Air Asia လေကြောင်းလိုင်းမှ လက်မှတ်များကို Credit ကတ်မပါဘဲ ဝယ်နိုင်ပြီ

klnJune 29, 20101min640

Air Asia လေကြောင်းလိုင်းမှ လေယာဉ်လက်မှတ်များကို Credit ကတ်မပါဘဲ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သိရသည်။ ယခင်က Air Asia လေကြောင်းလိုင်းမှာ လေယာဉ်လက်မှတ်များကို Credit ကတ်ဖြင့်သာ ဝယ်ယူခဲ့ရာမှ ယခုအခါယင်းသို့ ပြောင်းလိုက်ခြင်းဖြစ်သည်။ “ ဈေးနှုန်းတွေကို အွန်လိုင်းမှာ တင်ထားတယ်၊ ပေါက်ဈေးအတိုင်းလာဝယ်နိုင်ပါတယ် ” ဟု ယင်း၏ တာဝန်ရှိသူကပြောသည်။ Air Asiaမှ ၂၀၀၆ ခုနှစ်က ရန်ကုန်မှ ဘန်ကောက်သို့ တစ်နေ့လျှင် တစ်ခေါက်ပြေးဆွဲနေရာမှ လာမည့်ဇူလိုင်လ ၁၅ရက် ကစ၍ တစ်နေ့လျှင် နှစ်ခေါက်ပြေးဆွဲတော့မည်ဖြစ်ပြီး ဇူလိုင်လအတွင်း Promotion များပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဇူလိုင်လ ၂ဝ ရက်တွင် ပထမဆုံးပျံသန်းမည်ဖြစ်ကြောင်း သိရသည်။