inz@ghi

    July 5, 2012 at 8:06 am

    ဒါ့ ဆိုက်အော့်ဖ် ဆမ်ဆောင်း ရေးရင် ကျုပ်ကို …ကိုရင်ရဲစည်တို့ ဝိုင်းလှီးမှာပေါ့ဗျာ..
    :mrgreen:
    ရေးစရာလား … ရှိသမျှ …ဂိုင်းယန့်တွေ အတင်းထိုင်တုတ်ရင် ..ကျုပ်နားကားမှာပေါ့
    😳
    နောက်တာပါဗျာ ….
    သည်လိုပါ ကိုနာဂျရေ…

    ခုတလော ..နောလိတ် အေရိယာ ထက် စကေးလ် အေရိယာ ဘက်ရောက်နေလို့
    ကျွဲကူးရေပါ …မထမ်းဆောင်နိုင်လို့ပါဗျာ …
    ရွာနဲ့ ဝေးပီး မနေနိုင်တော့လည်း ..ပေါ့ပေါ့ပါးပါး ကောမန့်လောက်ပဲ ပေးဖြစ်နေတယ်ပေါ့…
    အဆင်ပြေတဲ့အခါ …ရေးပါဦးမယ်… ဗျ
    ခင်တဲ့..

    • NAJA

      July 5, 2012 at 9:28 am

      ဆရာဂီ့ အခြေအနေကို ရိပ်မိ နှုတ်မိပါကြောင်း..
      မျှော်နေပါကြောင်း..

      ဒါ့ဆိုဒ်အော့ဖ် ဆမ်ဆောင်း လေးဘာလေးလုပ်မယ်ဆိုလဲ .. မြှောက်ပေးပါကြောင်း..
      ကျွန်တော်ကိုယ်တိုင်ဟာလဲ ဆမ်ဆောင်း ပရိတ်သတ်စစ်စစ်ဖြစ်ကြောင်းပါ..

  • etone

    July 5, 2012 at 9:03 am

    ကိုNAJAရေ … ပထမဆုံးရေးတင်တဲ့ ပို့စ်ကတည်းက စာရေးကောင်းသူတစ်ယောက်အဖြစ်နဲ့ သတိပြုခဲ့မိပါတယ် နောက်ပိုင်းသိပ်မရေးဖြစ်တာ ၊ အချိန်မပေးနိုင်လို့ပဲဖြစ်ရမယ်နော် ။
    ဆရာဝန်များဖြင့် တည်ဆောက်သောတိုင်းပြည် ဆိုတဲ့ ပို့စ်လေးကို ရောက်လာသူအဖြစ် မှတ်မှတ်ရရနဲ့ သတိထားမိသလို ၊ အဲ့ဒီပို့စ်မှာတင် ကျွန်မပထမဆုံးကော့မန့်ပေးပြီး အယူဆတူသူလည်း ဖြစ်ခဲ့ဖူးပါတယ် ။ ကိုယ်ပြောချင်တဲ့အကြောင်းရာကို စာဖတ်သူစိတ်ထဲရှင်းရှင်းလင်းလင်းနားလည်အောင် ရေးနိုင်တဲ့ စာရေးကောင်းသူတစ်ယောက်ရဲ့ စာတွေ ပျောက်ဆုံးနေတာကိုလည်း …… ပြန်ဖတ်ခွင့်ရပါရစေလို့ တောင်းဆိုလိုက်ပါတယ်နော် ။

    ဒီထဲကလူတွေအကုန်ဟာ ဝါသနာ အရင်းတည်တဲ့လူတွေပဲလို့ယုံလို့ ရဲရဲတောင်းလိုက်ပါတယ် ဆိုတာကိုမြင်ရတော့ … အားတွေပိုရှိသွားပေမယ့် …. ကိုယ်ပေးတဲ့ ဓါတ်စာ အဆီငေါ်တည့်ပါ့မလား ဆိုတာလေးတော့ တွေးရင်း … စိတ်ပူမိပြန်ပါသေးတယ် ။
    ဓါတ်စာတွေလည်း မြန်မြန်ပြည့်ပြီး …. အားအင်တွေလည်း တိုးပါစေလို့ … ဆန္ဒပြုခဲ့ပါတယ်နော် ။ 🙂

    • NAJA

      July 5, 2012 at 9:50 am

      သတိထားမိလို့ကျေးဇူးတင်ပါတယ် ခင်ဗျာ
      ပတ်ဝန်းကျင်လေ့လာအားနဲပြီး ရေးချင်တာချရေး
      ကိုယ့်ထက်ကြီးမှန်းငယ်မှန်း သတိမပြုမိခဲ့တာတွေကြောင့်..
      ဆက်မရေးဖြစ်တာပါ..

      အမအိတုန်ရဲ့ ပို့တိုင်းဟာ
      အချက်အလက်တစ်ခုကို ပေးနိုင်တာပါပဲ..

  • ရွှေရည်နိုင်

    July 5, 2012 at 9:26 am

    ကျွန်တော်က post မတင်တတ်လို့ အခက်ကြုံနေသူပါ။ သူကြီး နဲ့ ရွာသူရွာသားများခင်ဗျား post တင်နည်း အသေးစိတ် ပြောပြပေးကြပါခင်ဗျား၊

    • Crystalline

      July 5, 2012 at 10:36 am

      ညာဖက်က ကော်လံမှာ “How to write a post” ဖတ်ပါ..မှတ်ပါ..ပြီးမှတင်ပါဆိုပြီး အောက်မှာ Writing guidelines, Learn how to do 1,2,3 ဆိုပြီး Link လေးခုရှိပါတယ်.. ဖတ်ပါ..မှတ်ပါ..ပြီးရင်တင်လိုက်တော့နော့…
      ဖတ်ဖို့စောင့်နေသူ

  • ဘဲဥ

    July 5, 2012 at 9:40 am

    ဟုတ်တယ်ဗျ ကိုနဂျပြောတာမှန်တယ်
    ဒီရက်ပိုင်း ရွာထဲဝင်ဖတ်ရတာ ဘာမှန်းကိုမသိဘူး ဆားမပါတဲ့ဟင်းပွဲတွေကများနေတာ။

  • mamanoyar

    July 5, 2012 at 10:40 am

    ကိုယ်ပျောက်ရွာသားရေ အခုလိုကိုယ်ထင်ပြတာ
    ကျေးဇူးတင်ပါတယ်ရှင်

  • Ma Ei

    July 5, 2012 at 11:11 am

    နေဂျာ ရဲ့ Post ကို +1 အဖြစ်ပါဝင်ပါတယ်…
    ကိုယ်တိုင်မရေးတတ်ပေမဲ့
    စာကောင်း ပေမွန်တွေကိုတော့ဖြင့်
    ဖတ်ချင်ပါကြောင်း….

  • snow white

    July 5, 2012 at 11:24 am

    ကိုယ်မပျောက်လို့ ခုလို ကိုယ်ထင်ပြကာပို့စ်ရေးတင်သွားတဲ့အတွက် ပိုစ်တခုဖတ်လို့ရတာပေါ့လေ မမအိတုံတို့လည်းငြိမ်နေတယ် ဘာသတင်းမှမတင်တော့ပါလားနော် စောင့်နေတယ်နော် ရေးတင်ပါအုံး ။။။။

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 11:47 am

    ရွာသားကြီးမျာ ရှိုဒါကို ရုတ်၁ရက် ဖတ်လိုက်တာ ရွာသာကြီး ရှိုပြီးဖစ်တွားတယ်..
    ဂိန်..ဂိန်..
    ရွာသာကြီးတို ့ကို…..အရင်လိုလေး..တင်ပေးကြဘာဦး..တောင်းရှိုဘာဒယ်..

  • ရဲစည်

    July 5, 2012 at 12:01 pm

    ကောင်းပါတယ်ဗျို့
    ဒီအကြံအစည်လေး
    ပြိုင်တူတွန်းရင် ရွေ့နိူင်သမို့
    အားလုံးဘဲ အဟောင်းတွေ အသစ်တွေကို သိုက်သိုက် မြိုက်မြိုက်နဲ့
    ရွာစည်ပင်ရေး
    အဆင့်အတန်း မြင့်မားရေး အတွက် ခုလို ဖော်ဆောင်သင့်ပါကြောင်း
    ထောက်ခံသွားပါတယ်ဗျို့

  • same kyaw

    July 5, 2012 at 4:34 pm

    ထောက်ခံသွားကြောင်းပါ

  • အလင်းဆက်

    July 5, 2012 at 7:02 pm

    ဟုတ်ကဲ..ပါ..ခင်ညာ..။ တားတားရဲ ့..
    ဘာမှန်းမတိတဲ ့ …စာတွေကို လည်း ဖတ်နေတာပဲ..ရား..ဟင်..။

    • NAJA

      July 6, 2012 at 9:01 am

      ဖတ်တာပေါ့ ကိုလင်းဆက်ရယ်.. အလွတ်ပေးရိုးလား
      အင်မတန် နှစ်ခြိုက်မိပါကြောင်း..

  • San Hla Gyi

    July 5, 2012 at 9:13 pm

    ကိုနာဂျာရေ
    ဆြာစံလှကြီး မဟုတ်ရပါ။ ဒီလိုခေါ်တော့ ရုတ်တရက် ဗေဒင်ဆရာလိုလို ဓတ်ရိုက်ဓတ်ဆင် ဆရာလိုလို ဗိန္ဒောဆရာကြီး လိုလိုပေါ့ဗျာ။ အဲဒီလို ဆရာကြီး မဟုတ်ကြောင်းပါ။ မတော် ဂြီတြိ ဘုဝနာ ဒိတျဓမ္မရာဇ်လို့ ခေါ်တာမှ ဟုတ်အုံးမယ်။ အလကား နောက်တာပါဗျာ။ ကျနော် ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ စာမရေးနိုင်သေးလို့ပါ။ အမှန်တော့ ကျနော်က ဒီနေရာမှာ စာရေးဖြစ်တာ သိပ်လည်း မကြာသေးဘူး။

  • San Hla Gyi

    July 5, 2012 at 9:15 pm

    အော်မေ့လို့ ကျနော့်ကို ဟိုလိုခေါ် ဒီလိုခေါ်ဆိုတာ နောက်တာနော်။ တကယ်မဟုတ်ဘူး။ ခင်ဗျား ခေါ်ချင်သလို ခေါ်နိုင်ပါတယ်။

    • NAJA

      July 6, 2012 at 9:00 am

      လေးစားလောက်တဲ့လူမို့ခေါ်တာပါဗျာ ခေါ်ခွင့်ပြုပါ 🙂

  • MaMa

    July 5, 2012 at 10:58 pm

    ပိုစ့်တွေ ကွန်မန့်တွေကို ဖတ်ခြင်းဖြင့် ရွာသက်တော်တော်ရင့်မယ်လို့ မှန်းမိတယ်။
    ကြည့်ရတာ မောင်နဂျ ဟာလည်း လက်ကောင်းတစ်ခုဖြစ်ကြောင်း ဒီပိုစ့်က သက်သေခံနေတယ်။
    မန်းဂေဇက် ချစ်သူများ စာပေဆု လည်း လုပ်နေပြီနော်။
    စိတ်ကူးမလွဲနဲ့။ 🙂

    • NAJA

      July 6, 2012 at 8:55 am

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • ကြောင်ကြီး

    July 8, 2012 at 10:39 am

    ကိုယ်ပျောက်
    ဟိုအခြောက်
    မဆိုသလောက်
    ယိုပေါက်၊
    အတိုထောက်
    ဘိုကြောက်
    ခိုရောက်
    လိုသောက်..။

Leave a Reply